Deriv MT5 နဲ့ အရောင်းအဝယ်စတင်လိုက်ပါ : အော်ဒါအမျိုးအစားတွေ အပိုင်း 1
ကျွန်ုပ်တို့ရဲ့ Deriv MT5 သင်ခန်းစာကနေ ပြန်လည်ကြိုဆိုပါတယ်။ ဒီသင်ခန်းစာမှာတော့ ထိရောက်တဲ့ အရောင်းအဝယ်ပြုလုပ်ရာမှာ အခြေခံကျပြီး ပလက်ဖောင်းပေါ်မှာ ရရှိနိုင်တဲ့ အော်ဒါအမျိုးအစား အမျိုးမျိုးကို လေ့လာသွားပါမယ်။ ဒီအော်ဒါတွေက သင် အရောင်းအဝယ်တွေထဲ ဘယ်လိုဝင်ရောက်မလဲ၊ ဘယ်လိုထွက်မလဲဆိုတာကို ဆုံးဖြတ်ပေးပြီး နောက်ဆုံးမှာ သင့်ရဲ့ အရောင်းအဝယ်ရလဒ်တွေအပေါ် သက်ရောက်မှုရှိတာကြောင့် သူတို့ ဘယ်လိုအလုပ်လုပ်သလဲဆိုတာကို နားလည်ထားဖို့ မဖြစ်မနေ လိုအပ်ပါတယ်။
ရရှိနိုင်တဲ့ အော်ဒါအမျိုးအစားတွေ
Deriv MT5 မှာ အဓိက အော်ဒါအမျိုးအစား နှစ်မျိုးဖြစ်တဲ့ Market Order တွေနဲ့ Pending Order တွေကို ပံ့ပိုးပေးထားပြီး တစ်မျိုးချင်းစီက မတူညီတဲ့ အရောင်းအဝယ်လိုအပ်ချက်တွေနဲ့ အဆင့်မြင့် အော်ဒါအမျိုးအစားတွေ အတွက် အသုံးဝင်ပါတယ်။
Market Order တွေ
Market Order ကတော့ မြန်ဆန်မှုအပေါ် အဓိကထားပါတယ်။ သင်က Market Order တစ်ခု တင်လိုက်တဲ့အခါ Deriv MT5 က Deriv MT5 ပလက်ဖောင်း ပေါ်မှာ လက်ရှိ ရရှိနိုင်တဲ့ အကောင်းဆုံး ဈေးကွက်ပေါက်ဈေးနဲ့ ချက်ချင်းဝယ်ယူတာ ဒါမှမဟုတ် ရောင်းချတာမျိုး လုပ်ဆောင်ပေးပါတယ်။ ဒီနေရာမှာ လုပ်ဆောင်မှုမြန်ဆန်ဖို့ကို အဓိကထားတာဖြစ်လို့ သင့်အော်ဒါ အတည်ပြုပြီးမြောက်သွားမယ့် ဈေးနှုန်းအတိအကျကိုတော့ သင် ထိန်းချုပ်နိုင်မှာ မဟုတ်ပါဘူး။
ဥပမာ : သင်က EUR/USD ကို လက်ရှိဈေးနှုန်း $1.1250 မှာ 1 lot ဝယ်ယူချင်တယ်ဆိုပါစို့။ သင်က Market Order နဲ့ လုပ်ဆောင်လိုက်ပေမဲ့ အော်ဒါမပြည့်ခင်မှာ ဈေးနှုန်းက $1.1252 ကို ပြောင်းလဲသွားရင် သင့်ရဲ့အရောင်းအဝယ်က ဈေးကွက်ပေါက်ဈေးအသစ်နဲ့ အတည်ပြုသွားမှာ ဖြစ်ပါတယ်။ ဒါက အထူးသဖြင့် အပြောင်းအလဲမြန်တဲ့ ဈေးကွက်တွေမှာ Market Order တွေဟာ အော်ဒါအတည်ပြုဖို့ အာမခံပေးနိုင်ပေမဲ့ ဈေးနှုန်းအတိအကျရဖို့တော့ အာမမခံနိုင်ဘူးဆိုတာကို မီးမောင်းထိုးပြနေပါတယ်။
