အဓိကအကြောင်းအရာသို့ ကျော်သွားရန်

Hybrid Indices နဲ့ မိတ်ဆက်ခြင်း : Synthetic အရောင်းအဝယ်ရဲ့ အသွင်သစ်တစ်ခု

5
မိနစ် ဖတ်ရှုချိန်
Synthetic အရောင်းအဝယ်မှာရှိတဲ့ Hybrid Indices ရဲ့ ပေါင်းစပ်မှုသဘောတရားကို ကိုယ်စားပြုထားတဲ့ အနီရောင်နဲ့ အကြည်ရောင် ဖန်မြားနှစ်ခု ပေါင်းစည်းနေပုံ။

Hybrid Indices ဆိုတာ Crash and Boom Indices Crash and Boom Indices ရဲ့ ဦးတည်ချက်ပုံစံနဲ့ Volatility Indices ရဲ့ ပြောင်းလဲတတ်တဲ့ ဈေးနှုန်းသဘာဝတို့ကို ပေါင်းစပ်ထားတဲ့ Deriv သီးသန့် Synthetic ညွှန်းကိန်းတွေ ဖြစ်ပါတယ်။ အတက် သို့မဟုတ် အကျ အပြောင်းအလဲကြီးတွေ မဖြစ်ပေါ်မီ ခန့်မှန်းရခက်တဲ့ ဈေးနှုန်းလှုပ်ရှားမှုတွေကို ထည့်သွင်းပေးထားပြီး အလုံးစုံ အတက်အကျနှုန်းကို ပိုနည်းအောင် ထိန်းထားပေးတာကြောင့် လက်တွေ့ဈေးကွက်အခြေအနေတွေနဲ့ ပိုတူအောင် ဖန်တီးထားပါတယ်။

ဒီလိုပေါင်းစပ်မှုက ပုံသေဆန်မှုနည်းပြီး အခြေအနေအလိုက် လိုက်လျောညီထွေ ပြောင်းလဲနိုင်တဲ့ အရောင်းအဝယ် မဟာဗျူဟာတွေ လိုအပ်တဲ့ Synthetic ဈေးကွက်တွေကို ဖန်တီးပေးပါတယ်။ သတင်းဖြစ်ရပ်တွေ ဒါမှမဟုတ် စီးပွားရေးအချက်အလက်တွေရဲ့ သက်ရောက်မှုမရှိဘဲ လက်တွေ့ဈေးနှုန်းလှုပ်ရှားမှုနဲ့ ပိုတူတဲ့ Synthetic အရောင်းအဝယ်ပစ္စည်းတွေကို လိုချင်တဲ့ ထရိတ်ဒါတွေအတွက် Hybrid Indices ဟာ Deriv ပေါ်က Synthetic အရောင်းအဝယ်လောကမှာ အရေးပါတဲ့ တိုးတက်မှုတစ်ခု ဖြစ်ပါတယ်။

အကျဉ်းချုပ်

  • Hybrid Indices က Crash/Boom ရဲ့ ဦးတည်ချက်သဘာဝနဲ့ Volatility Index ပုံစံ ကျပန်းလှုပ်ရှားမှုတို့ကို ပေါင်းစပ်ထားပါတယ်
  • နှစ်အလိုက် အတက်အကျနှုန်းက ခန့်မှန်းခြေ 20% ရှိပြီး သမားရိုးကျ Crash/Boom Indices ထက် ပိုနည်းပါတယ်
  • အဓိက ရုတ်တရက် ထိုးတက်မှုနဲ့ ထိုးကျမှုတွေ ရှိနေဆဲဖြစ်ပေမဲ့ မဖြစ်ပေါ်မီ ရှေ့ပြေးလှုပ်ရှားမှုတွေကိုတော့ ပိုပြီး ခန့်မှန်းရခက်ပါတယ်
  • Deriv MT5 နဲ့ Deriv cTrader တို့ကတစ်ဆင့် Deriv မှာသာ ရရှိနိုင်ပါတယ်
  • လက်တွေ့နဲ့ ပိုတူတဲ့ Synthetic ဈေးနှုန်းလှုပ်ရှားမှုကို ရှာဖွေနေတဲ့ ထရိတ်ဒါတွေအတွက် သင့်တော်ပါတယ်

