
နည်းပညာပိုင်းဆိုင်ရာ ဆန်းစစ်ချက်မှာ ဖြစ်နိုင်ခြေရှိတဲ့ ဈေးကွက်အလှည့်အပြောင်းနေရာတွေကို ရှာဖွေဖော်ထုတ်ဖို့အတွက် Fibonacci retracement တွေကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုကြပါတယ်။ အဲဒါတွေက ရိုးရှင်းတဲ့ Support နဲ့ Resistance ဇုန်တွေ၊ လူသိများတဲ့ သင်္ချာအချိုးအစားတွေကို အသုံးပြုပြီး အဓိက Support နဲ့ Resistance ဇုန်တွေကို ရှာဖွေဖော်ထုတ်ရာမှာ ကူညီပေးပါတယ်။ သူတို့ ဘယ်လိုအလုပ်လုပ်သလဲဆိုတာ ဒီမှာ ကြည့်နိုင်ပါတယ်။ အဆင့်မြင့် သင်္ချာတတ်ကျွမ်းဖို့ မလိုအပ်ပါဘူး။
Fibonacci ကိန်းဂဏန်းတွေဆိုတာ ဘာတွေလဲ
Fibonacci ကိန်းဂဏန်းတွေဆိုတာ ကိန်းဂဏန်းတစ်ခုချင်းစီက သူ့ရှေ့က ကိန်းနှစ်ခုရဲ့ ပေါင်းလဒ်ဖြစ်နေတဲ့ သင်္ချာကိန်းစဉ်တစ်ခု ဖြစ်ပါတယ်။ ဥပမာ : 0၊ 1၊ 1၊ 2၊ 3၊ 5၊ 8၊ 13၊ 21… စတာတွေ ဖြစ်ပါတယ်။
ဒီပုံစံကို ပင်လယ်ခရုခွံတွေရဲ့ ခရုပတ်ပုံစံကနေ နေကြာစေ့တွေ စီတန်းနေပုံအထိ သဘာဝတရားထဲက နေရာတိုင်းမှာ တွေ့မြင်ရပါတယ်။ ဒီအချိုးအစားတွေက ဈေးကွက်ရဲ့ ဈေးနှုန်းရွေ့လျားမှုပုံစံတွေမှာလည်း ပေါ်ထွက်လာတတ်ပြီး လက်တွေ့မှာ အံ့မခန်း တိကျမှုကို ပြသနေပါတယ်။
Fibonacci retracement အဆင့်တွေ အလုပ်လုပ်ပုံ
Fibonacci retracement ကိရိယာက ဈေးနှုန်းရွေ့လျားမှုအပေါ် အခြေခံပြီး အဓိက ရာခိုင်နှုန်းတွေမှာ အလျားလိုက်မျဉ်းတွေ ဆွဲပေးကာ Support ဒါမှမဟုတ် Resistance ဇုန်တွေကို ကြိုတင်ခန့်မှန်းနိုင်အောင် ကူညီပေးပါတယ်။ အဲဒီအဓိက အဆင့်တွေကတော့ :
- 0% (Trend ရဲ့ အစမှတ်)
- 23.6%
- 38.2%
- 50% (တရားဝင် Fibonacci ကိန်းဂဏန်း မဟုတ်ပေမဲ့ ထရိတ်ဒါတွေ သဘောကျကြပါတယ်)
- 61.8% (ရွှေအချိုး၊ တစ်နည်းအားဖြင့် မှော်ကိန်းဂဏန်း)
- 78.6%
- 100% (Trend ရဲ့ အဆုံးမှတ်)
လက်တွေ့မှာ သူတို့ကို အသုံးချရမယ့် နည်းလမ်းကို ဖော်ပြပေးထားပါတယ်။ ကြီးမားတဲ့ ဈေးနှုန်းရွေ့လျားမှု (အတက် ဒါမှမဟုတ် အကျ) တစ်ခုကို ရှာဖွေလိုက်ပါ၊ အဲဒီနောက် ဈေးနှုန်းက ဘယ်နေရာမှာ ခဏတန့်မလဲ ဒါမှမဟုတ် ပြန်လှည့်မလဲဆိုတာ ခန့်မှန်းဖို့ retracement အဆင့်တွေက ကူညီပေးပါလိမ့်မယ်။

