အဓိကအကြောင်းအရာသို့ ကျော်သွားရန်

တစ်သမတ်တည်းရှိခြင်းက အဓိကပါ : ယုံကြည်စိတ်ချရတဲ့ ရလဒ်တွေရရှိဖို့ အရောင်းအဝယ်အစီအစဉ်တစ်ခု ရေးဆွဲပါ

5
မိနစ် ဖတ်ရှုချိန်
အရောင်းအဝယ် တစ်သမတ်တည်းရှိမှုကို ကိုယ်စားပြုတဲ့အနေနဲ့ ရည်မှန်းချက်တွေ၊ နည်းဗျူဟာနဲ့ ဆုံးရှုံးနိုင်ခြေ စီမံခန့်ခွဲမှု ကဏ္ဍတွေ ပါဝင်တဲ့ “My Trading Plan” ခေါင်းစဉ်တပ် ဒစ်ဂျစ်တယ်မှတ်စုဘုတ်။

အစီအစဉ်မရှိဘဲ အရောင်းအဝယ်လုပ်တာဟာ GPS မပါဘဲ ခရီးဝေးထွက်ရသလိုပါပဲ။ တစ်နေရာရာကိုတော့ ရောက်သွားနိုင်ပေမဲ့ လမ်းမှားတာတွေ (နည်းနည်းပါးပါး ပျာယာခတ်ရတာတွေလည်း) ကြုံရမှာ အသေအချာပါပဲ။ ခိုင်မာတဲ့ အရောင်းအဝယ်အစီအစဉ်တစ်ခုရှိထားရင် လမ်းကြောင်းမှန်ပေါ်မှာ ဆက်ရှိနေစေပြီး ယုံကြည်မှုရှိရှိ အရောင်းအဝယ်လုပ်နိုင်သလို စိတ်ခံစားချက်အလိုက် ရုတ်တရက် ဆုံးဖြတ်ချက်ချမိတာတွေကိုလည်း ရှောင်ရှားနိုင်စေပါတယ်။

‍

အရောင်းအဝယ်အစီအစဉ်ဆိုတာ ဘာလဲ၊ သင့်အတွက် ဘာကြောင့် လိုအပ်တာလဲ

အရောင်းအဝယ်အစီအစဉ်တစ်ခုကို ဈေးကွက်တွေအတွက် သင့်ရဲ့ ကိုယ်ပိုင်မဟာဗျူဟာလမ်းညွှန်အဖြစ် သဘောထားကြည့်ပါ။ အဲဒီအစီအစဉ်ထဲမှာ သင် ဘာကို အရောင်းအဝယ်လုပ်မလဲ၊ ဘယ်လို အရောင်းအဝယ်လုပ်မလဲဆိုတာနဲ့ အရေးကြီးဆုံးဖြစ်တဲ့ ဘာကြောင့် အရောင်းအဝယ်လုပ်သလဲဆိုတာတွေကို ချမှတ်ထားပါတယ်။ သင်က အရောင်းအဝယ်လောကကို အခုမှစဝင်သူဖြစ်စေ၊ အဆင့်မြှင့်တင်ချင်သူဖြစ်စေ စနစ်တကျ ချဉ်းကပ်မှုရှိထားခြင်းက အရာရာကို ရှင်းလင်းပြတ်သားစေပြီး ပိုမိုထက်မြက်တဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်နိုင်အောင် ကူညီပေးပါတယ်။
‍

အဆင့် 1 : သင့်ရည်မှန်းချက်တွေကို ချမှတ်ပါ (ကိုယ့်ကိုယ်ကိုယ် ရိုးသားပါ)

စတင်မလုပ်ဆောင်ခင် ကိုယ့်ကိုယ်ကိုယ် အရင်မေးကြည့်ပါ : ငါ ဘာကို ရရှိချင်တာလဲ။ လစဉ် ပုံမှန်ဝင်ငွေ ရချင်တာလား၊ အချိန်နဲ့အမျှ အရင်းအနှီး တိုးပွားလာစေချင်တာလား၊ ဒါမှမဟုတ် ဆုံးရှုံးနိုင်ခြေ အများကြီးမယူဘဲ အတွေ့အကြုံနည်းနည်း ရချင်ရုံပဲလား။ သင့်ရဲ့ “ဘာကြောင့်လဲ” ဆိုတဲ့ အကြောင်းရင်းကို သိထားခြင်းက အာရုံစူးစိုက်မှု ရှိစေပြီး သင့်နေထိုင်မှုပုံစံနဲ့ တကယ်ကိုက်ညီတဲ့ အစီအစဉ်တစ်ခု တည်ဆောက်နိုင်အောင် ကူညီပေးပါတယ်။


