အဓိကအကြောင်းအရာသို့ ကျော်သွားရန်

Skew Step Indices : အချိုးမညီသော အရောင်းအဝယ်ပုံစံအသစ်

5
မိနစ် ဖတ်ရှုချိန်
အနက်ရောင်နောက်ခံပေါ်တွင် ဈေးကွက်တည်ဆောက်ပုံ၊ အချက်အလက် သို့မဟုတ် ဘဏ္ဍာရေးတိုးတက်မှုကို ကိုယ်စားပြုသည့် ဇယားကွက်ပုံစံ စီထားသော အနီရောင် အလင်းဖောက် 3D တုံးလေးများ

Skew Step Indices ဆိုတာ စနစ်တကျရှိပေမဲ့ ခန့်မှန်းရခက်တဲ့ ဈေးနှုန်းရွေ့လျားမှုပုံစံကို ဖန်တီးပေးဖို့ မတူညီတဲ့ အဆင့်အရွယ်အစားတွေနဲ့ အချိုးမညီတဲ့ ရွေ့လျားမှုဖြစ်နိုင်ခြေတွေကို ပေါင်းစပ်ထားပြီး Deriv မှာ အယ်လ်ဂိုရီသမ်နည်းပညာနဲ့ ထုတ်လုပ်ထားတဲ့ Synthetic ညွှန်းကိန်းတွေ ဖြစ်ပါတယ်။ ပြင်ပသတင်းတွေ ဒါမှမဟုတ် ဖြစ်ရပ်တွေရဲ့ သက်ရောက်မှုမရှိဘဲ ပြင်ပလက်တွေ့ ဘဏ္ဍာရေးဈေးကွက်တွေရဲ့ လက္ခဏာရပ်တချို့ကို ပုံတူဖန်တီးထားတာကြောင့် ဖြစ်နိုင်ခြေအပေါ် အခြေခံတဲ့ ရွေ့လျားမှုတွေက ဆုံးရှုံးနိုင်ခြေနဲ့ အခွင့်အလမ်းနှစ်ခုစလုံးကို ပုံဖော်ပေးတဲ့ ထိန်းချုပ်ထားသော ပတ်ဝန်းကျင်တစ်ခုကို ထရိတ်ဒါတွေအတွက် ပေးစွမ်းပါတယ်။

သမားရိုးကျ Step နဲ့ Multi-Step Indices တွေနဲ့ မတူဘဲ Skew Step Indices က ဦးတည်ရာဘက်လိုက်မှုနဲ့ ရံဖန်ရံခါ ရုတ်တရက် ပြင်းထန်တဲ့ ပြောင်းပြန်လှည့်မှုတွေကို ထည့်သွင်းပေးထားပါတယ်။ ဒါကြောင့် ပွင့်လင်းမြင်သာပြီး စည်းမျဉ်းအခြေခံတဲ့ ဈေးကွက်စနစ်တွေရဲ့ အကျိုးကျေးဇူးကို ရယူရင်း ပုံသေဈေးနှုန်းရွေ့လျားမှုထက် ပိုမိုစုံလင်မှုကို လိုလားတဲ့ ထရိတ်ဒါတွေအတွက် သင့်လျော်စေပါတယ်။ ဒီလမ်းညွှန်ချက်မှာ Skew Step Indices အလုပ်လုပ်ပုံ၊ တခြား Synthetic ညွှန်းကိန်းတွေနဲ့ ကွာခြားပုံနဲ့ Deriv မှာ ထိရောက်တဲ့ မဟာဗျူဟာတွေ တည်ဆောက်ဖို့ ၎င်းတို့ရဲ့ ဖြစ်နိုင်ခြေဖွဲ့စည်းပုံကို ထရိတ်ဒါတွေ ဘယ်လိုအသုံးချနိုင်မလဲဆိုတာကို ရှင်းပြပေးထားပါတယ်။

