အဓိကအကြောင်းအရာသို့ ကျော်သွားရန်

Forex Swap တွေကို နားလည်သဘောပေါက်ခြင်း : အိပ်နေရင်း ဝင်ငွေရှာနိုင်သလား

5
မိနစ် ဖတ်ရှုချိန်
အရောင်းအဝယ်လုပ်ရာမှာ အချိန်အလိုက် တွက်ချက်တဲ့ Forex Swap သဘောတရားကို ကိုယ်စားပြုထားတဲ့ အနီရောင်နဲ့ အပြာရောင်အပိုင်းတွေ ခွဲခြားထားတဲ့ 24 နာရီ စက်ဝိုင်းပုံ နာရီဒိုင်ခွက်။

သင်က Forex အရောင်းအဝယ်ရဲ့ အခြေခံတွေကို ကျွမ်းကျင်နေပြီဆိုပေမဲ့ မေးစရာတစ်ခုရှိပါတယ် : အရောင်းအဝယ်တစ်ခုကို မပိတ်ဘဲ ညအိပ်ထားလိုက်တဲ့အခါ ဘာဆက်ဖြစ်မလဲ။ Forex ဈေးကွက်ကတော့ သင် အရောင်းအဝယ်မလုပ်တဲ့အချိန်မှာတောင် 24 နာရီပတ်လုံး လည်ပတ်နေပါတယ်။

ဒီနေရာမှာ Swap တွေက အရေးပါလာပါတယ်။

‍

Swap ဆိုတာ ဘာလဲ

Swap တွေကို Forex လောကရဲ့ အတိုးပေးချေမှုပုံစံတစ်ခုအဖြစ် မြင်ကြည့်နိုင်ပါတယ်။ သင် ငွေကြေးအတွဲတွေကို အရောင်းအဝယ်လုပ်တဲ့အခါ အခြေခံအားဖြင့် ငွေကြေးတစ်ခုကို ဝယ်ဖို့ နောက်ငွေကြေးတစ်ခုကို ချေးယူနေတာဖြစ်ပါတယ်။ တခြားချေးငွေတွေလိုပဲ ဒီမှာလည်း အတိုးပါဝင်ပါတယ်။ သင့်ရဲ့ အရောင်းအဝယ်ပေါ် မူတည်ပြီး Swap တွေက ညတွင်းချင်းမှာ သင့်အမြတ်ငွေကို တိုးပွားစေနိုင်သလို လျော့နည်းသွားအောင်လည်း လုပ်နိုင်ပါတယ်။

‍

Swap ရရှိခြင်းနဲ့ ပေးဆောင်ရခြင်း

သင် အတိုး (Swap) ရရှိမလား ဒါမှမဟုတ် ပေးဆောင်ရမလားဆိုတာက အဓိကအချက်တချို့ပေါ်မှာ မူတည်ပါတယ် :

  • အတိုးနှုန်းတွေ : ငွေကြေးတစ်ခုချင်းစီမှာ သက်ဆိုင်ရာနိုင်ငံရဲ့ ဗဟိုဘဏ်က သတ်မှတ်ထားတဲ့ အတိုးနှုန်းရှိပါတယ်။ ကွာဟချက်ကြီးလေ၊ Swap ပေါ်မှာ သက်ရောက်မှု ပိုများလေဖြစ်ပါတယ်။
    ‍
  • သင့်ရဲ့ Position : သင် ရောင်းချလိုက်တဲ့ ငွေကြေးထက် အတိုးနှုန်းပိုမြင့်တဲ့ ငွေကြေးကို ဝယ်ယူထားမယ်ဆိုရင် သင် အတိုးရရှိနိုင်ပါတယ်။ ဒါပေမဲ့ အတိုးနှုန်းကွာဟချက်ရဲ့ ဆန့်ကျင်ဘက်မှာ ရှိနေမယ်ဆိုရင်တော့ အတိုးပြန်ပေးဆောင်ရနိုင်ပါတယ်။
    ‍

ဥပမာ : EUR/USD မှာ Swap ဘယ်လိုအလုပ်လုပ်သလဲ

သင်က ယူရို (EUR) နဲ့ အမေရိကန်ဒေါ်လာ (USD) ကို အရောင်းအဝယ်လုပ်နေတယ်လို့ မြင်ယောင်ကြည့်ပါ :

  • အခြေအနေ 1 : ယူရိုရဲ့ အတိုးနှုန်းက ပိုမြင့်နေတဲ့အခါ
    • EUR/USD ကို အဝယ် (Buy) လုပ်ခြင်း : သင်က USD (အတိုးနှုန်းနိမ့်) ကို ချေးယူပြီး EUR (အတိုးနှုန်းမြင့်) ကို ဝယ်ယူနေတာဖြစ်ပါတယ်။ ဒါကြောင့် ညတွင်းချင်း အတိုးရရှိနိုင်ပါတယ်။
    • EUR/USD ကို အရောင်း (Sell) လုပ်ခြင်း : သင်က EUR (အတိုးနှုန်းမြင့်) ကို ချေးယူပြီး USD (အတိုးနှုန်းနိမ့်) ကို ကိုင်ထားတာဖြစ်ပါတယ်။ ဒါကြောင့် အတိုးပေးဆောင်ရဖို့ များပါတယ်။