အဆင့် 2 : သင့်ရဲ့ အရောင်းအဝယ်ပုံစံကို ရွေးချယ်ပါ

သင်က မြန်ဆန်တဲ့ အရောင်းအဝယ်တွေရဲ့ စိတ်လှုပ်ရှားမှုကို နှစ်သက်သူလား၊ ဒါမှမဟုတ် ပိုနှေးပြီး မဟာဗျူဟာကျတဲ့ ချဉ်းကပ်ပုံကို ပိုသဘောကျသလား။ သင့်ရဲ့ အရောင်းအဝယ်ပုံစံက အရေးကြီးပါတယ်။ သင်ဟာ အောက်ပါပုံစံတွေထဲက တစ်မျိုးဖြစ်နိုင်ပါတယ် :

  • တစ်ရက်တည်းမှာ အရောင်းအဝယ်အကြိမ်ရေ အများကြီးလုပ်တဲ့ နေ့ချင်းပြီး အရောင်းအဝယ်သမား (Day trader)။
    ‍
  • အရောင်းအဝယ်တွေကို ရက်ပိုင်း ဒါမှမဟုတ် သီတင်းပတ်ပိုင်းအထိ ကိုင်ထားတတ်တဲ့ ကာလတို အရောင်းအဝယ်သမား (Swing trader)။
    ‍
  • ရေရှည်ကို မျှော်တွေးပြီး ဈေးကွက်အပြောင်းအလဲကြီးတွေကို အခြေခံလုပ်ဆောင်တဲ့ ရေရှည် အရောင်းအဝယ်သမား (Position trader)။ ပုံစံတစ်ခုချင်းစီမှာ မတူညီတဲ့ ဆုံးရှုံးနိုင်ခြေတွေ၊ ပေးရမဲ့အချိန်တွေနဲ့ နည်းဗျူဟာတွေ ရှိတာကြောင့် သင်နဲ့ အကိုက်ညီဆုံးပုံစံကို ရွေးချယ်ပါ။
    ‍
 Toolbar on Deriv MT5 platform showing available chart timeframes from 1 minute (M1) to 1 month (MN), with D1 currently selected.
Deriv MT5 ပလက်ဖောင်းမှာ ရရှိနိုင်တဲ့ အချိန်ပိုင်းခြားတွေ။

အဆင့် 3 : သင့်နည်းဗျူဟာကို စနစ်တကျ ရေးဆွဲပါ

အခု လက်တွေ့နည်းဗျူဟာပိုင်းကို ဆွေးနွေးကြည့်ရအောင်ပါ။ အရောင်းအဝယ်တစ်ခုထဲ ဘယ်အချိန် ဝင်မလဲ၊ ဘယ်အချိန် ပြန်ထွက်မလဲဆိုတာကို သင် ဘယ်လိုဆုံးဖြတ်မလဲ။ ထည့်သွင်းစဉ်းစားသင့်တဲ့ အဓိကအချက်တချို့ကတော့ :

  • နည်းပညာပိုင်းဆိုင်ရာ ဆန်းစစ်ချက် : အရောင်းအဝယ်အချိန်ကိုက် လုပ်ဆောင်နိုင်ဖို့ ဇယားကွက်တွေ၊ အညွှန်းကိန်းတွေနဲ့ ပုံစံတွေ ကို အသုံးပြုခြင်း။
    ‍
  • အခြေခံအချက်အလက်ပိုင်းဆိုင်ရာ ဆန်းစစ်ချက် : စီးပွားရေးသတင်းတွေနဲ့ ဖြစ်ရပ်တွေကို စောင့်ကြည့်လေ့လာခြင်း။
    ‍
  • ဆုံးရှုံးနိုင်ခြေ စီမံခန့်ခွဲမှု : အရောင်းအဝယ်တစ်ခုတည်းမှာ သင့်အကောင့်တစ်ခုလုံး ဆုံးရှုံးမသွားစေဖို့ Stop Loss နဲ့ Take Profit အဆင့်တွေ သတ်မှတ်ထားခြင်း။
    ‍
Technical indicators menu on the Deriv MT5 platform showing options like Bollinger Bands, RSI, and Moving Averages for chart analysis.
Deriv MT5 ပလက်ဖောင်းမှာ ရရှိနိုင်တဲ့ နည်းပညာပိုင်းဆိုင်ရာ အညွှန်းကိန်းတွေ။

‍

ဆုံးရှုံးနိုင်ခြေ စီမံခန့်ခွဲမှု : သင့်ရဲ့ လုံခြုံရေးအကာအကွယ်

လက်တွေ့ကျကျ ပြောကြည့်ရအောင်ပါ။ အရောင်းအဝယ်လုပ်တယ်ဆိုတာ ငွေရှာဖို့သက်သက် မဟုတ်ပါဘူး၊ အခြေအနေတွေ ကိုယ်မျှော်မှန်းထားသလို မဖြစ်လာတဲ့အခါ အများကြီး မဆုံးရှုံးအောင် ထိန်းသိမ်းဖို့လည်း ပါဝင်ပါတယ်။ သင့်အရင်းအနှီးကို ကာကွယ်နိုင်မဲ့ နည်းလမ်းတွေကတော့ :

