
“vanillas” လို့လည်း ခေါ်ကြတဲ့ Vanilla options ဟာ ဈေးကွက်တွေမှာ လိုက်လျောညီထွေရှိရှိ အရောင်းအဝယ်လုပ်နိုင်တဲ့ အကောင်းဆုံး Options အရောင်းအဝယ် နည်းလမ်းတစ်ခု ဖြစ်ပါတယ်။ ဒါက သတ်မှတ်ထားတဲ့ ရက်စွဲမတိုင်ခင် သတ်မှတ်ဈေးနှုန်းတစ်ခုနဲ့ ပိုင်ဆိုင်မှုတစ်ခုကို ဝယ်ယူခွင့် ဒါမှမဟုတ် ရောင်းချခွင့် (မဖြစ်မနေ လုပ်ဆောင်ရမယ့် တာဝန်မဟုတ်ဘဲ) ကို သင့်ကို ပေးအပ်ပါတယ်။ ရှုပ်ထွေးနေသလို ခံစားရပါသလား။ တစ်ဆင့်ချင်းစီ ရှင်းပြပေးသွားပါမယ်။
Vanilla options ဘယ်လို အလုပ်လုပ်ပါသလဲ
Vanilla option တစ်ခု ဝယ်ယူတာဟာ ပွဲတစ်ခုရဲ့ စင်နောက်ခန်း ဝင်ခွင့်လက်မှတ် ရရှိထားသလိုပါပဲ။ သင်က အခွင့်အရေးအတွက် ငွေပေးချေထားပေမဲ့ အဲဒါကို အသုံးပြုမလား၊ မပြုဘူးလား ဆိုတာကိုတော့ ကိုယ်တိုင် ဆုံးဖြတ်နိုင်ပါတယ်။ အတွေ့အကြုံက တန်တယ်ဆိုရင် (ဈေးကွက်က သင့်ဘက်ကို အသာစီးရအောင် ရွေ့လျားတယ်ဆိုရင်) သင့်ရဲ့ ဝင်ခွင့်လက်မှတ်ကို အသုံးပြုပြီး အကျိုးကျေးဇူးတွေကို ခံစားနိုင်ပါတယ်။ အဲဒီလိုမှမဟုတ်ရင်လည်း အဆိုးဆုံးအခြေအနေမှာတောင် ဝင်ခွင့်လက်မှတ် တန်ဖိုးလောက်ပဲ ကုန်ကျမှာဖြစ်ပြီး အဲဒီထက်ပိုပြီး မဆုံးရှုံးနိုင်ပါဘူး။
သိထားသင့်တဲ့ အဓိက အသုံးအနှုန်းတွေ
စတင်မလေ့လာခင် သင် အသင့်သိထားသင့်တဲ့ အဓိက အသုံးအနှုန်းတချို့ကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ် :
- သက်တမ်းကုန်ဆုံးရက် : သင့် Option အတွက် နောက်ဆုံးသတ်မှတ်ရက် ဖြစ်ပါတယ်။ ဒီရက်စွဲ ကျော်လွန်သွားရင် သင့်ရဲ့ ဝင်ခွင့်လက်မှတ် (Option) သက်တမ်းကုန်ဆုံးသွားပြီး ဆက်လက်အသုံးပြုလို့ ရတော့မှာ မဟုတ်ပါဘူး။
- အရောင်းအဝယ်ငွေပမာဏ : သင်က Vanilla option တစ်ခုကို ဝယ်ယူတဲ့အခါ Option ရောင်းချသူဆီကို ပရီမီယံကြေး ဒါမှမဟုတ် အရောင်းအဝယ်ငွေပမာဏ လို့ခေါ်တဲ့ အခကြေးငွေတစ်ခု ပေးချေရပါတယ်။ ဒီပရီမီယံကြေးဟာ Option စာချုပ်က ပေးအပ်တဲ့ အခွင့်အရေးတွေကို ရယူဖို့အတွက် ကုန်ကျစရိတ် ဖြစ်ပါတယ်။
- Call option တစ်ခု : သက်တမ်းမကုန်ဆုံးခင် ပိုင်ဆိုင်မှုတစ်ခုကို Strike price နဲ့ ဝယ်ယူခွင့်ပေးတာကြောင့် ဈေးနှုန်းတွေ တက်လာမယ်လို့ သင် ယူဆတဲ့အခါ အလွန်သင့်တော်ပါတယ်။
- Put option တစ်ခု : သက်တမ်းမကုန်ဆုံးခင် ပိုင်ဆိုင်မှုတစ်ခုကို Strike price နဲ့ ရောင်းချခွင့်ပေးတာကြောင့် ဈေးနှုန်းတွေ ကျဆင်းမယ်လို့ သင် ယူဆတဲ့အခါ အသုံးဝင်ပါတယ်။
Deriv မှာတော့ ဒီစာချုပ်တွေကို လက်တွေ့ပိုင်ဆိုင်မှုအစား ပေးချေငွေနဲ့ စာရင်းရှင်းလင်းပေးပါတယ်။
- ပင်ကိုတန်ဖိုး : ပိုင်ဆိုင်မှုရဲ့ လက်ရှိဈေးနှုန်းနဲ့ Strike price ကြားက ကွာခြားချက် ဖြစ်ပါတယ်။
- အချိန်တန်ဖိုး : သက်တမ်းမကုန်ဆုံးခင် အချိန်ဘယ်လောက် ကျန်သေးလဲဆိုတာကို ဖော်ပြတာဖြစ်ပြီး သာမန်အားဖြင့် အချိန်ပိုကျန်လေ တန်ဖိုးပိုရှိလေ ဖြစ်ပါတယ်။