Hybrid Indices ဆိုတာ ဘာလဲ။

Hybrid Indices ဆိုတာ Deriv က ဖန်တီးထားတဲ့ အယ်လ်ဂိုရီသမ်အခြေပြု Synthetic ညွှန်းကိန်းတွေ ဖြစ်ပါတယ်။ ဒီညွှန်းကိန်းတွေအပေါ် စီးပွားရေးသတင်းတွေ၊ ပထဝီနိုင်ငံရေးဖြစ်ရပ်တွေ ဒါမှမဟုတ် ဈေးကွက်သဘောထားအမြင်တွေက သက်ရောက်မှုမရှိပါဘူး။ အဲဒီအစား သူတို့ရဲ့ ဈေးနှုန်းလှုပ်ရှားမှုတွေကို ပွင့်လင်းမြင်သာမှုရှိတဲ့ သင်္ချာပုံစံတစ်ခုနဲ့ ထုတ်လုပ်ပေးထားပါတယ်။

Hybrid Indices ကို ထူးခြားစေတဲ့အချက်ကတော့ အဲဒီသင်္ချာပုံစံက ရှိပြီးသား Synthetic သဘာဝနှစ်ခုကို ပေါင်းစပ်ပေးထားပုံပဲ ဖြစ်ပါတယ် :

  • Crash/Boom Indices က စနစ်တကျ ဦးတည်ရွေ့လျားမှုနဲ့ အဲဒီနောက်မှာ ရုတ်တရက် ထိုးတက်မှု သို့မဟုတ် ထိုးကျမှုတွေကို ပေးစွမ်းပါတယ်
  • Volatility Indices က စဉ်ဆက်မပြတ် ဈေးနှုန်းအတက်အကျဖြစ်မှုနဲ့ ကျပန်းလှုပ်ရှားမှုတို့ကို ပံ့ပိုးပေးပါတယ်

ရလဒ်အနေနဲ့ အချိန်အတော်ကြာ ဦးတည်ရာလမ်းကြောင်းအတိုင်း ရွေ့လျားပြီး မတည်ငြိမ်တဲ့ အတက်အကျလှုပ်ရှားမှုတွေ ဖြစ်ပေါ်လာကာ အဲဒီနောက်မှာ သိသာပြင်းထန်တဲ့ ဈေးနှုန်းထိုးတက်မှု သို့မဟုတ် ထိုးကျမှု ဖြစ်ပေါ်လာတဲ့ Synthetic အရောင်းအဝယ်ပစ္စည်းတစ်ခုကို ရရှိလာပါတယ်။ ရှေ့ပြေးအဆင့်ရဲ့ အချိန်ကိုက်ဖြစ်ပေါ်မှုနဲ့ ပြင်းထန်မှုဟာ တစ်ကြိမ်နဲ့တစ်ကြိမ် မတူညီဘဲ ပြောင်းလဲနေပါတယ်။

Hybrid Indices နဲ့ သမားရိုးကျ Synthetic ညွှန်းကိန်းတွေ နှိုင်းယှဉ်ချက်

အင်္ဂါရပ် Crash/Boom Indices Volatility Indices Hybrid Indices
Trend သဘာဝ ဦးတည်ချက်ရှိပြီး ခန့်မှန်းနိုင်သည် ဦးတည်ချက် သတ်သတ်မှတ်မှတ်မရှိပါ ပြောင်းလဲတတ်တဲ့ ရှေ့ပြေးလှုပ်ရှားမှုတွေပါဝင်ပြီး ဦးတည်ချက်ရှိသည်
အဓိက လှုပ်ရှားမှုပုံစံ ရုတ်တရက် ထိုးတက်မှု သို့မဟုတ် ထိုးကျမှု မရှိပါ ရုတ်တရက် ထိုးတက်မှု သို့မဟုတ် ထိုးကျမှု
နှစ်အလိုက် အတက်အကျနှုန်း 30–40% ညွှန်းကိန်းအလိုက် ကွဲပြားသည် ~20%
ဈေးနှုန်း လက်တွေ့ဆန်မှု အသင့်အတင့် မြင့်မား အမြင့်မားဆုံး

