Dtrader အရောင်းအဝယ် ပလက်ဖောင်း
ဒီသင်ခန်းစာမှာတော့ Deriv Trader ပလက်ဖောင်းကို အသုံးပြုပြီး အရောင်းအဝယ်တွေကို ထိထိရောက်ရောက် ဘယ်လိုလုပ်ဆောင်ရမလဲဆိုတာ လေ့လာသွားပါမယ်။ ဒီပလက်ဖောင်းကို ဘယ်လိုအသုံးပြုရမလဲဆိုတာ နားလည်ထားမယ်ဆိုရင် သင့်ဆီမှာရှိတဲ့ အရောင်းအဝယ် Tools တွေနဲ့ အရင်းအမြစ်တွေကို အပြည့်အဝ အကျိုးရှိရှိ အသုံးချနိုင်မှာ ဖြစ်ပါတယ်။
Deriv Trader မိတ်ဆက်
Deriv Trader ကို Deriv ရဲ့ မူပိုင်ထုတ်ကုန် အမျိုးမျိုးမှာ အရောင်းအဝယ်ပြုလုပ်ရာမှာ လွယ်ကူချောမွေ့စေဖို့ အထူးဒီဇိုင်းထုတ်ထားပါတယ်။ အတွေ့အကြုံအဆင့်အားလုံးက ထရိတ်ဒါတွေနဲ့ ကိုက်ညီအောင် ဖန်တီးထားပြီး စတင်လေ့လာသူတွေအတွက် အသုံးပြုရလွယ်ကူတဲ့ အပြင်အဆင်ကို ပေးစွမ်းသလို ဝါရင့်ထရိတ်ဒါတွေအတွက်လည်း အဆင့်မြင့် Tools တွေကို ထည့်သွင်းပေးထားပါတယ်။
Deriv Trader ရဲ့ အဓိက လုပ်ဆောင်ချက်များ
- စိတ်ကြိုက်ပြင်ဆင်နိုင်တဲ့ အရောင်းအဝယ် ပတ်ဝန်းကျင် : သင့်ရဲ့ အရောင်းအဝယ် စိတ်ကြိုက်ပုံစံတွေနဲ့ ကိုက်ညီအောင် ပလက်ဖောင်းကို ပြောင်းလဲပြင်ဆင်နိုင်တာကြောင့် သင့်နည်းဗျူဟာတွေကို အကောင်အထည်ဖော်ဖို့ အလွန်ပြောင်းလွယ်ပြင်လွယ်ရှိတဲ့ Tool တစ်ခု ဖြစ်စေပါတယ်။
- အဆင့်မြင့် Charting Tools : ဈေးနှုန်းရွေ့လျားမှုတွေကို ထိထိရောက်ရောက် မြင်သာစေဖို့ Tick အလိုက်ကနေ နေ့စဉ် Candlestick တွေအထိ အချိန်ကာလ အမျိုးမျိုးရှိတဲ့ ဇယားတွေကို အသုံးပြုပါ။ ဒီပလက်ဖောင်းမှာ အသုံးဝင်တဲ့ သုံးသပ်ချက်တွေနဲ့ စိတ်ကြိုက်မှတ်သားမှုတွေ ပြုလုပ်နိုင်စေဖို့ Indicator တွေနဲ့ မျဉ်းဆွဲ Tools အစုံအလင်လည်း ပါဝင်ပါတယ်။
- ရွေးချယ်စရာ အက်ဆက် များပြားခြင်း : Deriv Trader မှာ ပုံမှန်ဈေးကွက်ဖွင့်ချိန်အတွင်း Forex၊ စတော့ညွှန်းကိန်းများ နဲ့ ကုန်စည်များ အပါအဝင် အက်ဆက်ပေါင်း 50 ကျော်ကို ရောင်းဝယ်နိုင်ပါတယ်။ ဒါ့အပြင် ခရစ်ပတိုငွေကြေး တွေနဲ့ Deriv ရဲ့ Synthetic Indices တွေကိုလည်း အချိန်မရွေး 24 နာရီပတ်လုံး အရောင်းအဝယ်ပြုလုပ်နိုင်ပါတယ်။
- အရောင်းအဝယ် အမျိုးအစားများနဲ့ ကြာချိန်များ : ဒီပလက်ဖောင်းက မတူညီတဲ့ ဆုံးရှုံးနိုင်ခြေ လက်ခံနိုင်စွမ်းတွေနဲ့ အရောင်းအဝယ်ပုံစံ အမျိုးမျိုးအတွက် ကိုက်ညီအောင် စီမံထားတဲ့ အရောင်းအဝယ် အမျိုးအစားစုံလင်စွာကို ပံ့ပိုးပေးထားပါတယ်။ အရောင်းအဝယ် ကြာချိန်ကို 1 စက္ကန့်ကနေ 365 ရက်အထိ စိတ်ကြိုက်ရွေးချယ်နိုင်တာကြောင့် ရေတိုရော ရေရှည် အရောင်းအဝယ် နည်းဗျူဟာတွေအတွက်ပါ အသုံးပြုနိုင်ပါတယ်။