လက်တွေ့မှာ Fibonacci အဆင့်တွေကို ရှာဖွေဖော်ထုတ်ခြင်း
ပိုင်ဆိုင်မှုတစ်ခုရဲ့ ဈေးနှုန်းက $100 ကနေ $200 အထိ ထိုးတက်သွားတယ်ဆိုပါစို့။ အဲဒီဈေးနှုန်းက retrace ဖြစ်လာရင်၊ ဆိုလိုတာက နောက်ပြန်ဆုတ်လာရင် အဓိက Fibonacci အဆင့်တွေဝန်းကျင်မှာ Support ရှိမယ်လို့ သင် မျှော်လင့်နိုင်ပါတယ်။ ဥပမာအနေနဲ့ 50% retracement ဆိုတာ ဈေးနှုန်းက ပြန်မတက်ခင် $150 အထိ ပြန်ကျဆင်းလာနိုင်တာကို ဆိုလိုပါတယ်။
မတူညီတဲ့ အဆင့်တွေက မတူညီတဲ့ အဓိပ္ပာယ်တွေကို ဖော်ပြပေးပါတယ် :
- 23.6% - 38.2% : အားကောင်းတဲ့ Trend တွေမှာ တွေ့ရလေ့ရှိတဲ့ အသေးစား နောက်ပြန်ဆုတ်မှုတွေ ဖြစ်ပါတယ်။
- 50% - 61.8% : ဈေးနှုန်း ရပ်တန့်လေ့ရှိတဲ့ ဒါမှမဟုတ် ပြန်လှည့်လေ့ရှိတဲ့ အဓိကဇုန်တွေ ဖြစ်ပါတယ်။
- 78.6% - 100% : ဈေးနှုန်းပြန်လှည့်နိုင်ခြေရှိတဲ့ ဇုန်တွေပါဝင်ပြီး ပိုမိုနက်ရှိုင်းတဲ့ နောက်ပြန်ဆုတ်မှုတွေ ဖြစ်ပါတယ်။

အရောင်းအဝယ်လုပ်ရာမှာ Fibonacci retracement တွေကို အသုံးပြုနည်း
Deriv MT5 ထဲက Insert အောက်မှာ Fibonacci ကိရိယာတွေကို သင် တိုက်ရိုက်ရယူအသုံးပြုနိုင်ပါတယ်။

Fibonacci retracement အဆင့်တွေကို အသုံးပြုနိုင်မယ့် နည်းလမ်းတွေ :
- Support/Resistance နဲ့ တွဲဖက်သုံးခြင်း : Fibonacci အဆင့်တစ်ခုက အရင် အမြင့်ဆုံး/အနိမ့်ဆုံး ဈေးနှုန်းတွေနဲ့ တစ်ထပ်တည်းကျနေရင် အဲဒီဇုန်က ပိုပြီးတော့တောင် အရေးပါလာပါတယ်။
- Moving average တွေနဲ့ တွဲဖက်သုံးခြင်း : Moving average တစ်ခု (ဥပမာ 50 ရက် MA လိုမျိုး) ဆီကို နောက်ပြန်ဆုတ်လာတာက ဈေးနှုန်းပြန်လှည့်မှုကို အတည်ပြုပေးနိုင်ပါတယ်။
- Candlestick ပုံစံတွေနဲ့ တွဲဖက်သုံးခြင်း : 61.8% အဆင့်အနီးမှာ Bullish engulfing candle ပေါ်လာသလား။ ဒါက အားကောင်းတဲ့ အချက်ပြမှုတစ်ခု ဖြစ်ပါတယ်။
- အချိန်ကာလ အမျိုးမျိုးနဲ့ ကြည့်ရှုခြင်း : ထရိတ်ဒါကြီးတွေ စောင့်ကြည့်နေနိုင်တဲ့ အဓိကအဆင့်တွေကို မြင်နိုင်ဖို့ မြင်ကွင်းချဲ့ထုတ် (Zoom out) ကြည့်ရှုပါ။
- RSI ဒါမှမဟုတ် Stochastics နဲ့ တွဲဖက်သုံးခြင်း : အဓိက Fibonacci အဆင့်တစ်ခုမှာ အရောင်းလွန်ကဲမှု (Oversold) ဖြစ်နေသလား။ ဒါက အဝယ်ဝင်ဖို့ ဖြစ်နိုင်ခြေရှိတဲ့ အချက်ပြမှုတစ်ခု ဖြစ်ပါတယ်။
Quiz
ရှယ်ယာတစ်ခုက $50 ကနေ $100 အထိ ထိုးတက်သွားပါတယ်။ 50% retracement အဆင့်က ဘယ်မှာရှိပါသလဲ။