အကျဉ်းချုပ်

  • Skew Step Indices တွေဟာ မတူညီတဲ့ အဆင့်အရွယ်အစားတွေနဲ့ အချိုးမညီတဲ့ ဖြစ်နိုင်ခြေဖြန့်ဝေမှုတွေနဲ့ သတ်မှတ်ထားတဲ့ Deriv သီးသန့် Synthetic ညွှန်းကိန်းတွေ ဖြစ်ပါတယ်။
  • ဈေးနှုန်းရွေ့လျားမှုအများစုဟာ သေးငယ်ပြီး မကြာခဏ ဖြစ်ပေါ်လေ့ရှိကာ ကြီးမားတဲ့ ရွေ့လျားမှုတွေကတော့ ဖြစ်ပေါ်မှုနည်းပေမဲ့ သက်ရောက်မှု ပိုမိုကြီးမားပါတယ်။
  • ရရှိနိုင်တဲ့ ညွှန်းကိန်းလေးမျိုးမှာ : Skew Step 5 Up ၊ Skew Step 5 Down ၊ Skew Step 4 Up နဲ့ Skew Step 4 Down တို့ ဖြစ်ပါတယ်။
  • ၎င်းတို့ရဲ့ ဖြစ်နိုင်ခြေအခြေပြု ဒီဇိုင်းက ဘောင်အတွင်း အရောင်းအဝယ်ပြုလုပ်ခြင်း (Range trading) ၊ ရုတ်တရက်ဈေးထိုးတက်/ထိုးကျမှုကို ဆန့်ကျင်၍ အရောင်းအဝယ်ပြုလုပ်ခြင်း (Spike fading) နဲ့ ဈေးနှုန်းအတက်အကျနှုန်းအပေါ် အခြေခံတဲ့ နည်းလမ်းတွေလိုမျိုး မဟာဗျူဟာတွေကို အထောက်အကူပြုပါတယ်။
  • Skew Step Indices ကို Deriv MT5 နဲ့ cTrader တို့မှာ 24/7 ရရှိနိုင်ပြီး အစမ်းအရောင်းအဝယ်ပြုလုပ်ခြင်း (Demo trading) နဲ့ နောက်ကြောင်းပြန်စမ်းသပ်ခြင်း (Backtesting) တို့ကိုလည်း ပံ့ပိုးပေးထားပါတယ်။

Skew Step Indices ဆိုတာ ဘာလဲ။

Skew Step Indices တွေဟာ ပွင့်လင်းမြင်သာပြီး အယ်လ်ဂိုရီသမ်နည်းပညာသုံး မူဘောင်အတွင်းမှာ ဖြစ်နိုင်ခြေဘက်လိုက်မှုရှိတဲ့ ဈေးနှုန်းရွေ့လျားမှုကို ပေးစွမ်းနိုင်ဖို့ Deriv က ဖန်တီးထားတဲ့ Derived ညွှန်းကိန်းများ အတက်အကျနှုန်း ညွှန်းကိန်းများ အုပ်စုသစ်တစ်ခု ဖြစ်ပါတယ်။ ၎င်းတို့ဟာ သမားရိုးကျ Step Indices ရဲ့ အဆင့်အခြေပြု ဖွဲ့စည်းပုံကို ဆက်လက်ထိန်းသိမ်းထားရင်း ဈေးနှုန်းပြောင်းလဲမှုရဲ့ ဦးတည်ရာနဲ့ ပမာဏနှစ်ခုစလုံးမှာ အချိုးမညီမှုကို ထည့်သွင်းပေးထားပါတယ်။

Skew Step Indices ရဲ့ အဓိကလက္ခဏာရပ်များ : 

