အဓိကအကြောင်းအရာသို့ ကျော်သွားရန်
သင်ခန်းစာ
4
Derivatives | အခြေခံအဆင့်

Options နဲ့ ရရှိနိုင်တဲ့ အခြေခံပိုင်ဆိုင်မှုတွေ

ကြာချိန်
11
မိနစ်

‍

ဒီသင်ခန်းစာမှာတော့ ဘဏ္ဍာရေးဆိုင်ရာ ပိုင်ဆိုင်မှုတွေနဲ့ Derived Indices တွေ အပါအဝင် Deriv ပလက်ဖောင်း Deriv ပလက်ဖောင်းရဲ့ Options အရောင်းအဝယ် မှာ ဆင့်ပွားစာချုပ် (Derivatives) တွေ အရောင်းအဝယ်လုပ်ဖို့ ရရှိနိုင်တဲ့ ပိုင်ဆိုင်မှုအမျိုးမျိုးအကြောင်းကို လေ့လာသွားပါမယ်။ ဒီဝန်ဆောင်မှုတွေကို နားလည်ထားတာက မတူညီတဲ့ အရောင်းအဝယ် အခွင့်အလမ်းတွေကို အမိအရ အသုံးချနိုင်စေမှာဖြစ်သလို သင့်ရဲ့ အရောင်းအဝယ် အတွေ့အကြုံတစ်ခုလုံးကိုလည်း ပိုမိုကောင်းမွန်လာစေမှာ ဖြစ်ပါတယ်။
‍

Deriv မှာ ရရှိနိုင်တဲ့ ဘဏ္ဍာရေးဆိုင်ရာ ပိုင်ဆိုင်မှုတွေ

Deriv က ဘဏ္ဍာရေးဆိုင်ရာ ပိုင်ဆိုင်မှုအမျိုးမျိုးအတွက် Derivatives တွေကို ပံ့ပိုးပေးထားတာကြောင့် မတူညီတဲ့ ဈေးကွက်တွေမှာ ပါဝင်အရောင်းအဝယ်လုပ်နိုင်ပါတယ် :

  • Forex ငွေကြေးအတွဲတွေ : EUR/USD၊ GBP/USD နဲ့ USD/JPY တို့လို လူကြိုက်များတဲ့ ငွေကြေးအတွဲတွေ ပါဝင်ပါတယ်။
    ‍
  • စတော့ညွှန်းကိန်းများ : အဓိက စတော့ညွှန်းကိန်းများအပေါ် အခြေခံထားတဲ့ Derivatives ဖြစ်တာကြောင့် ပိုမိုကျယ်ပြန့်တဲ့ ဈေးကွက်ရွေ့လျားမှုအပေါ် အရောင်းအဝယ်လုပ်ခွင့် ရရှိစေပါတယ်။
    ‍
  • ခရစ်ပတိုငွေကြေးတွေ : လူကြိုက်များတဲ့ ခရစ်ပတိုငွေကြေးတွေအပေါ် အခြေခံထားတဲ့ Derivatives တွေကို အရောင်းအဝယ်လုပ်ပြီး အမြဲပြောင်းလဲနေတဲ့ ခရစ်ပတိုဈေးကွက်ရဲ့ ဈေးနှုန်းအပြောင်းအလဲတွေကို ဖမ်းယူနိုင်ပါတယ်။
    ‍
  • ကုန်စည်များ : ရေနံနဲ့ ရွှေလို ကုန်စည်များနဲ့ ချိတ်ဆက်အရောင်းအဝယ်လုပ်ပြီး ဈေးနှုန်းအတက်အကျ အပြောင်းအလဲကနေ အကျိုးအမြတ် ရယူနိုင်ပါတယ်။

ဒီလို အမျိုးအစားစုံလင်မှုက သင့်ကို ဈေးကွက်အမျိုးမျိုး လေ့လာစူးစမ်းနိုင်စေပြီး မတူညီတဲ့ ပိုင်ဆိုင်မှုအမျိုးအစားတွေနဲ့ ကိုက်ညီတဲ့ နည်းဗျူဟာတွေ ချမှတ်နိုင်စေပါတယ်။
‍

Derived Indices အကြောင်း နားလည်သဘောပေါက်ခြင်း

Derived Indices တွေဟာ Deriv ရဲ့ သီးသန့်ညွှန်းကိန်းတွေဖြစ်ပြီး Basket Indices နဲ့ Synthetic Indices ဆိုပြီး အဓိကအားဖြင့် အမျိုးအစား 2 မျိုး ခွဲခြားနိုင်ပါတယ်။
‍

