
cTrader ရဲ့ Copy Trading လုပ်ဆောင်ချက်ကို အကျိုးရှိဆုံး အသုံးချနိုင်ဖို့အတွက် အခကြေးငွေတွေအကြောင်း နားလည်ထားဖို့က အဓိကကျပါတယ်။ သင်ဟာ နည်းဗျူဟာ ပံ့ပိုးသူပဲဖြစ်ဖြစ်၊ နည်းဗျူဟာတွေကို Copy Trading လုပ်နေတဲ့ ကော်ပီထရိတ်ဒါပဲဖြစ်ဖြစ် အခကြေးငွေတွေ ဘယ်လိုအလုပ်လုပ်လဲဆိုတာ သိထားတာက ပိုကောင်းအောင် စီစဉ်နိုင်ဖို့နဲ့ မမျှော်လင့်ထားတာတွေ မကြုံရအောင် ရှောင်ရှားနိုင်ဖို့ ကူညီပေးပါတယ်။ မတူညီတဲ့ အခကြေးငွေ အမျိုးအစားတွေနဲ့ သူတို့ကို ဘယ်လိုသတ်မှတ်ကောက်ခံလဲဆိုတာ အသေးစိတ် လေ့လာကြည့်ကြရအောင်ပါ။
cTrader အခကြေးငွေ အမျိုးအစားတွေ
တချို့ နည်းဗျူဟာတွေကို အခမဲ့ ကူးယူနိုင်ပေမဲ့ တချို့ကတော့ စွမ်းဆောင်ရည်၊ စီမံခန့်ခွဲမှုနဲ့ အရောင်းအဝယ် ပမာဏတွေအပေါ် မူတည်ပြီး အခကြေးငွေ ကောက်ခံပါတယ်။ အခကြေးငွေ တစ်မျိုးစီ အလုပ်လုပ်ပုံကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ် :
- စွမ်းဆောင်ရည် အခကြေးငွေ (အများဆုံး 30%) : High-Water Mark (HWM) ပုံစံကို အသုံးပြုပြီး တွက်ချက်ထားတဲ့ အသားတင်အမြတ်ရဲ့ ရာခိုင်နှုန်းတစ်ခု ဖြစ်ပါတယ်။ သင့်အကောင့်က အမြင့်ဆုံး အမြတ်ငွေ စံချိန်သစ်ကို ရောက်ရှိတဲ့အခါမှသာ ဒီအခကြေးငွေကို ပေးဆောင်ရပါတယ်။ ဥပမာ : သင့်အကောင့်က EUR 10,000 ကနေ EUR 12,000 အထိ တိုးလာရင် အမြတ်ငွေ EUR 2,000 အပေါ်မှာ အခကြေးငွေ ကျသင့်ပါတယ်။ နောက်ပိုင်းမှာ အကောင့်တန်ဖိုး ပြန်ကျသွားရင် EUR 12,000 ထက် မကျော်မချင်း နောက်ထပ် အခကြေးငွေ ထပ်မံကောက်ခံမှာ မဟုတ်ပါဘူး။
- စီမံခန့်ခွဲမှု အခကြေးငွေ (အများဆုံး 10%) : သင့်အကောင့် Equity ရဲ့ နေ့စဉ် ရာခိုင်နှုန်းတစ်ခု ဖြစ်ပါတယ်။ ဒီအခကြေးငွေဟာ နေ့စဉ် စုပေါင်းတိုးပွားသွားပြီး သင့်ရဲ့ ငွေကြေးလုပ်ဆောင်ချက် မှတ်တမ်းထဲမှာ ပေါ်လာပါတယ်။
- အရောင်းအဝယ်ပမာဏ အခကြေးငွေ (တစ်သန်းအတွက် အများဆုံး $10) : ကူးယူထားတဲ့ အရောင်းအဝယ်ပမာဏ တစ်သန်းစီအတွက် ကောက်ခံတဲ့ အခကြေးငွေဖြစ်ပြီး အရောင်းအဝယ် အဖွင့်နဲ့ အပိတ် နှစ်ခုစလုံးမှာ ကျသင့်ပါတယ်။ ဒါကို ငွေကြေးလုပ်ဆောင်ချက် မှတ်တမ်းထဲမှာ ခြေရာခံကြည့်ရှုနိုင်ပါတယ်။
ဥပမာ : လက်တွေ့ အခကြေးငွေ တွက်ချက်ပုံ
အောက်ပါအတိုင်း အခကြေးငွေ ကောက်ခံတဲ့ နည်းဗျူဟာတစ်ခုကို ကူးယူဖို့ သင်က $1,000 သတ်မှတ်သုံးစွဲတယ်လို့ ဆိုကြပါစို့ :
| အခကြေးငွေ အမျိုးအစား | နည်းဗျူဟာ အခကြေးငွေ | တွက်ချက်မှု ဥပမာ |