  • ပြောင်းလဲနိုင်သော အဆင့်အရွယ်အစားများ : Tick အများစုဟာ သေးငယ်တဲ့ ဈေးနှုန်းပြောင်းလဲမှုတွေကို ဖြစ်ပေါ်စေပြီး ကြီးမားတဲ့ ဈေးနှုန်းခုန်တက်/ခုန်ဆင်းမှုတွေကတော့ ဖြစ်ပေါ်မှု နည်းပါးပါတယ်။
  • အချိုးမညီသော ဖြစ်နိုင်ခြေ : ဦးတည်ရာရလဒ်တစ်ခုက တခြားတစ်ခုထက် စာရင်းအင်းအရ ဖြစ်နိုင်ခြေပိုများတာကြောင့် ပင်ကိုယ် ဦးတည်ရာဘက်လိုက်မှုတစ်ခုကို ဖန်တီးပေးပါတယ်။
    အယ်လ်ဂိုရီသမ်ဖြင့် ထုတ်လုပ်မှု : ဈေးနှုန်းရွေ့လျားမှုအားလုံးကို စီးပွားရေးအချက်အလက် ဒါမှမဟုတ် ဈေးကွက်သတင်းတွေအပေါ် မှီခိုမှုမရှိဘဲ ကြိုတင်သတ်မှတ်ထားတဲ့ ဖြစ်နိုင်ခြေဖြန့်ဝေမှုတွေကို အသုံးပြုပြီး ကျပန်းကိန်းဂဏန်း အယ်လ်ဂိုရီသမ်တွေကနေ ထုတ်လုပ်ပေးပါတယ်။

ဒီဒီဇိုင်းကြောင့် ထရိတ်ဒါတွေဟာ ရံဖန်ရံခါ သက်ရောက်မှုကြီးမားတဲ့ ရွေ့လျားမှုတွေနဲ့ ကြုံတွေ့နိုင်ခြေရှိနေရင်း ပုံမှန်အပြုအမူကို ကြိုတင်မှန်းဆနိုင်ပါတယ်။

Skew Step Indices နဲ့ Step နှင့် Multi-Step Indices တို့ နှိုင်းယှဉ်ချက်

Synthetic ညွှန်းကိန်းဖွဲ့စည်းပုံများ နှိုင်းယှဉ်ချက်

အင်္ဂါရပ် Step Indices Multi-Step Indices Skew Step Indices
အဆင့်အရွယ်အစားများ တစ်ခုတည်း၊ ပုံသေ အများအပြား၊ အချိုးညီ အများအပြား၊ အချိုးမညီ
ဦးတည်ရာ ဖြစ်နိုင်ခြေ ညီမျှ ညီမျှ တစ်ဖက်စောင်းနင်း (ဘက်လိုက်မှုရှိ)
ဈေးနှုန်းရွေ့လျားမှုပုံစံ တစ်ပြေးညီ ရောထွေးသော်လည်း ဟန်ချက်ညီ ရုတ်တရက်ဈေးခုန်မှုများနှင့်အတူ ဦးတည်ရာဘက်လိုက်မှုရှိ
ပုံမှန် အတက်အကျနှုန်း နည်း အသင့်အတင့် အသင့်အတင့်မှ မြင့်မား
အသင့်လျော်ဆုံး နည်းလမ်းများ စနစ်တကျ အရောင်းအဝယ်ပြုလုပ်ခြင်း ပုံစံအခြေပြု မဟာဗျူဟာများ အတက်အကျနှုန်းနှင့် ပြောင်းပြန်လှည့်မှု မဟာဗျူဟာများ

‍

သမားရိုးကျ Step Indices က ခန့်မှန်းရလွယ်ကူမှုကို ဦးစားပေးပြီး Multi-Step Indices ကတော့ ဘက်လိုက်မှုမရှိဘဲ အပြောင်းအလဲမျိုးစုံကို ထည့်သွင်းပေးပါတယ်။ Skew Step Indices ကတော့ အတက်အကျနှုန်း အပြုအမူနဲ့ မဟာဗျူဟာရွေးချယ်မှုအပေါ် တိုက်ရိုက်သက်ရောက်မှုရှိတဲ့ ဖြစ်နိုင်ခြေအချိုးမညီမှုကို ထည့်သွင်းထားတဲ့အချက်နဲ့ ကွဲပြားပါတယ်။

