အဓိကအကြောင်းအရာသို့ ကျော်သွားရန်
သင်ခန်းစာ
5
Volatility Indices | စတင်လေ့လာသူ

အရောင်းအဝယ်အမျိုးအစားနဲ့ ပလက်ဖောင်းတွေအကြောင်း အကျဉ်းချုပ်

ကြာချိန်
10
မိနစ်

Deriv မှာ Volatility Indices Volatility Indices အရောင်းအဝယ်လုပ်တာဟာ အခြေခံပိုင်ဆိုင်မှုတွေကို အမှန်တကယ်ပိုင်ဆိုင်စရာမလိုဘဲ ဈေးနှုန်းအတက်အကျတွေအပေါ် ခန့်မှန်းရောင်းဝယ်နိုင်မယ့် ထူးခြားတဲ့အခွင့်အလမ်းတွေကို ပေးစွမ်းပါတယ်။ ခိုင်မာတဲ့ အရောင်းအဝယ်နည်းဗျူဟာတစ်ခုရဲ့ အစိတ်အပိုင်းအနေနဲ့ ရရှိနိုင်တဲ့ အရောင်းအဝယ်လုပ်ဆောင်ပုံ အမျိုးအစားအမျိုးမျိုးနဲ့ ပလက်ဖောင်းတွေကို နားလည်ထားဖို့က အလွန်အရေးကြီးပါတယ်။ ဒီသင်ခန်းစာမှာတော့ အဓိကအရောင်းအဝယ် ရွေးချယ်စရာတွေဖြစ်တဲ့ ဈေးနှုန်းကွာဟချက်စာချုပ်တွေ (CFDs) ဈေးနှုန်းကွာဟချက်စာချုပ်တွေ (CFDs) နဲ့ Options အပြင် သင့်ရဲ့ အရောင်းအဝယ်ခရီးစဉ်ကို ပိုမိုကောင်းမွန်စေဖို့ ဖန်တီးထားတဲ့ ပလက်ဖောင်းတွေအကြောင်း လမ်းညွှန်ပေးသွားမှာ ဖြစ်ပါတယ်။
‍

အရောင်းအဝယ်အမျိုးအစားတွေကို နားလည်ခြင်း : CFDs နဲ့ Options နှိုင်းယှဉ်ချက်

Volatility Indices အရောင်းအဝယ်လုပ်တဲ့အခါ သင့်မှာ ယေဘုယျအားဖြင့် အဓိကအရောင်းအဝယ် ရွေးချယ်စရာနှစ်ခု ရှိပါတယ် : ဈေးနှုန်းကွာဟချက်စာချုပ်တွေ (CFDs) နဲ့ Options တို့ပဲ ဖြစ်ပါတယ်။ CFDs က အရောင်းအဝယ်သမားတွေကို အမှန်တကယ်ပိုင်ဆိုင်မှုတွေ ပိုင်ဆိုင်စရာမလိုဘဲ ဈေးနှုန်းပြောင်းလဲမှုတွေအပေါ် ခန့်မှန်းရောင်းဝယ်ခွင့် ပေးပါတယ်။ CFDs မှာဆိုရင် သင့်ရဲ့ အမြတ် ဒါမှမဟုတ် အရှုံးကို သင့်အရောင်းအဝယ်ရဲ့ အဝင်မှတ်နဲ့ အထွက်မှတ်ကြားက ဈေးနှုန်းကွာဟချက်ပေါ် မူတည်ပြီး ဆုံးဖြတ်ပါတယ်။ Leverage ကို အသုံးပြုတာက သင်ရရှိနိုင်ခြေရှိတဲ့ အမြတ်တွေကို တိုးပွားစေနိုင်ပေမဲ့ ဆုံးရှုံးနိုင်ခြေတွေကိုလည်း မြင့်တက်စေတာကြောင့် ထိရောက်တဲ့ ဆုံးရှုံးနိုင်ခြေ စီမံခန့်ခွဲမှုအတွက် Stop Loss အော်ဒါတွေက မရှိမဖြစ် လိုအပ်ပါတယ်။ အခြားတစ်ဖက်မှာတော့ Options က အရောင်းအဝယ်သမားတွေကို ဆုံးရှုံးနိုင်ခြေအား ကနဦးအရောင်းအဝယ်ငွေပမာဏအထိသာ ကန့်သတ်ထားရင်း ဈေးနှုန်းအတက်အကျတွေအပေါ် ခန့်မှန်းရောင်းဝယ်နိုင်စေပါတယ်။ Options မှာ ဆုံးရှုံးနိုင်ခြေနဲ့ အကျိုးအမြတ် အခြေအနေအမျိုးမျိုးကို ဖန်တီးပေးနိုင်တဲ့ အရောင်းအဝယ်အမျိုးအစား အစုံအလင် ပါဝင်တာကြောင့် မတူညီတဲ့ အရောင်းအဝယ်နည်းဗျူဟာတွေအတွက် ပြောင်းလွယ်ပြင်လွယ်ရှိတဲ့ ရွေးချယ်မှုတစ်ခု ဖြစ်စေပါတယ်။

