အဓိကအကြောင်းအရာသို့ ကျော်သွားရန်
သင်ခန်းစာ
1
Volatility Indices | စတင်လေ့လာသူ

Volatility Indices ဆိုတာ ဘာလဲ

ကြာချိန်
5
မိနစ်

Volatility Indices ဆိုတာ သမားရိုးကျ ဘဏ္ဍာရေးကိရိယာတွေမှာ တွေ့ရလေ့ရှိတဲ့ ပုံမှန်ဈေးကွက်လွှမ်းမိုးမှုတွေ မပါဘဲ ပုံဖော်ဖန်တီးထားတဲ့ ဈေးကွက်လှုပ်ရှားမှုတွေမှာ ထရိတ်ဒါတွေ ပါဝင်အရောင်းအဝယ်လုပ်နိုင်အောင် Deriv ကနေ သီးသန့်ပေးအပ်ထားတဲ့ ဝန်ဆောင်မှုတစ်ခု ဖြစ်ပါတယ်။ ဈေးကွက်အတက်အကျကို တုပဖန်တီးပေးတဲ့ ဆန်းသစ်တဲ့ နည်းလမ်းတစ်ခုကို ပေးစွမ်းနိုင်တာကြောင့် Volatility Indices ဟာ ထရိတ်ဒါတိုင်းရဲ့ အရောင်းအဝယ်စုစည်းမှုထဲမှာ မရှိမဖြစ် ထည့်သွင်းထားသင့်တဲ့ အရာတစ်ခု ဖြစ်ပါတယ်။

‍

Volatility Indices ဆိုတာ ဘာလဲ

Volatility Indices ဆိုတာ ဈေးကွက်အတက်အကျ အဆင့်အမျိုးမျိုးနဲ့ ဆုံးရှုံးနိုင်ခြေ စီမံခန့်ခွဲမှု ကို တုပဖို့ ရည်ရွယ်ထားတဲ့ ပုံဖော်ဖန်တီးထားတဲ့ ဘဏ္ဍာရေးကိရိယာတွေ အရောင်းအဝယ် နည်းဗျူဟာတွေ ဖြစ်ပါတယ်။ ပြင်ပလက်တွေ့ဈေးကွက်တွေနဲ့ ချိတ်ဆက်ထားတဲ့ ပိုင်ဆိုင်မှုတွေနဲ့ မတူဘဲ ဒီညွှန်းကိန်းတွေဟာ ကျပန်းဈေးနှုန်းလှုပ်ရှားမှုတွေကို ထုတ်ပေးတဲ့ လုံခြုံစိတ်ချရတဲ့ အယ်လ်ဂိုရီသမ်တွေအပေါ် အခြေခံထားပါတယ်။ ဒါကြောင့် သူတို့ရဲ့ ဈေးနှုန်းဟာ စီးပွားရေးအချက်အလက်တွေ၊ သတင်းဖြစ်ရပ်တွေ ဒါမှမဟုတ် တခြားဈေးကွက်တွေမှာ တွေ့ရလေ့ရှိတဲ့ ဝယ်သူနဲ့ ရောင်းသူကြားက သက်ရောက်မှုတွေကြောင့် ထိခိုက်ပြောင်းလဲတာမျိုး မရှိပါဘူး။
‍

အဓိက အင်္ဂါရပ်တွေ :

  • ပုံဖော်ဖန်တီးထားတဲ့ သဘာဝ : ဒီညွှန်းကိန်းတွေဟာ ပြင်ပလက်တွေ့ဈေးကွက်တွေ ဒါမှမဟုတ် ပိုင်ဆိုင်မှုတွေနဲ့ ဆက်စပ်မှုမရှိတာကြောင့် ထူးခြားတဲ့ အရောင်းအဝယ် အတွေ့အကြုံကို ပေးစွမ်းပါတယ်။
    ‍
  • စနစ်တကျ သတ်မှတ်ထားတဲ့ အတက်အကျနှုန်း : ညွှန်းကိန်းတစ်ခုစီကို သတ်မှတ်ထားတဲ့ ဈေးကွက်အတက်အကျ အဆင့်တွေအတိုင်း ထိန်းသိမ်းထားနိုင်အောင် ပရိုဂရမ်ရေးဆွဲထားပြီး ဈေးနှုန်းလှုပ်ရှားမှု တုပချက်အပေါ်မှာပဲ သီးသန့်အာရုံစိုက်ချင်တဲ့ ထရိတ်ဒါတွေအတွက် အထူးသင့်တော်ပါတယ်။
    ‍