Skew Step Indices အလုပ်လုပ်ပုံ

Skew Step Index တစ်ခုမှာရှိတဲ့ Tick တစ်ခုစီကို ဖြစ်နိုင်ခြေအခြေပြု ဆုံးဖြတ်ချက်နှစ်ခုကနေတစ်ဆင့် ထုတ်လုပ်ပေးပါတယ် :

  1. အဆင့်အရွယ်အစား ရွေးချယ်မှု : အယ်လ်ဂိုရီသမ်က ကြိုတင်သတ်မှတ်ထားတဲ့ အစုထဲကနေ ဈေးနှုန်းတိုးနှုန်းတစ်ခုကို ရွေးချယ်ပါတယ်။
    ဦးတည်ရာ ရလဒ် : အချိုးမညီတဲ့ ဖြစ်နိုင်ခြေဖြန့်ဝေမှုအပေါ် အခြေခံပြီး ရွေ့လျားမှုအတွက် ဦးတည်ရာတစ်ခုကို သတ်မှတ်ပေးပါတယ်။

အကျိုးဆက်အနေနဲ့ ထရိတ်ဒါတွေ တွေ့မြင်ရမှာကတော့ :

  • ဦးတည်ရာတစ်ဖက်တည်းသို့ သေးငယ်ပြီး ခန့်မှန်းရလွယ်ကူသော ရွေ့လျားမှုအစဉ်အတန်းရှည်များ
  • ဆန့်ကျင်ဘက်ဦးတည်ရာသို့ ရံဖန်ရံခါ ကြီးမားသော ရွေ့လျားမှုများ
  • ရွေ့လျားမှုများ၏ အကြိမ်ရေနှင့် ပမာဏအကြား အပြန်အလှန်သက်ရောက်မှုက ပုံဖော်ပေးသော အလုံးစုံအတက်အကျနှုန်း

ဥပမာ : Skew Step 5 Up

  • Tick တွေရဲ့ 90% ခန့်က သေးငယ်တဲ့ အပေါ်ဘက်ရွေ့လျားမှုတွေကို ဖြစ်ပေါ်စေပါတယ်
  • 10% ခန့်ကတော့ ရုတ်တရက် ပြင်းထန်တဲ့ အောက်ဘက်ရွေ့လျားမှုတွေကို ဖြစ်ပေါ်စေပါတယ်

တည်ငြိမ်နေတဲ့ အရောင်းအဝယ်အခြေအနေတွေဟာ ရုတ်တရက် ပြောင်းပြန်လှည့်မှုတွေကြောင့် ဘာကြောင့် ကြားဖြတ်နှောင့်ယှက်ခံရနိုင်ပြီး ဆုံးရှုံးနိုင်ခြေနဲ့ အခွင့်အလမ်း နှစ်မျိုးစလုံးကို ဖန်တီးပေးသလဲဆိုတာကို ဒီဖွဲ့စည်းပုံက ရှင်းပြပေးပါတယ်။

Skew Step Indices အမျိုးအစားများနှင့် ဖြစ်နိုင်ခြေဖြန့်ဝေမှုများ

Deriv မှာ လက်ရှိအချိန်တွင် မတူကွဲပြားတဲ့ အတက်အကျနှုန်း လက္ခဏာရပ်အသီးသီးရှိတဲ့ Skew Step Indices လေးမျိုးကို ပေးအပ်ထားပါတယ်။

Skew Step Index 5 Up 

  • သေးငယ်သော အပေါ်ဘက်ရွေ့လျားမှုများ ဖြစ်နိုင်ခြေ 90%
  • ရုတ်တရက် ထိုးကျနိုင်ခြေ 10%
  • အတက်အကျနှုန်း : 19.36%
အဆင့်အရွယ်အစား -1 0.1 0.2 0.3 0.4
ဖြစ်နိုင်ခြေ 10% 83% 5% 1% 1%

