အဓိကအကြောင်းအရာသို့ ကျော်သွားရန်

Deriv က ယုံကြည်စိတ်ချရပါသလား။ မျှတ၊ တည်ငြိမ်ပြီး လုံခြုံတဲ့ အရောင်းအဝယ်အတွေ့အကြုံတွေ ရရှိစေဖို့ Deriv က ဘယ်လိုဆောင်ရွက်ပေးသလဲ

5
မိနစ် ဖတ်ရှုချိန်
Deriv ရဲ့ လုံခြုံစိတ်ချရတဲ့ အရောင်းအဝယ်စနစ်ကို ကိုယ်စားပြုတဲ့ အနီရောင်နောက်ခံပေါ်က သတ္တုရောင်မော်နီတာပေါ်မှ 3D အနီရောင်ဒိုင်းပုံ။

Deriv ဟာ သုံးစွဲသူတိုင်းအတွက် မျှတ၊ တည်ငြိမ်ပြီး လုံခြုံတဲ့ အရောင်းအဝယ်အတွေ့အကြုံတွေကို ဦးစားပေးဖော်ဆောင်ပေးတဲ့ ယုံကြည်စိတ်ချရတဲ့ အရောင်းအဝယ်ပလက်ဖောင်းတစ်ခု ဖြစ်စေဖို့ အစဉ်အမြဲ ကတိပြုထားပါတယ်။ သင်ဟာ Synthetic Indices ကို စတင်လေ့လာနေတဲ့ သူအသစ်တစ်ဦးပဲဖြစ်ဖြစ်၊ အဆင့်မြင့် အလိုအလျောက်စနစ်တွေကို အသုံးချနေတဲ့ အတွေ့အကြုံရှိတဲ့ Synthetic Indices အရောင်းအဝယ်ပြုလုပ်သူတစ်ဦးပဲဖြစ်ဖြစ် Deriv အကောင့် စဖွင့်တဲ့အချိန်ကစပြီး ပွင့်လင်းမြင်သာတဲ့ ဈေးနှုန်းသတ်မှတ်ချက်တွေ၊ ခိုင်မာအားကောင်းတဲ့ စနစ်တွေနဲ့ အလေးထားကူညီပေးတဲ့ ပံ့ပိုးကူညီမှုတွေကို ရရှိနိုင်မှာ ဖြစ်ပါတယ်။

ယုံကြည်စိတ်ချရမှုဆိုတာ ကတိစကားသက်သက် မဟုတ်ဘဲ ကျွန်ုပ်တို့ရဲ့ နည်းပညာ၊ ဆုံးရှုံးနိုင်ခြေ စီမံခန့်ခွဲမှုနဲ့ ပွင့်လင်းမြင်သာတဲ့ လုပ်ငန်းလည်ပတ်မှု မူဝါဒတွေကနေတစ်ဆင့် ထိန်းသိမ်းထားတဲ့ စံနှုန်းတစ်ခု ဖြစ်ပါတယ်။ အွန်လိုင်းအရောင်းအဝယ်လောကမှာ မျှတမှု၊ အော်ဒါဆောင်ရွက်ပေးမှုနဲ့ တည်ငြိမ်မှုတို့နဲ့ ပတ်သက်တဲ့ မေးခွန်းတွေ ရှိတတ်ကြပေမဲ့ ကျွန်ုပ်တို့အနေနဲ့ ဒီမေးခွန်းတွေကို ပွင့်ပွင့်လင်းလင်း ဖြေရှင်းပေးဖို့ ရည်ရွယ်ထားပါတယ်။ ဒီလမ်းညွှန်ထဲမှာတော့ Deriv က ယုံကြည်စိတ်ချရမှုကို ဘယ်လိုလက်တွေ့ဖော်ဆောင်ပေးနေသလဲ ဆိုတာနဲ့ ကျွန်ုပ်တို့ရဲ့ ပလက်ဖောင်းတွေပေါ်မှာ သင် ဘာကြောင့် ယုံကြည်မှုအပြည့်နဲ့ အရောင်းအဝယ်ပြုလုပ်နိုင်သလဲ ဆိုတာကို ရှင်းပြပေးသွားပါမယ်။

