အဓိကအကြောင်းအရာသို့ ကျော်သွားရန်
သင်ခန်းစာ
8
Volatility Indices | စတင်လေ့လာသူ

မှန်ကန်တဲ့ ဈေးနှုန်းအတက်အကျနှုန်းကို ရွေးချယ်ခြင်း

ကြာချိန်
3
မိနစ်

အရောင်းအဝယ်ပြုလုပ်ရာမှာ ဈေးနှုန်းအတက်အကျနှုန်း (volatility) ဆိုတာ သတ်မှတ်ထားတဲ့ ကာလတစ်ခုအတွင်း ပိုင်ဆိုင်မှုတစ်ခုရဲ့ ဈေးနှုန်းပြောင်းလဲမှု အတိုင်းအတာကို ရည်ညွှန်းပါတယ်။ ဒါဟာ ဈေးကွက် အပြောင်းအလဲတွေရဲ့ အရေးပါတဲ့ အညွှန်းတစ်ခုဖြစ်သလို ဆုံးရှုံးနိုင်ခြေကို ဆန်းစစ်ရာမှာလည်း မရှိမဖြစ်လိုအပ်တဲ့ အချက်တစ်ခု ဖြစ်ပါတယ်။ ဈေးနှုန်းအတက်အကျနှုန်း မြင့်မားတာက ပိုင်ဆိုင်မှုတစ်ခုရဲ့ ဈေးနှုန်းဟာ အချိန်တိုအတွင်း သိသိသာသာ ပြောင်းလဲနိုင်တယ်ဆိုတာကို ပြသနေပြီး သိသာတဲ့ အမြတ် ဒါမှမဟုတ် အရှုံးတွေ ဖြစ်ပေါ်စေနိုင်ပါတယ်။ အပြန်အလှန်အားဖြင့် ဈေးနှုန်းအတက်အကျနှုန်း နည်းပါးတာက ဈေးနှုန်းလှုပ်ရှားမှု သိပ်မပြင်းထန်ဘဲ ပိုမိုတည်ငြိမ်တဲ့ ဈေးနှုန်းဝန်းကျင်တစ်ခုကို ညွှန်ပြနေပါတယ်။ ဈေးကွက် တွေထဲမှာ ကျွမ်းကျင်စွာ လေ့လာသွားလာပြီး ထိရောက်စွာ အရောင်းအဝယ်ပြုလုပ်နိုင်ဖို့အတွက် ဈေးနှုန်းအတက်အကျနှုန်းကို နားလည်ထားဖို့က အဓိကကျပါတယ်။

Volatility Indices က ဒီလို အဆင့်အမျိုးမျိုးရှိတဲ့ ဈေးနှုန်းလှုပ်ရှားမှုတွေကို ကိုယ်စားပြုပြီး မတူညီတဲ့ အရောင်းအဝယ်ပုံစံတွေနဲ့ ကိုက်ညီအောင် ဖန်တီးထားပါတယ်။ ဒီသင်ခန်းစာမှာ Volatility Indices ရဲ့ လက္ခဏာရပ်တွေ၊ ထရိတ်ဒါတွေ ထည့်သွင်းစဉ်းစားသင့်တဲ့ အချက်တွေနဲ့ ထိရောက်စွာ အရောင်းအဝယ်ပြုလုပ်နိုင်မယ့် လက်တွေ့နည်းဗျူဟာတွေကို မျှဝေပေးသွားပါမယ်။
‍

