အဓိကအကြောင်းအရာသို့ ကျော်သွားရန်

အတိုးနှုန်း ဆုံးဖြတ်ချက်တွေက အရောင်းအဝယ်အပေါ် ပုံဖော်ပေးပုံ

4
မိနစ် ဖတ်ရှုချိန်
ဘဏ္ဍာရေးဈေးကွက်တွေအပေါ် အတိုးနှုန်း အပြောင်းအလဲရဲ့ သက်ရောက်မှုကို ကိုယ်စားပြုထားတဲ့ အပေါ်ဘက်ညွှန်မြားပါ 3D ရာခိုင်နှုန်း သင်္ကေတ။

အတိုးနှုန်းတွေက ချေးငွေကနေ ရှယ်ယာဈေးနှုန်းအထိ အရာအားလုံးအပေါ် လွှမ်းမိုးမှုရှိပြီး ဘဏ္ဍာရေးလောကမှာ အလွန်အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။ ဒါပေမဲ့ အရောင်းအဝယ်လုပ်ရာမှာရော အတိုးနှုန်းက ဘယ်လိုမျိုး အတိအကျ သက်ရောက်မှုရှိပါသလဲ။ ဒီအကြောင်းကို နားလည်ရလွယ်ကူအောင် ရိုးရိုးရှင်းရှင်း ခွဲခြမ်းလေ့လာပြီး အတိုးနှုန်း ဆုံးဖြတ်ချက်တွေကို သင့်အတွက် အကျိုးရှိအောင် ဘယ်လိုအသုံးချနိုင်မလဲဆိုတာ ကြည့်ကြရအောင်ပါ။


အရောင်းအဝယ်လုပ်ရာမှာ အတိုးနှုန်းဆိုတာ ဘာလဲ

အတိုးနှုန်းဆိုတာ အခြေခံအားဖြင့်တော့ ငွေချေးယူရတဲ့ ကုန်ကျစရိတ် ဒါမှမဟုတ် ငွေစုဆောင်းတာနဲ့ ငွေထုတ်ချေးတာအတွက် ရရှိတဲ့ အကျိုးအမြတ်ပဲ ဖြစ်ပါတယ်။ အတိုးနှုန်းတွေကို Federal Reserve လို ဗဟိုဘဏ်တွေက သတ်မှတ်ပေးတာဖြစ်ပြီး အိမ်ရာချေးငွေကနေ အကြွေးဝယ်ကတ်အထိ အရာအားလုံးအပေါ် သက်ရောက်မှုရှိပါတယ်။ အရောင်းအဝယ်လုပ်ရာမှာတော့ ရင်းနှီးမြှုပ်နှံသူတွေ ဘယ်လောက်အထိ ငွေချေးယူချင်သလဲဆိုတာနဲ့ သူတို့ရဲ့ ငွေကြေးကို ဘယ်နေရာမှာ ထားရှိဖို့ ရွေးချယ်သလဲဆိုတာတွေအပေါ် အတိုးနှုန်းက လွှမ်းမိုးမှုရှိပါတယ်။


အရောင်းအဝယ်သမားတွေအတွက် အတိုးနှုန်းက ဘာကြောင့် အရေးကြီးသလဲ

အတိုးနှုန်းဆိုတာ ကိန်းဂဏန်းသက်သက် မဟုတ်ဘဲ အဓိကကျတဲ့ ဘဏ္ဍာရေး ဆုံးဖြတ်ချက်ကို မောင်းနှင်ပေးပါတယ်။ အတိုးနှုန်း နိမ့်ကျတဲ့အခါ ငွေချေးယူရတဲ့စရိတ် ပိုသက်သာတာကြောင့် ရင်းနှီးမြှုပ်နှံမှု ပိုတိုးလာအောင် အားပေးပါတယ်။ အတိုးနှုန်း မြင့်တက်လာတဲ့အခါမှာတော့ ငွေချေးယူရတာ ပိုဈေးကြီးလာပြီး သုံးစွဲမှုနဲ့ ရင်းနှီးမြှုပ်နှံမှုကို လျော့ကျသွားစေလေ့ရှိပါတယ်။ အတိုးနှုန်း ဆုံးဖြတ်ချက်ကြောင့် ဈေးကွက် အပြောင်းအလဲ မြန်ဆန်မှု၊ ငွေကြေးတန်ဖိုးနဲ့ ရွှေ၊ ရေနံတို့လို ကုန်စည်များ အပေါ်မှာပါ လှုပ်ခတ်မှု ပြင်းထန်တတ်တာကြောင့် အရောင်းအဝယ်သမားတိုင်းက ဒီဆုံးဖြတ်ချက်ကို အနီးကပ် စောင့်ကြည့်လေ့ရှိကြပါတယ်။