အကျဉ်းချုပ်

  • မျှတမှုနဲ့ ပွင့်လင်းမြင်သာမှုတို့ဟာ Deriv ရဲ့ အရောင်းအဝယ်အတွေ့အကြုံအတွက် အဓိကအုတ်မြစ် ဖြစ်ပါတယ်။ ကျွန်ုပ်တို့ဟာ ဂုဏ်သတင်းကောင်းမွန်တဲ့ ဈေးနှုန်းပံ့ပိုးသူတွေဆီကနေ တိုက်ရိုက်ဈေးနှုန်းတွေကို ရယူပြီး ခိုင်မာတဲ့ အော်ဒါဆောင်ရွက်ပေးမှု မူဝါဒတွေကို လိုက်နာကျင့်သုံးပါတယ်။
  • ဈေးကွက်ကြိုးကိုင်ခြယ်လှယ်မှု၊ Slippage ဒါမှမဟုတ် ပလက်ဖောင်းကွာခြားချက်တွေနဲ့ ပတ်သက်ပြီး သုံးစွဲသူတွေ စိုးရိမ်ပူပန်တတ်ကြပေမဲ့ ဒီအချက်တွေမှာ ဈေးကွက်အခြေအနေကြောင့် ဖြစ်ပေါ်လာတဲ့ လက်တွေ့ကျတဲ့ ရှင်းလင်းချက်တွေ ရှိနေလေ့ရှိပါတယ်။
  • နည်းပညာပိုင်းဆိုင်ရာ စွမ်းဆောင်ရည်ကို စဉ်ဆက်မပြတ် မြှင့်တင်ပေးနေသလို ပံ့ပိုးကူညီမှုကိုလည်း 24/7 ရယူနိုင်ပါတယ်။
  • Spread နဲ့ Margin တို့လိုမျိုး Deriv ရဲ့ အရောင်းအဝယ်ဆိုင်ရာ သတ်မှတ်ချက်တွေကို ရှင်းရှင်းလင်းလင်း ထုတ်ပြန်ပေးထားပြီး အချိန်နဲ့တစ်ပြေးညီ ပုံမှန်မွမ်းမံပေးပါတယ်။
  • Indicator တွေကနေ ပလက်ဖောင်းချိတ်ဆက်မှုတွေနဲ့ အသုံးပြုရလွယ်ကူစေမယ့် အဆင့်မြှင့်တင်မှုတွေအထိ လုပ်ဆောင်ချက်အသစ်တွေကို သုံးစွဲသူတွေရဲ့ အကြံပြုချက်တွေအပေါ် အခြေခံပြီး ဖန်တီးပေးထားပါတယ်။

Deriv က အရောင်းအဝယ်တွေကို ကြိုးကိုင်ခြယ်လှယ်နေပါသလား

မဟုတ်ပါဘူး၊ Deriv က အရောင်းအဝယ်တွေကို ကြိုးကိုင်ခြယ်လှယ်ခြင်း မရှိပါဘူး။ ကျွန်ုပ်တို့ရဲ့ သုံးစွဲသူအားလုံးအတွက် မျှတပြီး ပွင့်လင်းမြင်သာတဲ့ အရောင်းအဝယ်ဝန်းကျင်တစ်ခု ပေးအပ်ဖို့ အခိုင်အမာ ကတိပြုထားပါတယ်။

အရောင်းအဝယ်လောကတစ်ဝန်းက အရောင်းအဝယ်ပြုလုပ်သူ အသိုင်းအဝိုင်းတွေကြားမှာ “Stop Loss ကို လိုက်လံပစ်မှတ်ထားမှု” ဒါမှမဟုတ် “ဈေးကွက်ကြိုးကိုင်ခြယ်လှယ်မှု” လိုမျိုး အသုံးအနှုန်းတွေ မကြာခဏ ပေါ်ထွက်လာတတ်ပါတယ်။ အဲဒီလို စိုးရိမ်ပူပန်မှုတွေဟာ အရောင်းအဝယ်ပလက်ဖောင်းတွေက သုံးစွဲသူတွေ နစ်နာစေဖို့အတွက် Stop Loss အော်ဒါတွေကို တမင်သက်သက် ထိသွားအောင်လုပ်တာ၊ ဈေးနှုန်းချာ့တ်တွေကို ပြောင်းလဲတာ ဒါမှမဟုတ် Candlestick တွေကို ကြိုးကိုင်ပြုပြင်တာမျိုး လုပ်နိုင်တယ်ဆိုတဲ့ သံသယအပေါ် အခြေခံလေ့ရှိပါတယ်။ တစ်ခါတစ်ရံမှာလည်း အရောင်းအဝယ်ပြုလုပ်သူတွေအနေနဲ့ Demo အကောင့်တွေပေါ်က အတွေ့အကြုံနဲ့ တိုက်ရိုက်အရောင်းအဝယ်ဝန်းကျင်တွေပေါ်က အတွေ့အကြုံတွေကြား သိသာတဲ့ ကွာခြားချက်တွေကို သတိထားမိတတ်ကြပါတယ်။