Volatility Indices ရဲ့ လက္ခဏာရပ်တွေ

Deriv က Volatility Indices အမျိုးမျိုးကို ပေးအပ်ထားပြီး တစ်ခုချင်းစီကို မျှော်မှန်းထားတဲ့ ဈေးနှုန်းအပြောင်းအလဲကို သတ်မှတ်ပေးတဲ့ ဈေးနှုန်းအတက်အကျ ရာခိုင်နှုန်းနဲ့ သတ်မှတ်ထားပါတယ်။ ပုံမှန် Volatility Indices တွေမှာ 2 စက္ကန့်တိုင်း ဈေးနှုန်းလှုပ်ရှားမှု (Tick) တစ်ကြိမ် ဖြစ်ပေါ်ပေမဲ့ Deriv က တူညီတဲ့ ဈေးနှုန်းအတက်အကျနှုန်းနဲ့ပဲ 1 စက္ကန့်တိုင်း Tick တစ်ကြိမ် ထုတ်ပေးတဲ့ ညွှန်းကိန်းတွေကိုလည်း ရွေးချယ်စရာအဖြစ် ပေးအပ်ထားပါတယ်။ ဒီညွှန်းကိန်းတွေကို သင်္ကေတထဲမှာ ဖော်ပြထားတဲ့ (1s) နဲ့ ခွဲခြားသိရှိနိုင်ပါတယ်။
အောက်မှာတော့ လူသိများတဲ့ ဥပမာအချို့ကို သူတို့ရဲ့ ဈေးနှုန်းအတက်အကျနှုန်း အဆင့်အလိုက် အသေးစိတ် ရှင်းပြပေးထားပါတယ် :

  • Volatility 10 Index : ဈေးနှုန်းအတက်အကျနှုန်း 10% ရှိတဲ့ ဒီညွှန်းကိန်းက တည်ငြိမ်မှုနဲ့ အသေးစား ဈေးနှုန်းလှုပ်ရှားမှုတွေကို ရှာဖွေနေတဲ့ ထရိတ်ဒါတွေနဲ့ သင့်လျော်တာကြောင့် အခုမှစတင်သူတွေ ဒါမှမဟုတ် ပိုမိုခန့်မှန်းရလွယ်ကူတဲ့ အရောင်းအဝယ်ဝန်းကျင်ကို နှစ်သက်သူတွေအတွက် အကောင်းဆုံးဖြစ်ပါတယ်။
    ‍
  • Volatility 25 Index : 10 Index နဲ့ နှိုင်းယှဉ်ရင် ဈေးနှုန်းလှုပ်ရှားမှု အနည်းငယ် ပိုမိုမြင့်တက်လာတဲ့ Volatility 25 Index က ဆုံးရှုံးနိုင်ခြေနဲ့ အကျိုးအမြတ်ကြားမှာ ဟန်ချက်ညီအောင် ဖန်တီးပေးထားပါတယ်။ တည်ငြိမ်မှုအတိုင်းအတာတစ်ခုကို ထိန်းသိမ်းထားရင်းနဲ့ပဲ ထရိတ်ဒါတွေကို လှုပ်ရှားမှု အနည်းငယ် ပိုမိုကြုံတွေ့ခံစားနိုင်စေပါတယ်။
    ‍
  • Volatility 100 Index : ဒီညွှန်းကိန်းမှာ ဈေးနှုန်းအတက်အကျနှုန်း 100% ရှိပြီး ပိုမိုခန့်မှန်းရခက်တဲ့ ဈေးကွက် အခြေအနေကို ကိုယ်စားပြုပါတယ်။ မြင့်မားတဲ့ အမြတ်အစွန်း အလားအလာတွေကို ပေးစွမ်းနိုင်ပေမဲ့ ပူးတွဲပါလာတဲ့ ဆုံးရှုံးနိုင်ခြေတွေကြောင့် ရဲရင့်သွက်လက်တဲ့ အရောင်းအဝယ် နည်းဗျူဟာတွေကို ကိုင်တွယ်နိုင်တဲ့ အတွေ့အကြုံရှိ ထရိတ်ဒါတွေနဲ့ ပိုမိုသင့်လျော်ပါတယ်။
    ‍
  • Volatility 150 Index : ဈေးနှုန်းအတက်အကျနှုန်း 150% နဲ့ အလွန်မြင့်မားတဲ့ လှုပ်ရှားမှုပါဝင်တဲ့ ဒီညွှန်းကိန်းက မြန်ဆန်ပြီး ဆုံးရှုံးနိုင်ခြေပိုများတဲ့ ဝန်းကျင်တွေမှာ ကျွမ်းကျင်စွာ လှုပ်ရှားနိုင်တဲ့ ထရိတ်ဒါတွေနဲ့ သင့်လျော်ပါတယ်။ သိသာတဲ့ အမြတ်အစွန်း အခွင့်အလမ်းတွေကို ပေးစွမ်းနိုင်သလို ကြီးမားတဲ့ အရှုံးဖြစ်နိုင်ခြေလည်း ပါရှိတာကြောင့် ခိုင်မာအားကောင်းတဲ့ ဆုံးရှုံးနိုင်ခြေ စီမံခန့်ခွဲမှု နည်းဗျူဟာတွေ လိုအပ်ပါတယ်။
    ‍

