
ဆင့်ပွားဘဏ္ဍာရေးစာချုပ်တွေ (Derivatives) ကို ရောင်းဝယ်ခြင်းအားဖြင့် အခြေခံပိုင်ဆိုင်မှုကို တိုက်ရိုက်ပိုင်ဆိုင်စရာမလိုဘဲ ကမ္ဘာ့ဈေးကွက်တွေထဲ ဝင်ရောက်နိုင်ပါတယ်။ Deriv မှာ တစ်ခုချင်းစီအလိုက် သီးခြားအားသာချက်တွေရှိတဲ့ ကွာခြားချက်အပေါ် ချုပ်ဆိုသော စာချုပ်တွေ (CFDs) ဒါမှမဟုတ် Options တွေကနေတစ်ဆင့် ဒီလိုလုပ်ဆောင်နိုင်ပါတယ် CFD အရောင်းအဝယ်လမ်းညွှန်။
ဒီလမ်းညွှန်မှာ သင့်ရည်မှန်းချက်တွေနဲ့ ဘယ်အရာက ပိုကိုက်ညီမလဲဆိုတာ ဆုံးဖြတ်နိုင်ဖို့ CFDs နဲ့ Options ကို ဖွဲ့စည်းပုံ၊ ပလက်ဖောင်းတွေ၊ ကုန်ကျစရိတ်တွေနဲ့ အရောင်းအဝယ်ဗျူဟာတွေအရ နှိုင်းယှဉ်ဖော်ပြထားပါတယ်။
အကျဉ်းချုပ်
- CFDs က ပြောင်းလွယ်ပြင်လွယ်ရှိမှုနဲ့ Leverage တို့ကို ပေးစွမ်းတာကြောင့် အရောင်းအဝယ်တွေကို အချိန်မရွေး ဖွင့်နိုင်၊ ပိတ်နိုင်ပါတယ် — ဒါပေမဲ့ သေချာဂရုတစိုက် မစီမံခန့်ခွဲရင်တော့ ဆုံးရှုံးမှုက သင့်သွင်းငွေထက် ကျော်လွန်သွားနိုင်ပါတယ်။
- Options မှာတော့ သတ်မှတ်ထားတဲ့ သက်တမ်းကုန်ဆုံးချိန်နဲ့ အကန့်အသတ်ရှိတဲ့ ဆုံးရှုံးမှုပမာဏ ရှိတာကြောင့် ရေတိုနဲ့ ရေရှည်အရောင်းအဝယ် နှစ်မျိုးလုံးအတွက် စနစ်ကျတဲ့ ရလဒ်တွေနဲ့ ပိုမိုရှင်းလင်းတဲ့ ဆုံးရှုံးနိုင်ခြေ ထိန်းချုပ်မှုကို ပေးစွမ်းပါတယ်။
- CFDs ကို Deriv MT5 နဲ့ Deriv cTrader တို့မှာ ရရှိနိုင်ပြီး Options ကိုတော့ Deriv Trader ၊ Deriv Bot နဲ့ Deriv GO တို့မှာ ရရှိနိုင်တာကြောင့် ထရိတ်ဒါတွေအနေနဲ့ ကိုယ့်ပုံစံနဲ့ ကိုက်ညီတဲ့ ကိရိယာတွေကို ရွေးချယ်နိုင်ပါတယ်။
- CFD ရဲ့ အကျိုးအမြတ်ရလဒ်က တိုက်ရိုက်အချိုးကျ ပြောင်းလဲပါတယ်။ Leverage က အမြတ်ရော အရှုံးကိုပါ ပိုများစေပါတယ်။ Option ရဲ့ အကျိုးအမြတ်ရလဒ်တွေကတော့ အမျိုးမျိုးကွဲပြားပါတယ် : Digital အတွက် အဆင့်လိုက်ပုံစံရှိပြီး Vanilla အတွက် သတ်မှတ်ဈေးနှုန်း (Strike) မှာ ပြောင်းလဲနှုန်း ကွာခြားသွားကာ Multipliers အတွက်တော့ အကန့်အသတ် သတ်မှတ်ထားပါတယ်။
အခြေခံကွာခြားချက်တွေကို သင်သိပြီဆိုတော့ Deriv ရဲ့ ပလက်ဖောင်းတွေပေါ်မှာ ဒီထုတ်ကုန်တွေ ဘယ်လိုအလုပ်လုပ်သလဲဆိုတာ ကြည့်ကြရအောင်ပါ။
Deriv မှာ CFDs နဲ့ Options တို့ရဲ့ ကွာခြားချက်က ဘာလဲ
Deriv ရဲ့ သီးသန့်ပလက်ဖောင်းတွေပေါ်မှာ ထုတ်ကုန်တစ်ခုချင်းစီ ဘယ်လိုလည်ပတ်သလဲဆိုတာကို အရင်ဆုံး စကြည့်ကြရအောင်ပါ။