CFDs နဲ့ Options ကြား ရွေးချယ်မှုဟာ သင့်ရဲ့ ဆုံးရှုံးနိုင်ခြေခံနိုင်ရည်နဲ့ လိုလားတဲ့ အရောင်းအဝယ်ရလဒ်တွေ အပါအဝင် အချက်အလက်အတော်များများပေါ် မူတည်ပါတယ်။ CFDs က သက်တမ်းကုန်ဆုံးချိန်မရှိဘဲ ဈေးနှုန်းအတက်အကျအတိုင်း ပေးချေငွေတွေ ရရှိစေတာကြောင့် လိုအပ်တဲ့ Margin ကို ထိန်းသိမ်းထားနိုင်သရွေ့ အရောင်းအဝယ်အော်ဒါတွေကို ဖွင့်ထားနိုင်ပါတယ်။ ဒါနဲ့ဆန့်ကျင်ဘက်အနေနဲ့ Options ကတော့ သတ်မှတ်ထားတဲ့ အချိန်ကာလတွေနဲ့အတူ ကြိုတင်သတ်မှတ်ထားတဲ့ ဆုံးရှုံးနိုင်ခြေနဲ့ အကျိုးအမြတ် ပုံစံတွေကို ပေးစွမ်းပြီး Margin အစား ကြိုတင်ပေးသွင်းရတဲ့ အရောင်းအဝယ်ငွေပမာဏ လိုအပ်ပါတယ်။ ဒီကွာခြားချက်တွေကို နားလည်ထားတာက သင့်ရဲ့ အရောင်းအဝယ်ပုံစံအတွက် မှန်ကန်တဲ့ချဉ်းကပ်ပုံကို ရွေးချယ်ရာမှာ အဓိကသော့ချက်ပဲ ဖြစ်ပါတယ်။
‍

Volatility Indices အတွက် အရောင်းအဝယ်ပလက်ဖောင်းတွေ

Deriv က အရောင်းအဝယ်သမား အသီးသီးရဲ့ နှစ်သက်မှုတွေနဲ့ ကျွမ်းကျင်မှုအဆင့်တွေနဲ့ ကိုက်ညီစေဖို့ Volatility Indices အရောင်းအဝယ်အတွက် သီးသန့်ဖန်တီးထားတဲ့ ပလက်ဖောင်းအမျိုးမျိုးကို ပံ့ပိုးပေးထားပါတယ်။ CFDs အရောင်းအဝယ်လုပ်လိုသူတွေအတွက် Deriv MT5၊ Deriv cTrader နဲ့ Deriv X လိုမျိုး ပလက်ဖောင်းတစ်ခုစီက မတူညီတဲ့ အရောင်းအဝယ်နည်းဗျူဟာတွေနဲ့ သင့်တော်တဲ့ ထူးခြားတဲ့လုပ်ဆောင်ချက်တွေကို ပေးစွမ်းပါတယ်။ Deriv MT5 ဟာ အဆင့်မြင့်ကိရိယာတွေနဲ့ အလိုအလျောက် အရောင်းအဝယ်နည်းဗျူဟာတွေ ဖန်တီးနိုင်စွမ်း ပါဝင်တာကြောင့် အတွေ့အကြုံရှိတဲ့ အရောင်းအဝယ်သမားတွေအတွက် အသင့်တော်ဆုံး ဖြစ်ပါတယ်။ ဒါနဲ့ဆန့်ကျင်ဘက်အနေနဲ့ Deriv cTrader ကတော့ အသုံးပြုရလွယ်ကူတာကြောင့် စတင်လေ့လာသူတွေနဲ့ Copy Trading လုပ်ဆောင်ချက်ကနေတစ်ဆင့် လူမှုကွန်ရက်ပုံစံ အရောင်းအဝယ်ကို စိတ်ဝင်စားသူတွေအတွက် အကောင်းဆုံးဖြစ်ပါတယ်။ Deriv X ကတော့ စိတ်ကြိုက်ပြင်ဆင်နိုင်တဲ့ ရွေးချယ်စရာတွေနဲ့ အဆင့်မြင့် ဈေးကွက်ခွဲခြမ်းစိတ်ဖြာနိုင်စွမ်းတွေကြောင့် ထင်ရှားပါတယ်။

