အဓိကအကြောင်းအရာသို့ ကျော်သွားရန်

ဈေးနှုန်းပြကွက်ရဲ့ နောက်ကွယ် : ခရစ်ပတိုဈေးကွက်တွေကို ရွှေ့လျားစေတဲ့ လျှို့ဝှက်တွန်းအားတွေ

5
မိနစ် ဖတ်ရှုချိန်
BTCUSD၊ ETHUSD နဲ့ XRPUSD လို ခရစ်ပတိုငွေကြေး အရောင်းအဝယ်အတွဲတွေရဲ့ နောက်ခံပေါ်မှာ တောက်ပနေတဲ့ အနီရောင် အတက်အကျ မြားပုံများ

ခရစ်ပတိုငွေကြေးက ရုတ်တရက် ဈေးနှုန်းလှုပ်ခတ်မှုတွေ၊ လူပြောများတဲ့ ရေပန်းစားမှုတွေနဲ့ ဒေါ်လာဘီလီယံချီ အပြောင်းအလဲတွေ ပြည့်နှက်နေတာကြောင့် ထိန်းချုပ်မရသေးတဲ့ ဘဏ္ဍာရေးနယ်ပယ်သစ်တစ်ခုလို မကြာခဏ ခံစားရစေပါတယ်။ 2024 ခုနှစ် အစောပိုင်းမှာ Bitcoin ဟာ တစ်ရက်တည်းအတွင်း ဈေးကွက်တန်ဖိုး $120 ဘီလီယံ ဆုံးရှုံးခဲ့ပြီး Shiba Inu ကတော့ နာမည်ကြီးပုဂ္ဂိုလ်တစ်ဦးရဲ့ ထောက်ခံမှုအပြီးမှာ 20% ခုန်တက်သွားခဲ့ပါတယ်။ ဒီလှုပ်ရှားမှုတွေက ဗရမ်းဗတာနိုင်တယ်လို့ ထင်ရနိုင်ပေမဲ့ ဈေးနှုန်းအတက်အကျတိုင်းရဲ့ နောက်ကွယ်မှာ တိုင်းတာနိုင်တဲ့ တွန်းအားတွေ ရှိနေပါတယ်။ ဒီဆောင်းပါးမှာ အတက်အကျကြမ်းတဲ့ ဒီဈေးကွက်ကို မောင်းနှင်နေတဲ့ ယန္တရားတွေကို ဖော်ထုတ်နိုင်ဖို့ ရောင်းလိုအားနဲ့ Mining ကုန်ကျစရိတ်တွေကနေ ဈေးကွက်စိတ်ခံစားချက်၊ စည်းမျဉ်းစည်းကမ်းနဲ့ ဈေးနှုန်းခန့်မှန်းရောင်းဝယ်မှုတွေအထိ ခရစ်ပတိုဈေးနှုန်းတွေအပေါ် လွှမ်းမိုးနေတဲ့ အခြေခံအချက်တွေကို လေ့လာဆန်းစစ်ထားပါတယ်။

အမြန်ဖတ်ရှုရန် အကျဉ်းချုပ်

  • ခရစ်ပတိုဈေးကွက်တွေဟာ ရောင်းလိုအား၊ ဝယ်လိုအားနဲ့ ထုတ်လုပ်မှုကုန်ကျစရိတ်တွေ အပါအဝင် လက်တွေ့စီးပွားရေး တွန်းအားတွေအပေါ် တုံ့ပြန်ပြီး ရွှေ့လျားပါတယ်။
  • ပြိုင်ဆိုင်မှု၊ ဈေးကွက်စိတ်ခံစားချက်နဲ့ အလွန်အကျွံ ရေပန်းစားမှုတွေက ကာလတို ဈေးနှုန်းအတက်အကျကြမ်းမှုကို ပိုမိုပြင်းထန်စေနိုင်ပါတယ်။
  • အရောင်းအဝယ် ပလက်ဖောင်းတွေပေါ်မှာ လက်လှမ်းမီနိုင်မှုနဲ့ ကမ္ဘာလုံးဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေက ရေရှည်တည်ငြိမ်မှုအပေါ် သက်ရောက်မှုရှိပါတယ်။
  • ဒီမောင်းနှင်အားတွေကို နားလည်ထားတာက ထရိတ်ဒါတွေအနေနဲ့ ဈေးကွက်လှုပ်ရှားမှုတွေကို အဓိပ္ပာယ်ဖော်နိုင်အောင် ကူညီပေးပေမဲ့ အရောင်းအဝယ်ပြုလုပ်ရာမှာ ပါဝင်နေတဲ့ ပင်ကိုယ်ဆုံးရှုံးနိုင်ခြေတွေကိုတော့ လျှော့ချပေးနိုင်မှာ မဟုတ်ပါဘူး။