‍

အဓိက မှတ်သားရန် : Hybrid Indices ဟာ အလုံးစုံ အတက်အကျနှုန်း ကို လျှော့ချပေးထားပေမဲ့ အဓိက ဈေးနှုန်းအပြောင်းအလဲတွေ မဖြစ်ပေါ်မီ ကာလအတွင်း မသေချာမရေရာမှုကို တိုးမြှင့်ပေးထားတာကြောင့် အချိန်ကိုက်ဆုံးဖြတ်မှုနဲ့ ဆုံးရှုံးနိုင်ခြေ စီမံခန့်ခွဲမှုတို့က ပိုပြီး အရေးကြီးလာပါတယ်။ ထိရောက်တဲ့ ဆုံးရှုံးနိုင်ခြေ စီမံခန့်ခွဲမှုအကြောင်း ပိုမိုလေ့လာဖို့ ကျွန်ုပ်တို့ရဲ့ အတက်အကျ ဆုံးရှုံးနိုင်ခြေတွေကို စီမံခန့်ခွဲခြင်း လမ်းညွှန် ကို ဖတ်ရှုပါ။ 

Hybrid Indices အလုပ်လုပ်ပုံ

Crash နဲ့ Boom အခြေခံပုံစံ

Hybrid Indices က Crash and Boom Indices ရဲ့ အဓိကဖွဲ့စည်းပုံကို ဆက်လက်ထိန်းသိမ်းထားပါတယ် :

  • Crash အခြေပြု Hybrid တွေဟာ ရုတ်တရက် ထိုးကျမှုတွေ မဖြစ်ပေါ်မီ တဖြည်းဖြည်းချင်း မြင့်တက်သွားပါတယ်
  • Boom အခြေပြု Hybrid တွေဟာ သိသာပြင်းထန်တဲ့ ထိုးတက်မှုတွေ မဖြစ်ပေါ်မီ တဖြည်းဖြည်းချင်း ကျဆင်းသွားပါတယ်

ဒီဦးတည်ချက် သဘောသဘာဝတွေဟာ Hybrid Index အမျိုးအစားအားလုံးမှာ တစ်သမတ်တည်း ရှိနေပါတယ်။

ထပ်ပေါင်းထည့်သွင်းထားတဲ့ အသေးစား အတက်အကျနှုန်း

အဓိက ဈေးနှုန်းအပြောင်းအလဲကြီးတစ်ခုစီ မဖြစ်ပေါ်မီမှာ Hybrid Indices က ပုံမှန်မဟုတ်တဲ့ ကာလတို ဈေးနှုန်းအတက်အကျတွေကို ထည့်သွင်းပေးပါတယ်။ ဒီအသေးစား အတက်အကျနှုန်းက :

  • ချောမွေ့တဲ့ ဈေးနှုန်းရွေ့လျားမှုကို ဖြတ်တောက်ပေးပါတယ်
  • မှားယွင်းတဲ့ အချက်ပြမှုတွေနဲ့ ယာယီ ပြန်လှည့်မှုတွေကို ဖြစ်ပေါ်စေပါတယ်
  • ရုတ်တရက် ထိုးတက်မယ့် ဒါမှမဟုတ် ထိုးကျမယ့် အချိန်အတိအကျကို ကြိုတင်ခန့်မှန်းဖို့ ပိုခက်ခဲစေပါတယ်

အတိတ်က ဈေးနှုန်းလှုပ်ရှားမှုပုံစံနဲ့ နောက်ထပ် သက်ရောက်မှုကြီးမားတဲ့ ရွေ့လျားမှု ဘယ်အချိန်မှာ ဖြစ်ပေါ်မလဲဆိုတာကို စိတ်ချလက်ချ ခန့်မှန်းလို့ မရနိုင်ပါဘူး။

လက်တွေ့ဈေးကွက်နဲ့ တူညီမှု

လက်တွေ့ ဘဏ္ဍာရေးဈေးကွက်တွေမှာ အဖွဲ့အစည်းကြီးတွေရဲ့ အရောင်းအဝယ်ကြီးတွေ ဒါမှမဟုတ် စီးပွားရေးအချက်အလက် ထုတ်ပြန်ချက်တွေ မထွက်ပေါ်မီ ဈေးနှုန်းတွေဟာ မတည်မငြိမ် ဖြစ်လေ့ရှိပါတယ်။ Hybrid Indices ဟာ ပြင်ပအချက်အလက်တွေအပေါ် မမှီခိုဘဲ စနစ်ကျတဲ့ ဦးတည်ချက်နဲ့ ထိန်းချုပ်ထားတဲ့ ကျပန်းလှုပ်ရှားမှုတို့ကို ပေါင်းစပ်ပြီး အဲဒီသဘာဝကို Synthetic နည်းလမ်းနဲ့ ပုံတူဖန်တီးပေးထားပါတယ်။