Deriv MT5 နဲ့ Deriv cTrader ပေါ်က CFDs
ဒီပလက်ဖောင်းတွေကို ပရော်ဖက်ရှင်နယ်အဆင့် အရောင်းအဝယ်လုပ်နိုင်ဖို့ တည်ဆောက်ထားတာ ဖြစ်ပါတယ်။ Deriv MT5 ရော Deriv cTrader ပါ မြင့်မားတဲ့ ငွေဖြစ်လွယ်မှုကနေ ပံ့ပိုးပေးထားတဲ့ ပိုင်ဆိုင်မှုအမျိုးအစားစုံလင်စွာ ရောင်းဝယ်နိုင်မှု၊ အဆင့်မြင့် ဇယားဆွဲစနစ်တွေ၊ မြန်ဆန်တဲ့ အော်ဒါဆောင်ရွက်မှုနဲ့ အလိုအလျောက် လုပ်ဆောင်ချက်တွေကို ပေးစွမ်းပါတယ်။ ဒါ့အပြင် Margin အရောင်းအဝယ်၊ မတူကွဲပြားတဲ့ ဈေးကွက်တွေနဲ့ ပြောင်းလွယ်ပြင်လွယ်ရှိတဲ့ ဆုံးရှုံးနိုင်ခြေ စီမံခန့်ခွဲမှုတွေကိုလည်း ပံ့ပိုးပေးပါတယ်။
ဥပမာ : Deriv cTrader ပေါ်က Forex ရေတိုအရောင်းအဝယ်သမား (Scalper) တစ်ဦးဟာ ဈေးနှုန်းအတက်အကျများတဲ့ ငွေကြေးအတွဲတစ်ခုမှာ ရေတိုအရောင်းအဝယ် ဒါဇင်ပေါင်းများစွာကို လုပ်ဆောင်နိုင်ပါတယ်။

Deriv Trader ၊ Deriv Bot နဲ့ Deriv GO ပေါ်က Options
ဒီပလက်ဖောင်းတွေက Options အရောင်းအဝယ်ကို လွယ်ကူရိုးရှင်းစေပါတယ်။ Deriv Trader က Digital နဲ့ Turbo Options တွေကို ရိုးရှင်းလွယ်ကူစွာ ရောင်းဝယ်နိုင်စေပါတယ်။ Deriv Bot က ဆွဲယူချိတ်ဆက်နိုင်တဲ့ Logic ဘလောက်တွေနဲ့ ဗျူဟာတွေကို အလိုအလျောက် လုပ်ဆောင်ပေးပြီး Deriv GO ကတော့ အပြောင်းအလဲမြန်တဲ့ ဈေးကွက်တွေအတွက် မိုဘိုင်းကနေ အမြန်ရောင်းဝယ်နိုင်အောင် ပံ့ပိုးပေးပါတယ်။
ဒီလို ခွဲခြားပေးထားတာက ပွင့်လင်းမြင်သာမှုကို အထောက်အကူပြုရင်း ထရိတ်ဒါတွေကို ထုတ်ကုန်တစ်ခုချင်းစီရဲ့ အားသာချက်တွေအပေါ် အာရုံစိုက်နိုင်စေပါတယ် — 2025 မှာလည်း Deriv က Margin အစီရင်ခံခြင်းနဲ့ သုံးစွဲသူအကာအကွယ်ပေးရေးဆိုင်ရာ အကောင်းဆုံး လုပ်ထုံးလုပ်နည်းတွေနဲ့အညီ ဆက်လက်ဆောင်ရွက်နေပါတယ်။

CFDs ၊ Options နဲ့ Futures တို့ ဘယ်လိုကွာခြားကြသလဲ
CFDs က ပြောင်းလွယ်ပြင်လွယ်ရှိမှုနဲ့ Leverage ကို ဦးစားပေးပုံ၊ Options က ကြိုတင်ခန့်မှန်းနိုင်မှုနဲ့ အကန့်အသတ်ရှိတဲ့ ဆုံးရှုံးနိုင်ခြေကို အလေးထားပုံ၊ Futures ကတော့ အဖွဲ့အစည်းကြီးတွေရဲ့ ထရိတ်ဒါတွေနဲ့ ပုံမှန်အားဖြင့် ကိုက်ညီတဲ့ စံသတ်မှတ်ထားသော စာချုပ်တွေနဲ့ ရေရှည်ကတိကဝတ်တွေအပေါ် အာရုံစိုက်ပုံကို ဒီနှိုင်းယှဉ်ချက်မှာ ဖော်ပြထားပါတယ်။
| အင်္ဂါရပ် | CFDs | Options | Futures |
|---|---|---|---|