အထူးသဖြင့် ဘဏ္ဍာရေးဈေးကွက်တွေရဲ့ ကြိုတင်မှန်းဆရခက်တဲ့ သဘောသဘာဝကြောင့် ဒီလိုသံသယတွေ ပေါ်ပေါက်လာနိုင်တယ်ဆိုတာကို ကျွန်ုပ်တို့ နားလည်ပါတယ်။ အရေးကြီးတဲ့ သတင်းထုတ်ပြန်ချက်တွေ ရှိချိန် ဒါမှမဟုတ် ဈေးကွက်ငွေဖြစ်လွယ်မှု မမျှော်လင့်ဘဲ ကျဆင်းသွားချိန်တွေမှာ ဖြစ်ပေါ်တတ်တဲ့ ဈေးနှုန်းအတက်အကျ ပြင်းထန်တဲ့ ကာလတွေ၊ Slippage နဲ့ ဈေးနှုန်းအလျင်အမြန် ရွေ့လျားမှုတွေဟာ ပလက်ဖောင်းအားလုံးမှာ ကြုံတွေ့ရလေ့ရှိတဲ့ အရာတွေဖြစ်ပြီး Deriv တစ်ခုတည်းမှာပဲ ဖြစ်ပေါ်တာ မဟုတ်ပါဘူး။ ဒီလို ပုံမှန်ဈေးကွက်ဖြစ်စဉ်တွေဟာ လက်တွေ့မှာတော့ ဘဏ္ဍာရေးအိတ်ချိန်းတွေ လည်ပတ်ပုံရဲ့ အခြေခံသဘောတရားတွေကို ထင်ဟပ်နေတာဖြစ်ပေမဲ့ ဈေးကွက်ကြိုးကိုင်ခြယ်လှယ်မှုအဖြစ် အလွယ်တကူ အထင်လွဲမှားခံရနိုင်ပါတယ်။

ပွင့်လင်းမြင်သာမှုနဲ့ ယုံကြည်မှုကို ထိန်းသိမ်းဖို့အတွက် ဈေးနှုန်းပြသချက်တွေဟာ အပြင်လက်တွေ့ ဈေးကွက်အခြေအနေတွေနဲ့ အနီးစပ်ဆုံး ကိုက်ညီမှုရှိစေဖို့ ကျွန်ုပ်တို့ရဲ့ ဈေးနှုန်းတွေကို လွတ်လပ်တဲ့ ကမ္ဘာလုံးဆိုင်ရာ ပံ့ပိုးသူအများအပြားဆီကနေ ရယူထားပါတယ်။ ကျွန်ုပ်တို့ရဲ့ အော်ဒါဆောင်ရွက်ပေးမှု မူဝါဒတွေကို အများပြည်သူ ဖတ်ရှုနိုင်အောင် ထုတ်ပြန်ထားပြီး ကျွန်ုပ်တို့ ပလက်ဖောင်းပေါ်က အရောင်းအဝယ်တိုင်းကို မှတ်တမ်းတင်ထားပြီး စာရင်းစစ်ဆေးမှုနဲ့ တင်းကျပ်တဲ့ စည်းမျဉ်းထိန်းသိမ်းရေး စိစစ်မှုတွေကို ခံယူထားပါတယ်။

ပုံမှန်မဟုတ်ဘူးလို့ သံသယရှိရတဲ့ ဈေးနှုန်းဖြစ်စေ၊ မမျှော်လင့်ထားတဲ့ အော်ဒါဆောင်ရွက်ပေးမှုဖြစ်စေ ထူးခြားတဲ့အချက်တစ်ခုခုကို သင် သတိထားမိခဲ့ရင် ကျွန်ုပ်တို့ဆီ တိုက်ရိုက်ဆက်သွယ်ဖို့ တိုက်တွန်းလိုပါတယ်။ တင်ပြချက်တစ်ခုချင်းစီကို သီးခြားစီ အသေးစိတ်စုံစမ်းစစ်ဆေးပြီး ရလဒ်ကို ပွင့်လင်းမြင်သာစွာ ပြန်လည်အသိပေး ဆောင်ရွက်ပေးပါတယ်။ ဒီချဉ်းကပ်ပုံဟာ ကျွန်ုပ်တို့ရဲ့ စံနှုန်းတစ်ခုသာမကဘဲ ကမ္ဘာတစ်ဝန်းက ဦးဆောင်နေတဲ့ ဂုဏ်သတင်းကောင်းမွန်တဲ့ အကျိုးဆောင်ကုမ္ပဏီတွေအားလုံးမှာ ထားရှိအပ်တဲ့ အခြေခံစံသတ်မှတ်ချက်လည်း ဖြစ်ပါတယ်။

