
Volatility Indices အရောင်းအဝယ်လုပ်ရတာက ရိုလာကိုစတာစီးရသလိုပဲ Volatility Indices — စိတ်လှုပ်ရှားစရာကောင်းသလို၊ ခန့်မှန်းရခက်ပြီး တစ်ခါတလေ စိတ်ဖိစီးစရာလည်း ဖြစ်တတ်ပါတယ်။ ဒါကြောင့် ခိုင်မာတဲ့ အစီအစဉ်ကောင်းတစ်ခုနဲ့ အရောင်းအဝယ် မဟာဗျူဟာတွေ ရှိထားဖို့က အဓိကကျပါတယ်။ Stop Loss (SL) နဲ့ Take Profit (TP) အော်ဒါတွေက ဈေးကွက်ဟာ သင့်ဘက်ပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ သင့်အရောင်းအဝယ်တွေအတွက် ရှင်းလင်းတဲ့ ထွက်ပေါက်အမှတ်တွေကို သတ်မှတ်ပေးထားခြင်းအားဖြင့် သင်ကိုယ်တိုင် ထိန်းချုပ်နိုင်အောင် ကူညီပေးပါတယ်။
Stop Loss နဲ့ Take Profit အော်ဒါတွေဆိုတာ ဘာလဲ
သင်က Volatility Index တစ်ခုကို အရောင်းအဝယ်လုပ်နေတယ်လို့ စိတ်ကူးကြည့်ပါ။ ဈေးနှုန်းအရွေ့တိုင်းကို ထိုင်ကြည့်ပြီး အကောင်းဆုံးဖြစ်လာဖို့ မျှော်လင့်နေနိုင်ပေမဲ့ အဲဒါက စိတ်ဖိစီးစရာကောင်းသလို ဆုံးရှုံးနိုင်ခြေလည်းများတဲ့ အရောင်းအဝယ်နည်းလမ်း ဖြစ်ပါတယ်။ အဲဒီအစား SL နဲ့ TP အော်ဒါတွေက အမြတ်တွေကို အမိအရယူပေးပြီး ဆုံးရှုံးမှုတွေကို အလိုအလျောက် ကန့်သတ်ပေးခြင်းအားဖြင့် သင့်ကိုယ်စား အဓိကအလုပ်တွေကို လုပ်ဆောင်ပေးပါတယ် :
- Take Profit (TP) : ဒါကတော့ သင့်ရဲ့ အမြတ်လျာထားချက် ဖြစ်ပါတယ်။ သင် အမြတ်ထုတ်ယူချင်တဲ့ ဈေးနှုန်းတစ်ခုကို ရွေးချယ်ထားလိုက်ပြီး ဈေးကွက်က အဲဒီအဆင့်ကို ရောက်တာနဲ့ သင့်အရောင်းအဝယ်က ပိတ်သွားပြီး အမြတ်ကို သေချာရရှိစေမှာ ဖြစ်ပါတယ်။
- Stop Loss (SL) : ဒါကတော့ သင့်ရဲ့ အကာအကွယ် ဖြစ်ပါတယ်။ ဈေးကွက်က သင့်ဘက်မပါဘဲ ဆန့်ကျင်ဘက်ကို ရွေ့သွားတဲ့အခါ ဆုံးရှုံးမှုတွေကို ထိန်းချုပ်ထားနိုင်ဖို့ အရောင်းအဝယ် အလိုအလျောက် ပိတ်သွားမယ့် ဈေးနှုန်းတစ်ခုကို သတ်မှတ်ထားတာ ဖြစ်ပါတယ်။
