အဓိကအကြောင်းအရာသို့ ကျော်သွားရန်
သင်ခန်းစာ
5
Derivatives | အခြေခံအဆင့်

Deriv မှာရှိတဲ့ အခြေခံပိုင်ဆိုင်မှုတွေအကြောင်း အကျဉ်းချုပ်

ကြာချိန်
3
မိနစ်


Derivatives အရောင်းအဝယ်လုပ်တဲ့နေရာမှာ ထိရောက်တဲ့ အရောင်းအဝယ်နည်းဗျူဟာတွေ ချမှတ်နိုင်ဖို့အတွက် Derivatives အရောင်းအဝယ်လုပ်ခြင်း ရဲ့ အခြေခံပိုင်ဆိုင်မှုတွေကို နားလည်ထားဖို့က အလွန်အရေးကြီးပါတယ်။ ဒီသင်ခန်းစာက ဘဏ္ဍာရေးပိုင်ဆိုင်မှုတွေနဲ့ ထူးခြားတဲ့ Derived Indices အပါအဝင် Deriv အရောင်းအဝယ်ပလက်ဖောင်း ဖြစ်တဲ့ Deriv ပေါ်မှာ Derivatives အရောင်းအဝယ်လုပ်ဖို့ ရရှိနိုင်တဲ့ အခြေခံပိုင်ဆိုင်မှုအမျိုးမျိုးကို အသေးစိတ်ဖော်ပြပေးထားတာကြောင့် ဗီဒီယိုထဲမှာ မိတ်ဆက်ပေးခဲ့တဲ့ သဘောတရားတွေကို ပိုမိုနားလည်သဘောပေါက်စေမှာ ဖြစ်ပါတယ်။ ဒီပိုင်ဆိုင်မှုတွေအကြောင်း သေချာသိရှိထားတာက သင့်ရဲ့စိတ်ကြိုက်ရွေးချယ်မှု၊ လက်ခံနိုင်တဲ့ ဆုံးရှုံးနိုင်ခြေအတိုင်းအတာတွေနဲ့ ကိုက်ညီပြီး ချင့်ချိန်နိုင်စွမ်းရှိတဲ့ အရောင်းအဝယ်ဆုံးဖြတ်ချက်တွေ ချမှတ်နိုင်အောင် ကူညီပေးပါလိမ့်မယ်။
‍

Derivatives အရောင်းအဝယ်အတွက် ရရှိနိုင်တဲ့ ဘဏ္ဍာရေးပိုင်ဆိုင်မှုတွေ

Deriv က Derivatives အရောင်းအဝယ်လုပ်ဖို့အတွက် ဘဏ္ဍာရေးပိုင်ဆိုင်မှုအမျိုးအစား စုံလင်စွာကို ပံ့ပိုးပေးထားပါတယ်။ ဒီလိုစုံလင်မှုက အရောင်းအဝယ်သမားတွေကို မတူညီတဲ့ ပိုင်ဆိုင်မှုအမျိုးအစားတွေတစ်လျှောက် ဈေးကွက်အခွင့်အလမ်းတွေကို အမိအရအသုံးချနိုင်ဖို့ ပြောင်းလွယ်ပြင်လွယ်ရှိစေပါတယ် :

