
အရောင်းအဝယ်လုပ်တာက လူတိုင်းအတွက် ပုံသေတစ်မျိုးတည်းနဲ့ မကိုက်ညီနိုင်ပါဘူး။ တချို့ထရိတ်ဒါတွေက မြန်ဆန်သွက်လက်တဲ့ လှုပ်ရှားမှုတွေမှာ အားသန်ကြပေမဲ့ တချို့ကတော့ ဖြည်းဖြည်းနဲ့ မှန်မှန်သွားရတဲ့ နည်းလမ်းကို ပိုနှစ်သက်ကြပါတယ်။ သင့်ရဲ့ အရောင်းအဝယ်ခရီးလမ်းမှာ အကောင်းဆုံး အကျိုးကျေးဇူးတွေ ရရှိဖို့အတွက် မှန်ကန်တဲ့ အရောင်းအဝယ်ပုံစံကို ရှာဖွေတွေ့ရှိဖို့က အဓိကကျပါတယ်။
ဒီလမ်းညွှန်မှာတော့ သင့်ရဲ့ ပင်ကိုစရိုက်၊ ပေးနိုင်တဲ့ အချိန်ပမာဏ၊ လက်ခံနိုင်တဲ့ ဆုံးရှုံးနိုင်ခြေတွေနဲ့ ဘယ်ပုံစံက အကိုက်ညီဆုံးလဲဆိုတာ သိရှိနိုင်အောင် အဓိက အရောင်းအဝယ်ပုံစံ 4 မျိုးကို ရှင်းပြပေးသွားပါမယ်။
အရောင်းအဝယ်ပုံစံဆိုတာ ဘာလဲ
အရောင်းအဝယ်ပုံစံဆိုတာ ဈေးကွက်ကို သင်ချဉ်းကပ်တဲ့ ကိုယ်ပိုင်နည်းလမ်းလိုပါပဲ၊ သင် ဘယ်လောက်မကြာခဏ အရောင်းအဝယ်လုပ်သလဲ၊ အရောင်းအဝယ်တွေကို ဘယ်လောက်ကြာကြာ ကိုင်ထားသလဲ၊ ဆုံးရှုံးနိုင်ခြေ ဘယ်လောက်အထိ သက်သောင့်သက်သာ လက်ခံနိုင်သလဲ ဆိုတာတွေကို ထင်ဟပ်ပြနေပါတယ်။ ဒါက (တိကျတဲ့ နည်းစနစ်တွေနဲ့ အခင်းအကျင်းတွေကို အဓိကထားတဲ့) အရောင်းအဝယ် မဟာဗျူဟာ နဲ့ မတူပါဘူး။ သင့်ရဲ့ အရောင်းအဝယ်ပုံစံက သင့်ရဲ့ နေထိုင်မှုပုံစံ၊ စိတ်နေသဘောထားနဲ့ ဘဏ္ဍာရေး ရည်မှန်းချက်တွေနဲ့ ကိုက်ညီနေသင့်ပါတယ်။
အကောင်းဆုံး အချက်က ဘာလဲဆိုတာ သိပါသလား။ တင်းကျပ်တဲ့ စည်းမျဉ်းတွေ မရှိပါဘူး။ သင်က မတူညီတဲ့ ပုံစံတွေကို လေ့လာစူးစမ်းနိုင်ပြီး သင့်လိုအပ်ချက်နဲ့ ကိုက်ညီအောင် ပြင်ဆင်ချိန်ညှိနိုင်ပါတယ်။ အသုံးအများဆုံး အရောင်းအဝယ်ပုံစံ 4 မျိုးကို အသေးစိတ် လေ့လာကြည့်ကြရအောင်ပါ။
1. Day trading : မြန်ဆန်သွက်လက်ပြီး စိတ်လှုပ်ရှားစရာကောင်းမှု

သင်က မြန်မြန်ဆန်ဆန် ဆုံးဖြတ်ချက်ချရတာနဲ့ တစ်နေ့တာအကုန်မှာ အရောင်းအဝယ်အားလုံးကို အပြီးသတ်ရှင်းလင်းထားရတာကို နှစ်သက်တယ်ဆိုရင် ဒီပုံစံက သင့်အတွက်ပါပဲ။
| လုပ်ဆောင်ပုံ | အသင့်တော်ဆုံးသူတွေ | စိန်ခေါ်မှုတွေ |
|---|---|---|
| အရောင်းအဝယ်တွေကို တစ်ရက်တည်းအတွင်း ဖွင့်ပြီး ပြန်ပိတ်ပါတယ် — ညအိပ်ကိုင်ထားတာမျိုး မရှိပါဘူး။ | မြန်ဆန်သွက်လက်တဲ့ လှုပ်ရှားမှုတွေကို နှစ်သက်ပြီး စိတ်လှုပ်ရှားမှုကို ခုံမင်သူတွေ | ဈေးကွက်ကို အဆက်မပြတ် စောင့်ကြည့်နေဖို့ လိုအပ်ပါတယ် |
