အဓိကအကြောင်းအရာသို့ ကျော်သွားရန်

Bitcoin ၊ altcoin နဲ့ stablecoin : ဘာတွေကွာခြားသလဲ

5
မိနစ် ဖတ်ရှုချိန်
ဒီဒစ်ဂျစ်တယ်ငွေကြေးတွေကြားက ကွာခြားချက်တွေကို ပေါ်လွင်စေတဲ့ Bitcoin ၊ Ethereum နဲ့ Tether သင်္ကေတပုံများ

Bitcoin ကတော့ မိတ်ဆက်ပေးစရာမလိုအောင် လူသိများပြီးသားပါ။ သူက အားလုံးရဲ့ အစဖြစ်တဲ့ မူလပထမ ခရစ်ပတိုငွေကြေး ဖြစ်ပါတယ်။ ဒါပေမဲ့ ခရစ်ပတိုလောကကြီးက အဲဒီမှာတင် ရပ်တန့်မသွားခဲ့ပါဘူး။ အဲဒီနောက်ပိုင်း ခရစ်ပတိုငွေကြေး အရောင်းအဝယ် နယ်ပယ်မှာ မတူညီတဲ့ ထူးခြားချက်ကိုယ်စီနဲ့ ဒစ်ဂျစ်တယ်ငွေကြေးအသစ် ထောင်ပေါင်းများစွာ ပေါ်ထွက်လာခဲ့ပါတယ်။ အဲဒီမှာပဲ altcoin တွေနဲ့ stablecoin တွေ ဝင်ရောက်လာပါတော့တယ်။ 

သူတို့က ဘာတွေလဲ၊ ဘာကြောင့် အရေးပါသလဲဆိုတာ အသေးစိတ် လေ့လာကြည့်ကြရအောင်ပါ။

Altcoins : Bitcoin ရဲ့ ပြိုင်ဘက်များစွာ

Altcoins (“alternative coins” ရဲ့ အတိုကောက်) ဆိုတာ Bitcoin ကလွဲလို့ တခြား ခရစ်ပတိုငွေကြေးတွေ အားလုံးကို ရည်ညွှန်းတာဖြစ်ပါတယ်။ ပထမဆုံး altcoin က 2011 ခုနှစ်မှာ စတင်ပေါ်ပေါက်ခဲ့ပြီး အဲဒီအချိန်ကစလို့ developer တွေဟာ ပိုမြန်ဆန်၊ စရိတ်ပိုသက်သာပြီး စွမ်းအင်သုံးစွဲမှု ပိုထိရောက်တဲ့ ဒင်္ဂါးတွေကို ဖန်တီးဖို့ အဆင့်မြှင့်တင်မှုတွေနဲ့ ဆန်းသစ်တီထွင်မှုတွေကို မိတ်ဆက်ပေးခဲ့ကြပါတယ်။ တချို့ altcoin တွေက Bitcoin ရဲ့ blockchain ပေါ်မှာ လည်ပတ်ပေမဲ့ Ethereum လို တခြား altcoin တွေကတော့ မတူညီတဲ့ ရည်ရွယ်ချက်တွေအတွက် ဒီဇိုင်းထုတ်ထားတဲ့ ကိုယ်ပိုင်သီးသန့် ကွန်ရက်တွေ ရှိကြပါတယ်။ ဥပမာပြောရရင် smart contract တွေနဲ့ ဗဟိုချုပ်ကိုင်မှုကင်းတဲ့ အပလီကေးရှင်း (decentralised applications) တွေလိုမျိုးပေါ့။

Deriv မှာ Altcoins အရောင်းအဝယ်လုပ်လို့ ရပါသလား

သေချာပေါက် ရပါတယ်! ထရိတ်ဒါအများစုက altcoin တွေကို သူတို့ရဲ့ ဈေးနှုန်းအတက်အကျ မြန်ဆန်မှုကြောင့် နှစ်သက်ကြပါတယ်။ ကြီးမားတဲ့ ဈေးနှုန်းအပြောင်းအလဲတွေက အခွင့်အလမ်းကောင်းတွေ ပေးနိုင်ပေမဲ့ ဆုံးရှုံးနိုင်ခြေလည်း ပိုများပါတယ်။ Deriv မှာဆိုရင် altcoin တွေကို အရောင်းအဝယ်လုပ်ဖို့အတွက် ကိုယ်တိုင်ဝယ်ယူထားဖို့ ဒါမှမဟုတ် ပိုင်ဆိုင်ထားဖို့ မလိုအပ်ပါဘူး။ CFDs အရောင်းအဝယ်လုပ်တာပဲဖြစ်ဖြစ် Multipliers သုံးတာပဲဖြစ်ဖြစ် သင်က ဈေးနှုန်းရွေ့လျားမှုတွေအပေါ် ခန့်မှန်းရောင်းဝယ်နေတာ ဖြစ်ပါတယ်။ သင့်ခန့်မှန်းချက် မှန်ကန်ခဲ့ရင် ဒစ်ဂျစ်တယ်ပိုက်ဆံအိတ်တွေ ဒါမှမဟုတ် private key တွေအတွက် ခေါင်းရှုပ်ခံစရာမလိုဘဲ အမြတ်ရရှိနိုင်မှာ ဖြစ်ပါတယ်။