သင့်ရဲ့ အရောင်းအဝယ်ပုံစံနဲ့ ဆုံးရှုံးနိုင်ခြေ ခံနိုင်ရည်အားကို ဆန်းစစ်ခြင်း

Volatility Index တစ်ခုကို ရွေးချယ်တဲ့အခါ သင့်ရဲ့ ကိုယ်ပိုင် အရောင်းအဝယ်ပုံစံနဲ့ ဆုံးရှုံးနိုင်ခြေ ခံနိုင်ရည်အားကို ထည့်သွင်းစဉ်းစားဖို့ အရေးကြီးပါတယ် :

  • ဆုံးရှုံးနိုင်ခြေ လက်ခံနိုင်စွမ်း : ပြင်းထန်တဲ့ ဈေးနှုန်းအတက်အကျတွေကို သင် အဆင်ပြေပြေ ရင်ဆိုင်နိုင်ပါသလား၊ ဒါမှမဟုတ် ပိုမိုခန့်မှန်းရလွယ်တဲ့ လှုပ်ရှားမှုတွေကို ပိုနှစ်သက်ပါသလား။ သင့်ရဲ့ ဆုံးရှုံးနိုင်ခြေ လက်ခံနိုင်စွမ်းက ညွှန်းကိန်းရွေးချယ်မှုအပေါ် အများကြီး လွှမ်းမိုးမှုရှိပါလိမ့်မယ်။
    ‍
  • အရောင်းအဝယ် အတွေ့အကြုံ : အခုမှစတင်သူတွေအနေနဲ့ ဈေးကွက် အရွေ့အပြောင်းတွေနဲ့ ရင်းနှီးကျွမ်းဝင်စေဖို့ Volatility 10 Index လိုမျိုး ဈေးနှုန်းအတက်အကျနှုန်း နည်းပါးတဲ့ ညွှန်းကိန်းတွေနဲ့ စတင်တာက ပိုပြီးအကျိုးရှိနိုင်ပါတယ်။ တစ်ဖက်မှာတော့ ဝါရင့်ထရိတ်ဒါတွေက ပိုမိုမြင့်မားတဲ့ အကျိုးအမြတ်တွေကို ရည်မှန်းပြီး ပိုမိုပြင်းထန်တဲ့ Volatility 75 ဒါမှမဟုတ် 100 Indices တွေကို ရွေးချယ်ရှာဖွေနိုင်ပါတယ်။
    ‍
  • မဟာဗျူဟာမြောက် စိတ်နေသဘောထား : အရောင်းအဝယ်တွေကို စောင့်ကြည့်လေ့လာပြီး ဆန်းစစ်သုံးသပ်ဖို့ အချိန်နဲ့ အားထုတ်မှု ဘယ်လောက်အထိ ပေးနိုင်မလဲဆိုတာကို ဆန်းစစ်ကြည့်ပါ။ ဈေးနှုန်းအတက်အကျနှုန်း မြင့်မားတဲ့ ညွှန်းကိန်းတွေမှာ ပိုမိုအာရုံစိုက်ဖို့နဲ့ မြန်မြန်ဆန်ဆန် ဆုံးဖြတ်ချက်ချဖို့ လိုအပ်နိုင်ပေမဲ့ ဈေးနှုန်းအတက်အကျနှုန်း နည်းပါးတဲ့ ညွှန်းကိန်းတွေကတော့ ပိုမိုသက်သောင့်သက်သာရှိတဲ့ ပုံစံနဲ့ အရောင်းအဝယ်ပြုလုပ်ခွင့် ပေးနိုင်ပါတယ်။
    ‍