Options အရောင်းအဝယ်အတွက် Deriv က Deriv Trader၊ Smart Trader၊ Deriv Bot နဲ့ Deriv GO လိုမျိုး သီးသန့်ပလက်ဖောင်းတွေကို ပေးအပ်ထားပါတယ်။ ဒီပလက်ဖောင်းတစ်ခုစီဟာ ကိုယ်ပိုင်နည်းလမ်းနဲ့ အရောင်းအဝယ်အတွေ့အကြုံကို ပိုမိုကောင်းမွန်စေပါတယ်။ Deriv Trader ကို အသုံးပြုရလွယ်ကူစေဖို့ ဒီဇိုင်းထုတ်ထားပြီး Smart Trader ကတော့ အသစ်စတင်သူတွေအတွက် လမ်းညွှန်ပေးတဲ့ ချဉ်းကပ်ပုံကို ပံ့ပိုးပေးပါတယ်။ Deriv Bot က အရောင်းအဝယ်နည်းဗျူဟာတွေကို အလိုအလျောက် လုပ်ဆောင်ပေးတာကြောင့် အမြဲမပြတ် စောင့်ကြည့်နေရတာမျိုးကနေ သင့်ကို သက်သာစေပြီး Deriv GO ကတော့ မိုဘိုင်းဖုန်းကနေတစ်ဆင့် သွားရင်းလာရင်း အရောင်းအဝယ်လုပ်နိုင်စေပါတယ်။
‍

နိဂုံးချုပ်

နိဂုံးချုပ်အနေနဲ့ အရောင်းအဝယ်အမျိုးအစားတွေကို နားလည်ထားပြီး သင့်လိုအပ်ချက်နဲ့ ကိုက်ညီတဲ့ ပလက်ဖောင်းမှန်ကို ရွေးချယ်ခြင်းအားဖြင့် Deriv မှာ Volatility Indices အရောင်းအဝယ်လုပ်တဲ့ သင့်အတွေ့အကြုံကို သိသိသာသာ ပိုမိုပြည့်စုံကောင်းမွန်စေနိုင်ပါတယ်။ CFDs နဲ့ Options ကို လေ့လာစူးစမ်းခြင်းအားဖြင့် သင့်ရဲ့ အရောင်းအဝယ်နည်းဗျူဟာတွေကို ပုံဖော်ပေးနိုင်မယ့် ဆုံးရှုံးနိုင်ခြေ စီမံခန့်ခွဲမှုနဲ့ အမြတ်ရရှိနိုင်ခြေဆိုင်ရာ အသိအမြင်တွေကို သင်ရရှိနိုင်ပါတယ်။ ဒါ့အပြင် ရရှိနိုင်တဲ့ ပလက်ဖောင်းအမျိုးမျိုးကို အကျိုးရှိရှိ အသုံးချခြင်းအားဖြင့် အောင်မြင်မှုအတွက် လိုအပ်တဲ့ ယုံကြည်မှုနဲ့ ကိရိယာတွေ လက်ကိုင်ထားပြီး သင့်အရောင်းအဝယ်တွေကို လုပ်ဆောင်နိုင်စေပါတယ်။ သင့်ရဲ့ အရောင်းအဝယ်ပုံစံနဲ့ အကိုက်ညီဆုံးကို ရှာဖွေနိုင်ဖို့နဲ့ သင့်ရဲ့ အရောင်းအဝယ်ခရီးစဉ်ကို ပိုမိုကောင်းမွန်စေဖို့အတွက် ဒီပလက်ဖောင်းတွေမှာ ပေးထားတဲ့ အစမ်းသုံးအကောင့်တွေကို အကျိုးရှိရှိ အသုံးချကြည့်ဖို့ သင့်ကို တိုက်တွန်းလိုပါတယ်။

‍

Quiz

CFDs အရောင်းအဝယ်လုပ်ခြင်းရဲ့ အဓိကလက္ခဏာက ဘာဖြစ်ပါသလဲ။

ဘယ်အရောင်းအဝယ်ရွေးချယ်မှုက သင့်ရဲ့ ဆုံးရှုံးမှုတွေကို ကနဦး အရောင်းအဝယ်ငွေပမာဏအထိပဲ ကန့်သတ်ပေးပါသလဲ။

Deriv cTrader ရဲ့ ထူးခြားတဲ့ လုပ်ဆောင်ချက်တစ်ခုက ဘာပါလဲ။

Analyse markets with AI-powered insights

Explore TradersView
WhatsApp