  • အဓိက Forex ငွေကြေးအတွဲတွေ : ဒီအထဲမှာ EUR/USD ၊ GBP/USD နဲ့ USD/JPY တို့လို လူကြိုက်များတဲ့ ငွေကြေးအတွဲတွေ ပါဝင်ပါတယ်။ အဓိက Forex ငွေကြေးအတွဲတွေပေါ်မှာ Derivatives အရောင်းအဝယ်လုပ်တာက ပုံမှန်အားဖြင့် ငွေဖြစ်လွယ်မှုမြင့်မားပြီး Spread ပိုနည်းတာကြောင့် အရောင်းအဝယ်သမားအများစုအတွက် ဆွဲဆောင်မှုရှိတဲ့ ရွေးချယ်မှုတစ်ခု ဖြစ်စေပါတယ်။
    ‍
  • စတော့ညွှန်းကိန်းများ : ညွှန်းကိန်းအခြေပြု Derivatives တွေက အရောင်းအဝယ်သမားတွေကို ရှယ်ယာများအစုအဖွဲ့တစ်ခုရဲ့ စွမ်းဆောင်ရည်အပေါ် ခန့်မှန်းရောင်းဝယ်ခွင့် ပြုထားပါတယ်။ စတော့ညွှန်းကိန်းများကို အရောင်းအဝယ်လုပ်တာက ပိုမိုကျယ်ပြန့်တဲ့ ဈေးကွက်လားရာတွေကို ထိုးထွင်းသိမြင်စေနိုင်သလို ရှယ်ယာတစ်ခုချင်းစီမှာ ရင်းနှီးမြှုပ်နှံတာနဲ့ ဆက်စပ်နေတဲ့ ဆုံးရှုံးနိုင်ခြေကိုလည်း လျှော့ချပေးနိုင်ပါတယ်။
    ‍
  • ခရစ်ပတိုငွေကြေးတွေ : ဒစ်ဂျစ်တယ်ငွေကြေးတွေ တိုးတက်ကျယ်ပြန့်လာတာနဲ့အမျှ Deriv က Bitcoin နဲ့ Ethereum တို့လို လူကြိုက်များတဲ့ ခရစ်ပတိုငွေကြေးတွေပေါ်မှာ Derivatives အရောင်းအဝယ်လုပ်နိုင်မယ့် အခွင့်အလမ်းတွေကို ပေးအပ်ထားပါတယ်။ ဒီ Derivatives တွေက အရောင်းအဝယ်သမားတွေကို ပိုင်ဆိုင်မှုတိုက်ရိုက်ဝယ်ယူထားစရာမလိုဘဲ အတက်အကျအလွန်မြန်တဲ့ ဒီဈေးကွက်ထဲမှာ ပါဝင်ရောင်းဝယ်နိုင်စေပါတယ်။
    ‍
  • ကုန်စည်များ : ရွှေ၊ ရေနံနဲ့ စိုက်ပျိုးရေးထွက်ကုန်တွေလို ကုန်စည်များက အရောင်းအဝယ်သမားတွေအတွက် ဈေးနှုန်းခန့်မှန်းရောင်းဝယ်ဖို့နဲ့ စီးပွားရေးအတက်အကျတွေကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ ဆုံးရှုံးနိုင်ခြေကို ကာကွယ်ဖို့ နောက်ထပ်နည်းလမ်းတွေကို ပေးစွမ်းပါတယ်။ ကုန်စည်များကို အခြေခံထားတဲ့ Derivatives တွေဟာ မတူကွဲပြားတဲ့ ဈေးကွက်အခြေအနေအမျိုးမျိုးမှာ အထူးထိရောက်မှုရှိနိုင်ပါတယ်။
    ‍

Derived Indices ကို နားလည်သဘောပေါက်ခြင်း

Deriv က သီးခြားဈေးကွက်အပြုအမူတွေကို ပုံစံတူဖန်တီးထားပြီး ထူးခြားတဲ့ အရောင်းအဝယ်အခွင့်အလမ်းတွေ ပေးစွမ်းနိုင်တဲ့ မူပိုင် Derived Indices ကိုလည်း ပံ့ပိုးပေးထားပါတယ် :

