
သင်ဟာ ဈေးနှုန်းကွာခြားချက် စာချုပ် (CFDs) တွေကို အရောင်းအဝယ်လုပ်ဖို့ စဉ်းစားနေပေမဲ့ ဘယ်ကစရမှန်း မသေချာဖြစ်နေပါသလား။ CFDs ကို မြန်မြန်ဆန်ဆန် အရောင်းအဝယ်လုပ်ဖို့ အကောင်းဆုံး ပလက်ဖောင်းဖြစ်တဲ့ Deriv MT5 အကြောင်း ဆွေးနွေးကြည့်ကြရအောင်ပါ။ သင်ဟာ အခုမှစတင်သူဖြစ်စေ၊ အတွေ့အကြုံရှိတဲ့ ထရိတ်ဒါဖြစ်စေ သတင်းအချက်အလက် အပြည့်အစုံနဲ့ ချင့်ချိန်ပြီး အရောင်းအဝယ်လုပ်နိုင်ဖို့ လိုအပ်သမျှအားလုံး Deriv MT5 မှာ ရှိပါတယ်။
CFD အရောင်းအဝယ်ဆိုတာ ဘာလဲ
CFDs မှာဆိုရင် သင်ဟာ ရွှေ ဒါမှမဟုတ် ရှယ်ယာများလိုမျိုး ပိုင်ဆိုင်မှုတစ်ခုကို တိုက်ရိုက်ပိုင်ဆိုင်တာ မဟုတ်ပါဘူး။ အဲဒီအစား အဲဒီပိုင်ဆိုင်မှုရဲ့ ဈေးနှုန်း တက်မလား၊ ကျမလား ဆိုတာကို ခန့်မှန်းရတာ ဖြစ်ပါတယ်။ သင့်ခန့်မှန်းချက် မှန်ကန်ရင် အမြတ်ရရှိပါမယ်။ မမှန်ကန်ရင်တော့ ဆုံးရှုံးမှု ရှိနိုင်ပါတယ်။ ရိုးရှင်းတယ် မဟုတ်လား။ Deriv MT5 က CFD အရောင်းအဝယ်လုပ်တာကို လွယ်ကူချောမွေ့စေပါတယ်။
ဘာကြောင့် Deriv MT5 နဲ့ အရောင်းအဝယ်လုပ်သင့်သလဲ
Deriv MT5 ဟာ သင့်အတွက် ပိုမိုလွယ်ကူအဆင်ပြေအောင် ဖန်တီးထားတဲ့ သာမန်အရောင်းအဝယ် ပလက်ဖောင်းတစ်ခုသက်သက် မဟုတ်ပါဘူး။ ထရိတ်ဒါတွေ ဒီပလက်ဖောင်းကို နှစ်သက်ကြတဲ့ အကြောင်းရင်းတွေကတော့ -
- အသုံးပြုရ လွယ်ကူခြင်း : သင်ဟာ အသစ်ဖြစ်စေ၊ အတွေ့အကြုံရှိသူဖြစ်စေ အရာအားလုံးကို အလွယ်တကူ ရှာဖွေအသုံးပြုနိုင်ပါတယ်။
- ဈေးကွက်ဆိုင်ရာ လေ့လာသုံးသပ်ချက်များ : ဇယားတွေနဲ့ ကိရိယာတွေက ဈေးကွက်ဦးတည်ချက်တွေကို ခြေရာခံဖို့ နဲ့ အရောင်းအဝယ် အခွင့်အလမ်းတွေကို ရှာဖွေဖော်ထုတ်ဖို့ ကူညီပေးပါတယ်။
- ရွေးချယ်စရာ စုံလင်ခြင်း : ငွေကြေး၊ ကုန်စည်များ၊ ရှယ်ယာများအပြင် Deriv ရဲ့ သီးသန့် Derived Indices ကိုပါ အရောင်းအဝယ်လုပ်နိုင်ပါတယ်။
- သင့်တော်သလို ရွေးချယ်နိုင်တဲ့ အကောင့်များ : မတူညီတဲ့ အကောင့်အမျိုးအစားတွေက ကွဲပြားတဲ့ အရောင်းအဝယ်ပုံစံတွေ၊ အတွေ့အကြုံအဆင့်တွေနဲ့ ကိုက်ညီမှုရှိပါတယ်။
သင့်အတွက် အသင့်တော်ဆုံး အကောင့်ကို ရှာဖွေပါ
Deriv MT5 မှာ မတူညီတဲ့ အရောင်းအဝယ် လိုအပ်ချက်တွေနဲ့ ကိုက်ညီစေဖို့ အကောင့်အမျိုးအစား အမျိုးမျိုးကို ပေးအပ်ထားပါတယ် :
- Standard အကောင့်။ သင့်တင့်မျှတတဲ့ Spread နဲ့ Swap နှုန်းထားတွေ ပါဝင်ပြီး ဘက်စုံသုံးလို့ကောင်းတဲ့ အကောင့်ဖြစ်ပါတယ်။
- Swap-free အကောင့်။ ညအိပ်ကြေး မရှိတာကြောင့် ရေရှည်အရောင်းအဝယ်လုပ်သူတွေအတွက် အသင့်တော်ဆုံး ဖြစ်ပါတယ်။