ခရစ်ပတိုငွေကြေး ဈေးနှုန်းတွေကို ဘယ်အချက်တွေက လွှမ်းမိုးသလဲ

ခရစ်ပတိုငွေကြေးဈေးကွက်တိုင်းရဲ့ အဓိကဗဟိုချက်မှာ ရောင်းလိုအားနဲ့ ဝယ်လိုအားဆိုင်ရာ အခြေခံနိယာမ ရှိနေပါတယ်။ ထရိတ်ဒါတွေ အလုအယက် ဝယ်ယူကြတဲ့အခါ ဈေးနှုန်းတွေ ထိုးတက်သွားပြီး ရောင်းအားဖိအားက လွှမ်းမိုးလာတဲ့အခါ တန်ဖိုးတွေ ထိုးကျသွားပါတယ်။ Bitcoin ရဲ့ အများဆုံးပမာဏကို ဒင်္ဂါး 21 သန်းအထိသာ ကန့်သတ်ထားမှုက ရှားပါးမှုကို ဖြစ်ပေါ်စေပြီး ရေရှည်ဆွဲဆောင်မှုကို ခိုင်မာစေပါတယ်။ ဒီရှားပါးမှုဟာ အမြဲပြောင်းလဲနေတဲ့ ဝယ်လိုအားနဲ့ အကန့်အသတ်ရှိတဲ့ ရောင်းလိုအားတို့ ဆုံတွေ့ရာကနေ ရွှေရဲ့တန်ဖိုး ဖြစ်ပေါ်လာပုံကို ထင်ဟပ်နေပါတယ်။

Supply and demand diagram showing Bitcoin price equilibrium at the intersection of supply and demand curves

ဥပမာအားဖြင့် ခန့်မှန်းခြေ လေးနှစ်တစ်ကြိမ် ဖြစ်ပေါ်လေ့ရှိတဲ့ Bitcoin halving ဖြစ်စဉ်တွေအတွင်းမှာ Bitcoin အသစ်ထုတ်ပေးနှုန်းဟာ 50% လျော့ကျသွားပါတယ်။ သမိုင်းကြောင်းအရ ဒီလို ရောင်းလိုအားပမာဏ လျော့နည်းသွားမှုက 2017 နဲ့ 2021 ခုနှစ်တွေမှာ မြင်တွေ့ခဲ့ရသလို သိသာထင်ရှားတဲ့ ဈေးနှုန်းအတက်လှိုင်းကြီးတွေကို ဖြစ်ပေါ်စေခဲ့ပါတယ်။ 

နောက်ထပ်ဥပမာတစ်ခုကတော့ Ethereum ရဲ့ Proof-of-stake စနစ်ဆီ ကူးပြောင်းမှုဖြစ်ပြီး အဲဒီကူးပြောင်းမှုက စွမ်းအင်သုံးစွဲမှုကို လျှော့ချပေးခဲ့သလို လည်ပတ်မှုထဲကို ပမာဏအသစ် ဝင်ရောက်တဲ့ လုပ်ငန်းစဉ်ကိုလည်း ပြောင်းလဲပေးခဲ့တာကြောင့် သူ့အပေါ် ရှုမြင်တဲ့တန်ဖိုးကို လွှမ်းမိုးမှုရှိစေခဲ့ပါတယ်။

ငွေဖြစ်လွယ်မှု (Liquidity) ကလည်း ဈေးကွက်စိတ်ခံစားချက် အပြောင်းအလဲတွေအပေါ် ဈေးနှုန်းတွေ ဘယ်လောက်ပြင်းပြင်းထန်ထန် တုံ့ပြန်သလဲဆိုတာကို သတ်မှတ်ပေးပါတယ်။ အရောင်းအဝယ်ပမာဏ ကြီးမားတဲ့ Bitcoin နဲ့ Ethereum တို့ဟာ ဈေးကွက်တန်ဖိုးနည်းတဲ့ ဒင်္ဂါးတွေထက် ဈေးကွက်ဖိအားကို ပိုမိုထိရောက်စွာ ခံနိုင်ရည်ရှိကြပါတယ်။ တစ်ချိန်တည်းမှာပဲ လူသိနည်းတဲ့ တိုကင်တွေကတော့ ပမာဏကြီးမားတဲ့ အရောင်းအဝယ်အနည်းငယ် ဝင်ရောက်လာတာနဲ့ အတက်အကျ အရမ်းကြမ်းနိုင်ပါတယ်။

Deriv ရဲ့ Market & Product Intelligence Analyst ဖြစ်သူ Dayana Binti Mohamad Ramli က အခုလို အသေးစိတ်ရှင်းပြထားပါတယ် :

“ငွေဖြစ်လွယ်မှုက ခရစ်ပတိုဈေးကွက်တွေရဲ့ လျှို့ဝှက်နှလုံးခုန်သံပါပဲ။ ဈေးနှုန်းတုံ့ပြန်မှုတွေဟာ ညင်သာတဲ့ ပြန်လည်ညှိယူမှုတွေ ဖြစ်မလား ဒါမှမဟုတ် ရုတ်တရက် ထိုးကျမှုတွေ ဖြစ်မလားဆိုတာကို သူက ဆုံးဖြတ်ပေးပါတယ်။”

