
မှတ်ချက် : ဩဂုတ် 2025 ကစပြီး Deriv X ပလက်ဖောင်းကို ကျွန်ုပ်တို့ ဝန်ဆောင်မှု မပေးတော့ပါဘူး။
CFD အရောင်းအဝယ်ကို စတင်တော့မလား။ သင်ရွေးချယ်လိုက်တဲ့ ပလက်ဖောင်းက သင့်ရဲ့ အရောင်းအဝယ် အတွေ့အကြုံအပေါ် အများကြီး သက်ရောက်မှုရှိနိုင်ပါတယ်။ Deriv မှာ စွမ်းဆောင်ရည်မြင့် ပလက်ဖောင်း သုံးခုဖြစ်တဲ့ MetaTrader 5 (MT5)၊ cTrader နဲ့ Deriv X တို့ကို ဝန်ဆောင်မှုပေးထားပါတယ်။ ပလက်ဖောင်းတစ်ခုချင်းစီမှာ သူ့အားသာချက်နဲ့သူ ရှိတာကြောင့် သင့်ရဲ့ အရောင်းအဝယ်ပုံစံနဲ့ အကိုက်ညီဆုံးကို ရှာတွေ့နိုင်ဖို့ တစ်ခုချင်းစီကို အသေးစိတ် လေ့လာကြည့်ရအောင်ပါ။
Deriv MetaTrader 5 (MT5) : အားလုံးပြည့်စုံတဲ့ စွမ်းဆောင်ရည်မြင့် ပလက်ဖောင်း
MetaTrader 5 ဟာ ကမ္ဘာပေါ်မှာ လူကြိုက်အများဆုံးနဲ့ လုပ်ဆောင်ချက် အစုံလင်ဆုံး အရောင်းအဝယ် ပလက်ဖောင်းတွေထဲက တစ်ခုဖြစ်ပါတယ်။ သင်က အခုမှစတင်သူပဲဖြစ်ဖြစ်၊ အတွေ့အကြုံရင့် ထရိတ်ဒါပဲဖြစ်ဖြစ် MT5 က နည်းပညာပိုင်းဆိုင်ရာ ဆန်းစစ်ချက်၊ အလိုအလျောက် အရောင်းအဝယ်စနစ်နဲ့ ဈေးကွက်စောင့်ကြည့်ခြင်းတို့အတွက် စွမ်းဆောင်ရည်မြင့် ကိရိယာတွေ ပံ့ပိုးပေးထားပါတယ်။ ဒါကို ကွန်ပျူတာ၊ ဝက်ဘ်နဲ့ မိုဘိုင်းလ်တို့မှာ အသုံးပြုနိုင်ပါတယ်။
MT5 အကောင့် အမျိုးအစားများ
သင့်ရဲ့ အရောင်းအဝယ် လိုအပ်ချက်တွေနဲ့ ကိုက်ညီစေဖို့ MT5 မှာ မတူညီတဲ့ အကောင့်အမျိုးအစားတွေ ပေးထားပါတယ် :
- Standard အကောင့်။ Forex၊ ကုန်စည်များနဲ့ Deriv ရဲ့ Tactical နဲ့ Derived Indices အပါအဝင် ပိုင်ဆိုင်မှုအမျိုးအစား စုံလင်စွာကို ရောင်းဝယ်နိုင်ပါတယ်။
- Financial အကောင့်။ ဘဏ္ဍာရေးဆိုင်ရာ ပိုင်ဆိုင်မှုတွေမှာ ပိုနည်းတဲ့ Spread ကို ပိုနှစ်သက်တဲ့ ထရိတ်ဒါတွေအတွက် ရည်ရွယ်ထားပါတယ်။
- Swap-free အကောင့်။ ညအိပ်ကြေးတွေ မရှိတာကြောင့် သတ်မှတ်ထားတဲ့ ဘဏ္ဍာရေးမူဝါဒတွေကို လိုက်နာတဲ့ ထရိတ်ဒါတွေအတွက် အသင့်တော်ဆုံးဖြစ်ပါတယ်။
- Zero spread အကောင့်။ Spread လုံးဝမရှိဘဲ ကုန်ကျစရိတ်ကို တိတိကျကျ ထိန်းချုပ်နိုင်ဖို့ အရောင်းအဝယ်တစ်ခုချင်းစီအလိုက် ကော်မရှင်ခသာ ပါဝင်ပါတယ်။