| Leverage | 1:1000 အထိ (ပိုင်ဆိုင်မှုအမျိုးအစားပေါ် မူတည်ပါတယ်) | Multipliers နဲ့ဆိုရင် (4000× အထိ) | ပုံမှန်အားဖြင့် 10–50× (အိတ်ချိန်းက စည်းမျဉ်းသတ်မှတ်ထားပါတယ်) |
| ဆုံးရှုံးနိုင်ခြေ ပမာဏ | ဆုံးရှုံးမှုက သွင်းငွေထက် ကျော်လွန်နိုင်ပါတယ် | ဆုံးရှုံးမှုကို သွင်းငွေပမာဏအထိပဲ ကန့်သတ်ထားပါတယ် | ဆုံးရှုံးမှုက Margin သွင်းငွေထက် ကျော်လွန်နိုင်ပါတယ် |
| ကြာချိန် | သက်တမ်းကုန်ဆုံးချိန် မရှိပါ၊ အချိန်မရွေး ပိတ်နိုင်ပါတယ် | သတ်မှတ်ထားတဲ့ အချိန်ကာလများ (စက္ကန့်ပိုင်း – လပိုင်း) | စာချုပ်အရ သတ်မှတ်ထားတဲ့ သက်တမ်းကုန်ဆုံးရက်များ |
| ပြောင်းလွယ်ပြင်လွယ်ရှိမှု | စိတ်ကြိုက် ဝင်ရောက်/ထွက်ခွာနိုင်ပါတယ် | စာချုပ်စည်းကမ်းချက်တွေအရ ကန့်သတ်ထားပါတယ် | သက်တမ်းမကုန်ခင် ဆက်ကိုင်ထားရမယ် ဒါမှမဟုတ် ပြန်လည်ချေဖျက်ရပါမယ် |
| အမြတ်ရနိုင်ခြေ | အကန့်အသတ်မရှိပါ၊ ဈေးနှုန်းအရွေ့အပေါ် မူတည်ပါတယ် | သတ်မှတ်ထားတဲ့ ဒါမှမဟုတ် ပြောင်းလဲနိုင်တဲ့ ပေးချေငွေ | အကန့်အသတ်မရှိပါ၊ စာချုပ်ပမာဏနဲ့ ဈေးနှုန်းအပြောင်းအလဲအပေါ် မူတည်ပါတယ် |
| ရလဒ်အခြေခံ | အဝင်ဈေးနဲ့ အထွက်ဈေး နှိုင်းယှဉ်ချက် | စာချုပ်အမျိုးအစားအပေါ် မူတည်ပါတယ် (Digital ၊ Turbo ၊ Vanilla) | သက်တမ်းကုန်ဆုံးချိန်မှာရှိတဲ့ အဝင်ဈေးနဲ့ စာရင်းရှင်းလင်းရေးဈေး နှိုင်းယှဉ်ချက် |
| ပိုင်ဆိုင်မှု | မရှိပါ | မရှိပါ | သက်တမ်းကုန်ဆုံးချိန်မှာ ဝယ်ယူဖို့ ဒါမှမဟုတ် ရောင်းချဖို့ ကတိကဝတ်ကို ကိုယ်စားပြုပါတယ် |
| လက်လှမ်းမီနိုင်မှု | Deriv MT5 နဲ့ Deriv cTrader တို့ကနေတစ်ဆင့် တစ်ဦးချင်းထရိတ်ဒါတွေ အသုံးပြုနိုင်ပါတယ် | Deriv Trader ၊ Deriv Bot နဲ့ Deriv GO တို့မှာ ရရှိနိုင်ပါတယ် | အဖွဲ့အစည်းကြီးတွေက အဓိကအိတ်ချိန်းကြီးတွေမှာ အများဆုံး ရောင်းဝယ်လေ့ရှိပါတယ် |
CFD ဥပမာ :
10% Margin (သွင်းငွေ 210 USD) နဲ့ Apple အပေါ် 210 USD ဈေးမှာ CFDs 10 ခု ဝယ်ယူပါ။
- Apple ဈေးက 215 USD အထိ တက်သွားရင် → အမြတ် 50 USD ရပါမယ်။
- Apple ဈေးက 205 USD အထိ ကျသွားရင် → အရှုံး 50 USD ဖြစ်ပါမယ်။

Options ဥပမာ :
မိနစ် 30 အတွင်း ဈေးတက်မယ်လို့ ခန့်မှန်းပြီး EUR/USD အပေါ် Digital Option တစ်ခု ဝယ်ယူပါ။
- မှန်ကန်ရင် → သတ်မှတ်ထားတဲ့ ပေးချေငွေ (70–90%) ရပါမယ်။
- မှားယွင်းရင် → ကနဦး အရောင်းအဝယ်ငွေပမာဏအထိပဲ ဆုံးရှုံးမှု ကန့်သတ်ထားပါတယ်။

Futures ဥပမာ :
