
သင်က Forex အရောင်းအဝယ်ကို စတင်လုပ်ကိုင်နေသူဆိုရင် ဘယ်အချိန်မှာ အရောင်းအဝယ်လုပ်ရမလဲဆိုတာကို သိထားဖို့က ဘာကို အရောင်းအဝယ်လုပ်ရမလဲ ဆိုတာကို သိထားဖို့လောက်ပဲ အရေးကြီးပါတယ်။ တိကျတဲ့အချိန်ဇယားအတိုင်း လည်ပတ်တဲ့ စတော့ဈေးကွက်နဲ့မတူဘဲ Forex က တနင်္လာနေ့ကနေ သောကြာနေ့အထိ တစ်နေ့ကို 24 နာရီ လည်ပတ်ပါတယ်။ ဒါပေမဲ့ အချိန်တိုင်းကတော့ တူညီမနေပါဘူး။ တချို့အချိန်တွေက တခြားအချိန်တွေထက် အခွင့်အလမ်း ပိုပေးနိုင်ပါတယ်။
ဈေးကွက်ကို ဘဏ္ဍာရေးဗဟိုချက်တစ်ခုကနေ နောက်တစ်ခုဆီ စီးဆင်းနေတဲ့ ကမ္ဘာလုံးဆိုင်ရာ လက်ဆင့်ကမ်းပြေးပွဲတစ်ခုလို မြင်ကြည့်ပါ။ ကမ္ဘာကြီး လည်ပတ်နေတာနဲ့အမျှ အရောင်းအဝယ်လက်ဆင့်ကမ်းတုတ်တံကို အဓိကဘဏ္ဍာရေးဗဟိုချက်တစ်ခုကနေ နောက်တစ်ခုဆီ လွှဲပြောင်းပေးသွားပါတယ်။ ဆစ်ဒနီကနေ စတင်ပြီး တိုကျိုဆီ ရွေ့လျားသွားသလို၊ အဲဒီနောက် လန်ဒန်ဘက်ကို ဦးတည်ပြီး နောက်ဆုံးမှာတော့ နယူးယောက်ဆီ ရောက်ရှိသွားပါတယ်။ Session တစ်ခုချင်းစီက မတူကွဲပြားတဲ့ ဈေးကွက်လှုပ်ရှားမှုပုံစံတွေကို ယူဆောင်လာပေးပါတယ်။
အဓိက Forex အရောင်းအဝယ် Session 4 ခု :
ဆစ်ဒနီ Session (9 pm–6 am (GMT))
ဒီအချိန်ကတော့ လှုပ်ရှားမှုတွေ စတင်တဲ့အချိန်ဖြစ်ပါတယ်။ ဩစတြေးလျဒေါ်လာနဲ့ နယူးဇီလန်ဒေါ်လာတွေက အဓိကနေရာယူထားပါတယ်။ မုန်တိုင်းမလာခင် ငြိမ်သက်နေသလိုမျိုး ဒီ Session က ပုံမှန်အားဖြင့် ပိုပြီး ငြိမ်သက်လေ့ရှိပါတယ်။
တိုကျို Session (12 am–9 am (GMT))
အာရှဈေးကွက်တွေ နိုးထလာပြီး ဂျပန်ယန်းငွေက အဓိကနေရာကို ရောက်လာပါတယ်။ ဒီ Session က အသင့်အတင့်နှုန်းနဲ့ ရွေ့လျားတာကြောင့် ပိုပြီးပြင်းထန်တဲ့ လန်ဒန်နဲ့ နယူးယောက် Session တွေ မစတင်ခင်မှာ အရောင်းအဝယ်သမားတွေအနေနဲ့ ဈေးကွက်လားရာတွေကို ဖော်ထုတ်နိုင်စေပါတယ်။
လန်ဒန် Session (7 am–4 pm (GMT))
လန်ဒန် Session က ယူရိုနဲ့ ဗြိတိန်ပေါင်တွေရဲ့ အားကောင်းတဲ့ ရွေ့လျားမှုတွေနဲ့အတူ လှုပ်ရှားမှုအရှိန်အဟုန်ကို ယူဆောင်လာပါတယ်။ ဒီအချိန်က Forex အရောင်းအဝယ် အတွက် အကောင်းဆုံးအချိန်ဖြစ်ပါတယ် : ဈေးနှုန်းအတက်အကျ မြင့်မားမှု၊ အခွင့်အလမ်းကြီးတွေနဲ့ လှုပ်ရှားမှုတွေ အများကြီးရှိနေပါတယ်။
နယူးယောက် Session (12 pm–9 pm (GMT))
အမေရိကန်ဒေါ်လာက အဓိကနေရာယူလာပြီး အထူးသဖြင့် လန်ဒန် Session နဲ့ အချိန်ထပ်သွားတဲ့အခါ ဈေးကွက်က ပိုပြီးတော့တောင် ပြင်းထန်လာပါတယ်။ ဒီ Session က မြင့်မားတဲ့ ဈေးနှုန်းအတက်အကျနဲ့ အရောင်းအဝယ်ပမာဏကို ပေးစွမ်းပါတယ်။
အချိန်ထပ်နေတဲ့ Session တွေရဲ့ ထူးခြားချက်
Session နှစ်ခု အချိန်ထပ်သွားတဲ့အခါ အရောင်းအဝယ်ပမာဏနဲ့ ဈေးနှုန်းအတက်အကျ တဟုန်ထိုး မြင့်တက်လာပြီး အကောင်းဆုံး အရောင်းအဝယ် အခွင့်အလမ်း တချို့ ပေါ်ပေါက်လာတတ်ပါတယ်။ အဲဒီကာလတွေမှာ မြင့်မားတဲ့ ဈေးနှုန်းအတက်အကျနဲ့ ငွေဖြစ်လွယ်မှုတွေ ဖြစ်ပေါ်လာလေ့ရှိတဲ့ အချိန်ပိုင်းတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။
