အဓိကအကြောင်းအရာသို့ ကျော်သွားရန်

ခရစ်ပတိုနဲ့ အရောင်းအဝယ်လုပ်ခြင်း : အယူအဆမှား 3 ခုကို ဖြေရှင်းချက်

5
မိနစ် ဖတ်ရှုချိန်
နာမည်ကြီး ခရစ်ပတိုငွေကြေးတွေနဲ့ ခရစ်ပတို အရောင်းအဝယ်လုပ်ခြင်းဆိုင်ရာ အများသိ အယူအဆမှားတွေကို ကိုယ်စားပြုထားတဲ့ ဖန်သားပုံစံ Bitcoin၊ Ethereum နဲ့ Polkadot အိုင်ကွန်ပုံတွေ ဖြစ်ပါတယ်။

ခရစ်ပတို အရောင်းအဝယ်လုပ်ခြင်းဟာ နှစ်တွေနဲ့အမျှ အရှိန်အဟုန်မြင့်တက်လာနေပြီး ထရိတ်ဒါတွေအတွက် လွယ်ကူပြောင်းလွယ်မှု၊ လုံခြုံစိတ်ချရမှုနဲ့ စိတ်လှုပ်ရှားစရာ အခွင့်အလမ်းတွေကို ပေးစွမ်းနေပါတယ်။ ဒါပေမဲ့ စတင်မလုပ်ဆောင်ရသေးသူတွေအတွက်တော့ အယူအဆမှားတွေကြောင့် ရှုပ်ထွေးတယ် ဒါမှမဟုတ် လက်လှမ်းမမီနိုင်ဘူးလို့ ထင်ရနိုင်ပါတယ်။ ခရစ်ပတိုနဲ့ အရောင်းအဝယ်လုပ်ခြင်းအပေါ် အများစုထင်မှတ်မှားနေကြတဲ့ အချက်သုံးချက်ကို အမှန်အတိုင်း ရှင်းလင်းဖော်ထုတ်ကြည့်ရအောင်ပါ။
‍

အယူအဆမှား 1 : ခရစ်ပတို ပိုင်ဆိုင်ဖို့ ကုန်ကျစရိတ်များတယ်

တကယ်တော့ မဟုတ်ပါဘူး။ Bitcoin ရဲ့ ဈေးနှုန်းက မြင့်မားလွန်းတယ်လို့ ထင်ရနိုင်ပေမဲ့ စတင်ဖို့အတွက် Bitcoin တစ်ခုလုံးကို ဝယ်ယူစရာ မလိုပါဘူး။ satoshis လို့ခေါ်တဲ့ အရမ်းသေးငယ်တဲ့ အစိတ်အပိုင်းလေးတွေကို သင် ပိုင်ဆိုင်နိုင်ပါတယ်။ ဥပမာအားဖြင့် Deriv မှာ Bitcoin အတွက် အနည်းဆုံး အရောင်းအဝယ်ပမာဏဟာ 0.0001 BTC သာရှိပြီး လက်ရှိမှာ $5 အောက်သာ တန်ဖိုးရှိပါတယ်။

ဒါ့အပြင် ကနဦး အရင်းအနှီးများများ စိုက်ထုတ်စရာမလိုဘဲ ခရစ်ပတို အရောင်းအဝယ်လုပ်ဖို့ နောက်ထပ်နည်းလမ်းတစ်ခုကတော့ Leverage သုံးပြီး CFDs နဲ့ အရောင်းအဝယ်လုပ်ခြင်းပဲ ဖြစ်ပါတယ်။ ဒီနည်းလမ်းက အရင်းအနှီးအနည်းငယ်နဲ့ ပိုမိုကြီးမားတဲ့ အရောင်းအဝယ်တွေကို ဖွင့်ခွင့်ပေးတာကြောင့် ခရစ်ပတို အရောင်းအဝယ်လုပ်ခြင်းကို သင်ထင်ထားတာထက် ပိုပြီးလက်လှမ်းမီစေပါတယ်။
‍

အယူအဆမှား 2 : ဈေးကွက်အသစ်တစ်ခုလုံးကို အစအဆုံး ပြန်လေ့လာရမယ်

ခရစ်ပတိုက လုံးဝကွဲပြားခြားနားတဲ့ ကမ္ဘာတစ်ခုလို့ ထင်နေပါသလား။ အမြဲတမ်းတော့ မဟုတ်ပါဘူး။ သင်က Forex၊ ရှယ်ယာများ ဒါမှမဟုတ် တခြားဈေးကွက်တွေမှာ ဘယ်လိုအရောင်းအဝယ်လုပ်ရမလဲဆိုတာ သိထားပြီးသားဆိုရင် ခရစ်ပတိုဆိုတာ သင့်ရဲ့ နည်းဗျူဟာထဲမှာ ထပ်ပေါင်းထည့်ရမယ့် နောက်ထပ် ပိုင်ဆိုင်မှုအမျိုးအစားတစ်ခုသာ ဖြစ်ပါတယ်။