သမားရိုးကျ ဈေးကွက်တွေမှာ ပိုင်ဆိုင်မှုတန်ဖိုးတွေဟာ ပြည်တွင်းအသားတင်ထုတ်လုပ်မှုတန်ဖိုး (GDP)၊ အလုပ်အကိုင်အခွင့်အလမ်းနဲ့ အတိုးနှုန်းတွေ အပါအဝင် တိုင်းတာနိုင်တဲ့ စီးပွားရေးအချက်အလက်တွေအပေါ် တုံ့ပြန်ပြီး အတက်အကျဖြစ်လေ့ရှိပါတယ်။

ခရစ်ပတိုငွေကြေးတွေမှာတော့ ဒီလိုအခြေခံအချက်အလက်တွေ မရှိဘဲ နည်းပညာ၊ ဈေးကွက်စိတ်ခံစားချက်နဲ့ ငွေဖြစ်လွယ်မှုတို့အပေါ်မှာသာ မှီခိုနေရပါတယ်။ ဒါကြောင့်ပဲ ခရစ်ပတိုဈေးနှုန်း လှုပ်ရှားမှုတွေဟာ ပိုမိုကျယ်ပြန့်တဲ့ ဘဏ္ဍာရေးအညွှန်းကိန်းတွေနဲ့ အဆက်အစပ်မရှိသလို မကြာခဏ ထင်ရလေ့ရှိပါတယ်။ အဲဒီလှုပ်ရှားမှုတွေကို ဗဟိုချုပ်ကိုင်မှုကင်းတဲ့ ကွန်ရက်တွေနဲ့ ကမ္ဘာတစ်ဝန်းက ရင်းနှီးမြှုပ်နှံသူတွေရဲ့ စိတ်နေသဘောထားက အဓိကပုံဖော်ပေးပါတယ်။ ဒါပေမဲ့ အတိုးနှုန်းတွေက ငွေဖြစ်လွယ်မှု၊ စွန့်စားလိုစိတ်နဲ့ အလုံးစုံ ဈေးကွက်စိတ်ခံစားချက်တွေအပေါ် သက်ရောက်မှုရှိတာကြောင့် ငွေကြေးမူဝါဒရဲ့ သွယ်ဝိုက်လွှမ်းမိုးမှုကိုတော့ ခံရဆဲဖြစ်ပါတယ်။

Mining ကုန်ကျစရိတ်တွေက ခရစ်ပတိုဈေးနှုန်း လှုပ်ရှားမှုတွေအပေါ် ဘယ်လိုသက်ရောက်သလဲ

Proof-of-work ခရစ်ပတိုငွေကြေးတွေအတွက် Mining ပြုလုပ်ခြင်းဟာ နည်းပညာဆိုင်ရာ လုပ်ငန်းစဉ်တစ်ခုထက် ပိုပါတယ် — ဒါဟာ ဈေးကွက်အပြုအမူကို ပုံဖော်ပေးတဲ့ အခြေခံကုန်ကျစရိတ်တစ်ခု ဖြစ်ပါတယ်။ Miner တွေဟာ လွှဲပြောင်းမှုတွေကို အတည်ပြုပေးပြီး ဆုလာဘ်တွေ ရယူနိုင်ဖို့ စက်ပစ္စည်း၊ လျှပ်စစ်မီးနဲ့ အအေးပေးစနစ်တွေမှာ ငွေကြေးစိုက်ထုတ်ကြရပါတယ်။ ထုတ်လုပ်မှုကုန်ကျစရိတ်က ဒင်္ဂါးရဲ့ ဈေးကွက်တန်ဖိုးနားကို ကပ်လာတဲ့အခါ ဒါမှမဟုတ် ကျော်လွန်သွားတဲ့အခါ Miner တွေက လုပ်ငန်းလည်ပတ်မှုကို လျှော့ချလိုက်ကြပါတယ်။ ဒီလို ပမာဏဖြည့်တင်းမှု လျော့ကျသွားတာက အချိန်ကြာလာတာနဲ့အမျှ ဈေးနှုန်းတွေကို တည်ငြိမ်စေနိုင်သလို ပိုပြီးမြင့်တက်အောင်လည်း တွန်းပို့ပေးနိုင်ပါတယ်။

Illustration of mining costs impact on cryptocurrency price movements

‍ဥပမာအားဖြင့် 2022 ခုနှစ်မှာ ဥရောပဒေသတချို့အတွင်း လျှပ်စစ်မီးဈေးနှုန်းတွေ ထိုးတက်သွားတဲ့အခါ အသေးစား Bitcoin mining လုပ်ငန်းတွေက လည်ပတ်မှုကို ယာယီရပ်နားခဲ့ကြတာကြောင့် ကွန်ရက်လှုပ်ရှားမှု လျော့နည်းသွားပြီး ဒင်္ဂါးပမာဏ ဖြည့်တင်းမှုလည်း ကျဆင်းခဲ့ပါတယ်။ 2025 ခုနှစ်အရောက်မှာတော့ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် တိုးတက်မှုတွေနဲ့ စွမ်းဆောင်ရည်ပိုမြင့်တဲ့ ချစ်ပ်ပြားတွေကြောင့် ထုတ်လုပ်မှုကုန်ကျစရိတ်တချို့ လျော့ကျသွားပေမဲ့ မြင့်တက်လာတဲ့ ကွန်ရက်ခက်ခဲမှုနှုန်းက သိမ်မွေ့တဲ့ ဟန်ချက်ညီမှုတစ်ခုကို ဆက်လက်ထိန်းထားဆဲ ဖြစ်ပါတယ်။