ရွှေ Futures စာချုပ်တစ်ခုဟာ နောင်လာမယ့် သတ်မှတ်ရက်စွဲတစ်ခုမှာ သတ်မှတ်ထားတဲ့ ဈေးနှုန်းနဲ့ ရွှေကို ဝယ်ယူဖို့ ဒါမှမဟုတ် ရောင်းချဖို့ ထရိတ်ဒါအပေါ် တာဝန်ရှိစေပါတယ်။
- အမြတ် ဒါမှမဟုတ် အရှုံးကတော့ စာချုပ်အဝင်ဈေးနဲ့ စာရင်းရှင်းလင်းရေးဈေးကြားက ဈေးနှုန်းကွာဟချက်အပေါ် မူတည်ပါတယ်။
- Futures က ပိုများတဲ့ အရင်းအနှီးနဲ့ Margin လိုအပ်လေ့ရှိတာကြောင့် တစ်ဦးချင်းထရိတ်ဒါတွေအတွက် ပြောင်းလွယ်ပြင်လွယ်ရှိမှု နည်းပါးစေပါတယ်။

CFD ထရိတ်ဒါတွေက ပမာဏပိုကြီးတဲ့ အရောင်းအဝယ်တွေအတွက် Leverage ကို အသုံးပြုကြပြီး Options ထရိတ်ဒါတွေကတော့ ကြိုတင်သတ်မှတ်ထားတဲ့ ဆုံးရှုံးနိုင်ခြေပမာဏကို ပိုနှစ်သက်ကြပါတယ်။
ထုတ်ကုန်တစ်ခုချင်းစီက ထိန်းချုပ်နိုင်မှု၊ Leverage နဲ့ ဆုံးရှုံးနိုင်ခြေတို့ကို ဘယ်လိုဟန်ချက်ညီအောင် ချိန်ညှိပေးသလဲဆိုတာ ဒီဥပမာတွေက ပြသနေပါတယ်။
ကုန်ကျစရိတ်၊ ငွေဖြည့်သွင်းမှုနဲ့ လက်တွေ့ထည့်သွင်းစဉ်းစားရမယ့် အချက်တွေအကြောင်း သင်ဘာတွေ သိထားသင့်သလဲ
CFDs
- Spread ထဲမှာ ကုန်ကျစရိတ်တွေ ပါဝင်ပြီး အချို့ပိုင်ဆိုင်မှုတွေမှာတော့ ကော်မရှင်ခ အနည်းငယ်လည်း ရှိနိုင်ပါတယ်။
- ညအိပ်ထားရှိခ (Swap) က အရောင်းအဝယ်ဦးတည်ချက်အပေါ် မူတည်ပြီး အပိုကျသင့်ငွေ ဒါမှမဟုတ် ပြန်ရငွေ ဖြစ်ပေါ်စေနိုင်ပါတယ်။
- ငွေဖြစ်လွယ်မှုက အရေးကြီးပါတယ်၊ အပြောင်းအလဲမြန်တဲ့ ဈေးကွက်တွေမှာ အော်ဒါတင်ချိန်နဲ့ အတည်ပြုချိန်ကြား ဈေးနှုန်းကွာဟချက် (Slippage) ဖြစ်နိုင်ပါတယ်။
- ရှယ်ယာ CFDs တွေမှာ အရောင်းအဝယ်ဘက်ခြမ်းအပေါ် မူတည်ပြီး အမြတ်ဝေစုနဲ့ ကုမ္ပဏီဆိုင်ရာ လုပ်ဆောင်ချက်တွေ သက်ရောက်မှုရှိနိုင်ပါတယ်။
Options
- အရောင်းအဝယ်ငွေပမာဏ ဒါမှမဟုတ် ပရီမီယံကြေးကို ကြိုတင်သိရှိနိုင်ပြီး အဲဒီပမာဏဟာ အများဆုံး ဆုံးရှုံးနိုင်ခြေပဲ ဖြစ်ပါတယ်။
- ပေးချေငွေတွေက စာချုပ်အမျိုးအစားအပေါ် မူတည်ပါတယ်၊ သတ်မှတ်ချက်တွေနဲ့ ကိုက်ညီတဲ့အခါ Digital နဲ့ Turbo Options တွေက သတ်မှတ်ထားတဲ့ အကျိုးအမြတ်ကို ပေးချေပါတယ်။
- အချိန်အပေါ် သက်ရောက်မှုက အရေးကြီးပါတယ် : အချိန်ကြာလာတာနဲ့အမျှ တန်ဖိုးလျော့ကျမှု (Time decay) နဲ့ ဈေးနှုန်းအတက်အကျ ပြင်းထန်မှုတို့က အထူးသဖြင့် Vanilla Options တွေအတွက် ဈေးနှုန်းသတ်မှတ်မှုအပေါ် သက်ရောက်မှုရှိပါတယ်။