Basket Indices

Basket Indices တွေက အခြေခံပိုင်ဆိုင်မှုတွေရဲ့ စုပေါင်းစွမ်းဆောင်ရည်အပေါ် အရောင်းအဝယ်လုပ်နိုင်တဲ့ အခွင့်အလမ်းကို ပေးစွမ်းပါတယ်။ ရရှိနိုင်တဲ့ Basket Indices တွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ် :

  1. Gold Basket : တစ်ခုစီကို 20% စီ တူညီစွာ အချိုးချထားတဲ့ ကမ္ဘာ့ငွေကြေး 5 မျိုး စုစည်းမှု (EUR၊ GBP၊ JPY၊ AUD၊ USD) နဲ့ နှိုင်းယှဉ်ပြီး ရွှေရဲ့တန်ဖိုးကို တိုင်းတာပါတယ်။
    ‍
  2. Forex Baskets : အဓိကငွေကြေးတွေ (AUD၊ EUR၊ GBP၊ USD) ရဲ့ တန်ဖိုးကို တစ်ခုစီ 20% စီ တူညီစွာ အချိုးချထားတဲ့ ကမ္ဘာ့ငွေကြေး 5 မျိုး စုစည်းမှုနဲ့ နှိုင်းယှဉ်ပြီး ခြေရာခံတိုင်းတာပါတယ်။

ဒီညွှန်းကိန်းတွေက ထရိတ်ဒါတွေကို ငွေကြေးစုစည်းမှုရဲ့ ယေဘုယျ ဦးတည်ရာလမ်းကြောင်းအပေါ် ခန့်မှန်းအရောင်းအဝယ်လုပ်နိုင်စေပြီး ငွေကြေးအများအပြားဆီ ဆုံးရှုံးနိုင်ခြေကို ဖြန့်ခွဲပေးတာကြောင့် ပိုင်ဆိုင်မှုတစ်ခုတည်းအပေါ် ထိခိုက်နိုင်ခြေကို လျှော့ချပေးပါတယ်။ ဥပမာအားဖြင့် Gold Basket က အမေရိကန်ဒေါ်လာအပေါ် အလွန်အကျွံ မှီခိုစရာမလိုဘဲ ရွှေကို မျှတတဲ့ချဉ်းကပ်ပုံနဲ့ အရောင်းအဝယ်လုပ်နိုင်စေပါတယ်။
‍

Volatility Indices

Volatility Indices တွေဟာ မတူညီတဲ့ ပုံသေ ဈေးနှုန်းအတက်အကျအဆင့်တွေမှာ ပိုင်ဆိုင်မှုဈေးနှုန်းတွေ ဘယ်လိုအတက်အကျဖြစ်သလဲဆိုတာကို ပုံတူကူးယူထားတဲ့ Synthetic Indices တွေ ဖြစ်ပါတယ်။ သတ်မှတ်ထားတဲ့ ဈေးနှုန်းအတက်အကျ စံနှုန်းတွေအပေါ် အခြေခံပြီး ချောမွေ့ပြီး စဉ်ဆက်မပြတ်ဖြစ်နေတဲ့ ဈေးနှုန်းရွေ့လျားမှုတွေကို ပေးစွမ်းပါတယ်။ Deriv က အောက်ပါအတိုင်း အတက်အကျအဆင့် အမျိုးမျိုးကို ပံ့ပိုးပေးထားပါတယ် :

  • Volatility 10 Indices (နှစ်စဉ် ဈေးနှုန်းအတက်အကျနှုန်း 10%)
    ‍
  • Volatility 50 Indices (နှစ်စဉ် ဈေးနှုန်းအတက်အကျနှုန်း 50%)
    ‍
  • Volatility 100 Indices (နှစ်စဉ် ဈေးနှုန်းအတက်အကျနှုန်း 100%)

သင့်ရဲ့ အရောင်းအဝယ် စိတ်ကြိုက်ရွေးချယ်မှုပေါ် မူတည်ပြီး 1 စက္ကန့် ဒါမှမဟုတ် 2 စက္ကန့် Tick ကြိမ်နှုန်းတွေကြား ရွေးချယ်နိုင်ပါတယ်။ ပိုမြင့်တဲ့ Volatility Indices တွေမှာ ပိုမိုကြီးမားတဲ့ ဈေးနှုန်းအပြောင်းအလဲတွေ ရှိတာကြောင့် ရဲရဲတင်းတင်း အရောင်းအဝယ်လုပ်တဲ့ နည်းဗျူဟာတွေနဲ့ သင့်တော်ပြီး ပိုနိမ့်တဲ့ Volatility Indices တွေကတော့ ဆုံးရှုံးနိုင်ခြေကို ရှောင်ရှားလိုတဲ့ ထရိတ်ဒါတွေနဲ့ ပိုမိုကိုက်ညီနိုင်ပါတယ်။
‍