| ကာလတို ဈေးနှုန်းအတက်အကျတွေကနေ အခွင့်အရေးယူပါတယ်။ | အချိန်ပြည့် ထရိတ်ဒါတွေ | စိတ်ပိုင်းဆိုင်ရာ ပင်ပန်းနွမ်းနယ်စေနိုင်ပါတယ် |
| နည်းပညာပိုင်းဆိုင်ရာ ဆန်းစစ်ချက်နဲ့ မြန်ဆန်တဲ့ ဆုံးဖြတ်ချက်ချနိုင်စွမ်း လိုအပ်ပါတယ်။ | ဖိအားတွေအောက်မှာ အကောင်းဆုံး လုပ်ဆောင်နိုင်သူတွေ | ခိုင်မာအားကောင်းတဲ့ ဆုံးရှုံးနိုင်ခြေ စီမံခန့်ခွဲမှု စွမ်းရည်တွေ လိုအပ်ပါတယ် |
2. Scalping : လျှပ်စီးလို မြန်ဆန်တဲ့ အဝင်အထွက်တွေ

မြန်မြန်ဆန်ဆန် အမြတ်ရရှိတဲ့ စိတ်လှုပ်ရှားမှုကို သင် နှစ်သက်ပါသလား။ ဒါဆိုရင်တော့ Scalping က သင့်ပုံစံ ဖြစ်နိုင်ပါတယ်။
| လုပ်ဆောင်ပုံ | အသင့်တော်ဆုံးသူတွေ | စိန်ခေါ်မှုတွေ |
|---|---|---|
| တစ်ရက်တည်းမှာပဲ အရောင်းအဝယ် ဒါဇင်ပေါင်းများစွာ ဒါမှမဟုတ် ရာနဲ့ချီပြီး ပြုလုပ်ပါတယ်။ | မြန်မြန်ဆန်ဆန် ဆုံးဖြတ်ချက်ချရတာကို နှစ်သက်တဲ့ ထရိတ်ဒါတွေ | ဖိအားမြင့်မားတဲ့ ပတ်ဝန်းကျင်ဖြစ်ပါတယ် |
| ဈေးနှုန်း အပြောင်းအလဲ အသေးစားလေးတွေကနေ အမြတ်ရှာပါတယ်။ | အချိန်တိုအတွင်း အပြင်းအထန် အာရုံစူးစိုက်နိုင်သူတွေ | အလွန်မြန်ဆန်တဲ့ တုံ့ပြန်နိုင်စွမ်း လိုအပ်ပါတယ် |
| တိကျမှု၊ မြန်ဆန်မှုနဲ့ စည်းကမ်းရှိမှုတွေ လိုအပ်ပါတယ်။ | အကြိမ်ရေများများ အရောင်းအဝယ်လုပ်ရတာကို နှစ်သက်သူတွေ | အရောင်းအဝယ် စရိတ်တွေ အမြန်စုပုံလာနိုင်ပါတယ် |
3. Position trading : စိတ်ရှည်တဲ့ ထရိတ်ဒါတွေရဲ့ အိပ်မက်

သင်က ရေရှည်အကွက်ချ လုပ်ဆောင်ရတာနဲ့ အမြင်ကျယ်ကျယ် စဉ်းစားရတာကို ပိုနှစ်သက်တယ်ဆိုရင် Position trading က သင်နဲ့ အကိုက်ညီဆုံး ဖြစ်နိုင်ပါတယ်။
| လုပ်ဆောင်ပုံ | အသင့်တော်ဆုံးသူတွေ | စိန်ခေါ်မှုတွေ |
|---|---|---|
| အရောင်းအဝယ်တွေကို ရက်သတ္တပတ်ချီ၊ လချီ ဒါမှမဟုတ် နှစ်ချီပြီးတောင် ကိုင်ထားပါတယ်။ | ရေရှည် ဈေးကွက်ဦးတည်ရာတွေကို ပိုနှစ်သက်တဲ့ ထရိတ်ဒါတွေ | စိတ်ရှည်သည်းခံနိုင်စွမ်း အများကြီး လိုအပ်ပါတယ် |
| နေ့စဉ် ဈေးနှုန်းအတက်အကျတွေထက် အဓိက ဈေးကွက်ဦးတည်ရာကြီးတွေအပေါ် အာရုံစိုက်ပါတယ်။ | နေ့တိုင်း အရောင်းအဝယ် မလုပ်ချင်သူတွေ | အရင်းအနှီးကို အချိန်အကြာကြီး မြှုပ်ထားရပါတယ် |
| ဆုံးဖြတ်ချက်တွေချဖို့ အခြေခံအချက်အလက် ဆန်းစစ်ချက်ကို အသုံးပြုပါတယ်။ | ‘ဝယ်ပြီး ကိုင်ထားတဲ့’ မဟာဗျူဟာတွေကို နှစ်သက်တဲ့ ရင်းနှီးမြှုပ်နှံသူတွေ | ဈေးကွက်အပြောင်းအလဲတွေ ဖြစ်ပေါ်လာဖို့ အချိန်ယူရပါတယ် |