ရရှိနိုင်တဲ့ Volatility Indices အမျိုးအစားတွေ

Deriv မှာ သတ်မှတ်ထားတဲ့ အတက်အကျအဆင့်တွေကို ကိန်းဂဏန်းတွေနဲ့ ဖော်ပြပြီး ခွဲခြားထားတဲ့ Volatility Indices အမျိုးမျိုးကို ရရှိနိုင်ပါတယ်။ ဒီညွှန်းကိန်းတွေကို သူတို့ရဲ့ Tick ကြိမ်နှုန်းအပေါ် မူတည်ပြီး အဓိကအုပ်စုနှစ်ခု ခွဲခြားထားပါတယ် :
‍

1. Tick ကြိမ်နှုန်း

  • 1 စက္ကန့် Tick တွေ (1s) : ဒီညွှန်းကိန်းတွေဟာ ပမာဏနည်းပြီး အကြိမ်ရေပိုစိပ်တဲ့ ဈေးနှုန်းပြောင်းလဲမှုတွေကို ပြသပေးတာကြောင့် အမြန်အရောင်းအဝယ်လုပ်နိုင်စေပါတယ်။
    ‍
  • 2 စက္ကန့် Tick တွေ : ဒီညွှန်းကိန်းတွေဟာ Tick တစ်ခုစီမှာ ပိုကြီးမားတဲ့ ဈေးနှုန်းပြောင်းလဲမှုတွေကို ပြသလေ့ရှိပြီး ပိုသိသာတဲ့ ဈေးနှုန်းလှုပ်ရှားမှု အခွင့်အလမ်းတွေကို ပေးစွမ်းပါတယ်။
    ‍

2. ဈေးကွက်အတက်အကျ အပိုင်းအခြားတွေ

  • နှစ်စက္ကန့် Tick တွေ : အတက်အကျအဆင့်တွေဟာ 10 ကနေ 100 အထိ ရှိပါတယ်။
    ‍
  • တစ်စက္ကန့် Tick တွေ : ဒီညွှန်းကိန်းတွေဟာ 10 ကနေ 250 အထိ ပိုမိုကျယ်ပြန့်တဲ့ အတက်အကျအပိုင်းအခြားကို ပေးစွမ်းပါတယ်။

တစ်စက္ကန့်နဲ့ နှစ်စက္ကန့် Tick ညွှန်းကိန်းတွေကြား ရွေးချယ်တဲ့အခါ သင့်ရဲ့ အရောင်းအဝယ်ပုံစံကို ထည့်သွင်းစဉ်းစားပါ။ အရောင်းအဝယ် အကြိမ်ရေပိုများတာနဲ့ ဈေးနှုန်းလှုပ်ရှားမှု အသေးစားတွေကို ပိုနှစ်သက်ရင် တစ်စက္ကန့် Tick တွေက ပိုကောင်းတဲ့ ရွေးချယ်မှု ဖြစ်နိုင်ပါတယ်။ အပြန်အလှန်အားဖြင့် ပိုကြီးမားတဲ့ ဈေးနှုန်းအပြောင်းအလဲတွေကနေ အခွင့်အရေးယူဖို့ ရှာဖွေနေတယ်ဆိုရင် နှစ်စက္ကန့် Tick တွေက အဲဒီအခွင့်အလမ်းတွေကို ပေးစွမ်းနိုင်ပါတယ်။
‍

Volatility Indices ကို ဘာကြောင့် အရောင်းအဝယ်လုပ်သင့်သလဲ

Volatility Indices ကို အရောင်းအဝယ်လုပ်တာဟာ သူတို့ရဲ့ ထူးခြားတဲ့ လက္ခဏာရပ်တွေကြောင့် အမျိုးအစားစုံလင်တဲ့ အရောင်းအဝယ်စုစည်းမှုတစ်ခုအတွက် မဟာဗျူဟာမြောက် ရွေးချယ်မှုတစ်ခု ဖြစ်နိုင်ပါတယ် :
‍