Investopedia ရဲ့ ခရစ်ပတိုငွေကြေး အခြေခံအချက်အလက်တွေဆိုင်ရာ သုံးသပ်ချက်နဲ့ Cambridge Bitcoin Electricity Consumption Index တို့မှာ ဖော်ပြထားသလိုပဲ Mining ရဲ့ စီးပွားရေးတွက်ခြေကိုက်မှုသဘောတရားဟာ မျက်နှာပြင်အောက်ကနေ ခရစ်ပတိုဈေးနှုန်းတွေကို လွှမ်းမိုးနေတဲ့ လျှို့ဝှက်ပေမဲ့ အားကောင်းတဲ့ အချက်တစ်ခုအဖြစ် ဆက်ရှိနေပါတယ်။

ခရစ်ပတိုဈေးကွက်ရဲ့ ဈေးနှုန်းအတက်အကျကြမ်းမှုကို ပြိုင်ဆိုင်မှုနဲ့ ဆန်းသစ်တီထွင်မှုတွေက ဘာကြောင့် မောင်းနှင်နေတာလဲ

ခရစ်ပတိုငွေကြေး ဂေဟစနစ်ဟာ ဆန်းသစ်တီထွင်မှုနဲ့ အပြိုင်အဆိုင်ဖြစ်မှုတွေအပေါ် အခြေခံပြီး ရှင်သန်ကြီးထွားနေတာ ဖြစ်ပါတယ်။ ပရောဂျက်အသစ်တွေဟာ ပိုမိုမြန်ဆန်တဲ့ စာရင်းရှင်းလင်းမှုနှုန်းတွေ ဒါမှမဟုတ် ပိုမိုသက်သာတဲ့ လွှဲပြောင်းမှုစရိတ်တွေကို ကတိပြုရင်း Bitcoin နဲ့ Ethereum လို ခိုင်မာပြီးသား နာမည်ကြီးတွေကို အစဉ်အမြဲ စိန်ခေါ်နေကြပါတယ်။ ထရိတ်ဒါတွေက ပိုမိုသာလွန်တဲ့ နည်းပညာ ဒါမှမဟုတ် လက်တွေ့ဘဝမှာ ပိုမိုအသုံးဝင်မှုကို မြင်တွေ့တဲ့အခါ အရင်းအနှီးတွေက ဒီပိုင်ဆိုင်မှုအသစ်တွေဆီ စီးဝင်သွားပါတယ်။

Cryptocurrency market competition and innovation driving price volatility and blockchain technology advancement

ဥပမာအားဖြင့် Solana က မြန်နှုန်းမြင့်ပြီး အခကြေးငွေသက်သာတဲ့ လွှဲပြောင်းမှုတွေကို မိတ်ဆက်ခဲ့တဲ့အခါ အများအပြား လက်ခံသုံးစွဲလာနိုင်ခြေရှိတာကို ရင်းနှီးမြှုပ်နှံသူတွေ မြင်တွေ့ခဲ့ကြတဲ့အတွက် သူ့ရဲ့ ဈေးကွက်တန်ဖိုးဟာ အရှိန်အဟုန်နဲ့ ထိုးတက်သွားခဲ့ပါတယ်။ အလားတူပဲ Avalanche ရဲ့ တစ်စက္ကန့်အောက် အပြီးသတ်အတည်ပြုနိုင်စွမ်းက နည်းပညာဖန်တီးသူတွေကို ဆွဲဆောင်နိုင်ခဲ့ပြီး ပိုဟောင်းပြီး ပိုနှေးတဲ့ Blockchain တွေဆီက ရင်းနှီးမြှုပ်နှံမှုတွေကို ဆွဲထုတ်ယူသွားခဲ့ပါတယ်။

ဒါပေမဲ့ စိန်ခေါ်သူတိုင်းက အရှိန်အဟုန်ကို ဆက်ထိန်းထားနိုင်တာတော့ မဟုတ်ပါဘူး။ ဈေးကွက်စက်ဝန်းတွေဟာ အသစ်အဆန်းဖြစ်မှုကို ဆုချီးမြှင့်လေ့ရှိပေမဲ့ တည်ငြိမ်မှုမရှိတာကိုတော့ ဒဏ်ခတ်လေ့ရှိပါတယ်။ ဒင်္ဂါးတွေရဲ့ လူကြိုက်များမှု အတက်အကျဖြစ်လာတာနဲ့အမျှ ပြိုင်ဆိုင်မှုက ငွေဖြစ်လွယ်မှုနဲ့ ရင်းနှီးမြှုပ်နှံသူတွေရဲ့ အာရုံစိုက်မှုကို ပြန်လည်ဖြန့်ခွဲလိုက်ပြီး အဆက်မပြတ်ဖြစ်ပေါ်နေတဲ့ ဈေးနှုန်းအတက်အကျကြမ်းမှု လှိုင်းတွေကို ဖန်တီးပေးပါတယ်။