‍

Skew Step Index 5 Down

  • သေးငယ်သော အောက်ဘက်ရွေ့လျားမှုများ ဖြစ်နိုင်ခြေ 90%
  • ရုတ်တရက် ထိုးတက်နိုင်ခြေ 10%
  • အတက်အကျနှုန်း : 19.36%
အဆင့်အရွယ်အစား 1 -0.1 -0.2 -0.3 -0.4
ဖြစ်နိုင်ခြေ 10% 83% 5% 1% 1%

‍

Skew Step Index 4 Up

  • သေးငယ်သော အပေါ်ဘက်ရွေ့လျားမှုများ ဖြစ်နိုင်ခြေ 80%
  • ရုတ်တရက် ထိုးကျနိုင်ခြေ 20%
  • အတက်အကျနှုန်း : 14.30%
အဆင့်အရွယ်အစား 1 -0.1 -0.2 -0.3 -0.4
ဖြစ်နိုင်ခြေ 10% 83% 5% 1% 1%

‍

Skew Step Index 4 Down

  • သေးငယ်သော အောက်ဘက်ရွေ့လျားမှုများ ဖြစ်နိုင်ခြေ 0%
  • ရုတ်တရက် ထိုးတက်နိုင်ခြေ 20%
  • အတက်အကျနှုန်း : 14.30%
အဆင့်အရွယ်အစား 0.5 -0.1 -0.2 -0.3
ဖြစ်နိုင်ခြေ 20% 65% 10% 5%

‍

Step နှင့် Multi-Step Indices တို့နဲ့ ဘယ်လိုကွာခြားသလဲ

Step Indices မှာ ပုံသေအဆင့်အရွယ်အစားတွေနဲ့ အချိုးညီတဲ့ ဖြစ်နိုင်ခြေတွေ ရှိပါတယ်။ Multi-Step Indices ကတော့ အဆင့်အရွယ်အစားတွေကို ရောနှောထားပေမဲ့ ဖြစ်နိုင်ခြေတွေကို ညီမျှအောင် ထိန်းထားပါတယ်။ Skew Step Indices ကရော ဘယ်လိုလဲ။ ၎င်းတို့က မတူညီတဲ့ အဆင့်အရွယ်အစားတွေ နဲ့ မညီမျှတဲ့ ဖြစ်နိုင်ခြေတွေ နှစ်မျိုးစလုံးကို လုပ်ဆောင်ပေးပါတယ်။ ဆိုလိုတာကတော့ ဈေးနှုန်းရွေ့လျားမှုတွေဟာ ပိုမိုခန့်မှန်းရခက်ပြီး Synthetic အရောင်းအဝယ် Synthetic ညွှန်းကိန်းများ အရောင်းအဝယ် ဆီကို စိတ်လှုပ်ရှားမှုနဲ့ အခွင့်အလမ်း အဆင့်သစ်တစ်ခုလုံး သယ်ဆောင်လာပေးပါတယ်။

ညွှန်းကိန်း ဖော်ပြချက် အဆင့်အရွယ်အစား ဖြစ်နိုင်ခြေ
Step 200 အတက် သို့မဟုတ် အကျ ဖြစ်နိုင်ခြေ တူညီသော ပုံသေအဆင့်အရွယ်အစား ±0.2 50%
Multi Step 2 အတက် သို့မဟုတ် အကျ ဖြစ်နိုင်ခြေ အချိုးညီသော အဆင့်အရွယ်အစားအများအပြား ±0.5 2.5%
±0.1 47.5%
Skew Step 4 Up အတက် သို့မဟုတ် အကျ ဖြစ်နိုင်ခြေ အချိုးမညီသော အဆင့်အရွယ်အစားအများအပြား -0.5 20%
+0.1 10%
+0.3 5%