အဓိက အင်္ဂါရပ်တွေနဲ့ အကျိုးကျေးဇူးတွေ

အင်္ဂါရပ် ထရိတ်ဒါတွေအတွက် အကျိုးသက်ရောက်မှု
Deriv သီးသန့်ဖြစ်မှု Deriv မှာသာ ရရှိနိုင်ခြင်း
အတက်အကျနှုန်း ပိုနည်းခြင်း Crash/Boom Indices ထက် ပျမ်းမျှ ဈေးနှုန်းအတက်အကျ ပိုသေးငယ်ခြင်း
ခန့်မှန်းရခက်တဲ့ ရှေ့ပြေးလှုပ်ရှားမှု အချိန်ကိုက်ဆုံးဖြတ်မှုနဲ့ အတည်ပြုချက်ရယူမှုအပေါ် ပိုမိုအလေးပေးရခြင်း
အပြည့်အဝ Synthetic ဖြစ်ခြင်း သတင်းတွေ၊ ဝင်ငွေထုတ်ပြန်ချက်တွေ ဒါမှမဟုတ် မက်ခရိုစီးပွားရေး ဖြစ်ရပ်တွေရဲ့ သက်ရောက်မှု မရှိခြင်း
24/7 ရရှိနိုင်မှု ပိတ်ရက်တွေအပါအဝင် အချိန်မရွေး အရောင်းအဝယ်လုပ်နိုင်ခြင်း
အစမ်းသုံးအကောင့် ရရှိနိုင်မှု စမ်းသပ်ရန်ပုံငွေနဲ့ မဟာဗျူဟာတွေကို စမ်းသပ်နိုင်ခြင်း

‍

Hybrid Indices ရဲ့ လက်တွေ့လှုပ်ရှားမှုပုံစံ

Deriv မှာ လက်ရှိအချိန်တွင် အတက်အကျနှုန်း အဆင့်အမျိုးမျိုးနဲ့ Hybrid Indices ကို ပံ့ပိုးပေးထားပါတယ်။

Boom အခြေပြု Hybrid Indices

ညွှန်းကိန်း ပုံမှန် လှုပ်ရှားမှုသဘာဝ
Vol over Boom 400 တဖြည်းဖြည်း အတက်ဘက်သို့ ဦးတည်ပြီး ပုံမှန်မဟုတ်တဲ့ ထိုးတက်မှုတွေ ဖြစ်ပေါ်ခြင်း
Vol over Boom 550 တည်ငြိမ်တဲ့ အဆင့်တွေနောက်မှာ မညီညာတဲ့ ဈေးနှုန်းအရှိန်မြင့်တက်မှုတွေ ဖြစ်ပေါ်ခြင်း
Vol over Boom 750 အချိန်ကြာမြင့်စွာ တည်ငြိမ်နေတဲ့ ရွေ့လျားမှုကြားမှာ ကြီးမားတဲ့ ထိုးတက်မှုတွေ ကြားဖြတ်ဖြစ်ပေါ်ခြင်း

‍

Volatility over Boom 400

Chart showing price movement of Vol over Boom 400 on Deriv MT5.

Volatility over Boom 550

Chart showing price movement of Vol over Boom 550 on Deriv MT5

Volatility over Boom 750

Chart showing price movement of Vol over Boom 750 on Deriv MT5

Crash အခြေပြု Hybrid Indices

ညွှန်းကိန်း ပုံမှန် လှုပ်ရှားမှုသဘာဝ
Vol over Crash 400 တဖြည်းဖြည်း မြင့်တက်ပြီးနောက် အတက်အကျကြမ်းတဲ့ ထိုးကျမှုတွေ ဖြစ်ပေါ်ခြင်း
Vol over Crash 550 ချောမွေ့စွာ မြင့်တက်မှုနဲ့အတူ မတည်ငြိမ်တဲ့ ပြန်ကျမှုတွေ ပါဝင်ခြင်း
Vol over Crash 750 မတ်စောက်တဲ့ ကျဆင်းမှုတွေ မဖြစ်ပေါ်မီ တည်ငြိမ်တဲ့ သို့မဟုတ် အတက်အကျရှုပ်ထွေးတဲ့ အဆင့်တွေ ဖြစ်ပေါ်ခြင်း