ခရစ်ပတို စိတ်ခံစားချက် ဆန်းစစ်လေ့လာမှုဖြစ်တဲ့ ဈေးကွက်စိတ်ခံစားချက်ကို နားလည်သဘောပေါက်ခြင်းက ဈေးနှုန်းအတက်အကျတွေကို ဘယ်လိုရှင်းပြသလဲ

စိတ်ခံစားချက်တွေဟာ အချက်အလက်တွေနည်းတူ ဈေးကွက်တွေကို မောင်းနှင်ပါတယ်။ အကောင်းမြင်စိတ်က ဈေးနှုန်းမြင့်တက်မှုတွေကို အားပေးပြီး စိုးရိမ်ကြောက်ရွံ့စိတ်က အလုံးအရင်းနဲ့ ထုတ်ရောင်းမှုတွေကို ဖြစ်ပေါ်စေပါတယ်။ သတင်းစကားတွေ ချက်ချင်းပျံ့နှံ့သွားတတ်တဲ့ ဆိုရှယ်မီဒီယာကတစ်ဆင့် ခရစ်ပတိုဈေးကွက်တွေဟာ ဒီသဘောသဘာဝကို ပိုမိုကြီးထွားစေပါတယ်။ ဈေးနှုန်းအတက်အကျကြမ်းမှု၊ အရောင်းအဝယ်ပမာဏနဲ့ ရှာဖွေမှုရေပန်းစားပုံတွေကတစ်ဆင့် စိတ်ခံစားချက်ကို တိုင်းတာပေးတဲ့ Crypto Fear and Greed Index ဟာ ကာလတို ဈေးကွက်လှုပ်ရှားမှုတွေအတွက် တိုင်းတာချက်တစ်ခုအဖြစ် မကြာခဏ အသုံးဝင်လေ့ရှိပါတယ်။

Network diagram showing interconnected factors driving cryptocurrency prices and market volatility

2021 ခုနှစ် ဈေးနှုန်းအတက်လှိုင်းကာလအတွင်းမှာ Tesla နဲ့ PayPal တို့လို အဖွဲ့အစည်းကြီးတွေက လက်ခံသုံးစွဲလာမှုအပေါ် အကောင်းမြင်စိတ်ကြောင့် Bitcoin ဈေးနှုန်းဟာ $60,000 အထက်အထိ ထိုးတက်သွားခဲ့ပါတယ်။ အပြန်အလှန်အားဖြင့် 2022 ခုနှစ်မှာ Federal Reserve က အတိုးနှုန်းတွေကို အပြင်းအထန် တိုးမြှင့်တော့မယ်လို့ အချက်ပြခဲ့တဲ့အခါ ရင်းနှီးမြှုပ်နှံသူတွေရဲ့ စိုးရိမ်ကြောက်ရွံ့မှုကြောင့် ဈေးကွက်တစ်ခုလုံး အပြင်းအထန် ထိုးကျသွားခဲ့ပါတယ်။ ဒီအပြောင်းအလဲတွေက ဈေးကွက်စိတ်ခံစားချက်ဟာ ကာလတိုအပြုအမူတွေအပေါ် ဘယ်လောက်အထိ လွှမ်းမိုးနိုင်သလဲဆိုတာကို မီးမောင်းထိုးပြနေပါတယ်။

Deriv ရဲ့ Trading Manager ဖြစ်သူ Aiden Grech က အခုလို ထပ်လောင်းပြောကြားထားပါတယ် :

“ဈေးကွက်စိတ်ခံစားချက်ဆိုတာ ခရစ်ပတိုဈေးကွက်ထဲက ဆွဲငင်အားလိုပါပဲ။ ကျိုးကြောင်းဆီလျော်မှု ရှိတာဖြစ်ဖြစ်၊ မရှိတာဖြစ်ဖြစ် အရာအားလုံးကို သူ့ဦးတည်ရာဘက်ဆီ ဆွဲခေါ်သွားတတ်ပါတယ်။”