‍

  • အခြေအနေ 2 : အမေရိကန်ဒေါ်လာရဲ့ အတိုးနှုန်းက ပိုမြင့်နေတဲ့အခါ
    • EUR/USD ကို အဝယ် (Buy) လုပ်ခြင်း : သင်က အတိုးနှုန်းမြင့်တဲ့ USD ကို ချေးယူပြီး အတိုးနှုန်းနိမ့်တဲ့ EUR ကို ဝယ်ယူနေတာဖြစ်ပါတယ်။ ဒါကြောင့် အတိုးပေးဆောင်ရဖို့ များပါတယ်။
    • EUR/USD ကို အရောင်း (Sell) လုပ်ခြင်း : သင်က ယူရိုငွေ (အတိုးနှုန်းနိမ့်) ကို ချေးယူပြီး ဒေါ်လာငွေ (အတိုးနှုန်းမြင့်) ကို ကိုင်ထားတာဖြစ်ပါတယ်။ ဒါကြောင့် ညတွင်းချင်း အတိုးရရှိနိုင်ပါတယ်။

      ‍

Swap ခတွေက ဘယ်လောက်ကျသင့်သလဲ

အရောင်းအဝယ်တစ်ခုချင်းစီအတွက် Swap ခတွေ ဒါမှမဟုတ် ရရှိငွေတွေက အရမ်းမများပေမဲ့ အချိန်ကြာလာတာနဲ့အမျှ စုပေါင်းပမာဏ များလာနိုင်ပါတယ်။ အတိအကျပမာဏကတော့ အောက်ပါအချက်တွေပေါ် မူတည်ပါတယ် :

  • ငွေကြေးနှစ်ခုကြားက အတိုးနှုန်းကွာဟချက်။
    ‍
  • သင့်အရောင်းအဝယ်ရဲ့ ပမာဏ (အရောင်းအဝယ်ပမာဏ ကြီးလေ၊ Swap ပမာဏ များလေဖြစ်ပါတယ်)။

သင့်ရဲ့ Position ကို ဘယ်လောက်ကြာကြာ ကိုင်ထားသလဲဆိုတဲ့အချက် (ကြာကြာကိုင်ထားလေ၊ Swap ရဲ့ သက်ရောက်မှု ပိုများလေဖြစ်ပါတယ်)။
‍

ထက်မြက်တဲ့ Swap နည်းဗျူဟာတွေ

Swap တွေကို သင့်အတွက် အကျိုးယုတ်စေမယ့်အစား အကျိုးရှိအောင် အသုံးချချင်ပါသလား။ နည်းလမ်းကတော့ ဒီမှာပါ :

  • သင့်ရဲ့ ငွေကြေးအတွဲတွေကို သေချာရွေးချယ်ပါ။ အတိုးနှုန်းကွာဟချက်က သင့်ဘက်မှာ အသာစီးရစေမယ့် အတွဲတွေကို ဦးစားပေးရွေးချယ်ပါ။
    ‍
  • ဗဟိုဘဏ် မူဝါဒတွေကို အမြဲမပြတ် လေ့လာနေပါ။ အတိုးနှုန်းတွေက ပြောင်းလဲတတ်တာကြောင့် Swap တွေအပေါ် သက်ရောက်နိုင်မယ့် သတင်းတွေကို စောင့်ကြည့်ပါ။
    ‍
  • Carry trade နည်းဗျူဟာကို ထည့်သွင်းစဉ်းစားပါ။ တချို့ကုန်သည်တွေက အချိန်ကြာလာတာနဲ့အမျှ Swap တွေကနေ အမြတ်ရဖို့အတွက် သီးသန့်အရောင်းအဝယ်တွေကို ရွေးချယ်လုပ်ဆောင်ကြပါတယ်။

Swap တွေက Forex အရောင်းအဝယ်ရဲ့ ပုံမှန်အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။ ဒါပေမဲ့ သူတို့အကြောင်းကို သေချာနားလည်ထားမယ်ဆိုရင် သင့်အတွက် အကျိုးရှိအောင် အသုံးချနိုင်ပါတယ်။ မှန်ကန်တဲ့ နည်းဗျူဟာရှိမယ်ဆိုရင် Swap တွေက ညတွင်းချင်း အကျိုးအမြတ်တွေ ရရှိအောင် ကူညီပေးနိုင်ပါတယ်။

ပိုမိုလေ့လာချင်ပါသလား။ အသေးစိတ် Forex သင်ခန်းစာတွေအတွက် Deriv Academy ကို သွားရောက်လေ့လာပါ၊ ဒါမှမဟုတ် အပြင်မှာ တကယ်အရောင်းအဝယ်မလုပ်ခင် သင့်ရဲ့ နည်းဗျူဟာတွေကို Demo အကောင့်မှာ အရင်စမ်းသပ်ကြည့်ပါ။

Quiz

ဘယ်အခြေအနေမှာ သင့်အနေနဲ့ ညအိပ်အတိုး ရရှိနိုင်ပါသလဲ။

အမေးများသော မေးခွန်းများ

Analyse markets with AI-powered insights

Explore TradersView
WhatsApp