အတိုးနှုန်းတွေက အရောင်းအဝယ်အပေါ် ဘယ်လိုသက်ရောက်မှုရှိသလဲ

အခြေခံအချက် အတိုးနှုန်း နိမ့်ကျမှုရဲ့ သက်ရောက်မှု အတိုးနှုန်း မြင့်မားမှုရဲ့ သက်ရောက်မှု
ချေးငွေ ကုန်ကျစရိတ် အရောင်းအဝယ်သမားတွေ ပိုသက်သာတဲ့စရိတ်နဲ့ ငွေချေးနိုင်တာကြောင့် ရင်းနှီးမြှုပ်နှံမှု တိုးလာခြင်း ငွေချေးယူရတာ စရိတ်ကြီးမြင့်လာတာကြောင့် စွန့်စားမှု လျော့နည်းသွားခြင်း
စတော့ဈေးကွက် ငွေချေးယူရတာ ပိုသက်သာလာတဲ့အတွက် ရှယ်ယာများ ပိုပြီး ဆွဲဆောင်မှုရှိလာခြင်း ရင်းနှီးမြှုပ်နှံသူတွေက ငွေချေးစာချုပ်လို ပိုလုံခြုံတဲ့ ပိုင်ဆိုင်မှုတွေဆီ ငွေရွှေ့ပြောင်းကြခြင်း
Forex ဈေးကွက် အတိုးနှုန်း နိမ့်ကျမှုက ငွေကြေးတန်ဖိုးကို အားပျော့စေခြင်း အတိုးနှုန်း မြင့်မားမှုက ရင်းနှီးမြှုပ်နှံသူတွေကို ဆွဲဆောင်နိုင်ပြီး ငွေကြေးတန်ဖိုးကို ပိုမိုခိုင်မာစေခြင်း
ငွေချေးစာချုပ် ဈေးကွက် အတိုးနှုန်းနိမ့်တဲ့ လက်ရှိ ငွေချေးစာချုပ်တွေ တန်ဖိုးကျဆင်းခြင်း အတိုးနှုန်းပိုမြင့်တဲ့ ငွေချေးစာချုပ်အသစ်တွေ ပိုပြီး ဆွဲဆောင်မှုရှိလာခြင်း
ကုန်စည်များ ရင်းနှီးမြှုပ်နှံသူတွေက အစားထိုး ပိုင်ဆိုင်မှုတွေကို ရှာဖွေလာကြတာကြောင့် ရွှေနဲ့ ရေနံဈေးနှုန်း မြင့်တက်လာခြင်း ငွေကြေးတန်ဖိုး ပိုမိုခိုင်မာလာတာကြောင့် ကုန်စည်များရဲ့ ဆွဲဆောင်မှု လျော့နည်းသွားနိုင်ခြင်း


အတိုးနှုန်းကြောင့် သက်ရောက်မှုရှိတဲ့ အဓိက အရောင်းအဝယ်ကဏ္ဍတချို့ကို လေ့လာကြည့်ကြရအောင်ပါ :


1. စတော့ဈေးကွက် လှုပ်ရှားမှု စတော့ဈေးကွက်

အတိုးနှုန်း နိမ့်ကျတဲ့အခါ ငွေချေးယူရတာ ပိုသက်သာလာတာကြောင့် ကုမ္ပဏီလုပ်ငန်း တိုးချဲ့နိုင်ပြီး ရှယ်ယာဈေးနှုန်းကို မြင့်တက်လာစေပါတယ်။ တစ်ဖက်မှာတော့ အတိုးနှုန်း မြင့်မားမှုက တိုးတက်မှုနှုန်းကို နှေးကွေးစေနိုင်ပြီး ငွေချေးစာချုပ်နဲ့ နှိုင်းယှဉ်ရင် ရှယ်ယာများရဲ့ ဆွဲဆောင်မှုကို လျော့နည်းစေပါတယ်။