‍

ဒီနေရာမှာ အတက်အကျနှုန်း ကို နားလည်ထားဖို့က အဓိကကျပါတယ်။ Skew Step Indices က Step နဲ့ Multi-Step Indices တို့အကြား အလယ်အလတ်ရွေးချယ်စရာတစ်ခုကို ပေးစွမ်းပါတယ်။ အောက်ပါ အတက်အကျနှုန်း နှိုင်းယှဉ်ပြဇယားက ၎င်းတို့ ဘယ်လိုကွာခြားသလဲဆိုတာကို ဖော်ပြပေးထားပါတယ်။
‍

A chart showing the volatility comparison between the Skew Step, Step, and Multi Step Indices.
Skew Step ၊ Step နှင့် Multi-Step Indices တို့၏ အတက်အကျနှုန်းများကို ဖော်ပြထားသည့် ဇယားပုံ

အတက်အကျနှုန်း အပြုအမူနှင့် အရောင်းအဝယ်အတွေ့အကြုံ

Skew Step Indices မှာရှိတဲ့ အတက်အကျနှုန်းဟာ ပုံသေမရှိပါဘူး။ စဉ်ဆက်မပြတ် ကျယ်ပြန့်တဲ့ ဈေးနှုန်းအတက်အကျတွေကနေ မဟုတ်ဘဲ မကြာခဏဖြစ်ပေါ်တဲ့ သေးငယ်သောရွေ့လျားမှုများနဲ့ ရှားပါးတဲ့ ကြီးမားသောရွေ့လျားမှုများအကြား ကွာဟချက် ကနေ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

ညွှန်းကိန်းအမျိုးအစား ပုံမှန်အပြုအမူ အတက်အကျနှုန်း ပုံစံ
Step တစ်ပြေးညီ ရွေ့လျားမှု နည်း
Multi-Step ရောထွေးသော်လည်း ဟန်ချက်ညီ အသင့်အတင့်
Skew Step အများအားဖြင့် အရွေ့အသေးစားဖြစ်ပြီး တစ်ခါတစ်ရံ အရွေ့အကြီးစားဖြစ်ပေါ်မှု အသင့်အတင့်မှ အမြင့်အထိ

‍

အရွေ့အကြီးစားတွေက မကြာခဏမဟုတ်ဘဲ ပြတ်ပြတ်သားသား ဖြစ်ပေါ်တတ်တာကြောင့် ဈေးနှုန်းအတက်အကျဟာ အချိန်နဲ့အမျှ ညီညီမျှမျှ ပျံ့နှံ့နေတာမျိုး မဟုတ်ဘဲ ရှားပါးဖြစ်စဉ်တွေအနီးမှာ စုပြုံဖြစ်ပေါ်လေ့ရှိပါတယ်။

Skew Step Indices ကို ဘာကြောင့် အရောင်းအဝယ်လုပ်သင့်သလဲ

ပြောင်းလဲလှုပ်ရှားမှုရှိပြီး ဖြစ်နိုင်ခြေအပေါ် အခြေခံထားတဲ့ ဈေးကွက်တွေကို လိုလားတဲ့ ထရိတ်ဒါတွေအတွက် Skew Step Indices က ဆွဲဆောင်မှုရှိပါတယ် :

  • ဗျူဟာတွေကို ပိုမိုကျယ်ပြန့်စွာ အသုံးချနိုင်ခြင်း : ဖြစ်နိုင်ခြေ အလေးသာမှု (Probability skew) က ပုံမှန်အခြေအနေတွေမှာ ဘောင်အတွင်း အရောင်းအဝယ်လုပ်ခြင်း (Range trading) နဲ့ ရှားပါးအရွေ့တွေအပြီးမှာ ပြောင်းပြန်လှန်တဲ့ ဗျူဟာတွေကို အထောက်အကူပြုပါတယ်။
  • လက်တွေ့ဆန်တဲ့ ဈေးနှုန်းရွေ့လျားမှု : ရုတ်တရက် ခုန်တက်ခုန်ဆင်းမှုတွေက ပြင်ပဆုံးရှုံးနိုင်ခြေ အချက်အလက်တွေ မပါဝင်ဘဲ အပြင်ဈေးကွက်အစစ်တွေလိုမျိုး မရေရာမှုပုံစံကို ဖန်တီးပေးပါတယ်။
  • အပြည့်အဝ ပွင့်လင်းမြင်သာမှုရှိခြင်း : ထုတ်ပြန်ထားတဲ့ ဖြစ်နိုင်ခြေ ဖြန့်ကြက်မှုတွေကြောင့် ထရိတ်ဒါတွေအနေနဲ့ ဆုံးရှုံးနိုင်ခြေ သတ်မှတ်ချက်တွေကို တိတိကျကျ စီစဉ်နိုင်ပါတယ်။
  • စဉ်ဆက်မပြတ် ဝင်ရောက်နိုင်ခြင်း : စနေ၊ တနင်္ဂနွေနဲ့ ရုံးပိတ်ရက်တွေအပါအဝင် 24/7 ပတ်လုံး Deriv မှာသာ သီးသန့် အရောင်းအဝယ်လုပ်နိုင်ပါတယ်။