Deriv Trader ကို စတင်အသုံးပြုခြင်း
Deriv Trader ကို စတင်အသုံးပြုဖို့အတွက် :
- Deriv Trader Hub သို့ အကောင့်ဝင်ပါ : အကောင့်ဝင်ပြီးနောက် ပလက်ဖောင်းကို အသုံးပြုဖို့ “Deriv Trader” ကို ရွေးချယ်ပါ။
- ဇယားတစ်ခု ဖွင့်ပါ : သီးခြားအက်ဆက်တစ်ခုရဲ့ ဇယားကို ဖွင့်ဖို့ Market Watch ဝင်းဒိုးထဲက သင် အရောင်းအဝယ်ပြုလုပ်လိုတဲ့ အက်ဆက်ပေါ်မှာ နှိပ်ပါ။
- Indicator များ ထည့်သွင်းပါ : Toolbar ထဲက “Add Indicator” အိုင်ကွန်ကို နှိပ်ပြီး နည်းပညာပိုင်းဆိုင်ရာ Indicator တွေကို ထည့်သွင်းပါ။ သင့်ရဲ့ နည်းပညာပိုင်းဆိုင်ရာ သုံးသပ်ချက်တွေမှာ အထောက်အကူပြုဖို့ Indicator အမျိုးမျိုးထဲကနေ ရွေးချယ်အသုံးပြုပါ။
သင့်ရဲ့ အရောင်းအဝယ်များကို စီမံခန့်ခွဲခြင်း
Deriv Trader က အရောင်းအဝယ် မပြုလုပ်မီ ရရှိနိုင်မယ့် အလားအလာရှိ ပေးချေငွေ ကို ရှင်းရှင်းလင်းလင်း ဖော်ပြပေးတာကြောင့် သင့်ရဲ့ ဆုံးရှုံးနိုင်ခြေကို ထိထိရောက်ရောက် တွက်ချက်နိုင်အောင် ကူညီပေးပါတယ် :
- အရောင်းအဝယ်ငွေပမာဏ နဲ့ ပေးချေငွေ : သင့်ရဲ့ အလားအလာရှိတဲ့ အရောင်းအဝယ် အမြတ် သို့မဟုတ် အရှုံးကို အရောင်းအဝယ်တစ်ခုအတွက် သတ်မှတ်ထားတဲ့ ငွေပမာဏကို သုံးစွဲမယ့် အရောင်းအဝယ်ငွေပမာဏ အဖြစ် ရွေးချယ်နိုင်သလို၊ ရရှိနိုင်မယ့် အမြတ်ကို သတ်မှတ်ပြီး လိုအပ်တဲ့ အရောင်းအဝယ်ငွေပမာဏ ကို ပလက်ဖောင်းက ဖော်ပြပေးစေမယ့် ပေးချေငွေ အဖြစ်လည်း ရွေးချယ်နိုင်ပါတယ်။
- ဆုံးရှုံးနိုင်ခြေ စီမံခန့်ခွဲမှု လုပ်ဆောင်ချက်များ : Multipliers လိုမျိုး အရောင်းအဝယ် အမျိုးအစားတွေအတွက် အရောင်းအဝယ်တွေကို ထိထိရောက်ရောက် စီမံခန့်ခွဲနိုင်အောင် Deriv Trader က “Take Profit” နဲ့ “Stop Loss” ရွေးချယ်စရာတွေလို အပိုဆောင်း Tools တွေကို ပံ့ပိုးပေးထားပါတယ်။
ပလက်ဖောင်းအတွင်း လေ့လာကြည့်ရှုခြင်း
Deriv Trader ပလက်ဖောင်းအတွင်း ဝင်ရောက်ကြည့်ရှုရတာက ရိုးရှင်းလွယ်ကူပါတယ်။ အပေါ်ဘက် မီနူးဘားကနေ အရေးကြီးတဲ့ ကဏ္ဍတွေဆီ အလွယ်တကူ ဝင်ရောက်နိုင်ပါတယ် :