4. Swing trading : ကဏ္ဍနှစ်ခုလုံးရဲ့ အကောင်းဆုံး ပေါင်းစပ်မှု

မြန်ဆန်မှုနဲ့ မဟာဗျူဟာကြားမှာ ဟန်ချက်ညီတာမျိုးကို လိုချင်ပါသလား။ Swing trading က သင့်အတွက် အသင့်တော်ဆုံး ဖြစ်နိုင်ပါတယ်။
| လုပ်ဆောင်ပုံ | အသင့်တော်ဆုံးသူတွေ | စိန်ခေါ်မှုတွေ |
|---|---|---|
| အရောင်းအဝယ်တွေကို ရက်အနည်းငယ်ကနေ ရက်သတ္တပတ်အနည်းငယ်အထိ ကိုင်ထားပါတယ်။ | ပြောင်းလွယ်ပြင်လွယ်ရှိမှုကို လိုလားတဲ့ ထရိတ်ဒါတွေ | အခင်းအကျင်းကောင်းတွေ ပေါ်လာတဲ့အထိ စောင့်ဆိုင်းဖို့ စိတ်ရှည်မှု လိုအပ်ပါတယ် |
| ကာလတိုကနေ ကာလလတ် ဈေးနှုန်းလှုပ်ရှားမှုတွေကနေ အကျိုးအမြတ် ရှာဖွေပါတယ်။ | နည်းပညာပိုင်းဆိုင်ရာ ဆန်းစစ်ချက်ကို နှစ်သက်သူတွေ | ဈေးကွက်တွေက ခန့်မှန်းရခက်နိုင်ပါတယ် |
| ဈေးကျချိန်မှာ ဝယ်ယူပြီး ဈေးအမြင့်ဆုံးရောက်ချိန်မှာ ရောင်းချတာမျိုး ပါဝင်ပါတယ်။ | ဈေးကွက်ဦးတည်ရာတွေကို ရှာဖွေဖော်ထုတ်ရတာ နှစ်သက်သူတွေ | ညအိပ်ကိုင်ထားရတာကြောင့် မမျှော်လင့်ထားတဲ့ ဖြစ်ရပ်တွေနဲ့ ကြုံတွေ့ရနိုင်ပါတယ် |
သင်နဲ့ အသင့်တော်ဆုံး အရောင်းအဝယ်ပုံစံက ဘယ်ဟာလဲ
သင် မသေချာသေးဘူးဆိုရင် အဖြေရှာဖို့ အမြန်ဆုံးနည်းလမ်းကို ဒီမှာ ဖော်ပြထားပါတယ် :
- မြန်ဆန်သွက်လက်တဲ့ လှုပ်ရှားမှုတွေကို နှစ်သက်ပါသလား။ → Scalping ဒါမှမဟုတ် Day trading ကို စမ်းကြည့်ပါ
- ပိုပြီး သက်သောင့်သက်သာရှိတဲ့ ချဉ်းကပ်ပုံကို ပိုနှစ်သက်ပါသလား။ → Position trading က သင့်အတွက်ပါပဲ
- ဒီနှစ်ခုကြားက ပုံစံမျိုးကို လိုချင်ပါသလား။ → Swing trading က သင့်အတွက် အကောင်းဆုံး ရွေးချယ်မှု ဖြစ်နိုင်ပါတယ်
သတင်းကောင်းက ဘာလဲဆိုတာ သိပါသလား။ Deriv မှာ အခမဲ့ အစမ်းသုံးအကောင့်ကို သုံးပြီး ဒီပုံစံ 4 မျိုးလုံးကို သင် စမ်းသပ်ကြည့်နိုင်ပါတယ်။ လက်တွေ့စမ်းသပ်ကြည့်ပါ၊ သင်နဲ့ ကိုက်ညီတဲ့ ပုံစံကို ရှာဖွေပြီး ယုံကြည်မှုရှိရှိ အရောင်းအဝယ်လုပ်ပါ။
သင့်ရဲ့ အခမဲ့ Deriv အစမ်းသုံးအကောင့် ကို ဒီနေ့ပဲ ဖွင့်လိုက်ပြီး အစမ်းသုံးငွေ 10,000 USD နဲ့ ဆုံးရှုံးနိုင်ခြေကင်းကင်း လေ့ကျင့်လိုက်ပါ။
Quiz
အလွန်သေးငယ်တဲ့ ဈေးနှုန်းအပြောင်းအလဲတွေကနေ အမြတ်ရယူဖို့ တစ်နေ့တာလုံး အရောင်းအဝယ်အများအပြား ပြုလုပ်ပြီး ပုံမှန်အားဖြင့် Position တွေကို စက္ကန့်ပိုင်း ဒါမှမဟုတ် မိနစ်ပိုင်းလောက်ပဲ ကိုင်ထားလေ့ရှိတာက ဘယ်အရောင်းအဝယ်ပုံစံ ဖြစ်ပါသလဲ။


