အဓိကအကြောင်းအရာသို့ ကျော်သွားရန်
သင်ခန်းစာ
7
Forex | အဆင့်မြင့်

Forex အရောင်းအဝယ်မှာ Mean Reversion အသုံးပြုခြင်း

ကြာချိန်
3
မိနစ်

ဒီသင်ခန်းစာမှာတော့ Bollinger Bands နဲ့ Relative Strength Index (RSI) လိုမျိုး နည်းပညာပိုင်းဆိုင်ရာ ဆန်းစစ်ချက်ကိရိယာတွေ ကို အထူးသဖြင့် အသုံးပြုပြီး Forex မှာ အသုံးချတဲ့ Mean Reversion အရောင်းအဝယ် နည်းဗျူဟာတွေရဲ့ သဘောတရားကို အကျယ်တဝင့် လေ့လာသွားပါမယ်။ ဗီဒီယိုထဲမှာ Mean Reversion ရဲ့ အခြေခံသဘောတရားကို မိတ်ဆက်ပေးခဲ့ပေမဲ့ ဒီသင်ခန်းစာကတော့ နည်းဗျူဟာ လက်တွေ့အကောင်အထည်ဖော်ပုံ၊ ဈေးကွက်အခြေအနေတွေနဲ့ အရောင်းအဝယ်လုပ်ဆောင်တဲ့အခါ ထည့်သွင်းစဉ်းစားရမဲ့ အရေးကြီးအချက်တွေကို ပိုမိုနက်ရှိုင်းစွာ သိရှိနားလည်စေမှာ ဖြစ်ပါတယ်။
‍

Mean Reversion အရောင်းအဝယ်ရဲ့ အဓိကအစိတ်အပိုင်းတွေ

Mean Reversion အရောင်းအဝယ်ဟာ အချိန်ကြာလာတာနဲ့အမျှ ဈေးနှုန်းတွေက သူတို့ရဲ့ သမိုင်းတစ်လျှောက် ပျမ်းမျှနှုန်းဆီကို ပြန်လည်ဦးတည်လေ့ရှိတယ်ဆိုတဲ့ အခြေခံမူပေါ်မှာ တည်ဆောက်ထားတာ ဖြစ်ပါတယ်။ ထည့်သွင်းစဉ်းစားရမဲ့ အရေးပါတဲ့ အစိတ်အပိုင်းတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ် :

  1. ပျမ်းမျှအဆင့်တွေကို နားလည်သဘောပေါက်ခြင်း : သင်အရောင်းအဝယ်လုပ်နေတဲ့ ငွေကြေးအတွဲရဲ့ ပျမ်းမျှဈေးနှုန်းအဆင့်ကို တိတိကျကျ ဖော်ထုတ်သိရှိဖို့က မရှိမဖြစ် လိုအပ်ပါတယ်။ သွေဖည်မှုတွေကို အကဲဖြတ်ဖို့ စံနှုန်းတစ်ခုအနေနဲ့ အသုံးပြုနိုင်တဲ့ Moving Averages အပါအဝင် နည်းလမ်းအမျိုးမျိုးကိုသုံးပြီး ဒီအဆင့်ကို ခန့်မှန်းတွက်ချက်နိုင်ပါတယ်။
    ‍
  2. အဝယ်လွန်နဲ့ အရောင်းလွန်အခြေအနေတွေကို ဖော်ထုတ်ခြင်း : ဈေးကွက်ထဲက အဝယ်လွန် (Overbought) နဲ့ အရောင်းလွန် (Oversold) အခြေအနေတွေကို ဖော်ထုတ်ဖို့အတွက် RSI အပြင် Stochastic Oscillator လိုမျိုး တခြား Oscillator တွေကိုလည်း အရောင်းအဝယ်သမားတွေက အသုံးပြုနိုင်ပါတယ်။ ဒီလိုအခြေအနေတွေကို သိရှိနားလည်ထားတာက အရောင်းအဝယ်အဝင် သို့မဟုတ် အထွက်လုပ်တဲ့အခါ သတင်းအချက်အလက်ပြည့်စုံစွာ ဆုံးဖြတ်ချက်ချနိုင်ဖို့ အထောက်အကူပြုပါတယ်။
    ‍
  3. အချိန်ကာလ ရွေးချယ်ခြင်း : Mean Reversion နည်းဗျူဟာတွေကို ထိထိရောက်ရောက် အသုံးချနိုင်ဖို့ သင့်တော်တဲ့ အချိန်ကာလ (Timeframe) ကို ရွေးချယ်ဖို့က အလွန်အရေးကြီးပါတယ်။ ပိုရှည်ကြာတဲ့ အချိန်ကာလတွေက ပိုမိုကျယ်ပြန့်တဲ့ ဈေးနှုန်းလားရာတွေကို ညွှန်ပြနိုင်ပေမဲ့ ပိုတိုတောင်းတဲ့ အချိန်ကာလတွေကတော့ Mean Reversion အတွက် သင့်တော်တဲ့ လျင်မြန်တဲ့ ဈေးနှုန်းရွေ့လျားမှုတွေကို ဖော်ထုတ်ရာမှာ ကူညီပေးနိုင်ပါတယ်။ အရောင်းအဝယ်သမားတွေအနေနဲ့ ကိုယ်အသက်သာဆုံး အရောင်းအဝယ်လုပ်နိုင်မဲ့ အချိန်ကာလနဲ့ ကိုယ့်ရဲ့နည်းဗျူဟာကို ချိန်ညှိထားသင့်ပါတယ်။
    ‍