နှိုင်းယှဉ်တဲ့အခါ သွင်းငွေ၊ မျှော်မှန်းထားတဲ့ ကိုင်ဆောင်ချိန်၊ ဈေးနှုန်းအတက်အကျ ပြင်းထန်မှုနဲ့ သင့်အနေနဲ့ ပြောင်းလွယ်ပြင်လွယ်ရှိမှု (CFD) ဒါမှမဟုတ် ကြိုတင်သတ်မှတ်ထားတဲ့ ရလဒ်တွေ (Option) ထဲက ဘယ်အရာကို ပိုတန်ဖိုးထားသလဲဆိုတာကို ထည့်သွင်းစဉ်းစားပါ။
CFDs ဒါမှမဟုတ် Options ကို ဘယ်အချိန်မှာ ရွေးချယ်သင့်သလဲ
ဈေးကွက်အခြေအနေတွေက ထုတ်ကုန်ရွေးချယ်မှုအပေါ် လွှမ်းမိုးမှုရှိပါတယ် :
- ဈေးနှုန်းအတက်အကျ ပြင်းထန်မှု : CFD ထရိတ်ဒါတွေက အတက်ဈေးကွက်ရော အကျဈေးကွက်မှာပါ အမြတ်ရနိုင်ဖို့ Leverage ကို အသုံးပြုကြပါတယ်။ Options ထရိတ်ဒါတွေကတော့ အကန့်အသတ်ရှိတဲ့ ဆုံးရှုံးမှုနဲ့ အမြန်ခန့်မှန်းချက်တွေ လုပ်ဆောင်ဖို့ Digital ဒါမှမဟုတ် Turbo စာချုပ်တွေကို အသုံးပြုကြပါတယ်။
- အကာအကွယ်ယူခြင်း (Hedging) : အချို့က CFDs ကို Options နဲ့ အကာအကွယ်ယူကြပါတယ် — ဥပမာ S&P 500 ပေါ်က အဝယ် CFD တစ်ခုကို Put option တစ်ခုနဲ့ ဟန်ချက်ညီအောင် ထိန်းညှိထားတာမျိုး ဖြစ်ပါတယ်။
- စည်းမျဉ်းသတ်မှတ်ချက် : Leverage ကန့်သတ်ချက်တွေရှိတဲ့အခါ ဆုံးရှုံးမှုပမာဏကို ကြိုတင်သိရှိနိုင်တဲ့ Options က စတင်လေ့လာသူတွေအတွက် ဆွဲဆောင်မှုရှိစေပါတယ်။
- ဈေးကွက်လားရာများ : CFDs က အတက်ဈေးကွက် ဒါမှမဟုတ် လှုပ်ရှားမှုသွက်တဲ့ ဈေးကွက်တွေအတွက် သင့်တော်ပြီး Options ကတော့ စနစ်ကျတဲ့ ရလဒ်တွေ လိုအပ်တဲ့ မသေချာမရေရာသော အခြေအနေတွေအတွက် သင့်တော်ပါတယ်။
Deriv ရဲ့ Product Owner ဖြစ်သူ Muhammad Bilal Tariq က အခုလို ပြောကြားထားပါတယ် :
“တစ်ဦးချင်းထရိတ်ဒါတွေဟာ ဆုံးရှုံးနိုင်ခြေနဲ့ အခွင့်အလမ်းကို ဟန်ချက်ညီအောင် ချိန်ညှိဖို့အတွက် CFDs ရော Options ကိုပါ ပိုမိုတွဲဖက်အသုံးပြုလာကြပါတယ်။ CFDs က ပြောင်းလွယ်ပြင်လွယ်ရှိမှုကို ပေးစွမ်းပြီး Options ကတော့ ဈေးနှုန်းအတက်အကျ ပြင်းထန်တဲ့ ဖြစ်ရပ်တွေအတွင်း ဆုံးရှုံးနိုင်ခြေပမာဏကို စနစ်တကျ တည်ဆောက်နိုင်အောင် ကူညီပေးပါတယ်။”
ဘယ်အရောင်းအဝယ် မဟာဗျူဟာတွေနဲ့ ဆုံးရှုံးနိုင်ခြေ စီမံခန့်ခွဲမှု နည်းလမ်းတွေက သင့်အတွက် အသင့်တော်ဆုံးဖြစ်မလဲ အရောင်းအဝယ် မဟာဗျူဟာတွေ
CFD မဟာဗျူဟာတွေ
- Trend following : ဦးတည်ရာလမ်းကြောင်းအတိုင်း လိုက်ပါရောင်းဝယ်ဖို့ Moving averages လို အညွှန်းကိန်းတွေကို အသုံးပြုပါ။
- Range အရောင်းအဝယ်ပြုလုပ်ခြင်း : ဈေးနှုန်းစုစည်းနေတဲ့ ဇုန်တွေကို ရှာဖွေပြီး ပျမ်းမျှဈေးနှုန်းဆီ ပြန်လှည့်လာမှုတွေကို အရောင်းအဝယ်ပြုလုပ်ပါ။
