
သင့်မှာ လက်ရှိရှိနေတာထက် ပိုများတဲ့ငွေပမာဏနဲ့ အရောင်းအဝယ်လုပ်ချင်ဖူးပါသလား။ Forex မှာဆိုရင် Leverage ရဲ့ အကူအညီနဲ့ အဲဒီလို လုပ်ဆောင်နိုင်ပါတယ်။ ဒါဟာ နည်းပါးတဲ့ အရင်းအနှီးပမာဏနဲ့ ဈေးကွက်ထဲမှာ ပိုပြီးကျယ်ကျယ်ပြန့်ပြန့် အရောင်းအဝယ်လုပ်ခွင့်ပေးတဲ့ ဘဏ္ဍာရေးဆိုင်ရာ စွမ်းအားကြီးတစ်ခုလိုပါပဲ။ ဒါပေမဲ့ ဘယ်စွမ်းအားကြီးမဆို တာဝန်ယူမှုနဲ့ တွဲနေတတ်ပါတယ်။ Leverage က သင်ရရှိနိုင်မယ့် အမြတ်အစွန်းတွေကို တိုးပွားစေနိုင်သလို ဆုံးရှုံးနိုင်ခြေတွေကိုလည်း ပိုကြီးမားသွားစေနိုင်ပါတယ်။
တစ်ချက်ချင်းစီ အသေးစိတ် လေ့လာကြည့်ကြရအောင်ပါ။
Leverage : သင့်အရောင်းအဝယ်ကို ချဲ့ထွင်ပေးမယ့်အရာ
Leverage ကို မှန်ဘီလူးတစ်ခုလို မြင်ကြည့်ပါ၊ သူက ဈေးကွက်ထဲမှာ သင်အရောင်းအဝယ်လုပ်နိုင်တဲ့ ပမာဏကို ချဲ့ထွင်ပေးပါတယ်။ ကနဦး သွင်းငွေအနည်းငယ် (သင့်ရဲ့ “Margin”) နဲ့တင် အများကြီး ပိုကြီးမားတဲ့ အရောင်းအဝယ်ပမာဏကို သင်ထိန်းချုပ်နိုင်ပါတယ်။
ဆိုကြပါစို့၊ သင့်မှာ အရောင်းအဝယ်လုပ်ဖို့ $100 ရှိတယ်ပဲ ထားပါတော့။ 1:100 Leverage နဲ့ဆိုရင် $10,000 တန်ဖိုးရှိတဲ့ ငွေကြေးပမာဏကို သင်ထိန်းချုပ်နိုင်ပါတယ်။ ဒါဟာ သင့်အရင်းအနှီးရဲ့ အဆ 100 ကို ထိန်းချုပ်နိုင်တာနဲ့ အတူတူပါပဲ။ ကြားရတာ အရမ်းကောင်းတယ် မဟုတ်ပါလား။ ဒါပေမဲ့ ဈေးကွက်က သင်ခန့်မှန်းထားတာနဲ့ ဆန့်ကျင်ဘက်ကို ရွေ့လျားသွားရင်တော့ အရှုံးတွေကလည်း အဲဒီလောက် မြန်မြန်ဆန်ဆန်ပဲ တက်လာနိုင်ပါတယ်။
လက်တွေ့မှာ Leverage အလုပ်လုပ်ပုံကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ် :
တစ်စုကို $160 တန်တဲ့ စတော့ရှယ်ယာ 10 စုကို သင်ဝယ်ချင်တယ်လို့ စိတ်ကူးကြည့်ပါ။ ဒါဆိုရင် $1,600 တန်ဖိုးရှိတဲ့ အရောင်းအဝယ်တစ်ခု ဖြစ်ပါတယ်။
- 1:10 Leverage နဲ့ဆိုရင် : သင့်ကိုယ်ပိုင်ငွေထဲက $160 ပဲ ထည့်ဝင်ဖို့ လိုအပ်ပါတယ်။
- ဈေးနှုန်းက $40 တက်သွားရင် : သင်က အမြတ် $400 ရရှိနေဦးမှာ ဖြစ်ပါတယ်။
- ဈေးနှုန်းက $20 ကျသွားရင် : သင်က $200 ဆုံးရှုံးမှာဖြစ်ပြီး ဒါဟာ Leverage နဲ့ စတင်ထားတဲ့ သင့်ရဲ့ ကနဦးအရင်းအနှီးထဲက ပမာဏအများကြီး ဖြစ်သွားနိုင်ပါတယ်။
Margin : သင့်ရဲ့ အာမခံသွင်းငွေ