  • Stop Loss နဲ့ Take Profit အော်ဒါတွေ : စိတ်ခံစားချက်အလိုက် ဆုံးဖြတ်မိတာတွေကို ရှောင်ရှားနိုင်ဖို့ ပြန်ထွက်မဲ့အမှတ်တွေကို ကြိုတင်သတ်မှတ်ထားပါ။
    ‍
  • ဆုံးရှုံးနိုင်ခြေနဲ့ အကျိုးအမြတ် အချိုးအစား : ရရှိနိုင်မဲ့ အမြတ်အစွန်းနဲ့ လက်ခံနိုင်လောက်တဲ့ ဆုံးရှုံးနိုင်ခြေတို့ကို ချိန်ညှိပါ။
    ‍
  • အရောင်းအဝယ်ပမာဏ သတ်မှတ်ခြင်း : ချင့်ချိန်ပြီး အရောင်းအဝယ်လုပ်ပါ။ အရောင်းအဝယ်တစ်ခုတည်းမှာ သင့်အရင်းအနှီးကို အလွန်အကျွံ မစွန့်စားမိပါစေနဲ့။
    ‍
  • ဈေးနှုန်းအတက်အကျ အညွှန်းကိန်းတွေ : ပျမ်းမျှ အမှန်တကယ် အတက်အကျအပိုင်းအခြား (ATR) လိုမျိုး ကိရိယာတွေက သင့်နည်းဗျူဟာကို ဈေးကွက်အခြေအနေတွေနဲ့အညီ ပြောင်းလဲချိန်ညှိနိုင်အောင် ကူညီပေးပါတယ်။


ကျွမ်းကျင်သူတစ်ယောက်လို သင့်အရောင်းအဝယ်တွေကို မှတ်တမ်းတင်ထားပါ

အရောင်းအဝယ်လုပ်ရာမှာ ပိုတော်လာချင်ပါသလား။ အရောင်းအဝယ်မှတ်တမ်းတစ်ခု ထားရှိပါ။ သင် ဘာကို အရောင်းအဝယ်လုပ်ခဲ့သလဲ၊ ဘာကြောင့် ဝင်ခဲ့သလဲဆိုတာနဲ့ အဲဒီအရောင်းအဝယ်ရဲ့ ရလဒ် ဘယ်လိုရှိခဲ့သလဲဆိုတာတွေကို မှတ်တမ်းတင်ထားပါ။ အချိန်ကြာလာတာနဲ့အမျှ ဘယ်အရာက အလုပ်ဖြစ်သလဲ (ဘယ်အရာက အလုပ်မဖြစ်ဘူးလဲ) ဆိုတဲ့ ပုံစံတွေကို သင် မြင်တွေ့လာရပါလိမ့်မယ်။ မှတ်တမ်းတင်ရမဲ့ အချက်တွေကတော့ :

  • အဝင်နဲ့ အထွက် ဈေးနှုန်းတွေ
    ‍
  • အဲဒီအရောင်းအဝယ်ကို ဘာကြောင့် လုပ်ခဲ့သလဲဆိုတဲ့ အကြောင်းရင်း
    ‍
  • အမြတ်တွေ၊ အရှုံးတွေနဲ့ ရရှိခဲ့တဲ့ သင်ခန်းစာတွေ
    ‍
  • ဈေးကွက်အခြေအနေတွေ

‍

စဉ်ဆက်မပြတ် လေ့လာပြီး လိုက်လျောညီထွေ ပြောင်းလဲပါ

သင့်ရဲ့ အရောင်းအဝယ်အစီအစဉ်ဟာ “တစ်ခါချမှတ်ပြီးရင် ပစ်ထားလို့ရတဲ့” အရာမျိုး မဟုတ်ပါဘူး။ အမြဲတမ်း မွမ်းမံနေရမဲ့ လုပ်ငန်းစဉ်တစ်ခု ဖြစ်ပါတယ်။ သင့်အရောင်းအဝယ်တွေကို ပြန်လည်သုံးသပ်ပါ၊ သင့်နည်းဗျူဟာကို ချိန်ညှိပါ၊ ပြီးတော့ အရေးကြီးဆုံးအနေနဲ့ တကယ့်အရောင်းအဝယ် မစတင်ခင် အခမဲ့ အစမ်းသုံးအကောင့် နဲ့ လေ့ကျင့်ပါ။ သင့်အစီအစဉ်ကို ပိုမိုကောင်းမွန်အောင် မွမ်းမံလေလေ၊ သင့်အရောင်းအဝယ်တွေမှာ ပိုပြီး ယုံကြည်မှုရှိလာလေလေ ဖြစ်ပါလိမ့်မယ်။

‍

Quiz

ဒီအချက်တွေထဲက ဘယ်အချက်က အရောင်းအဝယ်အစီအစဉ်တစ်ခုရဲ့ အဓိကအစိတ်အပိုင်း မဟုတ်ပါသလဲ။

အမေးများသော မေးခွန်းများ

Analyse markets with AI-powered insights

Explore TradersView
WhatsApp