‍

Volatility over Crash 400

Chart showing price movement of Vol over Crash 400 on Deriv MT5

Volatility over Crash 550

Chart showing price movement of Vol over Crash 550 on Deriv MT5

Volatility over Crash 750

Chart showing price movement of Vol over Crash 750 on Deriv MT5

Hybrid Indices နဲ့ Crash/Boom Indices နှိုင်းယှဉ်ချက်

အရောင်းအဝယ်ပစ္စည်း အမျိုးအစား နှစ်အလိုက် အတက်အကျနှုန်း ခန့်မှန်းနိုင်စွမ်း အရောင်းအဝယ် အတွေ့အကြုံ
Crash/Boom Indices 30-40% ပိုမြင့်သည် ပုံသေဆန်သည်
Hybrid Indices ~20% ပိုနည်းသည် ပို၍ လက်တွေ့ဆန်သည်

‍

အဓိက မှတ်သားရန် : Hybrid Indices ဟာ ဈေးနှုန်းအပြောင်းအလဲ ပမာဏကို လျှော့ချပေးထားပေမဲ့ အဓိက ရွေ့လျားမှုကြီးတွေ မဖြစ်ပေါ်မီ ရှေ့ပြေးကာလမှာ မသေချာမရေရာမှုကို တိုးမြှင့်ပေးထားတာကြောင့် ပိုပြီး စည်းကမ်းတကျ အရောင်းအဝယ် အစီအစဉ်ဆွဲဖို့ လိုအပ်ပါတယ်။

Deriv မှာ Hybrid Indices ကို ဘယ်လို အရောင်းအဝယ်လုပ်မလဲ

အဆင့်လိုက် လမ်းညွှန်

  1. Deriv အကောင့်တစ်ခု ဖွင့်ပါ
    Deriv.com မှာ အခမဲ့အကောင့်တစ်ခု ဖွင့်ပြီး အစမ်းသုံး လက်ကျန်ငွေကို ရယူပါ။

  2. အရောင်းအဝယ် ပလက်ဖောင်းတစ်ခုကို ရွေးချယ်ပါ
    • Deriv MT5 : အဆင့်မြင့် အညွှန်းကိန်းတွေ၊ စိတ်ကြိုက်ပြင်ဆင်နိုင်တဲ့ ကိရိယာတွေနဲ့ ဈေးကွက်စုံ ဝန်းကျင်ပါဝင်ပါတယ်
    • cTrader : ပိုမိုရှင်းလင်းတဲ့ မျက်နှာပြင်၊ ပိုမိုမြန်ဆန်တဲ့ အရောင်းအဝယ် ဆောင်ရွက်မှုနဲ့ ရိုးရှင်းလွယ်ကူတဲ့ အော်ဒါစီမံခန့်ခွဲမှုတို့ ပါဝင်ပါတယ်
  3. Hybrid Index တစ်ခုကို ရွေးချယ်ပါ
    Synthetic ဈေးကွက်ကဏ္ဍထဲမှာ Vol over Boom ဒါမှမဟုတ် Vol over Crash ညွှန်းကိန်းတွေကို ရှာဖွေပါ။

  4. အစမ်းသုံးအကောင့်နဲ့ လေ့ကျင့်ပါ
    ရှေ့ပြေး အတက်အကျနှုန်းကို လေ့လာပါ၊ ဝင်ရောက်မယ့်နေရာတွေကို စမ်းသပ်ပါ၊ ပြီးတော့ အရှုံးကန့်သတ်မှတ် ထားရှိမယ့်နေရာကို ဆန်းစစ်ပါ။

  5. အစစ်အမှန် အရောင်းအဝယ်သို့ ကူးပြောင်းပါ
    အရောင်းအဝယ် ပမာဏ အနည်းငယ်နဲ့ သင့်တင့်မျှတတဲ့ Leverage ကိုသုံးပြီး စတင်ပါ။