2025 ခုနှစ်မှာ ဈေးကွက်သဘောထားဟာ ငွေကြေးဖောင်းပွမှု၊ ဗဟိုဘဏ်မူဝါဒတွေနဲ့ ကမ္ဘာ့နိုင်ငံရေး တင်းမာမှုတွေ အပါအဝင် မက်ခရိုစီးပွားရေး အချက်အလက်တွေနဲ့ နီးနီးကပ်ကပ် ဆက်စပ်နေဆဲဖြစ်ပါတယ်။ မရေရာမှုတွေ မြင့်တက်လာတဲ့အခါ အရောင်းအဝယ်လုပ်သူတွေဟာ တည်ငြိမ်တဲ့ ပိုင်ဆိုင်မှုတွေဆီ ဦးတည်လေ့ရှိကြပါတယ်။ အကောင်းမြင်စိတ် ပြန်လည်ဝင်ရောက်လာတဲ့အခါမှာတော့ ငွေကြေးစီးဆင်းမှုဟာ ဆုံးရှုံးနိုင်ခြေမြင့်မားတဲ့ တိုကင်တွေဆီ အလုံးအရင်းနဲ့ ပြန်လည်စီးဝင်လာတတ်ပါတယ်။ အပြုအမူဆိုင်ရာ ဘဏ္ဍာရေးအကြောင်း ပိုမိုသိရှိလိုပါက ဒစ်ဂျစ်တယ်ပိုင်ဆိုင်မှုတွေနဲ့ ပတ်သက်တဲ့ World Economic Forum ရဲ့ အစီရင်ခံစာကို ဖတ်ရှုလေ့လာပါ။

စည်းမျဉ်းစည်းကမ်းတွေနဲ့ ခရစ်ပတိုဈေးနှုန်းတွေ ဘယ်လိုဆက်စပ်နေပါသလဲ

အစိုးရမူဝါဒဟာ ခရစ်ပတိုငွေကြေး ဈေးကွက်အပေါ် လွှမ်းမိုးမှုအရှိဆုံး ပြင်ပအချက်တွေထဲက တစ်ခုအဖြစ် ဆက်လက်တည်ရှိနေပါတယ်။ စည်းမျဉ်းစည်းကမ်း ရှင်းလင်းတိကျမှုက ပိုင်ဆိုင်မှုအမျိုးအစားတစ်ခုကို တရားဝင်အသိအမှတ်ပြုမှု ရရှိစေနိုင်သလို ကန့်သတ်ချုပ်ချယ်တဲ့ လုပ်ဆောင်ချက်တွေကတော့ အလုံးအရင်းနဲ့ ထုတ်ရောင်းမှုတွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။ 2025 ခုနှစ်မှာ ကမ္ဘာ့အာဏာပိုင်တွေဟာ ရင်းနှီးမြှုပ်နှံသူ အကာအကွယ်ပေးရေး၊ ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဆိုင်ရာ လိုက်နာဆောင်ရွက်မှုနဲ့ အခွန်ကောက်ခံမှုတွေအပေါ် အာရုံစိုက်လာကြပါမယ်။ US Securities and Exchange Commission (SEC)၊ European Central Bank ဒါမှမဟုတ် အာရှစည်းမျဉ်းထိန်းသိမ်းရေး အဖွဲ့အစည်းတွေရဲ့ ဆုံးဖြတ်ချက်တွေဟာ ကမ္ဘာ့ဈေးကွက်တွေအပေါ် ချက်ချင်းဆိုသလို ရိုက်ခတ်မှုရှိပါတယ်။

Conceptual representation of fundamental and technical factors driving crypto market volatility

ဥပမာအနေနဲ့ ဥရောပသမဂ္ဂက သူ့ရဲ့ Markets in Crypto-Assets (MiCA) မူဘောင်ကို စတင်မိတ်ဆက်ခဲ့တဲ့အခါ ရင်းနှီးမြှုပ်နှံသူတွေရဲ့ ယုံကြည်မှု တိုးပွားလာပြီး ဈေးနှုန်းတွေ တည်ငြိမ်စေဖို့ အထောက်အကူပြုခဲ့ပါတယ်။ အပြန်အလှန်အားဖြင့် အစောပိုင်းနှစ်တွေတုန်းက တရုတ်နိုင်ငံနဲ့ အမေရိကန်ပြည်ထောင်စုက ပြည်နယ်အချို့မှာ နှိမ်နင်းကန့်သတ်မှုတွေကြောင့် ဈေးကွက်ယာယီကျဆင်းမှုတွေ မကြာခဏ ဖြစ်ပေါ်ခဲ့ပါတယ်။ ဒစ်ဂျစ်တယ်ငွေကြေးတွေနဲ့ ပတ်သက်တဲ့ IMF ရဲ့ သုတေသနအရ တစ်သမတ်တည်းရှိတဲ့ စည်းမျဉ်းစံနှုန်းတွေဟာ ရေရှည်ယုံကြည်မှုကို ပိုမိုခိုင်မာစေနိုင်ပြီး ဈေးကစားမှုအန္တရာယ်တွေကို လျှော့ချပေးနိုင်ဖွယ်ရှိပါတယ်။

မီဒီယာဖော်ပြချက်တွေနဲ့ ကမ္ဘာ့ဖြစ်ရပ်တွေက ခရစ်ပတိုဈေးနှုန်းတွေအပေါ် ဘယ်လိုသက်ရောက်မှုရှိပါသလဲ

