အဓိကအကြောင်းအရာသို့ ကျော်သွားရန်

သင့်ရဲ့ Deriv MT5 ဝင်ပေါက် : Market Watch - သင့်ကိုယ်ပိုင် အရောင်းအဝယ် ဒက်ရှ်ဘုတ်

5
မိနစ် ဖတ်ရှုချိန်
CFD ဆန်းစစ်လေ့လာမှုနဲ့ အရောင်းအဝယ် ဆုံးဖြတ်ချက်တွေအတွက် အဓိက ကိရိယာတွေဖြစ်တဲ့ Market Watch၊ ဇယားတွေနဲ့ အညွှန်းကိန်းတွေကို ဖော်ပြထားတဲ့ Deriv MT5 အရောင်းအဝယ် ဒက်ရှ်ဘုတ်။

Deriv MT5 ပေါ်က သင့်ကိုယ်ပိုင် အရောင်းအဝယ်ဗဟိုချက်ဖြစ်တဲ့ Market Watch အကြောင်း ဆွေးနွေးကြည့်ရအောင်ပါ။ ဒါကို ဈေးနှုန်းအပြောင်းအလဲတွေကို ခြေရာခံနိုင်မယ့်၊ Asset တွေကို ဆန်းစစ်လေ့လာနိုင်မယ့်၊ အချိန်နဲ့တစ်ပြေးညီ မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်နိုင်မယ့် သင့်ရဲ့ ဒက်ရှ်ဘုတ်တစ်ခုအဖြစ် သဘောထားကြည့်ပါ။

ဒီနေရာမှာ လုပ်ဆောင်ချက်အစုံအလင်ပါဝင်တဲ့ Deriv MT5 ဒက်စ်တော့ပလက်ဖောင်းကို အဓိကထား ဖော်ပြသွားမှာဖြစ်ပေမဲ့ စိတ်မပူပါနဲ့။ သင်က ဝက်ဘ်ဗားရှင်း သုံးသည်ဖြစ်စေ၊ မိုဘိုင်းဗားရှင်း သုံးသည်ဖြစ်စေ အခြေခံသဘောတရားတွေကတော့ အတူတူပဲ ဖြစ်ပါတယ်။

‍

Market Watch : တစ်နေရာတည်းမှာ ပြည့်စုံတဲ့ သင့်ရဲ့ အရောင်းအဝယ်ဗဟိုချက်

Market Watch က Deriv MT5 ပေါ်မှာ သင် အရောင်းအဝယ်လုပ်နိုင်တဲ့ Asset အားလုံးရဲ့ အချိန်နဲ့တစ်ပြေးညီ ပေါက်ဈေးတွေကို ဖော်ပြပေးပါတယ်။ အဲဒီထဲမှာ Forex၊ ရှယ်ယာများ၊ ကုန်စည်များနဲ့ Deriv ရဲ့ Derived Indices တို့ ပါဝင်ပါတယ်။ ဒါကို သင့်ရဲ့ အရောင်းအဝယ်ပုံစံအတွက် သီးသန့်ဖန်တီးပေးထားတဲ့ စတော့ဈေးနှုန်းပြဘုတ်တစ်ခုလို သဘောထားကြည့်နိုင်ပါတယ်။
‍

Market Watch ကို လေ့လာခြင်း : အဓိက လုပ်ဆောင်ချက်များ

Custom symbols tab : သင့်ရဲ့ အရောင်းအဝယ် မီနူး

Market Watch ကို ဖွင့်လိုက်တဲ့အခါ ဒါကို အရင်ဆုံး မြင်တွေ့ရမှာ ဖြစ်ပါတယ်။ စားသောက်ဆိုင်တစ်ဆိုင်က မီနူးလိုမျိုး သင် အရောင်းအဝယ်လုပ်နိုင်တဲ့ Instrument အားလုံးကို စာရင်းပြုစုထားတာဖြစ်ပြီး ဟင်းပွဲတွေအစား ဈေးကွက်တွေကို ရွေးချယ်ရမှာပဲ ကွာခြားပါတယ်။ ဒါ့အပြင် အောက်ပါအချက်တွေကိုလည်း လုပ်ဆောင်နိုင်ပါတယ် :

  • သင့်ရဲ့ အရောင်းအဝယ် စိတ်ဝင်စားမှုပေါ် မူတည်ပြီး Instrument တွေကို ထည့်သွင်းတာ ဒါမှမဟုတ် ဖယ်ရှားတာတွေ လုပ်နိုင်ပါတယ်။
    ‍
  • Spread (အဝယ်ဈေးနဲ့ အရောင်းဈေးကြားက ကွာဟချက်) လိုမျိုး အသုံးဝင်တဲ့ အချက်အလက်တွေကို ဖော်ပြနိုင်ဖို့ ကော်လံတွေကို စိတ်ကြိုက်ပြင်ဆင်နိုင်ပါတယ်။
    ‍