Deriv မှာ Skew Step Indices အရောင်းအဝယ်လုပ်နည်း

  1. Deriv အကောင့်တစ်ခု ဖွင့်ပါ
    • အစစ်အမှန်အကောင့်အတွက် စာရင်းသွင်းပါ ဒါမှမဟုတ် အစမ်းသုံးအကောင့်ကို သုံးပြီး ဆုံးရှုံးနိုင်ခြေကင်းကင်းနဲ့ လေ့ကျင့်ပါ။
  2. အရောင်းအဝယ် ပလက်ဖောင်းတစ်ခု ရွေးချယ်ပါ
    • အဆင့်မြင့် နည်းပညာပိုင်းဆိုင်ရာ ဆန်းစစ်ချက်နဲ့ အလိုအလျောက် ဗျူဟာတွေအတွက် Deriv MT5 မှာ အရောင်းအဝယ်လုပ်ပါ ဒါမှမဟုတ် ရိုးရှင်းချောမွေ့တဲ့ မျက်နှာပြင်အတွက် cTrader ကို အသုံးပြုပါ။
  3. Skew Step Indices ကို ရှာဖွေပါ
    • ရရှိနိုင်တဲ့ အမျိုးအစားအားလုံးကို ကြည့်ရှုဖို့ Market Watch ထဲမှာ “Skew Step” လို့ ရိုက်ရှာပါ။
  4. ဇယားကို ဆန်းစစ်ပါ
    • အရှိန်အဟုန်နဲ့ ဈေးနှုန်းအတက်အကျ အပြောင်းအလဲတွေကို သိရှိနိုင်ဖို့ RSI ၊ Moving Averages ဒါမှမဟုတ် Bollinger Bands လိုမျိုး အညွှန်းကိန်းတွေကို အသုံးပြုပါ။
  5. ဗျူဟာတွေကို စမ်းသပ်ပြီး အကောင်အထည်ဖော်ပါ
    • အပြင်ဈေးကွက်မှာ တိုက်ရိုက်အရောင်းအဝယ်မလုပ်ခင် စွမ်းဆောင်ရည်ကို အကဲဖြတ်ဖို့ သမိုင်းကြောင်းဆိုင်ရာ အချက်အလက်တွေနဲ့ အစမ်းသုံးအရောင်းအဝယ်ကို အသုံးပြုပါ။

Skew Step Indices အတွက် ဗျူဟာပိုင်း ထည့်သွင်းစဉ်းစားရမယ့်အချက်တွေနဲ့ ဆုံးရှုံးနိုင်ခြေ စီမံခန့်ခွဲမှု ဗျူဟာများ