|---|---|---|
| စွမ်းဆောင်ရည် | 10% | သင် အမြတ်ငွေ $700 ရရှိရင် အခကြေးငွေက $70 ဖြစ်ပါတယ် |
| စီမံခန့်ခွဲမှု | တစ်နှစ်ကို 5% | တစ်နှစ်ကို $50 ဒါမှမဟုတ် တစ်ရက်ကို $0.14 |
| အရောင်းအဝယ်ပမာဏ | တစ်သန်းကို $5 | EUR/USD 1 Lot အတွက် အခကြေးငွေဟာ အရောင်းအဝယ်ပမာဏအပေါ် မူတည်ပါတယ် |
အခကြေးငွေ အသေးစိတ်ကို ဘယ်မှာရှာရမလဲ
- နည်းဗျူဟာတစ်ခုကို မကူးယူခင် Start Copying ကို နှိပ်ပြီး အခကြေးငွေ အားလုံးကို ကြည့်ရှုနိုင်ပါတယ်။
- ကူးယူပြီးတဲ့နောက်မှာ စွမ်းဆောင်ရည်နဲ့ စီမံခန့်ခွဲမှု အခကြေးငွေတွေအတွက် “Transactions” တက်ဘ်မှာ စစ်ဆေးပါ။
- “History” တက်ဘ်က အရောင်းအဝယ်ပမာဏ အခကြေးငွေတွေကို မှတ်တမ်းတင်ထားပေးပြီး “Positions” တက်ဘ်ကတော့ စာရင်းမပိတ်ရသေးတဲ့ အရောင်းအဝယ်ပမာဏ အခကြေးငွေတွေကို ပြသပေးပါတယ်။


နည်းဗျူဟာ ပံ့ပိုးသူတွေအတွက်
နည်းဗျူဟာ ပံ့ပိုးသူတစ်ဦးအနေနဲ့ သင်ဟာ ခွင့်ပြုထားတဲ့ ကန့်သတ်ချက်တွေအတွင်း သင့်ရဲ့ အခကြေးငွေ ပုံစံကို ထိန်းချုပ်နိုင်ပါတယ်။ သင့်ရဲ့ နည်းဗျူဟာကို လက်ရှိ ကူးယူနေတဲ့ ထရိတ်ဒါ တစ်ဦးမှ မရှိတဲ့အခါမှသာ ပြောင်းလဲမှုတွေ ပြုလုပ်နိုင်ပါတယ်။ ကော်ပီထရိတ်ဒါတွေဆီကနေ ကောက်ခံရရှိတဲ့ အခကြေးငွေတွေကို သင့်အကောင့်ထဲ ထည့်သွင်းပေးပြီး သင့်အကောင့်ရဲ့ ငွေကြေးအမျိုးအစားအဖြစ် ပြောင်းလဲပေးပါတယ်။
အခကြေးငွေ ပေးချေငွေတွေ :
- လစဉ် အခကြေးငွေ။ ထရိတ်ဒါတွေဆီကနေ လစဉ် 1 ရက်နေ့မှာ ကောက်ခံပြီး ပံ့ပိုးသူတွေက ပေးချေငွေတွေကို ချက်ချင်း လက်ခံရရှိပါတယ်။
- အခကြေးငွေ ဖြတ်တောက်မယ့် အခြေအနေတွေ။ နည်းဗျူဟာတစ်ခု ရပ်နားသွားရင်၊ ထရိတ်ဒါတစ်ဦးက ကူးယူမှုကို ရပ်လိုက်ရင် ဒါမှမဟုတ် ထရိတ်ဒါတစ်ဦးက ရန်ပုံငွေ ထုတ်ယူရင် အခကြေးငွေတွေကို နှုတ်ယူနိုင်ပါတယ်။
ဒီနေ့ပဲ စတင်လိုက်ပါ
cTrader Copy ရဲ့ အခကြေးငွေ ပုံစံကို နားလည်ထားတာက ပိုပြီးထက်မြက်တဲ့ အရောင်းအဝယ် ဆုံးဖြတ်ချက်တွေ ချမှတ်နိုင်ဖို့ သေချာစေပါတယ်။ သင်ဟာ နည်းဗျူဟာတွေကို ကူးယူနေတာဖြစ်ဖြစ်၊ ပံ့ပိုးပေးနေတာဖြစ်ဖြစ် အခကြေးငွေ ပွင့်လင်းမြင်သာမှုရှိတာက အကျိုးအမြတ် အများဆုံးရရှိအောင် ကူညီပေးပါတယ်။ ဆုံးရှုံးနိုင်ခြေ မရှိဘဲ လေ့ကျင့်ကြည့်ချင်ပါသလား။
ဒီနေ့ပဲ အခမဲ့ ဒီမိုအကောင့် တစ်ခုဖွင့်ပြီး cTrader Copy ကို စူးစမ်းလေ့လာလိုက်ပါ။
Quiz
နည်းဗျူဟာပံ့ပိုးသူတစ်ဦး ကောက်ခံနိုင်တဲ့ အများဆုံး စွမ်းဆောင်ရည်ကြေးက ဘယ်လောက်ပါလဲ။