Volatility Indices အတွက် လက်တွေ့အရောင်းအဝယ် နည်းဗျူဟာတွေ

Volatility Index တစ်ခုချင်းစီက သူ့ရဲ့ ဈေးနှုန်းအတက်အကျ လက္ခဏာရပ်တွေအပေါ် အခြေခံပြီး မတူညီတဲ့ အရောင်းအဝယ် နည်းဗျူဟာတွေနဲ့ ကိုက်ညီပေမဲ့ Volatility Indices ကို အရောင်းအဝယ်ပြုလုပ်လိုသူတွေအတွက် ကောင်းမွန်တဲ့ လက်တွေ့ကျင့်သုံးစရာ အချက်အချို့ကို အောက်မှာ ဖော်ပြပေးထားပါတယ် :

  1. Stop Loss အော်ဒါတွေကို အသုံးပြုခြင်း : Volatility 75 ဒါမှမဟုတ် 100 လိုမျိုး ဈေးနှုန်းအတက်အကျနှုန်း မြင့်မားတဲ့ ဈေးကွက် တွေမှာ Stop Loss အော်ဒါတွေကို အသုံးပြုတာက ကောင်းမွန်တဲ့ အလေ့အကျင့်တစ်ခု ဖြစ်ပါတယ်။ ဒီကိရိယာက သတ်မှတ်ထားတဲ့ ဈေးနှုန်းအမှတ်တစ်ခုကို ရောက်ရှိတဲ့အခါ အရောင်းအဝယ်တွေကို အလိုအလျောက် ပိတ်ပေးခြင်းအားဖြင့် ဖြစ်ပေါ်လာနိုင်တဲ့ အရှုံးတွေကို လျှော့ချပေးပါတယ်။
    ‍
  2. ဈေးကွက်ရေစီးကြောင်းအတိုင်း လိုက်ပါခြင်း : Volatility 50 နဲ့ 100 လိုမျိုး ညွှန်းကိန်းတွေအတွက် ဈေးကွက်ရေစီးကြောင်းအတိုင်း လိုက်ပါတဲ့ နည်းဗျူဟာကို အသုံးပြုဖို့ စဉ်းစားကြည့်ပါ။ ဒီနည်းလမ်းမှာ ဈေးကွက် ရေစီးကြောင်းတွေကို ဖော်ထုတ်နိုင်ဖို့ ဈေးကွက် လှုပ်ရှားမှုတွေကို ဆန်းစစ်လေ့လာပြီး အဲဒီရေစီးကြောင်း ဦးတည်ရာအတိုင်း အရောင်းအဝယ်ပြုလုပ်တာ ပါဝင်ပါတယ်။
    ‍‍
  3. ဖြန့်ခွဲလုပ်ဆောင်ခြင်း : သင့်ရဲ့ အရောင်းအဝယ်တွေကို Volatility Indices အမျိုးမျိုးမှာ ဖြန့်ခွဲထားရှိတာက ဆုံးရှုံးနိုင်ခြေကို စီမံခန့်ခွဲရာမှာ အထောက်အကူပြုနိုင်ပါတယ်။ ဥပမာအားဖြင့် Volatility 10 Index နဲ့ Volatility 150 Index နှစ်ခုလုံးမှာ အရောင်းအဝယ်ဖွင့်ထားတာက မတူညီတဲ့ ဈေးကွက် လှုပ်ရှားမှု အဆင့်အမျိုးမျိုးကနေ အခွင့်အလမ်းရယူရင်း ဆုံးရှုံးနိုင်ခြေကို ဟန်ချက်ညီအောင် ထိန်းညှိပေးနိုင်ပါတယ်။

Quiz

အရောင်းအဝယ်ကဏ္ဍမှာ Volatility ကို ဘယ်လို အဓိပ္ပာယ်ဖွင့်ဆိုပါသလဲ။

သတိထားတတ်တဲ့ အရောင်းအဝယ်လုပ်သူတွေအတွက် Volatility 10 Index ကို ဘယ်လိုလက္ခဏာရပ်က သင့်တော်စေပါသလဲ။

အတက်အကျကြမ်းတဲ့ ဈေးကွက်တွေမှာ အရောင်းအဝယ်လုပ်သူတွေက Stop Loss အော်ဒါတွေကို ဘာကြောင့် အသုံးပြုသင့်ပါသလဲ။

Analyse markets with AI-powered insights

Explore TradersView
WhatsApp