  1. Synthetic Indices : ဒီညွှန်းကိန်းတွေက လုံခြုံစိတ်ချရတဲ့ ကျပန်းကိန်းဂဏန်းထုတ်လုပ်စနစ်ကို အသုံးပြုပြီး လက်တွေ့ကမ္ဘာ့ဈေးကွက်အခြေအနေတွေကို ပုံစံတူဖန်တီးထားပါတယ်။ သမားရိုးကျဈေးကွက်တွေမှာ ကြုံတွေ့ရတတ်တဲ့ ခန့်မှန်းရခက်မှုမျိုးမရှိဘဲ စဉ်ဆက်မပြတ် ဈေးနှုန်းရွေ့လျားမှုတွေကို ပေးစွမ်းတာကြောင့် အရောင်းအဝယ်နည်းဗျူဟာ အမျိုးမျိုးအတွက် အသုံးဝင်စေပါတယ်။
    ‍
  2. Basket Indices : ဒီညွှန်းကိန်းတွေက ပိုင်ဆိုင်မှုတစ်ခုတည်းအပေါ် မှီခိုနေမယ့်အစား ပိုင်ဆိုင်မှုအစုအဝေးတစ်ခုရဲ့ စွမ်းဆောင်ရည်ကို ခြေရာခံပေးတာကြောင့် အုပ်စုတစ်ခုလုံးရဲ့ အထွေထွေစွမ်းဆောင်ရည်နဲ့ ထိတွေ့ရောင်းဝယ်ခွင့် ရရှိစေပါတယ်။ ဥပမာအားဖြင့် Gold Basket က ကမ္ဘာ့ငွေကြေး 5 မျိုးအစုအဖွဲ့နဲ့ နှိုင်းယှဉ်ပြီး ရွှေရဲ့တန်ဖိုးကို တိုင်းတာပေးပါတယ်။ ဒီလိုဖြန့်ခွဲထားမှုက ဆုံးရှုံးနိုင်ခြေကို မျှဝေလျှော့ချပေးပြီး အရောင်းအဝယ်လုပ်ရာမှာ တည်ငြိမ်မှုကို ပိုမိုမြှင့်တင်ပေးနိုင်ပါတယ်။
    ‍
  3. Volatility Indices : ဒီညွှန်းကိန်းတွေက ကြိုတင်သတ်မှတ်ထားတဲ့ အတက်အကျအဆင့်တွေအတိုင်း ဈေးနှုန်းပြောင်းလဲမှုတွေကို ထင်ဟပ်ပြသပေးပြီး အရောင်းအဝယ်သမားတွေကို တသမတ်တည်းရှိတဲ့ ရွေ့လျားမှုတွေကနေ အကျိုးအမြတ်ရှာဖွေနိုင်မယ့် အခွင့်အရေးပေးပါတယ်။ စနစ်တကျသတ်မှတ်ထားတဲ့ ဆုံးရှုံးနိုင်ခြေပုံစံတွေနဲ့ တိကျတဲ့ အတက်အကျအပိုင်းအခြားတွေ ရှိတာကြောင့် ဒီညွှန်းကိန်းတွေပေါ်က Options အရောင်းအဝယ်တွေဟာ ဆွဲဆောင်မှုရှိနိုင်ပါတယ်။
    ‍
  4. Jump Indices : Volatility Indices ရဲ့ ပုံစံကွဲတစ်ခုဖြစ်တဲ့ Jump Indices မှာ ပျမ်းမျှအားဖြင့် မိနစ် 20 မှာ တစ်ကြိမ် ပုံမှန်ထက်ပိုကြီးမားတဲ့ ဈေးနှုန်းခုန်တက်မှု ဒါမှမဟုတ် ခုန်ဆင်းမှုတွေ အချိန်မှန်ဖြစ်ပေါ်လေ့ရှိပါတယ်။ ဒီလက္ခဏာရပ်က အရောင်းအဝယ်သမားတွေအတွက် ရုတ်တရက်ဖြစ်ပေါ်လာတဲ့ ဈေးကွက်ရွေ့လျားမှုတွေကနေ အမြတ်ရယူနိုင်မယ့် ထူးခြားတဲ့အခွင့်အလမ်းတွေကို ပေးစွမ်းပါတယ်။
    ‍
  5. Crash and Boom Indices : ရုတ်တရက် ဈေးနှုန်းအပြောင်းအလဲတွေကနေ အခွင့်အလမ်းရှာလိုတဲ့ အရောင်းအဝယ်သမားတွေအတွက် အထူးသင့်လျော်ပြီး Crash Indices က ဖြည်းဖြည်းမှန်မှန် မြင့်တက်သွားပြီးမှ ရုတ်တရက် ထိုးကျသွားတတ်သလို Boom Indices ကတော့ ဖြည်းဖြည်းမှန်မှန် ကျဆင်းသွားပြီးမှ ရုတ်တရက် ထိုးတက်သွားတတ်ပါတယ်။ ဒီညွှန်းကိန်းတွေက မျှော်မှန်းထားတဲ့ ဈေးကွက်အပြုအမူပုံစံတွေအပေါ် အခြေခံပြီး အရောင်းအဝယ်အခွင့်အလမ်းတွေကို ဖန်တီးပေးပါတယ်။
    ‍
  6. Step Indices : အမည်အတိုင်းပဲ Step Indices က သတ်မှတ်ထားတဲ့ ပမာဏ ဒါမှမဟုတ် အဆင့်တွေအလိုက် ရွေ့လျားတာကြောင့် ခန့်မှန်းရလွယ်ကူတဲ့ အရောင်းအဝယ်ပတ်ဝန်းကျင်တစ်ခုကို ဖန်တီးပေးပါတယ်။ အဆင့်တစ်ခုချင်းစီက ပုံသေသတ်မှတ်ထားတာဖြစ်လို့ ရေတိုရော ရေရှည်နည်းဗျူဟာတွေအတွက်ပါ ဆွဲဆောင်မှုရှိစေပါတယ်။
    ‍
  7. Daily Reset Indices : ဒီအမျိုးအစားထဲမှာ 24 နာရီကာလအတွင်း မြင့်တက်နေတဲ့ ဒါမှမဟုတ် ကျဆင်းနေတဲ့ ဈေးကွက်တွေကို ပုံစံတူဖန်တီးထားတဲ့ ညွှန်းကိန်းတွေ (ဥပမာ - Bull Market Index နဲ့ Bear Market Index) ပါဝင်ပါတယ်။ ဒီညွှန်းကိန်းတွေဟာ အရောင်းအဝယ်နေ့ရက်တစ်ခုစီရဲ့ အစမှာ အခြေခံတန်ဖိုးတစ်ခုဆီ ပြန်လည်စတင်လေ့ရှိတာကြောင့် နေ့စဉ်ဈေးကွက်လားရာတွေကို ပိုမိုခန့်မှန်းရလွယ်ကူစေပါတယ်။
    ‍