အဆင့်မြင့် ဇယားဆွဲခြင်းနှင့် ဆန်းစစ်လေ့လာခြင်း
ထရိတ်ဒါတွေရဲ့ ဈေးကွက်မဟာဗျူဟာတွေကို ပိုမိုကောင်းမွန်အောင် မွမ်းမံနိုင်ဖို့ MT5 မှာ ဇယားအမျိုးအစား အမျိုးမျိုး၊ နည်းပညာပိုင်းဆိုင်ရာ အညွှန်းကိန်းတွေနဲ့ ပုံဆွဲကိရိယာတွေ ပါဝင်ပါတယ်။ စိတ်ကြိုက် အပြည့်အဝ ပြင်ဆင်နိုင်တာကြောင့် သင်နှစ်သက်တဲ့ ပုံစံနဲ့ကိုက်ညီအောင် ဇယားတွေနဲ့ အပြင်အဆင်တွေကို သတ်မှတ်ပြင်ဆင် နိုင်ပါတယ်။

Deriv cTrader : ချောမွေ့လွယ်ကူပြီး အချင်းချင်းချိတ်ဆက် ရောင်းဝယ်နိုင်မှု
cTrader ဟာ ရှင်းလင်းပြီး အသုံးပြုရလွယ်ကူတဲ့ မျက်နှာပြင်ကို အဓိကထား ဖန်တီးထားတဲ့ CFD အရောင်းအဝယ် ပလက်ဖောင်းတစ်ခု ဖြစ်ပါတယ်။ သင့်ရဲ့ အတွေ့အကြုံအဆင့် ဘယ်လောက်ပဲရှိရှိ လွယ်ကူစွာ သုံးနိုင်အောင် ဒီဇိုင်းထုတ်ထားပြီး ကွန်ပျူတာ၊ ဝက်ဘ်နဲ့ မိုဘိုင်းလ်တို့မှာ ရရှိနိုင်ပါတယ်။ ဒါပေမဲ့ သူ့ကို တခြားအရာတွေထက် ထူးခြားစေတာက ဘာလဲ။ Copy Trading ပဲ ဖြစ်ပါတယ်။
CFD Copy Trading
အတွေ့အကြုံရှိတဲ့ ထရိတ်ဒါတွေရဲ့ ခြေရာအတိုင်း လိုက်ပါလုပ်ဆောင်ချင်ပါသလား။ cTrader ရဲ့ Copy Trading လုပ်ဆောင်ချက်က ကျွမ်းကျင်ထရိတ်ဒါတွေရဲ့ မဟာဗျူဟာတွေကို အလိုအလျောက် ပုံတူကူးယူခွင့် ပေးပါတယ်။ ဒါဟာ အခုမှစတင်သူတွေအတွက် အပြောင်းအလဲကြီးတစ်ခု ဖြစ်စေနိုင်ပြီး အောက်ပါအကျိုးကျေးဇူးတွေကို ပေးစွမ်းနိုင်ပါတယ် :
- ဝါရင့်ထရိတ်ဒါတွေဆီကနေ လက်တွေ့သင်ယူနိုင်တဲ့ အတွေ့အကြုံ။
- မဟာဗျူဟာ အမျိုးမျိုးကို လိုက်ပါလုပ်ဆောင်ခြင်းဖြင့် ဆုံးရှုံးနိုင်ခြေ ဖြန့်ကြက်နိုင်မှု။
- ဖန်သားပြင်ကြည့်ချိန် သက်သာခြင်း။ သင်က ရလဒ်တွေကို စောင့်ကြည့်နေချိန်မှာ တခြားသူတွေက အဓိကအလုပ်တွေကို လုပ်ဆောင်ပေးနိုင်ပါတယ်။

Deriv X : TradingView နဲ့ စိတ်ကြိုက် အပြည့်အဝ ပြင်ဆင်နိုင်မှု
စိတ်ကြိုက်ပြင်ဆင်ရတာကို နှစ်သက်တဲ့ ထရိတ်ဒါတွေအတွက် Deriv X က TradingView ဇယားတွေရဲ့ စွမ်းဆောင်ရည်ကို ပေါင်းစပ်ပေးထားတဲ့ ပြောင်းလွယ်ပြင်လွယ်ရှိတဲ့ ပလက်ဖောင်းတစ်ခု ဖြစ်ပါတယ်။ ဒါကို ဝက်ဘ်နဲ့ မိုဘိုင်းလ်တို့မှာ ရရှိနိုင်ပြီး ကိုယ်ပိုင်ဟန်နဲ့ အသုံးပြုရတာကို တန်ဖိုးထားတဲ့ ထရိတ်ဒါတွေအတွက် သီးသန့်ဖန်တီးထားသလို အတွေ့အကြုံမျိုး ပေးစွမ်းပါတယ်။