Pending Order တွေ
Pending Order တွေကတော့ သတ်မှတ်ထားတဲ့ ဈေးကွက်အခြေအနေတွေ ပြည့်မီလာတဲ့အထိ စောင့်ဆိုင်းပေးခြင်းအားဖြင့် အရောင်းအဝယ်တွေထဲကို ပိုမိုမဟာဗျူဟာကျကျ ဝင်ရောက်ခွင့်ပေးပါတယ်။ ရရှိနိုင်တဲ့ Pending Order အမျိုးအစား အများအပြား ရှိပါတယ် :
- Buy Limit Order : လက်ရှိ ဈေးကွက်ပေါက်ဈေးအောက် နိမ့်တဲ့ ဈေးနှုန်းတစ်ခုမှာ သတ်မှတ်ထားရပါတယ်။ ဈေးကွက်က ဒီဈေးနှုန်းအထိ ကျဆင်းလာရင် ဒီအော်ဒါက အလုပ်လုပ်သွားမှာဖြစ်ပြီး ပိုကောင်းတဲ့နှုန်းထားနဲ့ ဝယ်ယူနိုင်စေပါတယ်။
- Sell Limit Order : လက်ရှိ ဈေးကွက်ပေါက်ဈေးထက် မြင့်တဲ့ ဈေးနှုန်းတစ်ခုမှာ သတ်မှတ်ထားရပါတယ်။ ဈေးကွက်က ဒီဈေးနှုန်းအထိ မြင့်တက်လာရင် ဒီအော်ဒါက စတင်အသက်ဝင်လာမှာဖြစ်ပြီး ပိုမြင့်တဲ့အမှတ်မှာ ရောင်းချနိုင်စေပါတယ်။
- Buy Stop Order : ဒီအော်ဒါကို လက်ရှိ ဈေးကွက်ပေါက်ဈေးအထက်မှာ ထားရှိရပြီး ဈေးနှုန်းက သတ်မှတ်ထားတဲ့ Stop အဆင့်ကို ကျော်လွန်သွားတဲ့အခါ စတင်အသက်ဝင်လာကာ ဈေးနှုန်းအတက်ဘက်ဦးတည်နိုင်ခြေကို ညွှန်ပြပါတယ်။
- Sell Stop Order : ဒီအော်ဒါကို လက်ရှိ ဈေးကွက်ပေါက်ဈေးအောက်မှာ သတ်မှတ်ထားရပြီး ဈေးနှုန်းက သတ်မှတ်ထားတဲ့အဆင့်အောက် ကျဆင်းသွားတဲ့အခါ စတင်အလုပ်လုပ်ကာ ဈေးနှုန်းအကျဘက်ဦးတည်နိုင်ခြေကို ညွှန်ပြပါတယ်။
နိဂုံးချုပ်
ဒီအပိုင်းမှာတော့ Market Order တွေနဲ့ Pending Order တွေ အပါအဝင် Deriv MT5 မှာရှိတဲ့ အဓိက အော်ဒါအမျိုးအစားတွေအကြောင်းကို လေ့လာခဲ့ပြီး ဖြစ်ပါတယ်။ ဒီအော်ဒါတွေကို ထိထိရောက်ရောက် ဘယ်လိုအသုံးပြုရမလဲဆိုတာ နားလည်ထားခြင်းက သင့်ရဲ့ အရောင်းအဝယ်လုပ်ဆောင်မှုတွေမှာ သိသာထင်ရှားတဲ့ အားသာချက်တစ်ခုကို ပေးစွမ်းနိုင်ပါတယ်။
Quiz
Forex အရောင်းအဝယ်မှာ Market Order ကို ဘယ်လို အဓိပ္ပာယ်ဖွင့်ဆိုပါသလဲ။
Buy Limit Order ဆိုတာ ဘာပါလဲ။