အခြေခံပိုင်ဆိုင်မှုတွေကို နားလည်ထားခြင်းရဲ့ အရေးပါပုံ

Deriv ပေါ်က Derivatives အရောင်းအဝယ်မှာ အောင်မြင်မှုရယူလိုတဲ့ ဘယ်အရောင်းအဝယ်သမားအတွက်မဆို အခြေခံပိုင်ဆိုင်မှုတွေကို ခိုင်မာစွာနားလည်ထားဖို့ မရှိမဖြစ်လိုအပ်ပါတယ်။ ဘဏ္ဍာရေးပိုင်ဆိုင်မှုအမျိုးမျိုးနဲ့ ထူးခြားတဲ့ Derived Indices တို့ရဲ့ စုံလင်ကွဲပြားမှုကို နားလည်ထားတာက ချင့်ချိန်နိုင်စွမ်းရှိတဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်နိုင်ဖို့နဲ့ သင့်ရဲ့အရောင်းအဝယ်နည်းဗျူဟာတွေကို ထိရောက်စွာ ပုံဖော်နိုင်ဖို့ လိုအပ်တဲ့အသိပညာကို ပေးစွမ်းနိုင်ပါတယ်။ Derivatives တွေနဲ့ သူတို့ရဲ့လက်တွေ့အသုံးချပုံအမျိုးမျိုးအကြောင်း ဆက်လက်လေ့လာရင်း အောင်မြင်တဲ့ အရောင်းအဝယ်ခရီးစဉ်တစ်ခု ဖြစ်လာစေဖို့ သင့်ရဲ့ကျွမ်းကျင်မှုတွေကို စဉ်ဆက်မပြတ် မြှင့်တင်သွားပါ။

Quiz

ဆုံးရှုံးနိုင်ခြေ စီမံခန့်ခွဲမှုအတွက် Basket Indices တွေက ဘာကြောင့် အကျိုးရှိပါသလဲ။

ဘယ် Derivative အမျိုးအစားက အရောင်းအဝယ်လုပ်သူတွေကို Forex ငွေကြေးအတွဲတွေ ဒါမှမဟုတ် ကုန်စည်များ အုပ်စုတစ်စုရဲ့ အလုံးစုံဦးတည်ချက်အပေါ် ခန့်မှန်းရောင်းဝယ်ခွင့်ပြုပါသလဲ။

Jump Indices က ပုံမှန် Volatility Indices နဲ့ ဘယ်လို ကွာခြားပါသလဲ။

Analyse markets with AI-powered insights

Explore TradersView
WhatsApp