Deriv ပလက်ဖောင်း တည်ငြိမ်မှု : အရောင်းအဝယ်ပလက်ဖောင်းတွေရဲ့ စွမ်းဆောင်ရည် အကျဉ်းချုပ်

နည်းပညာဆန်းသစ်တီထွင်မှုရဲ့ အရှိန်အဟုန်ကြောင့် အရောင်းအဝယ်ပြုလုပ်မှုဟာ အချိန်နဲ့တစ်ပြေးညီ လုပ်ဆောင်ရတဲ့ လုပ်ငန်းတစ်ခုအဖြစ် ပြောင်းလဲလာခဲ့ပါတယ်။ သင်ဟာ Scalping ပဲလုပ်လုပ်၊ Swing trading ပဲလုပ်လုပ် စက္ကန့်တိုင်းဟာ အရေးကြီးပါတယ်။ ဒါပေမဲ့ တစ်ခါတစ်ရံမှာတော့ အရောင်းအဝယ်ပြုလုပ်သူတွေအနေနဲ့ ချာ့တ်နှေးကွေးတာ၊ အော်ဒါဆောင်ရွက်ပေးမှု ကြန့်ကြာတာ ဒါမှမဟုတ် ခေတ္တချို့ယွင်းချက် ဖြစ်ပေါ်တာတွေနဲ့ ကြုံတွေ့ရတတ်ပါတယ်။ ဒါဟာ Deriv တစ်ခုတည်းမှာပဲ ဖြစ်ပေါ်တာ မဟုတ်ပါဘူး၊ အထူးသဖြင့် အရေးပါတဲ့ စီးပွားရေးသတင်း ထုတ်ပြန်ချက်တွေလိုမျိုး အချိန်ကာလတွေအတွင်း အသုံးပြုမှု များပြားချိန်မှာ ချောမွေ့တဲ့ ဝန်ဆောင်မှု ပေးအပ်နိုင်ဖို့ စိန်ခေါ်မှုကို ပလက်ဖောင်းအားလုံး ရင်ဆိုင်ကြရပါတယ်။

ကျွန်ုပ်တို့ဟာ စနစ်တွေကို အချိန်ပြည့် စောင့်ကြည့်စစ်ဆေးနေပြီး အခြေခံအဆောက်အအုံပိုင်းကို စဉ်ဆက်မပြတ် အဆင့်မြှင့်တင်ပြီး ဝက်ဘ်နဲ့ မိုဘိုင်းပလက်ဖောင်းတွေအတွက် တိုးတက်ကောင်းမွန်မှုတွေကို ဆက်တိုက်ထုတ်ပေးနေပါတယ်။ ကြိုတင်စီစဉ်ထားတဲ့ ပြုပြင်ထိန်းသိမ်းမှု လုပ်ငန်းစဉ်တွေ ဒါမှမဟုတ် မမျှော်လင့်ဘဲ ပလက်ဖောင်း ခေတ္တရပ်ဆိုင်းမှုတွေနဲ့ ပတ်သက်တဲ့ အသိပေးကြေညာချက်တွေကိုလည်း Deriv Statuspage မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

အကယ်၍ သင့်အနေနဲ့ နည်းပညာပိုင်းဆိုင်ရာ အခက်အခဲတွေ ကြုံတွေ့ခဲ့ရရင် အဲဒီပြဿနာရဲ့ အဓိကအကြောင်းရင်းဟာ ကျွန်ုပ်တို့ရဲ့ ဆာဗာတွေဘက်မှာ ရှိနေတာလား၊ သုံးစွဲသူရဲ့ အင်တာနက်ကွန်ရက် ဒါမှမဟုတ် စက်ပစ္စည်း ပြင်ဆင်သတ်မှတ်ချက်မှာ ရှိနေတာလား ဆိုတာကို ရှာဖွေဖော်ထုတ်ပေးဖို့ ကျွန်ုပ်တို့ အသင့်ရှိနေပါတယ်။ အွန်လိုင်းအရောင်းအဝယ်လောကရဲ့ အကောင်းဆုံးလုပ်ထုံးလုပ်နည်း အကြံပြုချက်တွေအတိုင်း သုံးစွဲသူတွေအနေနဲ့ အရောင်းအဝယ်ပလက်ဖောင်းနဲ့ Operating System နှစ်ခုစလုံးကို နောက်ဆုံးပေါ်ဗားရှင်းအဖြစ် အမြဲမွမ်းမံထားဖို့ အလေးအနက် တိုက်တွန်းလိုပါတယ်။