- Strike price : Exercise price လို့လည်း ခေါ်ကြတဲ့ Strike price ဟာ Options အရောင်းအဝယ်မှာ အခြေခံအကျဆုံး သဘောတရားတစ်ခု ဖြစ်ပါတယ်။ ဒါက Option ကိုင်ဆောင်ထားသူအနေနဲ့ အခြေခံပိုင်ဆိုင်မှုကို (Call option ဖြစ်ပါက) ဝယ်ယူနိုင်တဲ့ ဒါမှမဟုတ် (Put option ဖြစ်ပါက) ရောင်းချနိုင်တဲ့ ကြိုတင်သတ်မှတ်ထားတဲ့ ဈေးနှုန်းကို ကိုယ်စားပြုပါတယ်။ Strike price ကို Option စာချုပ် စတင်ဖွဲ့စည်းချိန်မှာ သတ်မှတ်တာဖြစ်ပြီး Option ရဲ့ ရရှိနိုင်ခြေရှိတဲ့ ပေးချေငွေကို ဆုံးဖြတ်ရာမှာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်ပါတယ်။
Vanilla options ကို ဘာကြောင့် အရောင်းအဝယ်လုပ်သင့်ပါသလဲ
Vanilla options တွေဟာ လိုက်လျောညီထွေရှိမှုနဲ့ အကျိုးအမြတ် ရရှိနိုင်ခြေတွေကို ပေးစွမ်းနိုင်တာကြောင့် အရောင်းအဝယ်သမားတွေက သဘောကျကြပါတယ်။ သူတို့ကို သင် အသုံးပြုနိုင်မယ့် နည်းလမ်းတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ် :
- ပိုင်ဆိုင်မှုတစ်ခုရဲ့ ဈေးနှုန်း တက်လာမယ်လို့ မျှော်လင့်ထားပါသလား။ ပိုသက်သာတဲ့ ဝယ်ဈေးကို အမိအရ ရယူထားဖို့ Call option တစ်ခုကို ဝယ်ယူပါ။ ဆိုလိုတာက ဈေးကွက်ပေါက်ဈေးဟာ သင့်ရဲ့ Strike price ထက် ကျော်လွန်မြင့်တက်သွားရင်တောင် သဘောတူထားတဲ့ Strike price နဲ့ ဝယ်ယူပိုင်ခွင့်ကို သင် ဆက်လက်ရရှိနေမှာ ဖြစ်ပါတယ်။

- ဈေးနှုန်းတွေ ကျဆင်းမယ်လို့ ထင်ပါသလား။ ပိုမြင့်တဲ့ ဈေးနှုန်းနဲ့ ရောင်းချနိုင်ဖို့ Put option တစ်ခုကို ဝယ်ယူပါ။ ဆိုလိုတာက ဈေးကွက်ပေါက်ဈေးဟာ သင့်ရဲ့ Strike price အောက်ကို ကျဆင်းသွားရင်တောင် သဘောတူထားတဲ့ Strike price နဲ့ ရောင်းချပိုင်ခွင့်ကို သင် ဆက်လက်ရရှိနေမှာ ဖြစ်ပါတယ်။

ဒါပေမဲ့ ဘယ်အရောင်းအဝယ်မဆို ဆုံးရှုံးနိုင်ခြေနဲ့ မကင်းပါဘူး။ Vanilla options တွေက စိတ်လှုပ်ရှားစရာ ကောင်းနိုင်ပေမဲ့ သင့်ရဲ့ ဆုံးရှုံးနိုင်ခြေကို စီမံခန့်ခွဲပြီး တာဝန်ယူမှုရှိရှိ အရောင်းအဝယ်လုပ်တာကသာ အမြဲတမ်း ထက်မြက်တဲ့ ရွေးချယ်မှု ဖြစ်ပါတယ်။
အရောင်းအဝယ် စတင်ခြင်း ကို ယုံကြည်မှုရှိရှိ စတင်လိုက်ပါ
Vanilla options က သင့်ကို အရောင်းအဝယ်လုပ်နိုင်မယ့် နည်းလမ်းပေါင်းများစွာ ပေးစွမ်းပေမဲ့ တခြား ဘဏ္ဍာရေးကိရိယာ တွေလိုပဲ ဆုံးရှုံးနိုင်ခြေတွေ ရှိနေပါတယ်။ သင်က Options အရောင်းအဝယ်မှာ အသစ်ဖြစ်နေရင် Deriv မှာ စမ်းသပ်အကောင့်တစ်ခုနဲ့ စတင်ကြည့်ပါလား။ Deriv Academy က အခမဲ့သင်တန်းတွေနဲ့လည်း သင့်ရဲ့ ကျွမ်းကျင်မှုအဆင့်ကို မြှင့်တင်နိုင်ပါတယ်။
စတင်လေ့လာဖို့ အသင့်ဖြစ်ပြီလား
Deriv Academy ကို အကောင့်ဝင်ရန် သင့်ရဲ့ လက်ရှိ Deriv အကောင့် အီးမေးလ်နဲ့ စကားဝှက်ကို အသုံးပြုပါ။
စမ်းသပ်အကောင့်နဲ့ လေ့ကျင့်ပြီး တာဝန်ယူမှုရှိရှိ အရောင်းအဝယ်လုပ်ပါ။
Quiz
Vanilla options နဲ့ ပတ်သက်ပြီး အောက်ပါဖော်ပြချက်တွေထဲက ဘယ်တစ်ခု မှန်ကန်ပါသလဲ။