- သတင်းဖြစ်ရပ်အခြေပြု အရောင်းအဝယ် : အနီးကပ် Stop တွေနဲ့ အကန့်အသတ်ရှိတဲ့ အရောင်းအဝယ်ပမာဏကို အသုံးပြုပြီး သတင်းထုတ်ပြန်ချက်တွေအပေါ် တုံ့ပြန်ဆောင်ရွက်ပါ။
Options မဟာဗျူဟာတွေ
- ကာလတို အရောင်းအဝယ်တွေ : Digital ဒါမှမဟုတ် Turbo စာချုပ်တွေကို အသုံးပြုပြီး ဈေးကွက်ဦးတည်ရာအပေါ် မြန်ဆန်တဲ့ ခန့်မှန်းချက်တွေနဲ့ အရောင်းအဝယ်ပြုလုပ်ပါ။
- Hedging : ဖွင့်ထားတဲ့ CFD အရောင်းအဝယ်တွေကို ဆန့်ကျင်ဘက် Options အရောင်းအဝယ်နဲ့ ကာကွယ်ထားပါ။
- အချိန်အခြေပြု ခန့်မှန်းရောင်းဝယ်ခြင်း : အချက်အလက် ထုတ်ပြန်ချက်တွေလို ကြိုတင်ခန့်မှန်းထားတဲ့ ဖြစ်ရပ်တွေနဲ့ Option သက်တမ်းကုန်ဆုံးချိန်ကို ချိန်ညှိပါ။
Deriv Academy သုံးသပ်သူတွေရဲ့ အဆိုအရ :
“အရောင်းအဝယ်တစ်ခုစီရဲ့ ပမာဏကို အကောင့် Equity ရဲ့ 1–2% မှာ ကန့်သတ်ထားတဲ့ ထရိတ်ဒါတွေဟာ ဈေးကွက်အတက်အကျကြမ်းတဲ့ ကာလတွေအတွင်း သူတို့ရဲ့ စွမ်းဆောင်ရည်ကို ပိုမိုထိန်းသိမ်းထားနိုင်ကြပါတယ်။”
ဆုံးရှုံးနိုင်ခြေ စီမံခန့်ခွဲမှု အကြံပြုချက်တွေ
- CFDs တွေမှာ Stop Loss တွေကို အသုံးပြုပြီး Options အတွက် သင့်တော်တဲ့ သက်တမ်းကုန်ဆုံးချိန်တွေကို ရွေးချယ်ပါ။
- ဆုံးရှုံးနိုင်ခြေပမာဏကို ဟန်ချက်ညီစေဖို့ ဈေးကွက်အမျိုးမျိုးမှာ ဖြန့်ခွဲရောင်းဝယ်ပါ။
- Deriv ရဲ့ Portfolio ခွဲခြမ်းစိတ်ဖြာမှု ကိရိယာတွေကတစ်ဆင့် စွမ်းဆောင်ရည်ကို ခြေရာခံစောင့်ကြည့်ပါ။
ဒီနည်းစနစ်တွေကို အသုံးချခြင်းက ထရိတ်ဒါတွေကို ဈေးကွက်အပြောင်းအလဲတွေနဲ့ လိုက်လျောညီထွေဖြစ်စေပြီး CFDs နဲ့ Options နှစ်မျိုးလုံးမှာ စည်းကမ်းတကျ ဆက်လက်ရောင်းဝယ်နိုင်အောင် ကူညီပေးပါတယ်။
လက်လီထရိတ်ဒါတွေအတွက် Futures က CFDs နဲ့ Options တွေနဲ့ ဘယ်လိုကွာခြားသလဲ
| Futures | CFDs | Options | |
|---|---|---|---|
| Margin | တန်ဖိုးအပြည့် ကြိုတင်ပေးချေရခြင်း | သွင်းငွေ (Margin) | ကုန်ကျစရိတ် (Premium) |
| ပြောင်းလွယ်ပြင်လွယ်ရှိမှု | ပုံသေစာချုပ် | သက်တမ်းကန့်သတ်ချက်မရှိ | သက်တမ်းကန့်သတ်ချက်မရှိ |
| အရင်းအနှီး လိုအပ်ချက် | မြင့်မား | နည်းပါး | နည်းပါး |
Futures ဟာ ဖွဲ့စည်းပုံ၊ အရင်းအနှီး လိုအပ်ချက်နဲ့ ပြောင်းလွယ်ပြင်လွယ်ရှိမှုတွေမှာ ကွာခြားပြီး လက်လီထရိတ်ဒါတွေထက် အဖွဲ့အစည်းကြီးတွေနဲ့ ပိုမိုသင့်တော်လေ့ရှိပါတယ်။