Spread၊ Margin နဲ့ အရောင်းအဝယ်ဆိုင်ရာ သတ်မှတ်ချက်တွေ

အရောင်းအဝယ်ပြုလုပ်သူတိုင်းဟာ Spread တွေ ဘာကြောင့် ကျယ်သွားသလဲ၊ Margin လိုအပ်ချက်တွေ ဘာကြောင့် ပြောင်းလဲသွားသလဲ ဒါမှမဟုတ် Lot အရွယ်အစားတွေကို တစ်ခါတစ်ရံ ဘာကြောင့် ကန့်သတ်ထားသလဲ ဆိုတာကို တစ်ချိန်ချိန်မှာ မေးခွန်းထုတ်မိတတ်ကြပါတယ်။ ဒီအတွေ့အကြုံတွေဟာ Deriv တစ်ခုတည်းမှာပဲ ကြုံရတာ မဟုတ်ဘဲ ဈေးကွက်တွေ လည်ပတ်တဲ့ အခြေခံသဘောတရားကနေ ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။ အရောင်းအဝယ်လောကတစ်ဝန်းမှာ အကျိုးဆောင်ကုမ္ပဏီတွေဟာ Fixed Spread ဒါမှမဟုတ် Floating Spread ကို ပေးအပ်လေ့ရှိပါတယ်။ Deriv မှာတော့ ဦးဆောင်အကျိုးဆောင်ကုမ္ပဏီ အများအပြားလိုပဲ ကမ္ဘာ့ဈေးကွက်ရဲ့ ငွေဖြစ်လွယ်မှု အတက်အကျအမှန်ကို ထင်ဟပ်စေဖို့ အရောင်းအဝယ်အမျိုးအစား အများစုမှာ Floating Spread ကို အသုံးပြုထားပါတယ်။

စီးပွားရေး မရေရာတဲ့ ကာလတွေ၊ ရုတ်တရက် ဈေးကွက်လှုပ်ခတ်မှုတွေ ဒါမှမဟုတ် (ပုံမှန်အရောင်းအဝယ်ချိန် ပြင်ပလိုမျိုး) ငွေဖြစ်လွယ်မှု နည်းပါးချိန်တွေမှာ သုံးစွဲသူတွေနဲ့ ဈေးကွက်တည်ငြိမ်မှု နှစ်ခုစလုံးကို ကာကွယ်ပေးဖို့အတွက် Spread တွေ ခေတ္တမြင့်တက်လာနိုင်ပြီး Margin တွေလည်း လိုက်လျောညီထွေ ပြောင်းလဲနိုင်ပါတယ်။ ဒါ့အပြင် ပါဝင်သူအားလုံးအတွက် ဆုံးရှုံးနိုင်ခြေကို ချင့်ချိန်စီမံခန့်ခွဲနိုင်စေဖို့ တချို့ဈေးကွက်တွေမှာ Lot အရွယ်အစားတွေကို ကန့်သတ်ထားနိုင်ပါတယ်။ ပွင့်လင်းမြင်သာမှုကို ထိန်းသိမ်းဖို့အတွက် ကျွန်ုပ်တို့ရဲ့ အရောင်းအဝယ်ဆိုင်ရာ သတ်မှတ်ချက်တွေနဲ့ Margin လိုအပ်ချက်တွေကို ဝက်ဘ်ဆိုက်ပေါ်မှာ ထုတ်ပြန်ပေးထားပြီး ဈေးကွက်အခြေအနေ ပြောင်းလဲမှုအလိုက် မွမ်းမံပေးနေပါတယ်၊ ဒါဟာ ယုံကြည်စိတ်ချရပြီး သုံးစွဲသူကို အလေးထားတဲ့ အကျိုးဆောင်ကုမ္ပဏီတွေ လုပ်ဆောင်လေ့ရှိတဲ့ ပုံမှန်အစီအမံတစ်ခု ဖြစ်ပါတယ်။

ကမ္ဘာ့ဘယ်နေရာမှာမဆို အရောင်းအဝယ်ပြုလုပ်ကြတဲ့ အတွေ့အကြုံရင့် ပညာရှင်တွေ လုပ်ဆောင်လေ့ရှိသလိုပဲ ကျွန်ုပ်တို့ရဲ့ သုံးစွဲသူတွေအနေနဲ့လည်း အရောင်းအဝယ်မပြုလုပ်ခင်မှာ နောက်ဆုံးရပြောင်းလဲမှုတွေကို စစ်ဆေးတဲ့ အလေ့အထတစ်ခု မွေးမြူထားဖို့ တိုက်တွန်းလိုပါတယ်။