Jump Indices

Jump Indices တွေက Volatility Index နည်းစနစ်အပေါ် အခြေခံပြီး ရုတ်တရက် ဈေးကွက်လှုပ်ခတ်မှုတွေ ဖြစ်ပေါ်နိုင်တဲ့ ဈေးကွက်ပတ်ဝန်းကျင်တစ်ခုကို ပုံဖော်ပေးပါတယ်။ ဒီညွှန်းကိန်းတွေဟာ ပျမ်းမျှအားဖြင့် မိနစ် 20 မှာ တစ်ကြိမ်ခန့် ပုံမှန်ထက်ပိုကြီးတဲ့ ဈေးနှုန်းခုန်တက်ခုန်ဆင်းမှုတွေကို အချိန်မှန် ထုတ်ပေးပါတယ်။ Jump Indices တွေဟာ 10 ကနေ 100 အထိ ရှိပြီး ထရိတ်ဒါတွေအတွက် ပိုမိုမြင့်မားတဲ့ ဈေးနှုန်းအတက်အကျကို ပေးစွမ်းကာ အရောင်းအဝယ် နည်းဗျူဟာတွေအတွက် ရွေးချယ်စရာတွေ ပိုမိုတိုးပွားစေပါတယ်။
‍

Crash and Boom Indices

လျင်မြန်တဲ့ ဈေးနှုန်းအပြောင်းအလဲတွေကို ရှာဖွေနေတဲ့ ထရိတ်ဒါတွေအတွက် Crash and Boom Indices တွေက အသင့်တော်ဆုံး ဖြစ်ပါတယ်။

  • Crash Indices : ဒီညွှန်းကိန်းတွေမှာ ဈေးနှုန်းက ပုံမှန်တဖြည်းဖြည်း မြင့်တက်သွားပြီးနောက် ရုတ်တရက် ထိုးကျသွားလေ့ရှိကာ ထိုးကျတဲ့ကြိမ်နှုန်းကတော့ သက်ဆိုင်ရာ ညွှန်းကိန်းအဆင့်ပေါ် မူတည်ပြီး ကွဲပြားပါတယ်။
    ‍
  • Boom Indices : ဆန့်ကျင်ဘက်အနေနဲ့ ဒီညွှန်းကိန်းတွေမှာတော့ ဈေးနှုန်းက ဆက်တိုက်ကျဆင်းသွားပြီးနောက် ရုတ်တရက် အရှိန်အဟုန်နဲ့ ထိုးတက်သွားလေ့ရှိပါတယ်။ ထရိတ်ဒါတွေအနေနဲ့ မျှော်မှန်းထားတဲ့ ရွေ့လျားမှုတွေနဲ့အညီ အရောင်းအဝယ်အချိန်ကိုက် လုပ်ဆောင်ပြီး ဒီပုံစံတွေကနေ အကျိုးအမြတ် ရယူနိုင်ပါတယ်။
    ‍

Step Indices

ပုံသေ သတ်မှတ်ထားတဲ့ အဆင့်တန်ဖိုးတွေအလိုက် အမျိုးအစားခွဲထားတဲ့ Step Indices တွေဟာ သတ်မှတ်ထားတဲ့ ပမာဏအတိုင်း အတက်အကျ ရွေ့လျားပါတယ်။ ဥပမာအားဖြင့် ပုံမှန် Step Index မှာ အဆင့်ပမာဏ 0.1 ရှိပြီး တခြား Step Indices အမျိုးမျိုး (200၊ 300၊ 400 နဲ့ 500) မှာတော့ အဆင့်ပမာဏ တစ်ဆင့်ထက်တစ်ဆင့် ပိုကြီးသွားပါတယ်။ ဒီညွှန်းကိန်းတွေဟာ ခန့်မှန်းရလွယ်ကူတဲ့ အရောင်းအဝယ် ပတ်ဝန်းကျင်တစ်ခုကို ဖန်တီးပေးတာကြောင့် ရေတိုနဲ့ ရေရှည် နည်းဗျူဟာ နှစ်မျိုးလုံး အသုံးပြုတဲ့ ထရိတ်ဒါတွေအတွက် ဆွဲဆောင်မှုရှိပါတယ်။
‍