- Reports : သင့်ရဲ့ ဖွင့်ထားဆဲ အရောင်းအဝယ်တွေ၊ အမြတ်ဇယားနဲ့ အကောင့်စာရင်းရှင်းတမ်းတွေကို ပြသပေးပါတယ်။
- Cashier : ငွေသွင်းခြင်း၊ ငွေထုတ်ခြင်းနဲ့ ငွေလွှဲပြောင်းခြင်းတွေကို လွယ်ကူချောမွေ့စေပါတယ်။
- Account Settings : သင့်ရဲ့ ပရိုဖိုင်၊ စကားဝှက်နဲ့ လုံခြုံရေး အခြေအနေတွေကို စီမံခန့်ခွဲပါ။
- Account Information : သင့်ရဲ့ အစစ်အမှန်နဲ့ အစမ်းသုံး အကောင့်အားလုံးကို သက်ဆိုင်ရာ လက်ကျန်ငွေ တွေနဲ့အတူ ပြသပေးပါတယ်။
အောက်ခြေ မီနူးမှာတော့ အောက်ပါတို့လို ယေဘုယျ အချက်အလက်တွေနဲ့ ဆက်တင်တွေကို တွေ့နိုင်ပါတယ် :
- Date and GMT : ဈေးကွက်ဖွင့်ချိန်တွေကို ခြေရာခံကြည့်ရှုပါ။
- Live Chat : ချက်ချင်းရရှိနိုင်တဲ့ သုံးစွဲသူ အကူအညီပေးရေး ဝန်ဆောင်မှု ဖြစ်ပါတယ်။
- Help Centre : အမေးများတဲ့ မေးခွန်းတွေနဲ့ တာဝန်သိစွာ အရောင်းအဝယ်ပြုလုပ်ခြင်းဆိုင်ရာ အကြံပြုချက်တွေကို ဝင်ရောက်ဖတ်ရှုပါ။
နိဂုံးချုပ်
အချုပ်အားဖြင့်ဆိုရသော် Deriv Trader ပလက်ဖောင်းက သင့်ရဲ့ သီးခြား အရောင်းအဝယ် လိုအပ်ချက်တွေနဲ့ ကိုက်ညီအောင် ဖန်တီးထားတဲ့ အစွမ်းထက်ပြီး စိတ်ကြိုက်ပြင်ဆင်နိုင်တဲ့ အရောင်းအဝယ် လုပ်ဆောင်ချက်တွေကို ပေးစွမ်းပါတယ်။ ဒီပလက်ဖောင်းကို ကျွမ်းကျင်ပိုင်နိုင်သွားမယ်ဆိုရင် အရောင်းအဝယ်တွေကို ယုံကြည်မှုရှိရှိနဲ့ ထိထိရောက်ရောက် လုပ်ဆောင်နိုင်ဖို့ အသင့်ဖြစ်နေမှာပါ။
Deriv Trader မှာ ရရှိနိုင်တဲ့ Tools တွေကို အသုံးပြုပြီး သင့်ရဲ့ အရောင်းအဝယ် နည်းဗျူဟာတွေကို လေ့ကျင့်မွမ်းမံဖို့ အခမဲ့ အစမ်းသုံးအကောင့်နဲ့ စတင်ဖို့ အကြံပြုလိုပါတယ်။ လာမယ့် သင်ခန်းစာမှာတော့ သင့်ရဲ့ အရောင်းအဝယ် လုပ်ငန်းခွင်ကို ပိုမိုကောင်းမွန်အောင် ချိန်ညှိနိုင်ဖို့ ဇယားပုံစံခွက် (Chart templates) တွေနဲ့ ပရိုဖိုင်တွေအကြောင်း လေ့လာသွားပါမယ်။ ဒီသင်ခန်းစာမှာ ပါဝင်လေ့လာပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်၊ အဆင်ပြေအောင်မြင်တဲ့ အရောင်းအဝယ်တွေ ဖြစ်ပါစေလို့ ဆုမွန်ကောင်းတောင်းအပ်ပါတယ်။
Quiz
Deriv Trader ပလက်ဖောင်းရဲ့ အဓိကလုပ်ဆောင်ချက်က ဘာပါလဲ။
သင့် အရောင်းအဝယ်ဝန်းကျင်ကို စိတ်ကြိုက်ပြင်ဆင်နိုင်ဖို့ Deriv Trader က ဘယ်အဓိကလုပ်ဆောင်ချက်ကို ပေးထားပါသလဲ။
Deriv Trader က ဆုံးရှုံးနိုင်ခြေကို စီမံခန့်ခွဲနိုင်ဖို့ ဘယ်လိုကူညီပေးပါသလဲ။