သတင်းခေါင်းစဉ်တွေနဲ့ ကမ္ဘာ့ဖြစ်ရပ်တွေဟာ ပြင်းထန်တဲ့ ဈေးနှုန်းအပြောင်းအလဲတွေ နဲ့ ဈေးနှုန်းအတက်အကျ ဆုံးရှုံးနိုင်ခြေ စီမံခန့်ခွဲမှု နည်းဗျူဟာတွေအတွက် အဓိကတွန်းအားတွေ ဖြစ်လေ့ရှိပါတယ်။ ETF အတည်ပြုချက်တွေ၊ အိတ်ချိန်းဟက်ခံရမှုတွေ ဒါမှမဟုတ် နာမည်ကြီးလုပ်ငန်းကြီးတွေ ဒေဝါလီခံရမှုတွေလို ကြေညာချက်တွေဟာ မိနစ်ပိုင်းအတွင်း ဈေးကွက်တစ်ခုလုံးကို လှုပ်ခတ်သွားစေနိုင်ပါတယ်။ အလားတူပဲ ကမ္ဘာလုံးဆိုင်ရာ အကျပ်အတည်းတွေ ဒါမှမဟုတ် ငွေကြေးဖောင်းပွမှု အချက်အလက်တွေဟာ ရင်းနှီးမြှုပ်နှံသူတွေရဲ့ ဆုံးရှုံးနိုင်ခြေ လက်ခံနိုင်စွမ်းကို ပြောင်းလဲသွားစေနိုင်ပါတယ်။ အရောင်းအဝယ်လုပ်သူအချို့ဟာ ဖြစ်ပေါ်လာနိုင်တဲ့ ဈေးကွက်အပြောင်းအလဲတွေကို သတိပြုမိနေစေဖို့ အချိန်နဲ့တစ်ပြေးညီ သတင်းတွေနဲ့ နည်းပညာဆိုင်ရာ အညွှန်းကိန်းတွေကို စောင့်ကြည့်လေ့ရှိကြပေမဲ့ ဒီကိရိယာတွေက ရလဒ်တွေကို တိတိကျကျ ကြိုတင်ခန့်မှန်းပေးနိုင်ခြင်း ဒါမှမဟုတ် ဆုံးရှုံးနိုင်ခြေကို ဖယ်ရှားပေးနိုင်ခြင်း မရှိပါဘူး။

ခရစ်ပတိုငွေကြေး အရောင်းအဝယ် နည်းဗျူဟာတွေကို ဒီတွန်းအားတွေနဲ့ လိုက်လျောညီထွေဖြစ်အောင် ဘယ်လိုပြင်ဆင်နိုင်မလဲ

ပမာဏဖြန့်ချိမှု၊ တူးဖော်မှုကုန်ကျစရိတ်တွေ၊ ပြိုင်ဆိုင်မှု၊ ဈေးကွက်သဘောထားနဲ့ စည်းမျဉ်းစည်းကမ်းတွေကြားက ဆက်နွှယ်မှုတွေကို နားလည်ထားခြင်းက အရောင်းအဝယ်လုပ်သူတွေကို ပိုမိုချင့်ချိန်နိုင်တဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်နိုင်စေပါတယ်။

ပိုင်ဆိုင်မှုတွေကို ဖြန့်ခွဲထားခြင်းနဲ့ Stop Loss ကန့်သတ်ချက်တွေ သတ်မှတ်ခြင်းဟာ ဆုံးရှုံးနိုင်ခြေ ထိတွေ့မှုကို စီမံခန့်ခွဲဖို့ အရောင်းအဝယ်လုပ်သူတွေ အသုံးပြုလေ့ရှိတဲ့ နည်းလမ်းတွေဖြစ်ပေမဲ့ အတက်အကျကြမ်းတဲ့ ဈေးကွက်တွေနဲ့ ဆက်စပ်နေတဲ့ ဆုံးရှုံးနိုင်ခြေတွေကိုတော့ လုံးဝပပျောက်အောင် မလုပ်ဆောင်နိုင်ပါဘူး။

BTC/USD candlestick chart on Deriv Trader showing price movements with multipliers and order execution panel

Deriv လို ပလက်ဖောင်းတွေက အရောင်းအဝယ်လုပ်သူတွေအနေနဲ့ တကယ့်ငွေကြေးနဲ့ အရောင်းအဝယ်လုပ်မလုပ် မဆုံးဖြတ်ခင် အတုအယောင် ဈေးကွက်အခြေအနေတွေမှာ နည်းဗျူဟာတွေကို လေ့ကျင့်နိုင်မယ့် အစမ်းသုံးအကောင့်တွေကို ပံ့ပိုးပေးထားပါတယ်။ တကယ့်အရောင်းအဝယ်ပြုလုပ်ခြင်းမှာ ငွေကြေးဆုံးရှုံးနိုင်ခြေ အမြဲရှိနေပြီး အစမ်းသုံးအကောင့်နဲ့ လေ့ကျင့်ခြင်းက အသုံးပြုသူတွေကို ထိန်းချုပ်ထားတဲ့ ပတ်ဝန်းကျင်တစ်ခုမှာ ဒီဆုံးရှုံးနိုင်ခြေတွေအကြောင်း နားလည်သဘောပေါက်စေဖို့ ကူညီပေးပါတယ်။