- ဖွဲ့စည်းပုံ : Futures က ဝယ်သူနဲ့ ရောင်းသူတွေကို သတ်မှတ်ရက်စွဲတစ်ခုမှာ သတ်မှတ်ဈေးနှုန်းတစ်ခုနဲ့ စည်းနှောင်ထားပြီး CFDs နဲ့ Options ကိုတော့ အချိန်မရွေး ပိတ်သိမ်းနိုင်ပါတယ်။
- အရင်းအနှီး : Futures မှာ ပိုများတဲ့ သွင်းငွေတွေနဲ့ စံသတ်မှတ်ထားတဲ့ စာချုပ်ပမာဏတွေ လိုအပ်ပါတယ်။
- အသုံးပြုပုံတွေ : အဖွဲ့အစည်းကြီးတွေက ကုန်စည်များ၊ အတိုးနှုန်းတွေ ဒါမှမဟုတ် ညွှန်းကိန်းတွေကို Hedge လုပ်ဖို့ Futures ကို အသုံးပြုကြပြီး CFDs နဲ့ Options ကတော့ လက်လီအသုံးပြုဖို့ ပိုမိုလွယ်ကူပါတယ်။
CFDs နဲ့ Options တွေဟာ တစ်ဦးချင်း ထရိတ်ဒါတွေ နှစ်သက်တဲ့ ပြောင်းလွယ်ပြင်လွယ်ရှိမှုနဲ့ ဆုံးရှုံးနိုင်ခြေ ကန့်သတ်ထားတဲ့ လုပ်ဆောင်ချက်တွေ ပေါင်းစပ်ပါဝင်တာကြောင့် Deriv က အဲဒီနှစ်မျိုးကို အဓိကထား ဝန်ဆောင်မှုပေးပါတယ်။
သင့်မဟာဗျူဟာအတွက် မှန်ကန်တဲ့ ထုတ်ကုန်ကို ဘယ်လိုရွေးချယ်နိုင်မလဲ
သင့်ဆုံးဖြတ်ချက်က အခွင့်အလမ်းနဲ့ ဆုံးရှုံးနိုင်ခြေကို သင်ဘယ်လိုဟန်ချက်ညီအောင် ချိန်ညှိသလဲဆိုတဲ့အပေါ် မူတည်ပါတယ်။
အောက်ပါအချက်တွေကို လိုချင်ရင် CFDs ကို ရွေးချယ်ပါ :
- သက်တမ်းကုန်ဆုံးချိန်မရှိဘဲ ပြောင်းလွယ်ပြင်လွယ် အရောင်းအဝယ်ပြုလုပ်နိုင်မှု။
- သွင်းငွေပမာဏ အနည်းငယ်နဲ့ အရောင်းအဝယ်ပမာဏ တိုးမြှင့်နိုင်ဖို့ Leverage ရရှိမှု။
- Forex၊ ရှယ်ယာများ၊ ကုန်စည်များ၊ ခရစ်ပတိုငွေကြေးတွေနဲ့ Derived ညွှန်းကိန်းတွေကို ဝင်ရောက်ရောင်းဝယ်နိုင်မှု။
- အဆင့်မြင့် ခွဲခြမ်းစိတ်ဖြာမှု ကိရိယာတွေနဲ့ မဟာဗျူဟာမျိုးစုံ အသုံးပြုနိုင်တဲ့ ရွေးချယ်စရာတွေ။
အောက်ပါအချက်တွေကို ပိုနှစ်သက်ရင် Options ကို ရွေးချယ်ပါ :
- ဆုံးရှုံးမှု ကန့်သတ်ထားပြီး တိကျသေချာတဲ့ ရလဒ်တွေ။
- စနစ်တကျ အရောင်းအဝယ်ပြုလုပ်ဖို့ သတ်မှတ်ထားတဲ့ အချိန်ကာလတွေ။
- Margin စီမံခန့်ခွဲစရာမလိုဘဲ ပိုမိုရိုးရှင်းတဲ့ စာချုပ်တွေ။
- CFD အရောင်းအဝယ်တွေကို Hedge လုပ်နိုင်စွမ်း။

ထရိတ်ဒါတွေက အခွင့်အလမ်းနဲ့ အကာအကွယ်ကို ဟန်ချက်ညီစေဖို့ ဒီအရောင်းအဝယ်ကိရိယာတွေကို ပေါင်းစပ်အသုံးပြုကြတယ်လို့ Deriv ရဲ့ အတွင်းပိုင်း ကျွမ်းကျင်ပညာရှင်တွေက မှတ်ချက်ပြုထားပါတယ် :
“လက်လီထရိတ်ဒါတွေဟာ ဆုံးရှုံးနိုင်ခြေနဲ့ အခွင့်အလမ်းကို ဟန်ချက်ညီစေဖို့ CFDs နဲ့ Options နှစ်မျိုးလုံးကို ပိုမိုအသုံးပြုလာကြပါတယ်။ CFDs က ပြောင်းလွယ်ပြင်လွယ်ရှိမှုကို ပေးစွမ်းပြီး Options ကတော့ ဈေးကွက်အတက်အကျဖြစ်ပေါ်တဲ့ အချိန်တွေမှာ ဆုံးရှုံးနိုင်ခြေပမာဏကို စနစ်တကျ သတ်မှတ်နိုင်အောင် ကူညီပေးပါတယ်။”