- လန်ဒန်နဲ့ နယူးယောက် Session အချိန်ထပ်မှု (12 pm–4 pm (GMT)) :
အထူးသဖြင့် GBP/USD လို ငွေကြေးအတွဲတွေအတွက် အလုပ်အများဆုံးနဲ့ အရောင်းအဝယ်အဖြစ်ဆုံး Session ဖြစ်ပါတယ်။ ဈေးကွက်ထဲက အဓိကပါဝင်သူကြီးတွေ လှုပ်ရှားနေကြပြီး ဈေးနှုန်းရွေ့လျားမှုတွေက အရှိန်အဟုန်ပြင်းထန်နိုင်ပါတယ်။
- တိုကျိုနဲ့ လန်ဒန် Session အချိန်ထပ်မှု (7 am–9 am (GMT)) :
လန်ဒန်/နယူးယောက် အချိန်ထပ်မှုထက် ဈေးနှုန်းအတက်အကျ ပိုနည်းပေမဲ့ သင့်တင့်ကောင်းမွန်တဲ့ အရောင်းအဝယ် အခွင့်အလမ်းတွေကို ပေးစွမ်းနေဆဲဖြစ်ပါတယ်။
အကြံပြုချက် : ဒီ Session တွေက GMT စံတော်ချိန်အတိုင်း ဖြစ်တာကြောင့် သင့်ရဲ့ ဒေသစံတော်ချိန်နဲ့ ကိုက်ညီအောင် ချိန်ညှိပါ။ ဈေးကွက်အချိန်နဲ့ ချိတ်ဆက်ညှိနှိုင်းနိုင်အောင် ကူညီပေးမယ့် အွန်လိုင်းကိရိယာတွေ အများကြီးရှိပါတယ်။
အရောင်းအဝယ်ချိန်တွေက ဘာကြောင့် ကွာခြားမှုကို ဖြစ်စေတာလဲ
- အရောင်းအဝယ်လုပ်ဖို့ အကောင်းဆုံးအချိန်တွေကို ရှာဖွေပါ : ဈေးနှုန်းအတက်အကျ မြင့်မားတာကို ရှာဖွေနေပါသလား။ လန်ဒန် ဒါမှမဟုတ် နယူးယောက် Session တွေအတွင်း အရောင်းအဝယ်လုပ်ပါ။ ပိုပြီး တည်ငြိမ်တဲ့နှုန်းကို ပိုနှစ်သက်ပါသလား။ ဆစ်ဒနီ ဒါမှမဟုတ် တိုကျို Session ကို စမ်းကြည့်ပါ။
- ဈေးကွက်အပြုအမူကို နားလည်အောင်လုပ်ပါ : မတူညီတဲ့ Session တွေမှာ မတူညီတဲ့ လက္ခဏာရပ်တွေ ရှိကြပါတယ်။ တိုကျို Session က ပိုပြီး ခန့်မှန်းရလွယ်လေ့ရှိပေမဲ့ နယူးယောက် Session ကတော့ ဈေးနှုန်းအတက်အကျ ပိုများပြီး အပြောင်းအလဲ မြန်ဆန်နိုင်ပါတယ်။
- သင့်ရဲ့ မဟာဗျူဟာတွေကို စီစဉ်ပါ : Scalping က တိုကျို Session မှာ အကောင်းဆုံး အလုပ်ဖြစ်နိုင်ပြီး ဈေးကွက်လားရာအတိုင်း လိုက်ပါတဲ့ မဟာဗျူဟာတွေကတော့ လန်ဒန် Session အတွင်းမှာ အစွမ်းပြနိုင်ပါတယ်။
အခုဆိုရင် Forex ဈေးကွက်ရဲ့ စည်းချက်ကို သင်သိပြီဖြစ်လို့ အကောင်းဆုံး အခွင့်အလမ်းတွေအတွက် သင့်ရဲ့ အရောင်းအဝယ် Session တွေကို စီစဉ်နိုင်ပြီဖြစ်ပါတယ်။ ဒါပေမဲ့ ဘယ်အချိန်မှာ အရောင်းအဝယ်လုပ်မလဲဆိုတာတစ်ခုတည်းပေါ်မှာပဲ မူတည်တာမဟုတ်ကြောင်း သတိရပါ။
အောင်မြင်မှုဆိုတာ အချိန်ကိုက်ဖြစ်မှု တစ်ခုတည်းကြောင့် မဟုတ်ပါဘူး။ သင့်ရဲ့ အစီအစဉ်ကို စည်းကမ်းတကျ အကောင်အထည်ဖော်မှုပေါ်မှာလည်း မူတည်ပါတယ်။ သင့်ပုံစံနဲ့ ကိုက်ညီတဲ့ Session တွေကို ရွေးချယ်ပါ၊ သင့်ရဲ့ ဆုံးရှုံးနိုင်ခြေကို စီမံခန့်ခွဲပါ၊ ပြီးတော့ အစီအစဉ်တစ်ခုနဲ့ အမြဲတမ်း အရောင်းအဝယ်လုပ်ပါ။
သင့်ရဲ့ အရောင်းအဝယ်စွမ်းရည်တွေကို မြှင့်တင်ဖို့ ဒီနေ့ပဲ Deriv Academy မှာ အကောင့်ဝင်လိုက်ပါ။
Quiz
ဘယ် Forex ဈေးကွက်အချိန်ပိုင်းက အလုပ်အများဆုံးနဲ့ အရောင်းအဝယ် အများဆုံးဖြစ်ပါသလဲ။