နောက်ကွယ်က တွန်းအားတွေကို ဖော်ထုတ်ခြင်း

ဈေးနှုန်းဇယားတိုင်းရဲ့ နောက်ကွယ်မှာ စီးပွားရေး၊ နည်းပညာနဲ့ စိတ်ပိုင်းဆိုင်ရာ အကြောင်းရင်းတွေ အပြန်အလှန် ယှက်နွှယ်နေတဲ့ စနစ်တစ်ခု ရှိနေပါတယ်။ ပမာဏဖြန့်ချိမှုက ရှားပါးမှုကို သတ်မှတ်ပေးပါတယ်။ ထုတ်လုပ်မှုကုန်ကျစရိတ်တွေက အနိမ့်ဆုံးကြမ်းခင်းဈေးကို သတ်မှတ်ပေးပါတယ်။ ဈေးကွက်သဘောထား၊ ရေပန်းစားမှုနဲ့ ပြိုင်ဆိုင်မှုတွေက ဈေးကွက်ရဲ့ အမြင့်ဆုံးနဲ့ အနိမ့်ဆုံးအမှတ်တွေကို ပုံဖော်ပေးပါတယ်။ စည်းမျဉ်းစည်းကမ်းနဲ့ လက်လှမ်းမီနိုင်မှုတွေကတော့ ယုံကြည်မှုဆိုင်ရာ ဘောင်တွေကို ချမှတ်ပေးပါတယ်။ ဒီအချက်အလက်တွေဟာ အစဉ်အမြဲ အပြန်အလှန် သက်ရောက်နေပြီး အရောင်းအဝယ်လုပ်သူတွေ နေ့စဉ်မြင်တွေ့နေရတဲ့ အပြောင်းအလဲမြန်တဲ့ ပုံစံတွေကို ဖြစ်ပေါ်စေပါတယ်။

ဒီနောက်ကွယ်က တွန်းအားတွေကို နားလည်ထားရုံနဲ့ ခရစ်ပတိုငွေကြေး ဈေးနှုန်းတွေကို ကြိုတင်ခန့်မှန်းနိုင်မှာ မဟုတ်ပေမဲ့ အရောင်းအဝယ်လုပ်သူတွေအနေနဲ့ ဆုံးရှုံးနိုင်ခြေတွေနဲ့ အခြေခံအချက်အလက်တွေကို ပိုမိုသတိပြုမိပြီး ဈေးကွက်လှုပ်ရှားမှုတွေကို အဓိပ္ပာယ်ဖော်နိုင်အောင် ကူညီပေးပါတယ်။

Deriv မှာ ကျွန်ုပ်တို့ရဲ့ ဈေးကွက်ကျွမ်းကျင်သူတွေဟာ အရောင်းအဝယ်လုပ်သူတွေ ဈေးကွက်ရွေ့လျားမှု သဘောသဘာဝကို ပိုမိုကောင်းမွန်စွာ နားလည်နိုင်စေဖို့ ဒီပြောင်းလဲနေတဲ့ အခြေအနေတွေကို စဉ်ဆက်မပြတ် စောင့်ကြည့်လေ့လာနေကြပေမဲ့ အရောင်းအဝယ်ရလဒ်တွေကတော့ မသေချာမရေရာဘဲ ငွေကြေးဆုံးရှုံးနိုင်ခြေတွေ ပါဝင်နေဆဲဖြစ်ပါတယ်။ 

ခရစ်ပတိုဈေးနှုန်း လှုပ်ရှားမှုတွေရဲ့ နောက်ကွယ်က “ဘာဖြစ်နေသလဲ” ဆိုတာတင်မကဘဲ “ဘာကြောင့်ဖြစ်ရသလဲ” ဆိုတာကိုပါ နားလည်ထားခြင်းအားဖြင့် အရောင်းအဝယ်လုပ်သူတွေဟာ ဈေးနှုန်းအတက်အကျကြမ်းမှုကို ဈေးကွက်သဘောသဘာဝရဲ့ အခြေခံအစိတ်အပိုင်းတစ်ခုအဖြစ် လက်ခံထားတဲ့ ချင့်ချိန်မှုရှိသော နည်းဗျူဟာတွေကို တည်ဆောက်နိုင်ပါတယ်။

Quiz

ခရစ်ပတိုငွေကြေးတစ်ခုကို တူးဖော်တဲ့ ကုန်ကျစရိတ်က ဈေးကွက်ဈေးနှုန်းထက် ပိုမြင့်လာတဲ့အခါ ဘာဖြစ်လာပါသလဲ။

အမေးများသော မေးခွန်းများ

Analyse markets with AI-powered insights

Explore TradersView
WhatsApp