Details tab : အသေးစိတ် လေ့လာခြင်း

အရောင်းအဝယ် မစတင်ခင်မှာ Details tab ကို အရင်ဝင်ကြည့်ပါ။ အဲဒီမှာ သက်ဆိုင်ရာ Instrument တစ်ခုချင်းစီရဲ့ အဓိက အချက်အလက်တွေကို ဖော်ပြပေးထားပြီး အောက်ပါအချက်တွေ ပါဝင်ပါတယ် :

  • အဖွင့်ဈေးနဲ့ အပိတ်ဈေးနှုန်းတွေ
    ‍
  • နေ့စဉ် အမြင့်ဆုံးနဲ့ အနိမ့်ဆုံး ဈေးနှုန်းတွေ
    ‍
  • မဟာဗျူဟာချမှတ်ရာမှာ အထောက်အကူပြုမယ့် အခြားဈေးကွက် အချက်အလက်တွေ

‍

Trading tab : လက်တွေ့ အရောင်းအဝယ် စတင်မယ့်အချိန်

ဒီနေရာကတော့ သင် လက်တွေ့ အရောင်းအဝယ်လုပ်ရမယ့် နေရာဖြစ်ပါတယ်။ သင် အရောင်းအဝယ်လုပ်လိုတဲ့ ပမာဏကို ရိုက်ထည့်ပြီး အဝယ် ဒါမှမဟုတ် အရောင်းကို နှိပ်လိုက်တာနဲ့ ဈေးကွက်ထဲ ရောက်ရှိသွားပြီ ဖြစ်ပါတယ်။ အတည်မပြုခင်မှာလည်း ဖြစ်ပေါ်လာနိုင်တဲ့ အမြတ် ဒါမှမဟုတ် အရှုံးကို ကြိုတင်ကြည့်ရှုနိုင်ပါတယ်။


Ticks tab : အမြန်လမ်းကြောင်း

Ticks tab ကတော့ မြန်ဆန်တဲ့ ဈေးနှုန်းအပြောင်းအလဲတွေပေါ် အခြေခံပြီး အရောင်းအဝယ်လုပ်သူတွေအတွက် အားထားရတဲ့ နေရာတစ်ခု ဖြစ်ပါတယ်။ သင် ရွေးချယ်ထားတဲ့ Instrument ရဲ့ မြန်ဆန်တဲ့ ဈေးနှုန်းအပြောင်းအလဲတွေ (Tick တွေ) ကို ဈေးကွက်ရဲ့ နှလုံးခုန်သံကို အချိန်နဲ့တစ်ပြေးညီ စောင့်ကြည့်နေရသလိုမျိုး ဖော်ပြပေးပါတယ်။


Symbol specification : သင့် Asset အကြောင်း သိကောင်းစရာ

ဒီထက်ပိုပြီး အသေးစိတ် သိချင်ပါသလား။ Symbol specification မှာ အောက်ပါအချက်တွေလိုမျိုး အပိုဆောင်း အသေးစိတ်အချက်အလက်တွေကို ဖော်ပြပေးထားပါတယ် :

‍

Deriv MT5 ကို စူးစမ်းလေ့လာဖို့ အသင့်ဖြစ်ပြီလား

အခုဆိုရင် Market Watch အသုံးပြုပုံကို သိရှိသွားပြီဖြစ်လို့ သင့်ရဲ့ အစမ်းသုံးအကောင့် ကို အကောင့်ဝင်ပြီး ဒီနေ့ပဲ လက်တွေ့စူးစမ်းကြည့်လိုက်ပါ။

ဒီထက်ပိုပြီး လေ့လာချင်ပါသလား။ Deriv Academy မှာရှိတဲ့ အခမဲ့ Deriv MT5 သင်တန်းတွေ ထဲက တစ်ခုကို တက်ရောက်ပြီး နောက်ထပ် အရောင်းအဝယ် မဟာဗျူဟာတွေနဲ့ ပလက်ဖောင်း လုပ်ဆောင်ချက်တွေကို လေ့လာလိုက်ပါ။ Trading tab ကို အသုံးပြုပြီး သင့်ရဲ့ အရောင်းအဝယ်ပမာဏကို ရိုက်ထည့်ကာ အဝယ် ဒါမှမဟုတ် အရောင်းကို ရွေးချယ်ပြီး သင့်အော်ဒါကို အတည်ပြုလိုက်ရုံပါပဲ။

‍

‍

Quiz

သင်က တစ်နေ့တာရဲ့ အမြင့်ဆုံးနဲ့ အနိမ့်ဆုံးဈေးနှုန်းတွေကို စစ်ဆေးချင်ပါတယ်။ ဘယ်တက်ဘ်ကို ဖွင့်သင့်ပါသလဲ။

အမေးများသော မေးခွန်းများ

Analyse markets with AI-powered insights

Explore TradersView
WhatsApp