  • ဘောင်အတွင်း အရောင်းအဝယ်လုပ်ခြင်း (Range trading) : အရွေ့အသေးစားတွေ ဆက်တိုက် မကြာခဏ ဖြစ်ပေါ်နေတဲ့ ကာလရှည်တွေမှာ ထိရောက်မှုရှိပါတယ်။
  • ရုတ်တရက် ထိုးတက်ထိုးကျမှုကို ဆန့်ကျင်အရောင်းအဝယ်လုပ်ခြင်း (Spike fading) : ရှားပါးတဲ့ အရွေ့အကြီးစားတွေဟာ ဖြစ်နိုင်ခြေ မူလအခြေအနေသို့ ပြန်လည်ရောက်ရှိမှုကြောင့် ကာလတို ပြန်လည်ပြင်ဆင်မှုတွေကို ဖြစ်ပေါ်စေလေ့ရှိပါတယ်။
  • အရှိန်အဟုန်အတိုင်း ဆက်လိုက်ခြင်း (Momentum continuation) : တချို့ထရိတ်ဒါတွေက ရှားပါးအရွေ့ဟာ ရှိရင်းစွဲ ဈေးနှုန်းတည်ဆောက်ပုံကို ချိုးဖောက်သွားတဲ့အခါ အဲဒီအရွေ့အတိုင်း လိုက်ပါဖို့ ရွေးချယ်ကြပါတယ်။
  • ဆုံးရှုံးနိုင်ခြေ စီမံခန့်ခွဲမှု : ပိုမိုသေးငယ်တဲ့ အရောင်းအဝယ်ပမာဏတွေနဲ့ ပိုမိုကျယ်ပြန့်တဲ့ Stop Loss သတ်မှတ်ချက်တွေက ရုတ်တရက် ဈေးနှုန်းအတက်အကျကြောင့် ထိခိုက်နိုင်ခြေကို စီမံခန့်ခွဲရာမှာ အထောက်အကူပြုပါတယ်။ ဆုံးရှုံးနိုင်ခြေ စီမံခန့်ခွဲမှုနဲ့ အရောင်းအဝယ်ပမာဏ သတ်မှတ်ခြင်းအကြောင်းကို ကျွန်ုပ်တို့ရဲ့ အသုံးဝင်တဲ့ အရောင်းအဝယ်ပမာဏ သတ်မှတ်ခြင်း လမ်းညွှန်မှာ ပိုမိုဖတ်ရှုပါ။ 

Skew Step Indices က Synthetic ဈေးကွက်တွေမှာ စနစ်တကျရှိသလို ပြောင်းလဲလှုပ်ရှားမှုလည်းရှိတဲ့ နည်းလမ်းနဲ့ ပါဝင်လုပ်ဆောင်နိုင်အောင် ပံ့ပိုးပေးပါတယ်။ သတ်မှတ်ထားတဲ့ ဖြစ်နိုင်ခြေတွေနဲ့ ပြောင်းလဲတတ်တဲ့ ဈေးနှုန်းအတက်အကျတို့ကို ပေါင်းစပ်ပေးထားတာကြောင့် ထရိတ်ဒါတွေအနေနဲ့ Deriv ရဲ့ ပွင့်လင်းမြင်သာပြီး အချိန်မရွေး အသုံးပြုနိုင်တဲ့ အရောင်းအဝယ်ပတ်ဝန်းကျင်မှာ စည်းကမ်းတကျရှိတဲ့ ဗျူဟာတွေကို လေ့လာစမ်းသပ်နိုင်ပါတယ်။ 

အခမဲ့ အစမ်းသုံးအကောင့်နဲ့ Skew Step Indices ကို စတင်အရောင်းအဝယ်လုပ်ပြီး သင့်ရန်ပုံငွေတွေ ဆုံးရှုံးနိုင်ခြေမရှိဘဲ အဲဒီညွှန်းကိန်းတွေအပေါ် အခြေခံတဲ့ သင့်ရဲ့ အရောင်းအဝယ်ဗျူဟာကို တည်ဆောက်လိုက်ပါ။ 

Quiz

အောက်ပါအချက်တွေထဲက ဘယ်အချက်က Skew Step Indices ကို အကောင်းဆုံး ဖော်ပြထားပါသလဲ။

အမေးများသော မေးခွန်းများ

Analyse markets with AI-powered insights

Explore TradersView
WhatsApp