အရောင်းအဝယ်နဲ့ ဆုံးရှုံးနိုင်ခြေ စီမံခန့်ခွဲမှုဆိုင်ရာ ထည့်သွင်းစဉ်းစားရမယ့်အချက်တွေ ဆုံးရှုံးနိုင်ခြေ စီမံခန့်ခွဲမှု မဟာဗျူဟာတွေ

အရောင်းအဝယ် ချဉ်းကပ်ပုံ

  • အတက်အကျကြမ်းတဲ့ ရှေ့ပြေးကာလတွေအတွင်း မှားယွင်းတဲ့ ဖောက်ထွက်မှုတွေ (False breakouts) ဖြစ်ပေါ်နိုင်တာကို ကြိုတင်တွက်ဆထားပါ
  • Trend ဖော်ထုတ်မှုကို အတည်ပြုချက်ရယူတဲ့ ကိရိယာတွေနဲ့ ပေါင်းစပ်အသုံးပြုပါ
  • အတိတ်က ပုံစံတွေအပေါ်မှာပဲ အားကိုးတာမျိုးကို ရှောင်ကြဉ်ပါ

ဆုံးရှုံးနိုင်ခြေ စီမံခန့်ခွဲမှု

  • အတက်အကျမမှန်တဲ့ ဈေးနှုန်းလှုပ်ရှားမှုကို ထည့်သွင်းစဉ်းစားထားတဲ့ Stop Loss အော်ဒါတွေကို အသုံးပြုပါ။
  • ဈေးနှုန်းအတက်အကျ နည်းပါးနေပေမဲ့ Position ပမာဏကို ကန့်သတ်ထားပါ။
  • ဈေးကွက်ငြိမ်သက်နေတဲ့ ကာလတွေမှာ အလွန်အကျွံ အရောင်းအဝယ်လုပ်တာကို ရှောင်ကြဉ်ပါ။

ဈေးနှုန်းအတက်အကျ နည်းပါးတာက ဆုံးရှုံးနိုင်ခြေကို လုံးဝပပျောက်သွားစေတာ မဟုတ်ဘဲ ရုတ်တရက် ဈေးနှုန်းအပြောင်းအလဲကြီးတွေ ဖြစ်ပေါ်နိုင်သေးတယ်ဆိုတာကို သတိပြုဖို့ အရေးကြီးပါတယ်။

Hybrid Indices က စနစ်တကျဖွဲ့စည်းထားပေမဲ့ ကြိုတင်ခန့်မှန်းရပိုခက်တဲ့ Synthetic အရောင်းအဝယ်ပုံစံကို ပေးစွမ်းပါတယ်။ ဦးတည်ချက်ရှိတဲ့ ဈေးနှုန်းလှုပ်ရှားမှုပုံစံနဲ့ ပြောင်းလဲတတ်တဲ့ အကြိုဈေးနှုန်းအတက်အကျတို့ကို ပေါင်းစပ်ထားတာကြောင့် ပွင့်လင်းမြင်သာမှုရှိပြီး အချိန်မရွေး အရောင်းအဝယ်လုပ်နိုင်သလို လက်တွေ့ကမ္ဘာက ဈေးနှုန်းရွေ့လျားမှုတွေနဲ့ ပိုမိုတူညီတဲ့ ဈေးကွက်တွေကို ဖန်တီးပေးပါတယ်။

ပြင်ပဖြစ်ရပ်တွေရဲ့ သက်ရောက်မှုမရှိဘဲ လက်တွေ့ပိုဆန်တဲ့ အတွေ့အကြုံကို လိုချင်တဲ့ ထရိတ်ဒါတွေအတွက် Hybrid Indices က Deriv ရဲ့ Synthetic ဈေးကွက်တွေထဲမှာ ထူးခြားတဲ့ ရွေးချယ်စရာတစ်ခုကို ပေးစွမ်းပါတယ်။ စတင်ဖို့အတွက် အခမဲ့ ဒီမိုအကောင့် မှာ လက်တွေ့စမ်းသပ်ကြည့်ပါ။ 

Quiz

Hybrid Indices တွေကို Crash/Boom Indices တွေနဲ့ ဘာက ကွာခြားစေပါသလဲ။

အမေးများသော မေးခွန်းများ

Analyse markets with AI-powered insights

Explore TradersView
WhatsApp