သင်မဆုံးဖြတ်ရသေးဘူးဆိုရင် လက်တွေ့ဈေးကွက်အခြေအနေတွေမှာ ထုတ်ကုန်နှစ်မျိုးလုံးကို စမ်းသပ်ကြည့်ဖို့ 10,000 USD စမ်းသပ်ရန်ပုံငွေ ပါဝင်တဲ့ အခမဲ့ Deriv အစမ်းသုံးအကောင့်တစ်ခုကို ဖွင့်လှစ်လိုက်ပါ။
သင်ရှောင်ရှားသင့်တဲ့ အဖြစ်များတဲ့ အမှားတွေက ဘာတွေလဲ
- Leverage အလွန်အကျွံ သုံးစွဲခြင်း : မြင့်မားတဲ့ Leverage က အမြတ်နဲ့ အရှုံးနှစ်မျိုးလုံးကို ကြီးမားစေပါတယ်၊ ဈေးနှုန်းအပြောင်းအလဲ အနည်းငယ်ကပဲ ကြီးမားတဲ့ ဆုံးရှုံးမှုတွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။
- အချိန်အချက်အလက်တွေကို လျစ်လျူရှုခြင်း : သက်တမ်းကုန်ဆုံးချိန် တိုတောင်းလွန်းတာက မှန်ကန်တဲ့ ခန့်မှန်းချက်ရှိတဲ့ အရောင်းအဝယ်တွေကိုတောင် အရှုံးပေါ်စေနိုင်ပါတယ်။
- ဈေးကွက်အတက်အကျနောက် လိုက်ခြင်း : ရုတ်တရက် ဈေးနှုန်းလှုပ်ရှားမှုတွေက Spread ကို ကျယ်စေပြီး Slippage ကို တိုးစေနိုင်တာကြောင့် ဆုံးရှုံးနိုင်ခြေကို သတ်မှတ်ပြီး တသမတ်တည်း ရောင်းဝယ်ပါ။
- ကုန်ကျစရိတ်တွေကို သတိမမူမိခြင်း : ညအိပ်ထားရှိခတွေ ဒါမှမဟုတ် Option အချိန်ကြာမြင့်မှုကြောင့် တန်ဖိုးလျော့ကျမှုတွေက ရလဒ်တွေအပေါ် သက်ရောက်မှုရှိနိုင်ပါတယ်။
- ပြန်လည်သုံးသပ်မှု မပြုလုပ်ခြင်း : မဟာဗျူဟာနဲ့ စည်းကမ်းကို ပိုမိုကောင်းမွန်အောင် မွမ်းမံဖို့ အရောင်းအဝယ်မှတ်တမ်းတစ်ခု ထားရှိပါ။
ဒီအလေ့အထတွေကို ရှောင်ရှားခြင်းက သင့်အရင်းအနှီးကို ထိန်းသိမ်းနိုင်ဖို့နဲ့ ရေရှည်တည်တံ့စွာ စွမ်းဆောင်နိုင်ဖို့ ကူညီပေးပါတယ်။
အဓိက မှတ်သားဖွယ်အချက်
CFDs၊ Options နဲ့ Futures တွေကို နှိုင်းယှဉ်တဲ့အခါ :
- CFDs : ပြောင်းလွယ်ပြင်လွယ်ရှိမှုနဲ့ Leverage။
- Options : ရိုးရှင်းမှုနဲ့ ကန့်သတ်ထားတဲ့ ဆုံးရှုံးနိုင်ခြေ။
- Futures : အဖွဲ့အစည်းကြီးတွေရဲ့ Hedging ပြုလုပ်မှု၊ ပိုမိုမြင့်မားတဲ့ အရင်းအနှီး လိုအပ်ချက်။
သင့်ရဲ့ အကောင်းဆုံး ရွေးချယ်မှုက သင့်ရည်မှန်းချက်တွေ၊ ဆုံးရှုံးနိုင်ခြေ လက်ခံနိုင်စွမ်းနဲ့ နှစ်သက်တဲ့ ပလက်ဖောင်းအပေါ် မူတည်ပါတယ်။ သင့်အရောင်းအဝယ် နည်းလမ်းနဲ့ ဘယ်ဟာပိုကိုက်ညီသလဲဆိုတာ သိရှိနိုင်ဖို့ Deriv အစမ်းသုံးအကောင့်တစ်ခုမှာ CFDs နဲ့ Options နှစ်မျိုးလုံးကို စမ်းသပ်ကြည့်ပါ။