Indicator တွေ၊ အထောက်အကူပြုကိရိယာတွေနဲ့ ပလက်ဖောင်း လုပ်ဆောင်ချက်တွေ

အရောင်းအဝယ် နည်းဗျူဟာတွေ တိုးတက်ပြောင်းလဲလာတာနဲ့အမျှ အသုံးပြုနေတဲ့ ပလက်ဖောင်းတွေအပေါ် ထားရှိတဲ့ အရောင်းအဝယ်ပြုလုပ်သူတွေရဲ့ မျှော်လင့်ချက်တွေဟာလည်း လိုက်ပါပြောင်းလဲလာပါတယ်။ TradingView လိုမျိုး ချာ့တ်ဝန်ဆောင်မှုတွေနဲ့ ချိတ်ဆက်ပေးဖို့ကနေ ပိုမိုအဆင့်မြင့်တဲ့ အလိုအလျောက်စနစ်တွေ အသုံးပြုနိုင်အောင် လုပ်ဆောင်ပေးဖို့ ဒါမှမဟုတ် ညနက်ပိုင်း အရောင်းအဝယ်ချိန်တွေအတွက် Night mode ထည့်သွင်းပေးဖို့ တောင်းဆိုတာတွေအထိ ပိုမိုစုံလင်တဲ့ Indicator တွေ၊ အထောက်အကူပြုကိရိယာတွေ ဒါမှမဟုတ် လုပ်ဆောင်ချက်တွေကို လိုလားကြတဲ့ သုံးစွဲသူတွေဆီက အကြံပြုချက်တွေကို ကျွန်ုပ်တို့ ပုံမှန်လက်ခံရရှိပါတယ်။

ဒါက လုပ်ငန်းနယ်ပယ်တစ်လျှောက်မှာ ရင်းနှီးပြီးသားအကြောင်းအရာတစ်ခု ဖြစ်ပါတယ် : ထရိတ်ဒါတွေက ပလက်ဖောင်းတွေကို ဆန်းသစ်တီထွင်ဖို့ တွန်းအားပေးကြပြီး ပလက်ဖောင်းတွေကလည်း အမြန်ဆုံးတုံ့ပြန်ဆောင်ရွက်ပေးကြပါတယ်။ Deriv မှာဆိုရင် ကျွန်ုပ်တို့ရဲ့ ထုတ်ကုန်အဖွဲ့တွေဟာ အမီလိုက်နိုင်ဖို့သာမက တကယ့်အကျိုးကျေးဇူးတွေကိုပါ ပေးစွမ်းနိုင်ဖို့အတွက် တောင်းဆိုချက်အသစ်တွေကို ပြန်လည်သုံးသပ်ပြီး ပြိုင်ဘက်တွေရဲ့ ဝန်ဆောင်မှုတွေကို စောင့်ကြည့်လေ့လာပါတယ်။ လုပ်ဆောင်ချက်တချို့ကို မြန်မြန်ဆန်ဆန် မိတ်ဆက်ပေးနိုင်ပေမဲ့ ပိုမိုကျယ်ပြန့်တဲ့ တည်ဆောက်မှုတွေ ဒါမှမဟုတ် စည်းမျဉ်းထိန်းသိမ်းရေးဆိုင်ရာ အတည်ပြုချက်တွေ လိုအပ်တဲ့ တခြားလုပ်ဆောင်ချက်တွေကတော့ အချိန်ပိုကြာနိုင်ပါတယ်။

လုပ်ငန်းစဉ်ကို သွက်လက်တက်ကြွနေစေဖို့အတွက် သုံးစွဲသူတွေနဲ့ စဉ်ဆက်မပြတ် အပြန်အလှန်ဆွေးနွေးမှုတွေ ပြုလုပ်ဖို့ ကျွန်ုပ်တို့ အားပေးပါတယ်။ အကြံပြုချက်တိုင်းဟာ ကျွန်ုပ်တို့ ပလက်ဖောင်းတွေရဲ့ အနာဂတ်ကို ပုံဖော်ရာမှာ အထောက်အကူပြုပါတယ်။ နောက်ဆုံးရလဒ်အနေနဲ့ အသိုက်အဝန်းရဲ့ လိုအပ်ချက်တွေနဲ့အတူ လိုက်လျောညီထွေ ဖွံ့ဖြိုးတိုးတက်လာတဲ့ ကိရိယာအစုံအလင်ကို ရရှိလာပါတယ်။

