အဓိကအကြောင်းအရာသို့ ကျော်သွားရန်
သင်ခန်းစာ
3
Volatility Indices | စတင်လေ့လာသူ

Volatility Indices အရောင်းအဝယ်ပြုလုပ်ခြင်းရဲ့ အခြေခံသဘောတရားတွေ

ကြာချိန်
3
မိနစ်

ပြီးခဲ့တဲ့ သင်ခန်းစာမှာ ဆွေးနွေးခဲ့တဲ့အတိုင်း Volatility Indices တွေဟာ လက်တွေ့ကမ္ဘာ့ဈေးကွက်ရဲ့ ဈေးနှုန်းအတက်အကျ သဘောသဘာဝကို တုပဖန်တီးထားတဲ့ ထူးခြားတဲ့ ဘဏ္ဍာရေးအရောင်းအဝယ်ပစ္စည်းတွေ ဖြစ်ပါတယ်။ ဒီသင်ခန်းစာကတော့ ထရိတ်ဒါတွေအတွက် ဆွဲဆောင်မှုရှိစေတဲ့ တခြားအချက်တွေကို ထပ်မံလေ့လာရင်း ဒီညွှန်းကိန်းတွေအကြောင်း သင် ပိုမိုနားလည်သဘောပေါက်စေဖို့ ရည်ရွယ်ထားပါတယ်။
‍

Volatility Indices ရဲ့ အလုပ်လုပ်ပုံစနစ်

Volatility Index တိုင်းကို ဈေးနှုန်းရွေ့လျားမှုတွေကို ပုံဖော်တုပပေးတဲ့ အဆင့်မြင့် algorithm တွေသုံးပြီး တည်ဆောက်ထားပါတယ်။ ဒီအရောင်းအဝယ်ပစ္စည်းတွေကို ကုဒ်ဝှက်စနစ်နဲ့ လုံခြုံအောင်ပြုလုပ်ထားတဲ့ ကျပန်းကိန်းဂဏန်းထုတ်ပေးစက်ကနေ ထုတ်ပေးထားတာ ဖြစ်ပါတယ်။ သမားရိုးကျ ဈေးကွက်တွေနဲ့ မတူဘဲ ဒီညွှန်းကိန်းတွေဟာ ပြင်ပဈေးကွက်အချက်အလက်တွေအပေါ် မူတည်မနေတဲ့အတွက် စီးပွားရေးသတင်းတွေ ဒါမှမဟုတ် ဖြစ်ရပ်တွေရဲ့ သက်ရောက်မှုမရှိဘဲ သီးခြားလည်ပတ်နေပါတယ်။ ဒီလုပ်ဆောင်ပုံစနစ်က ပြင်ပသက်ရောက်မှုတွေကို လျှော့ချပေးရုံသာမက တည်ငြိမ်မှန်ကန်တဲ့ ဈေးနှုန်းအပြုအမူကိုပါ ရရှိစေတာကြောင့် ထရိတ်ဒါတွေအတွက် ပိုပြီးခန့်မှန်းရလွယ်ကူတဲ့ အရောင်းအဝယ်ဝန်းကျင်တစ်ခုကို ပေးစွမ်းနိုင်ပါတယ်။ Volatility Indices တွေကို စနေ၊ တနင်္ဂနွေနဲ့ အများပြည်သူရုံးပိတ်ရက်တွေအပါအဝင် 24/7 အရောင်းအဝယ်ပြုလုပ်နိုင်တာကြောင့် ဈေးကွက်တွေဆီ အချိန်မရွေး ဝင်ရောက်နိုင်ပါတယ်။
‍

အရောင်းအဝယ်ပြုလုပ်ရာမှာ စိတ်ခံစားချက်ထိန်းချုပ်မှုနဲ့ စည်းကမ်းရှိမှု

အရောင်းအဝယ်ပြုလုပ်တာဟာ မကြာခဏဆိုသလို စိတ်ခံစားချက် အတက်အကျကြမ်းတတ်ပြီး အထူးသဖြင့် ဈေးနှုန်းအပြောင်းအလဲမြန်တဲ့ အရောင်းအဝယ်ပစ္စည်းတွေမှာ ပိုသိသာပါတယ်။ ဒါပေမဲ့ သမားရိုးကျ ဈေးကွက်တွေမှာ အထိတ်တလန့်ဖြစ်စေလေ့ရှိတဲ့ ပြင်ပရိုက်ခတ်မှုအန္တရာယ်တွေကို စိုးရိမ်စရာမလိုဘဲ အရောင်းအဝယ်ပြုလုပ်နိုင်တာကြောင့် Volatility Indices တွေက ပိုပြီးစည်းကမ်းတကျ ချဉ်းကပ်လုပ်ဆောင်နိုင်အောင် အထောက်အကူပြုပါတယ်။ စိတ်ခံစားချက်အလိုက် တုံ့ပြန်တာထက် စနစ်တကျ တုံ့ပြန်တတ်အောင် သင့်ကိုယ်သင် လေ့ကျင့်ထားခြင်းက ပိုမိုကောင်းမွန်တဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်နိုင်စေပြီး ပိုကောင်းတဲ့ အရောင်းအဝယ်ရလဒ်တွေကို ရရှိစေနိုင်ပါတယ်။
‍