Deriv X ကို ဘာက ထူးခြားစေတာလဲ
- စိတ်ကြိုက်ပြင်ဆင်နိုင်မှု မြင့်မားခြင်း : သင့်စတိုင်နဲ့ ကိုက်ညီတဲ့ အပြင်အဆင်တစ်ခု ဖန်တီးနိုင်ဖို့ သင့်ရဲ့ အရောင်းအဝယ် ဒက်ရှ်ဘုတ်ကို ဝစ်ဂျက်တွေနဲ့ စိတ်ကြိုက်စီစဉ်ပါ။
- TradingView ပေါင်းစပ်ထားခြင်း : TradingView ရဲ့ စိတ်ကြိုက်ပြင်ဆင်နိုင်စွမ်းမြင့်တဲ့ ဇယားတွေ၊ အညွှန်းကိန်းတွေနဲ့ ပုံဆွဲကိရိယာတွေကို အကျိုးရှိရှိ အသုံးချပါ။
- ပိုင်ဆိုင်မှုအမျိုးမျိုးကို တစ်ပြိုင်နက် စောင့်ကြည့်နိုင်ခြင်း : မတူညီတဲ့ ဈေးကွက်တွေနဲ့ အချိန်ကာလတွေကို ထိထိရောက်ရောက် ခြေရာခံနိုင်ဖို့ ဇယားအများအပြားကို တစ်ပြိုင်နက်တည်း ကြည့်ရှုပါ။

ဘယ် CFD ပလက်ဖောင်းက သင့်အတွက် အသင့်တော်ဆုံးလဲဆိုတာ မသေချာဘူးလား
အကောင်းဆုံး ပလက်ဖောင်းဆိုတာ သင်ဘာကို ရှာဖွေနေသလဲ ဆိုတဲ့အပေါ်မှာ မူတည်ပါတယ် :
- MT5 : အဆင့်မြင့် နည်းပညာပိုင်းဆိုင်ရာ ဆန်းစစ်ချက် နဲ့ အကောင့်ရွေးချယ်စရာ အမျိုးမျိုးကို လိုချင်တဲ့ ထရိတ်ဒါတွေအတွက် အသင့်တော်ဆုံးဖြစ်ပါတယ်။
- cTrader : Copy Trading လုပ်ဆောင်ချက်ပါဝင်ပြီး အခုမှစတင်သူတွေအတွက် သုံးရလွယ်ကူတဲ့ ပလက်ဖောင်းကို လိုချင်ရင်တော့ အကောင်းဆုံးပါပဲ။
- Deriv X : စိတ်ကြိုက်ပြင်ဆင်မှုနဲ့ အားကောင်းတဲ့ ဇယားဆွဲကိရိယာတွေကို နှစ်သက်တဲ့ ထရိတ်ဒါတွေအတွက် အထူးသင့်လျော်ပါတယ်။
သေချာချင်ပါသလား။ အရင်ဆုံး အစမ်းသုံးအကောင့်မှာ အားလုံးကို စမ်းသပ်ကြည့်ပါ။
ပလက်ဖောင်းတစ်ခုချင်းစီမှာ အခမဲ့ အစမ်းသုံးအကောင့်တစ်ခု ဖွင့်ပြီး ဘယ်တစ်ခုက သင့်အတွက် အဆင်အပြေဆုံးလဲဆိုတာ ကြည့်ပါ။ အကောင်းဆုံး ရွေးချယ်နည်းကတော့ ကိုယ်တိုင်လက်တွေ့ စမ်းသပ်ကြည့်တာပဲ ဖြစ်ပါတယ်။
အရောင်းအဝယ်လုပ်ဖို့ အဆင်သင့်ဖြစ်ပြီလား။ ဒီနေ့ပဲ အစမ်းသုံးအကောင့် တစ်ခုဖွင့်ပြီး သင်နဲ့အကိုက်ညီဆုံး အရောင်းအဝယ် ပလက်ဖောင်းကို ရှာဖွေလိုက်ပါ။
Quiz
Copy Trading အတွက် ဘယ်ပလက်ဖောင်းက အကောင်းဆုံးဖြစ်ပါသလဲ။