Deriv အကောင့်ဝင်ရောက်မှု : ဝင်ရောက်မှုဆိုင်ရာ ပြဿနာများကို ဖြေရှင်းခြင်း

ဝင်ရောက်အသုံးပြုနိုင်မှုနဲ့ လုံခြုံရေးဟာ အရောင်းအဝယ်ပြုလုပ်ရာမှာ ယုံကြည်စိတ်ချရမှုရဲ့ အဓိကကျောရိုးဖြစ်ပါတယ်။ ရံဖန်ရံခါမှာ သုံးစွဲသူတွေအနေနဲ့ အကောင့်ဝင်ရောက်ရာမှာ၊ အကောင့်ပြန်လည်ရယူရာမှာ ဒါမှမဟုတ် MT5 desktop လို အပလီကေးရှင်းတွေနဲ့ ချိတ်ဆက်ရာမှာ အခက်အခဲတွေ ကြုံတွေ့ရနိုင်ပါတယ်။ ဒီလိုအတွေ့အကြုံတွေဟာ စကားဝှက်အသစ်ပြန်လည်သတ်မှတ်ခြင်း၊ စက်ပစ္စည်းနဲ့ ကိုက်ညီမှုရှိမရှိ ဆန်းစစ်ခြင်း ဒါမှမဟုတ် အကြိမ်ကြိမ် မှားယွင်းစွာ ကြိုးပမ်းပြီးနောက် အကောင့်ကို ပိတ်ထားလိုက်တဲ့ လုံခြုံရေးလုပ်ထုံးလုပ်နည်းတွေလိုမျိုး အကြောင်းရင်းအမျိုးမျိုးကြောင့် ဖြစ်ပေါ်လာနိုင်ပါတယ်။

ဒီလိုအခက်အခဲတွေ ပေါ်ပေါက်လာတိုင်း သုံးစွဲသူတွေ အကောင့်ပြန်လည်ရယူနိုင်အောင် လမ်းညွှန်ကူညီပေးဖို့ ကိုယ်တိုင်ဆောင်ရွက်နိုင်တဲ့ ကိရိယာတွေနဲ့ သီးသန့်ပံ့ပိုးကူညီရေးအဖွဲ့တို့က အသင့်ရှိနေပါတယ်။ နောက်ခံနည်းပညာပိုင်းဆိုင်ရာ အကြောင်းရင်းတွေ ရှိမရှိ သိနိုင်ဖို့ ဖြစ်စဉ်တစ်ခုချင်းစီကိုလည်း ကျွန်ုပ်တို့ ပြန်လည်သုံးသပ်ပါတယ်။ အကျိုးဆောင်အများစုလိုပဲ ကျွန်ုပ်တို့ရဲ့ မူဝါဒကတော့ စစ်မှန်တဲ့ သုံးစွဲသူတွေ သူတို့ရဲ့အကောင့်ကို မြန်မြန်ဆန်ဆန်နဲ့ ဘေးကင်းစွာ ဝင်ရောက်အသုံးပြုနိုင်ကြောင်း သေချာစေရင်း လုံခြုံရေးထိန်းချုပ်မှုတွေကို ခိုင်မာအောင် ထိန်းသိမ်းထားဖို့ပဲ ဖြစ်ပါတယ်။

မျှတသော အရောင်းအဝယ်ပြုလုပ်မှုနှင့် ပွင့်လင်းမြင်သာမှုအပေါ် Deriv ရဲ့ ကတိကဝတ်

အရောင်းအဝယ်လုပ်ငန်းနယ်ပယ်တစ်လျှောက်မှာ မျှတတဲ့ ဈေးနှုန်းသတ်မှတ်မှု၊ ရိုးသားဖြောင့်မတ်တဲ့ အော်ဒါဆောင်ရွက်မှုနဲ့ သုံးစွဲသူတွေ ပြန်လည်တင်ပြဖြေရှင်းခွင့်ရှိမှုတို့ဟာ ဂုဏ်သတင်းအကောင်းဆုံး အကျိုးဆောင်တွေကို သတ်မှတ်ပေးတဲ့ စံနှုန်းတွေ ဖြစ်ပါတယ်။ Deriv မှာ ကျွန်ုပ်တို့ကိုယ်ကျွန်ုပ်တို့ ဒီလုပ်ငန်းနယ်ပယ်စံနှုန်းရဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် ရှုမြင်ပါတယ်။ ဈေးနှုန်းရင်းမြစ်အများအပြားကို အသုံးပြုခြင်းနဲ့ ကျွန်ုပ်တို့ရဲ့ အော်ဒါဆောင်ရွက်မှုမူဝါဒကို အများပြည်သူသိရှိအောင် ထုတ်ပြန်ထားခြင်းတို့ဖြင့် အကျိုးစီးပွားပဋိပက္ခတွေကို အနည်းဆုံးဖြစ်အောင် လျှော့ချပြီး စနစ်တွေရဲ့ မှန်ကန်တည်ကြည်မှုကို စဉ်ဆက်မပြတ် ပြန်လည်သုံးသပ်ပါတယ်။