Leverage ကို အသုံးပြုဖို့အတွက် Margin လို့ခေါ်တဲ့ သွင်းငွေတစ်ခုကို သင်ထားရှိရပါမယ်။ ဒါဟာ ဖြစ်ပေါ်လာနိုင်တဲ့ အရှုံးတွေကို သင်ကာမိစေဖို့အတွက် Broker အတွက် အကာအကွယ်တစ်ခုအဖြစ် လုပ်ဆောင်ပေးပါတယ်။
Margin အမျိုးအစားတွေကတော့ :
- Used Margin : လက်ရှိ ဖွင့်ထားတဲ့ အရောင်းအဝယ်တွေထဲမှာ ထိန်းသိမ်းထားတဲ့ ငွေပမာဏ ဖြစ်ပါတယ်။
- Free Margin : အရောင်းအဝယ်အသစ်တွေအတွက် အသုံးပြုနိုင်တဲ့ ကျန်ရှိနေသေးတဲ့ လက်ကျန်ငွေ ဖြစ်ပါတယ်။
Margin Call : သတိပေးအချက်ပြမှု
သင့်အရှုံးတွေ များလာပြီး သင့်ရဲ့ Margin အဆင့်က ကျဆင်းသွားပြီး အရမ်းနိမ့်သွားတဲ့အခါ သင့် Broker က Margin Call ပေးပို့နိုင်ပါတယ်၊ ဒါဟာ ရန်ပုံငွေ ထပ်ဖြည့်ဖို့နဲ့ မဖြည့်ရင် သင့်အရောင်းအဝယ်တွေ အလိုအလျောက် ပိတ်သိမ်းခံရနိုင်ခြေရှိကြောင်း သတိပေးချက် ဖြစ်ပါတယ်။ အခြေအနေတွေကို အမြဲထိန်းချုပ်ထားနိုင်ဖို့ သင့်ရဲ့ ဆုံးရှုံးနိုင်ခြေကို တွက်ချက်ရာမှာ အွန်လိုင်း Margin တွက်ချက်စက်တွေကို အသုံးပြုပါ။
အဓိကမှတ်သားစရာ : Leverage ကို သတိထားပြီး အသုံးပြုပါ
Leverage ဟာ အပြောင်းအလဲကြီးတစ်ခု ဖြစ်စေနိုင်ပေမဲ့ အားထုတ်စရာမလိုဘဲ အလွယ်တကူ အောင်မြင်စေမယ့်အရာတော့ မဟုတ်ပါဘူး။ ပြိုင်ကားတစ်စီး မောင်းနှင်ရသလို မြင်ကြည့်ပါ : စိတ်လှုပ်ရှားစရာကောင်းပြီး စွမ်းအားပြင်းပေမဲ့ ကျွမ်းကျင်မှုနဲ့ သတိထားမှု လိုအပ်ပါတယ်။
- ပမာဏအနည်းငယ်နဲ့ စတင်ပြီး သင့်ရဲ့ အရောင်းအဝယ်ပမာဏကို တဖြည်းဖြည်းချင်း တိုးမြှင့်သွားပါ။
- သင်အရှုံးခံနိုင်တဲ့ ပမာဏထက် ပိုပြီး ဘယ်တော့မှ စွန့်စားမလုပ်ဆောင်ပါနဲ့။
- Stop Loss အော်ဒါတွေနဲ့ ချင့်ချိန်တွက်ချက်ထားတဲ့ အရောင်းအဝယ်ပမာဏ သတ်မှတ်မှုတွေကို သုံးပြီး သင့်အရင်းအနှီးကို ကာကွယ်ပါ။
လက်တွေ့မစတင်ခင် Deriv Academy မှာရှိတဲ့ ကျွန်ုပ်တို့ရဲ့ အခမဲ့ Forex သင်ခန်းစာတွေ နဲ့ အခြေခံသဘောတရားတွေကို လေ့လာပါ ဒါမှမဟုတ် Demo အကောင့် နဲ့ လေ့ကျင့်ကြည့်ပါ။ Leverage အကြောင်းကို ကောင်းကောင်းကျွမ်းကျင်သွားပြီဆိုရင် သင့်ရဲ့ အရောင်းအဝယ် အလားအလာတွေကို အမြင့်ဆုံးဖြစ်အောင် ပညာသားပါပါ အသုံးချနိုင်ပါပြီ။
Deriv Academy မှာ အကောင့်ဝင်ရန် သင့်ရဲ့ Deriv အကောင့် အီးမေးလ်နဲ့ စကားဝှက်ကို အသုံးပြုပြီး ဒီနေ့ပဲ စတင်လေ့လာလိုက်ပါ။
Quiz
သင့်ရဲ့ Margin အဆင့် အရမ်းနိမ့်ကျသွားရင် ဘာဖြစ်လာပါမလဲ။