2. Forex အရောင်းအဝယ်နဲ့ ငွေကြေးတန်ဖိုး ခိုင်မာမှု Forex အရောင်းအဝယ်

မြင့်မားတဲ့ အတိုးနှုန်းတွေက နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူတွေကို ဆွဲဆောင်လေ့ရှိပြီး ငွေကြေးတန်ဖိုးကို ခိုင်မာအားကောင်းစေပါတယ်။ အရောင်းအဝယ်သမားတွေဟာ ငွေကြေးတန်ဖိုး အပြောင်းအလဲတွေကို ကြိုတင်ခန့်မှန်းဖို့နဲ့ ချင့်ချိန်ဆုံးဖြတ်ပြီး Forex အရောင်းအဝယ်တွေ ပြုလုပ်နိုင်ဖို့အတွက် အတိုးနှုန်း ဆုံးဖြတ်ချက်တွေကို စောင့်ကြည့်လေ့ရှိကြပါတယ်။


3. ငွေချေးစာချုပ် ဈေးကွက် အပြောင်းအလဲတွေ

အတိုးနှုန်း မြင့်တက်လာတဲ့အခါ ငွေချေးစာချုပ်အသစ်တွေက ပိုကောင်းတဲ့ အကျိုးအမြတ် ပြန်ရနိုင်တာကြောင့် အကျိုးအမြတ်နည်းတဲ့ အရင်က ငွေချေးစာချုပ်အဟောင်းတွေ တန်ဖိုးလျော့ကျသွားပါတယ်။ ငွေချေးစာချုပ် ဈေးကွက်ထဲက အရောင်းအဝယ်သမားတွေက ဒီအပြောင်းအလဲတွေအပေါ် အခြေခံပြီး သူတို့ရဲ့ မဟာဗျူဟာတွေကို ချိန်ညှိကြပါတယ်။


4. ရွှေနဲ့ ကုန်စည်များ

ဘေးကင်းလုံခြုံတဲ့ ပိုင်ဆိုင်မှုအဖြစ် မြင်လေ့ရှိကြတဲ့ ရွှေဟာ ငွေချေးစာချုပ်လိုမျိုး အတိုးမပေးတာကြောင့် အတိုးနှုန်း နိမ့်ကျနေတဲ့အချိန်မှာ ပိုပြီး အလားအလာကောင်းလေ့ရှိပါတယ်။ ဒါပေမဲ့ အတိုးနှုန်းတွေ မြင့်တက်လာတဲ့အခါမှာတော့ ရင်းနှီးမြှုပ်နှံသူတွေက အကျိုးအမြတ် ပိုရနိုင်တဲ့ ပိုင်ဆိုင်မှုတွေဘက်ကို ပြောင်းလဲသွားကြတာကြောင့် ရွှေရဲ့ ဆွဲဆောင်မှု လျော့ကျသွားနိုင်ပါတယ်။


5. Options နဲ့ Derivatives

အတိုးနှုန်းတွေက Options နဲ့ Futures ရဲ့ ဈေးနှုန်းသတ်မှတ်မှုအပေါ် သက်ရောက်မှုရှိပါတယ်။ အတိုးနှုန်း မြင့်တက်လာတဲ့အခါ အရောင်းအဝယ် Position တွေကို ဆက်ထိန်းထားရတဲ့ ကုန်ကျစရိတ် မြင့်တက်လာနိုင်ပြီး စုစုပေါင်း အမြတ်အစွန်း ရရှိနိုင်မှုအပေါ် သက်ရောက်မှုရှိစေပါတယ်။

‍

Quiz

အတိုးနှုန်းတွေ မြင့်တက်တဲ့အခါ ရှယ်ယာဈေးနှုန်းတွေ ဘာဖြစ်သွားပါသလဲ။

အမေးများသော မေးခွန်းများ

Analyse markets with AI-powered insights

Explore TradersView
WhatsApp