အရောင်းအဝယ်တစ်ခုချင်းစီရဲ့ အသေးစိတ်အချက်အလက်တွေကနေ ပိုမိုကျယ်ပြန့်တဲ့ အရောင်းအဝယ်အခြေအနေတွေအထိ မျှတမှု ဒါမှမဟုတ် ပွင့်လင်းမြင်သာမှုနဲ့ ပတ်သက်ပြီး သုံးစွဲသူတစ်ဦးဦးက စိုးရိမ်ပူပန်မှု တင်ပြလာတိုင်း ကျွန်ုပ်တို့ သေချာစွာ စုံစမ်းစစ်ဆေးပြီး တွေ့ရှိချက်တွေကို ရှင်းရှင်းလင်းလင်း အသိပေးပြောကြားပါတယ်။ ကျွန်ုပ်တို့ရဲ့ စည်းကမ်းလိုက်နာရေးအဖွဲ့ဟာ အွန်လိုင်းအရောင်းအဝယ်လောကရဲ့ အယုံကြည်ရဆုံး အမည်တွေအပေါ် စည်းမျဉ်းထိန်းသိမ်းရေးအဖွဲ့တွေ ချမှတ်ထားတဲ့ မျှော်မှန်းချက်တွေနဲ့အညီ လွတ်လပ်စွာ လည်ပတ်ဆောင်ရွက်ပါတယ်။ ဒါ့အပြင် သုံးစွဲသူတွေအနေနဲ့ သူတို့ရဲ့ အရောင်းအဝယ်ခရီးစဉ် ဘယ်အဆင့်မှာမဆို ဘာတွေဖြစ်ပေါ်နေလဲဆိုတာ အတည်ပြုစစ်ဆေးနိုင်ဖို့ အဓိကစာရွက်စာတမ်းတွေ၊ နောက်ဆုံးရအချက်အလက်တွေနဲ့ ပလက်ဖောင်းအခြေအနေပြ အညွှန်းတွေကိုလည်း ထုတ်ပြန်ပေးထားပါတယ်။

Deriv ထရိတ်ဒါများအတွက် အဓိကမှတ်သားဖွယ်အချက်များ

Deriv မှာ ပေါ်ပေါက်လာတဲ့ မေးခွန်း ဒါမှမဟုတ် စိုးရိမ်ပူပန်မှုတိုင်းဟာ အမြဲပြောင်းလဲနေတဲ့ ကမ္ဘာ့ဈေးကွက်တွေမှာ အရောင်းအဝယ်ပြုလုပ်ခြင်းရဲ့ သဘာဝကျတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။ မျှတမှု၊ နည်းပညာပိုင်းဆိုင်ရာ စွမ်းဆောင်ရည် ဒါမှမဟုတ် ပြောင်းလဲနေတဲ့ အရောင်းအဝယ်အခြေအနေတွေနဲ့ ပတ်သက်တဲ့ ကိစ္စရပ်တွေဟာ လုပ်ငန်းနယ်ပယ်တစ်လျှောက်မှာ ကြုံတွေ့နေကျဖြစ်ပေမဲ့ ဒီအချက်တစ်ခုချင်းစီကို သင်ယူလေ့လာပြီး ပိုမိုကောင်းမွန်အောင် မြှင့်တင်နိုင်မယ့် အခွင့်အလမ်းတစ်ခုအဖြစ် ကျွန်ုပ်တို့ ရှုမြင်ပါတယ်။ ပွင့်လင်းတဲ့ အပြန်အလှန်ဆွေးနွေးမှု၊ ပွင့်လင်းမြင်သာတဲ့ လုပ်ငန်းလည်ပတ်မှုနဲ့ သုံးစွဲသူပညာပေးရေးနဲ့ ပံ့ပိုးကူညီရေးဆိုင်ရာ ကတိကဝတ်တွေကို ဆက်လက်ထိန်းသိမ်းထားခြင်းဖြင့် Deriv ဟာ အွန်လိုင်းအရောင်းအဝယ်လုပ်ငန်းမှာ အမြင့်မားဆုံးစံနှုန်းတွေ ရရှိဖို့ ဆက်လက်ကြိုးပမ်းနေပါတယ်။

Quiz

Deriv မှာ မမျှော်လင့်ထားတဲ့ အရာတစ်ခုခုကို သတိထားမိရင် ဒါမှမဟုတ် အရောင်းအဝယ်တစ်ခုကို မမျှမတ ဆောင်ရွက်ခဲ့တယ်လို့ ယူဆရင် သင့်ရဲ့ နောက်ထပ်လုပ်ဆောင်ရမယ့်အဆင့်က ဘာဖြစ်သင့်ပါသလဲ။

အမေးများသော မေးခွန်းများ

Analyse markets with AI-powered insights

Explore TradersView
WhatsApp