- Zero spread အကောင့်။ Spread မရှိဘဲ ပုံသေ ကော်မရှင်ခသာ ကျသင့်တာကြောင့် ကုန်ကျစရိတ်ကို တိတိကျကျ ကြိုတင်တွက်ချက်နိုင်ပါတယ်။
- Financial အကောင့်။ မကြာခဏ အရောင်းအဝယ်လုပ်သူတွေအတွက် အနည်းဆုံး Spread နှုန်းထားတွေ ရရှိနိုင်ပါတယ်။
Deriv MT5 ကို ဘယ်မှာ အသုံးပြုမလဲ : Desktop၊ Web ဒါမှမဟုတ် မိုဘိုင်းလား
သင် ဘယ်လိုပုံစံနဲ့ပဲ အရောင်းအဝယ်လုပ်ရတာ နှစ်သက်ပါစေ သင့်စတိုင်နဲ့ ကိုက်ညီမဲ့ Deriv MT5 ဗားရှင်း ရှိပါတယ် :
Desktop terminal။ Windows၊ macOS နဲ့ Linux တို့အတွက် လုပ်ဆောင်ချက် အပြည့်အစုံပါဝင်တဲ့ ရွေးချယ်စရာ ဖြစ်ပါတယ်။
- ဇယားအများအပြားကို တစ်ပြိုင်နက်တည်း စောင့်ကြည့်လေ့လာနိုင်ပါတယ်။
- နည်းပညာဆိုင်ရာ အညွှန်းကိန်းတွေနဲ့ ပုံဆွဲကိရိယာတွေကို သုံးပြီး ဈေးကွက်ဦးတည်ချက်တွေကို ဆန်းစစ်နိုင်ပါတယ်။
- Market Watch နဲ့ ပိုင်ဆိုင်မှုဈေးနှုန်းတွေကို အမြဲမပြတ် စောင့်ကြည့်နိုင်ပါတယ်။
- အရောင်းအဝယ်တွေကို Expert Advisors (EAs) နဲ့ အလိုအလျောက် လုပ်ဆောင်နိုင်ပါတယ်။
Deriv MT5 web။ ဒေါင်းလုဒ်လုပ်စရာမလိုဘဲ သင့်ဘရောက်ဇာကနေ ချက်ချင်း ဝင်ရောက်အသုံးပြုနိုင်ပါတယ်။
- ဘယ်နေရာကမဆို၊ ဘယ်အချိန်မဆို အရောင်းအဝယ်လုပ်နိုင်ပါတယ်။
- ရိုးရှင်းပြီး နားလည်လွယ်တဲ့ မျက်နှာပြင်ဒီဇိုင်း ပါဝင်ပါတယ်။
- နောက်ဆုံးပေါ် လုပ်ဆောင်ချက်တွေနဲ့ အမြဲတမ်း အပ်ဒိတ်ဖြစ်နေပါတယ်။
Deriv MT5 mobile။ သွားလာရင်း ယုံကြည်မှုရှိရှိ အရောင်းအဝယ်လုပ်နိုင်ပါတယ်။
- ဈေးကွက်သတင်းအချက်အလက်တွေကို အချိန်နဲ့တစ်ပြေးညီ ရယူနိုင်ပါတယ်။
- သင့်စက်ပစ္စည်းကနေ အရောင်းအဝယ်တွေကို ချက်ချင်း စီမံခန့်ခွဲနိုင်ပါတယ်။
- ဘယ်နေရာကိုပဲ သွားသွား အမြဲချိတ်ဆက်ထားနိုင်ပါတယ်။
အရောင်းအဝယ် စတင်ဖို့ အဆင်သင့်ဖြစ်ပြီလား
Deriv MT5 နဲ့ စတင်အသုံးပြုရတာ လွယ်ကူပါတယ်။ Deriv ရဲ့ ဝက်ဘ်ဆိုက်ကို သွားရောက်ပြီး သင့်အတွက် အသင့်တော်ဆုံး ဗားရှင်းကို ဒေါင်းလုဒ်လုပ်ပါ၊ ဒါမှမဟုတ် အလုပ်မရှုပ်ဘဲ လွယ်လွယ်ကူကူ စတင်နိုင်ဖို့ Web ဗားရှင်းကို စမ်းသုံးကြည့်ပါ။ သင်ဟာ အသစ်ဖြစ်နေရင်တော့ ငွေအစစ်နဲ့ အရောင်းအဝယ်မလုပ်ခင် အစမ်းသုံးအကောင့် မှာ အရင်လေ့ကျင့်ကြည့်ပါ။
ပိုမိုလေ့လာချင်ပါသလား။ သင့်ရဲ့ ယုံကြည်မှုကို တည်ဆောက်ဖို့ Deriv MT5 အခမဲ့သင်တန်းများ ကို လေ့လာကြည့်ပါ။
Quiz
သင် အဆင့်အမြင့်ဆုံး လုပ်ဆောင်ချက်တွေကို လိုချင်တယ်ဆိုရင် ဘယ်ဗားရှင်းကို ရွေးချယ်သင့်ပါသလဲ။