  • ပြင်ပဈေးကွက်အပေါ် မူတည်မှုမရှိခြင်း : ဈေးနှုန်းလှုပ်ရှားမှုတွေဟာ ပြင်ပလက်တွေ့ဖြစ်ရပ်တွေထက် အယ်လ်ဂိုရီသမ် ပြောင်းလဲမှုတွေကိုသာ သက်သက်ထင်ဟပ်ပြသတာဖြစ်လို့ မမျှော်လင့်ထားတဲ့ ဈေးကွက်လွှမ်းမိုးမှုတွေကို ရှောင်ရှားချင်တဲ့ ထရိတ်ဒါတွေအတွက် အကောင်းဆုံး ရွေးချယ်မှုတစ်ခု ဖြစ်စေပါတယ်။
    ‍
  • သတ်မှတ်ထားတဲ့ အတက်အကျအဆင့်တွေ : တစ်ပါတည်း ပါဝင်ပြီးသား အတက်အကျမူဘောင်ကြောင့် ထရိတ်ဒါတွေဟာ သူတို့ရဲ့ ဆုံးရှုံးနိုင်ခြေ ခံနိုင်ရည်နဲ့ အရောင်းအဝယ် ရည်မှန်းချက်တွေအပေါ် မူတည်ပြီး နည်းဗျူဟာတွေကို စိတ်ကြိုက်ချိန်ညှိနိုင်ပါတယ်။
    ‍
  • ပိုမိုလွတ်လပ်ပြောင်းလွယ်ခြင်း : တစ်စက္ကန့်နဲ့ နှစ်စက္ကန့် Tick ရွေးချယ်စရာ နှစ်မျိုးလုံး ရှိတာကြောင့် ထရိတ်ဒါတွေဟာ သူတို့ရဲ့ အရောင်းအဝယ် နည်းဗျူဟာ၊ အရှိန်အဟုန်နဲ့ ကိုက်ညီတဲ့ ညွှန်းကိန်းကို ရှာဖွေနိုင်ပါတယ်။
    ‍

နိဂုံးချုပ်

အချုပ်အားဖြင့်ဆိုရရင် Volatility Indices ဟာ သမားရိုးကျ ဈေးကွက်ကန့်သတ်ချက်တွေကနေ ကင်းလွတ်ပြီး ပုံဖော်ဖန်တီးထားတဲ့ ဈေးကွက်လှုပ်ရှားမှုတွေမှာ ပါဝင်နိုင်မယ့် ဆန်းသစ်တဲ့ နည်းလမ်းတစ်ခု ဖြစ်ပါတယ်။ Tick ကြိမ်နှုန်းနဲ့ ကြိုတင်သတ်မှတ်ထားတဲ့ အတက်အကျအဆင့်တွေအပေါ် အခြေခံထားတဲ့ ရွေးချယ်စရာ အမျိုးမျိုးရှိတာကြောင့် ဒီညွှန်းကိန်းတွေဟာ သူတို့ရဲ့ နည်းဗျူဟာတွေကို မြှင့်တင်ချင်တဲ့ ထရိတ်ဒါတွေအတွက် ဘက်စုံအသုံးဝင်တဲ့ ရွေးချယ်မှုတစ်ခုကို ပေးစွမ်းပါတယ်။ သင့်ရဲ့ အရောင်းအဝယ် ချဉ်းကပ်ပုံနဲ့ ဘယ်လိုကိုက်ညီနိုင်မလဲဆိုတာ သိရှိနိုင်ဖို့ Volatility Indices ကို ပိုမိုလေ့လာကြည့်ဖို့ တိုက်တွန်းအပ်ပါတယ်။

Quiz

Volatility Indices ကို သမားရိုးကျ ဘဏ္ဍာရေးအရောင်းအဝယ်ပစ္စည်းတွေနဲ့ ကွဲပြားစေတဲ့ ထူးခြားချက်က ဘာပါလဲ။

တစ်စက္ကန့် Tick Volatility Indices အတွက် ရရှိနိုင်တဲ့ ဈေးနှုန်းအတက်အကျအဆင့် အပိုင်းအခြားက ဘယ်လောက်ပါလဲ။

အရောင်းအဝယ်လုပ်သူတွေက တစ်စက္ကန့်နဲ့ နှစ်စက္ကန့် Tick ညွှန်းကိန်းတွေကြားမှာ ဘယ်လိုရွေးချယ်နိုင်ပါသလဲ။

Analyse markets with AI-powered insights

Explore TradersView
WhatsApp