လုပ်ငန်းစဉ်ကတော့ ဆင်တူပါတယ် : သင့်ရဲ့ ဈေးကွက်ကို ရွေးချယ်ပါ၊ အရောင်းအဝယ်အမျိုးအစားကို ရွေးချယ်ပါ၊ ပြီးရင် သင့်ရဲ့ ဆုံးရှုံးနိုင်ခြေကို စီမံခန့်ခွဲပါ။ Forex ဒါမှမဟုတ် Synthetic ညွှန်းကိန်းတွေလို တခြားဈေးကွက်တွေမှာ အရောင်းအဝယ်လုပ်ဖို့အတွက်လည်း ခရစ်ပတိုငွေကြေးတွေကို အသုံးပြုနိုင်ပါတယ်။ ဒါကြောင့် သင်ဟာ အရာအားလုံးကို အသစ်ကနေ ပြန်လေ့လာနေရတာ မဟုတ်ပါဘူး။ သင့်ရဲ့ အရောင်းအဝယ် နည်းဗျူဟာထဲမှာ နောက်ထပ် လက်နက်ကိရိယာတစ်ခုကို ထပ်ပေါင်းထည့်လိုက်တာပဲ ဖြစ်ပါတယ်။
‍

အယူအဆမှား 3 : ခရစ်ပတို ပိုရဖို့ တစ်ခုတည်းသောနည်းလမ်းက ဝယ်ယူခြင်းဖြစ်တယ်

ခရစ်ပတို ဝယ်ယူတာဟာ ပိုင်ဆိုင်နိုင်တဲ့ နည်းလမ်းတစ်ခုသာဖြစ်ပြီး တစ်ခုတည်းသော နည်းလမ်းတော့ မဟုတ်ပါဘူး။ Forex ဒါမှမဟုတ် Synthetics လို ဈေးကွက်တွေမှာ ခရစ်ပတိုငွေကြေးနဲ့ အရောင်းအဝယ်လုပ်ပြီး ပေးချေငွေ ရရှိတဲ့အခါ သင့်ရဲ့ ခရစ်ပတို လက်ကျန်ငွေကို တိုးပွားစေနိုင်ပါတယ်။

ဒါဟာ Fiat ငွေကြေးနဲ့ အမြတ်ရသလိုပါပဲ။ ဒီတစ်ခါမှာတော့ သင့်ရဲ့ အမြတ်ငွေဟာ ခရစ်ပတိုနဲ့ ဖြစ်နေတာပဲ ကွာခြားပါတယ်။ ပါးနပ်စွာ အရောင်းအဝယ်လုပ်ခြင်းအားဖြင့် ထပ်မံဝယ်ယူစရာမလိုဘဲ သင့်ရဲ့ ခရစ်ပတို ပိုင်ဆိုင်မှုတွေကို တိုးပွားအောင် လုပ်ဆောင်နိုင်ပါတယ်။
‍

အခမဲ့ Deriv Demo အကောင့်နဲ့ ခရစ်ပတို အရောင်းအဝယ်လုပ်ခြင်းကို စူးစမ်းလေ့လာပါ

ခရစ်ပတိုငွေကြေးတွေဟာ သမားရိုးကျ Fiat ငွေကြေးတွေထက် ကျော်လွန်တဲ့ အခွင့်အလမ်းအသစ်တွေကို ပေးစွမ်းနေပြီး ကျွန်ုပ်တို့ရဲ့ အရောင်းအဝယ်လုပ်ပုံကို အသွင်သစ်ပြောင်းလဲပေးနေပါတယ်။ ဒီအယူအဆမှားတွေရဲ့ နောက်ကွယ်က အမှန်တရားကို နားလည်သဘောပေါက်ခြင်းအားဖြင့် ခရစ်ပတို အရောင်းအဝယ်လုပ်ခြင်းကို အမြင်သစ်နဲ့ ယုံကြည်မှုရှိရှိ စူးစမ်းလေ့လာနိုင်ပါတယ်။

Deriv မှာ အရောင်းအဝယ်လုပ်နိုင်တဲ့ ခရစ်ပတိုငွေကြေး အစုံအလင်ကို ဝင်ရောက်ကြည့်ရှုပြီး အခမဲ့ လေ့ကျင့်ရေး အရောင်းအဝယ်အကောင့် တစ်ခုကို ဒီနေ့ပဲ ဖွင့်လှစ်လိုက်ပါ။

Quiz

Bitcoin ရဲ့ အသေးငယ်ဆုံး ယူနစ်ကို ဘယ်လိုခေါ်ပါသလဲ။

အမေးများသော မေးခွန်းများ

Analyse markets with AI-powered insights

Explore TradersView
WhatsApp