ဒါပေမဲ့လည်း ဆုံးရှုံးနိုင်ခြေဆိုတာကတော့ အရောင်းအဝယ်ရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်နေဆဲပါပဲ။ ကောင်းမွန်တဲ့ အရောင်းအဝယ် မဟာဗျူဟာ၊ Stop Loss လိုမျိုး ဆုံးရှုံးနိုင်ခြေ စီမံခန့်ခွဲမှု ကိရိယာတွေနဲ့ ခိုင်မာတဲ့ နည်းပညာပိုင်းဆိုင်ရာ သုံးသပ်ချက်တွေက သင့်ကို ပိုမိုဘေးကင်းစေဖို့ ကူညီပေးနိုင်ပါတယ်။

Stablecoins : ခရစ်ပတိုရဲ့ တည်ငြိမ်တဲ့ဘက်ခြမ်း

ခရစ်ပတိုငွေကြေးတိုင်းက အတက်အကျ ကြမ်းတမ်းနေတာမျိုးတော့ မဟုတ်ပါဘူး။ Stablecoin တွေကိုတော့ တည်ငြိမ်မှုရှိစေဖို့ ဒီဇိုင်းထုတ်ထားတာ ဖြစ်ပါတယ်။ သူတို့ရဲ့ တန်ဖိုးကို အမေရိကန်ဒေါ်လာ ဒါမှမဟုတ် ရွှေလိုမျိုး ပိုင်ဆိုင်မှုတွေနဲ့ ပုံမှန်အားဖြင့် 1:1 အချိုးနဲ့ ချိတ်ဆက်ထားလေ့ရှိပါတယ်။ ဒါကြောင့် ပြင်းထန်တဲ့ ဈေးနှုန်းအတက်အကျဖြစ်နိုင်ခြေ နည်းပါးပြီး ခရစ်ပတိုလောကအတွင်း ငွေပေးချေမှုနဲ့ လွှဲပြောင်းမှုတွေအတွက် မကြာခဏ အသုံးပြုလေ့ရှိကြပါတယ်။

ဒါပေမဲ့ stablecoin တွေမှာလည်း ဆုံးရှုံးနိုင်ခြေ လုံးဝမရှိတာတော့ မဟုတ်ပါဘူး။ 2022 ခုနှစ်က နာမည်ဆိုးနဲ့ ကျော်ကြားခဲ့တဲ့ Terra ပြိုလဲမှုက “တည်ငြိမ်” ပါတယ်ဆိုတဲ့ ပိုင်ဆိုင်မှုတွေတောင် မျက်စိတစ်မှိတ်အတွင်း တန်ဖိုးဆုံးရှုံးသွားနိုင်တယ်ဆိုတာ သက်သေပြခဲ့ပါတယ်။ ဒါကြောင့် သူတို့က Bitcoin ဒါမှမဟုတ် Ethereum ထက် ပိုတည်ငြိမ်နိုင်ပေမဲ့ သူတို့နဲ့သက်ဆိုင်တဲ့ ဆုံးရှုံးနိုင်ခြေတွေတော့ ရှိနေဆဲဖြစ်ပါတယ်။

Deriv မှာ stablecoins အရောင်းအဝယ်လုပ်လို့ ရပါသလား

Deriv မှာ altcoin တွေလိုပဲ stablecoin တွေကိုလည်း အရောင်းအဝယ်လုပ်နိုင်ပါတယ်။ Stablecoin တွေက တခြားခရစ်ပတိုတွေလောက် ဈေးနှုန်းအပြောင်းအလဲ မကြီးမားတာကြောင့် အတက်အကျနည်းပါးပြီး နေ့ချင်းပြီး အရောင်းအဝယ် (day trading) အတွက်တော့ သိပ်မသင့်တော်ပါဘူး။ ဒါပေမဲ့ သင်က ပမာဏအများကြီးနဲ့ အရောင်းအဝယ်လုပ်မယ်ဆိုရင် ဒါမှမဟုတ် ဈေးနှုန်းအတက်အကျနည်းတာကို ပိုနှစ်သက်တယ်ဆိုရင်တော့ အသေးစား ဈေးနှုန်းအပြောင်းအလဲလေးတွေကတောင် အကျိုးရှိစေနိုင်ပါတယ်။ ဒါ့အပြင် Deriv က stablecoin တွေကို သုံးပြီး ခရစ်ပတိုအကောင့်တစ်ခု ဖွင့်ခွင့်ပေးထားတာကြောင့် တခြားဈေးကွက်တွေမှာ အရောင်းအဝယ်လုပ်ဖို့ အတွက်လည်း အသုံးဝင်တဲ့ ရွေးချယ်စရာတစ်ခု ဖြစ်စေပါတယ်။

Quiz

Stablecoin တွေက Altcoin တွေနဲ့ ဘယ်လိုကွာခြားပါသလဲ။

အမေးများသော မေးခွန်းများ

Analyse markets with AI-powered insights

Explore TradersView
WhatsApp