ဥပမာတစ်ခုနဲ့ ရှင်းပြကြည့်ရအောင်ပါ။ သင်က Volatility 50 ကို $271 မှာ ဝယ်ယူပြီး TP ကို $280 မှာ သတ်မှတ်ထားတယ် ဆိုပါစို့။ ဈေးကွက်က $280 ကို ရောက်ရှိသွားရင် သင့်အရောင်းအဝယ် ပိတ်သွားပြီး $9 အမြတ်ကို သေချာရရှိစေမှာ ဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပဲ SL ကို $266 မှာ သတ်မှတ်ထားမယ်ဆိုရင် အဲဒီဈေးနှုန်းမှာ သင့်အရောင်းအဝယ် ပိတ်သွားမှာဖြစ်လို့ ဆုံးရှုံးမှုကို $5 မှာတင် ထိန်းထားနိုင်မှာ ဖြစ်ပါတယ်။

မှန်ကန်တဲ့ ချိန်ခွင်လျှာကို ရှာဖွေခြင်း : ဆုံးရှုံးနိုင်ခြေနဲ့ အမြတ်ရနိုင်ခြေ အချိုး
SL နဲ့ TP ကို ချင့်ချိန်ပြီး သတ်မှတ်နိုင်ဖို့ ထရိတ်ဒါတွေက ဆုံးရှုံးနိုင်ခြေနဲ့ အမြတ်ရနိုင်ခြေ အချိုး ကို အသုံးပြုကြပါတယ်။ ဒါက ရိုးရှင်းပေမဲ့ ထိရောက်တဲ့ ဖော်မြူလာတစ်ခု ဖြစ်ပါတယ် :
ဆုံးရှုံးနိုင်ခြေနဲ့ အမြတ်ရနိုင်ခြေ အချိုး = ရနိုင်ခြေရှိတဲ့ အမြတ် / ရင်ဆိုင်ရနိုင်တဲ့ ဆုံးရှုံးမှု
ကျွန်ုပ်တို့ရဲ့ ဥပမာမှာ :
- ရနိုင်ခြေရှိတဲ့ အမြတ် = $9
- ရင်ဆိုင်ရနိုင်တဲ့ ဆုံးရှုံးမှု = $5
- ဆုံးရှုံးနိုင်ခြေနဲ့ အမြတ်ရနိုင်ခြေ အချိုး = 1.8 (ဆုံးရှုံးနိုင်ခြေ $1 တိုင်းအတွက် $1.80 အမြတ်ရရှိနိုင်ပါတယ်)
ဆုံးရှုံးနိုင်ခြေနဲ့ အမြတ်ရနိုင်ခြေ အချိုး ပိုမြင့်တာက အမြတ်ရနိုင်ခြေ ပိုများတာကို ဆိုလိုနိုင်ပေမဲ့ ဈေးကွက်အခြေအနေတွေနဲ့ သင့်ရဲ့ ဆုံးရှုံးနိုင်ခြေ လက်ခံနိုင်စွမ်းအပေါ် အခြေခံပြီး မှန်ကန်တဲ့ ချိန်ခွင်လျှာကို ရှာဖွေဖို့ကသာ အဓိကဖြစ်ပါတယ်။
SL နဲ့ TP အော်ဒါတွေက ဘာကြောင့် အရေးကြီးသလဲ
SL နဲ့ TP အော်ဒါနှစ်ခုစလုံးကို အသုံးပြုတာက အရောင်းအဝယ်တွေကို မှန်းဆပြီး လုပ်ဆောင်ရုံသက်သက် မဟုတ်ပါဘူး။ သင့်ငွေကြေးကို ကာကွယ်ဖို့နဲ့ အမြတ်အစွန်းတွေကို အမြင့်ဆုံးရရှိစေဖို့ ထက်မြက်ပြီး မဟာဗျူဟာကျတဲ့ ရွေးချယ်မှုတွေ ပြုလုပ်ခြင်းပဲ ဖြစ်ပါတယ်။
သင့်မဟာဗျူဟာကို စမ်းသပ်ကြည့်ဖို့ အဆင်သင့်ဖြစ်ပြီလား။ ဒီမိုအကောင့် တစ်ခုနဲ့ ဆုံးရှုံးနိုင်ခြေကင်းကင်း လေ့ကျင့်ကြည့်ပြီး ဈေးကွက်အတက်အကျတွေကို သင် ဘယ်လောက်ကောင်းကောင်း ကိုင်တွယ်နိုင်သလဲဆိုတာ လေ့လာကြည့်ပါ။
Quiz
သင့် Stop Loss အော်ဒါ အသက်ဝင်သွားတဲ့အခါ ဘာဖြစ်သွားပါသလဲ။