စိတ်ကြိုက်ပြင်ဆင်နိုင်တဲ့ အရောင်းအဝယ်ဗျူဟာတွေ

Volatility Indices တွေမှာ ဈေးနှုန်းအတက်အကျနှုန်း 10% ကနေ 250% အထိ အမျိုးမျိုးရှိတာကြောင့် ထရိတ်ဒါတွေအနေနဲ့ ကိုယ်လက်ခံနိုင်တဲ့ ဆုံးရှုံးနိုင်ခြေပမာဏအပေါ် မူတည်ပြီး ဗျူဟာတွေကို စိတ်ကြိုက်ပြင်ဆင်ခွင့် ရရှိပါတယ်။ မြင့်မားတဲ့ ဈေးနှုန်းအတက်အကျက ကြီးမားတဲ့ အမြတ်အစွန်းအလားအလာကို ပေးစွမ်းနိုင်ပေမဲ့ ပိုများတဲ့ ဆုံးရှုံးနိုင်ခြေလည်း တွဲပါလာပါတယ်။ ထရိတ်ဒါတစ်ယောက်အနေနဲ့ သတိကြီးကြီးထားတဲ့ ဗျူဟာကနေ ရဲရဲတင်းတင်း အရောင်းအဝယ်လုပ်တဲ့ ဗျူဟာအထိ စိတ်ကြိုက်ရွေးချယ်အသုံးပြုနိုင်တာကြောင့် သင် သက်သောင့်သက်သာရှိတဲ့ အတိုင်းအတာအတွင်းမှာ လုပ်ဆောင်ရင်း သင့်ရဲ့ အရောင်းအဝယ်စွမ်းရည် ဘောင်တွေကိုလည်း တိုးချဲ့နိုင်ပါတယ်။
‍

Volatility Indices နဲ့ အရောင်းအဝယ်ပြုလုပ်ခြင်းရဲ့ အနာဂတ်

အရောင်းအဝယ်နည်းပညာတွေ တိုးတက်ပြောင်းလဲလာတာနဲ့အမျှ Volatility Indices တွေဟာ ဘဏ္ဍာရေးနည်းပညာ တိုးတက်မှုတွေကနေ အကျိုးကျေးဇူးတွေ ပိုမိုရရှိနိုင်မယ့် အနေအထားမှာ ရှိနေပါတယ်။ အရောင်းအဝယ်ဆုံးဖြတ်ချက်တွေအတွက် AI အခြေပြု algorithm တွေနဲ့ ဈေးနှုန်းရွေ့လျားမှုတွေကို ခန့်မှန်းဖို့ machine learning မော်ဒယ်တွေလိုမျိုး ဆန်းသစ်တီထွင်မှုတွေက ဒီနယ်ပယ်မှာရှိတဲ့ ထရိတ်ဒါတွေအတွက် အလားအလာကောင်းတဲ့ အနာဂတ်ကို ညွှန်ပြနေပါတယ်။ ဒီလိုခေတ်ရေစီးကြောင်းတွေကို အမြဲမျက်ခြည်မပြတ် လေ့လာထားခြင်းက ထရိတ်ဒါတွေအနေနဲ့ အခွင့်အလမ်းသစ်တွေကို အသုံးချနိုင်ဖို့နဲ့ သူတို့ရဲ့ အရောင်းအဝယ်လုပ်ငန်းစဉ်တွေမှာ အမြတ်အစွန်းရရှိနိုင်စွမ်းကို မြှင့်တင်နိုင်ဖို့ ကူညီပေးပါတယ်။

‍

Quiz

သမားရိုးကျ ဈေးကွက်ပိုင်ဆိုင်မှုတွေနဲ့ မတူဘဲ Volatility Indices အရောင်းအဝယ်လုပ်တာရဲ့ အဓိကအကျိုးကျေးဇူးတစ်ခုက ဘာဖြစ်ပါသလဲ။

Volatility Indices အရောင်းအဝယ်လုပ်ခြင်းက စိတ်ခံစားချက်ထိန်းချုပ်မှု တိုးတက်လာစေဖို့ ဘယ်လိုကူညီပေးနိုင်ပါသလဲ။

Volatility Indices အတွက် မိမိတို့ရဲ့ နည်းဗျူဟာတွေကို စိတ်ကြိုက်ပြင်ဆင်တဲ့အခါ ထရိတ်ဒါတစ်ဦးအနေနဲ့ ဘယ်အချက်ကို ထည့်သွင်းစဉ်းစားသင့်ပါသလဲ။

Analyse markets with AI-powered insights

Explore TradersView
WhatsApp