Daily Reset Indices

Bull Market နဲ့ Bear Market Index တို့ ပါဝင်တဲ့ Daily Reset Indices တွေက 24 နာရီ ကာလအတွင်း ဈေးကွက်ဦးတည်ရာ လမ်းကြောင်းတစ်ခုကို ပုံဖော်ပေးပါတယ်။ သူတို့ဟာ နေ့စဉ် အခြေခံတန်ဖိုးတွေဆီ ပြန်လည်သတ်မှတ်ပေးတာကြောင့် ခန့်မှန်းရလွယ်ကူစေပါတယ် :

  • Bull Market Index : အပေါ်ဘက်ကို ဦးတည်မြင့်တက်လေ့ရှိပြီး 24 နာရီ ပြည့်တိုင်း 1,000 ဆီ ပြန်လည်သတ်မှတ်ပါတယ်။
    ‍
  • Bear Market Index : ဆက်တိုက် ကျဆင်းလေ့ရှိပြီး နေ့ရက်တစ်ရက်စီရဲ့ အစမှာ 1,000 ဆီ ပြန်လည်သတ်မှတ်ပါတယ်။

ဒီညွှန်းကိန်းတွေဟာ ခန့်မှန်းရလွယ်ကူတဲ့ နေ့စဉ်ဦးတည်ရာ လမ်းကြောင်းတွေကြောင့် ပိုနည်းတဲ့ ဆုံးရှုံးနိုင်ခြေနဲ့ စနစ်တကျ အရောင်းအဝယ်လုပ်နိုင်တဲ့ ချဉ်းကပ်ပုံကို ပေးစွမ်းပါတယ်။
‍

နိဂုံးချုပ်

ဒီသင်ခန်းစာမှာတော့ Deriv မှာ အရောင်းအဝယ်လုပ်ဖို့ ရရှိနိုင်တဲ့ ဘဏ္ဍာရေးဆိုင်ရာ ပိုင်ဆိုင်မှုအမျိုးမျိုးနဲ့ Derived Indices တွေအကြောင်းကို လေ့လာခဲ့ကြပါတယ်။ ဒီဝန်ဆောင်မှုတွေကို နားလည်သဘောပေါက်ထားတာက သင့်ရဲ့ ရည်မှန်းချက်တွေ၊ စိတ်ကြိုက်ရွေးချယ်မှုတွေနဲ့ ဆုံးရှုံးနိုင်ခြေ ခံနိုင်ရည်အဆင့်တွေနဲ့ ကိုက်ညီအောင် အရောင်းအဝယ် နည်းဗျူဟာတွေကို စိတ်ကြိုက်ပြင်ဆင်နိုင်စေပါတယ်။

ဒီပိုင်ဆိုင်မှုတွေနဲ့ အရောင်းအဝယ်လုပ်တဲ့အခါ သင့်ရဲ့ အရင်းအနှီးကို ကာကွယ်ဖို့နဲ့ အရောင်းအဝယ် ရလဒ်တွေ ပိုမိုကောင်းမွန်လာစေဖို့ ခိုင်မာမှန်ကန်တဲ့ ဆုံးရှုံးနိုင်ခြေ စီမံခန့်ခွဲမှု စည်းမျဉ်းတွေကို လက်တွေ့အသုံးချဖို့ သတိရပါ။ လာမယ့် သင်ခန်းစာမှာတော့ ဒီညွှန်းကိန်းတွေကို ထိထိရောက်ရောက် အရောင်းအဝယ်လုပ်နိုင်မယ့် သီးသန့်နည်းဗျူဟာတွေအကြောင်းကို ပိုမိုနက်နက်ရှိုင်းရှိုင်း လေ့လာသွားပါမယ်။

Quiz

Deriv မှာ ဘယ်လိုဘဏ္ဍာရေးအက်ဆက်အမျိုးအစားတွေအပေါ် အခြေခံတဲ့ derivatives တွေကို အရောင်းအဝယ်လုပ်နိုင်ပါသလဲ။

Basket Indices ရဲ့ အဓိကလက္ခဏာရပ်က ဘာပါလဲ။

Jump Indices က ပုံမှန် Volatility Indices နဲ့ ဘယ်လို ကွာခြားပါသလဲ။

Analyse markets with AI-powered insights

Explore TradersView
WhatsApp