Mean Reversion အတွက် ဈေးကွက်အခြေအနေတွေကို ဆန်းစစ်ခြင်း

Mean Reversion နည်းဗျူဟာတွေ အောင်မြင်ဖို့အတွက် ဈေးကွက်အခြေအနေတွေက အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။ ထည့်သွင်းစဉ်းစားသင့်တဲ့ အချက်တချို့ကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ် :

  1. ငွေဖြစ်လွယ်မှုနဲ့ ဈေးနှုန်းအတက်အကျမြန်ဆန်မှု : အရောင်းအဝယ် အစည်ကားဆုံးအချိန်တွေမှာ ငွေဖြစ်လွယ်မှု (Liquidity) မြင့်မားနေတာက Mean Reversion နည်းဗျူဟာတွေရဲ့ ထိရောက်မှုကို မြှင့်တင်ပေးနိုင်ပါတယ်။ ပါဝင်သူပမာဏ လုံလုံလောက်လောက်ရှိတဲ့ ဈေးကွက်ဟာ Spread ကျဉ်းကျဉ်းကို ထိန်းထားပေးနိုင်သလို အရောင်းအဝယ်လုပ်ဆောင်တဲ့အခါ ဈေးနှုန်းချော်ထွက်မှု (Slippage) ကိုလည်း အနည်းဆုံးဖြစ်အောင် လျှော့ချပေးပါတယ်။
    ‍
  2. စီးပွားရေးဖြစ်ရပ်တွေရဲ့ သက်ရောက်မှု : အဓိကစီးပွားရေးဖြစ်ရပ်တွေနဲ့ သတင်းထုတ်ပြန်ချက်တွေဟာ သိသာထင်ရှားတဲ့ ဈေးနှုန်းအတက်အကျတွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။ ဒီဖြစ်ရပ်တွေ ဘယ်အချိန်မှာ ဖြစ်ပေါ်မလဲဆိုတာနဲ့ ဈေးကွက်အပြုအမူအပေါ် ဘယ်လိုသက်ရောက်နိုင်မလဲဆိုတာကို နားလည်ထားဖို့က အလွန်အရေးကြီးပါတယ်။ သက်ရောက်မှုကြီးမားတဲ့ သတင်းထုတ်ပြန်ချက်တွေဟာ Mean Reversion ပုံစံတွေကို အနှောင့်အယှက်ဖြစ်စေနိုင်တာကြောင့် အဲဒီအချိန်တွေမှာ အရောင်းအဝယ်သမားတွေအနေနဲ့ သတိထားသင့်ပါတယ်။
    ‍
  3. လားရာရှိနေတဲ့ အခြေအနေနဲ့ ဘောင်အတွင်းရွေ့လျားနေတဲ့ အခြေအနေ : ဈေးကွက်ဟာ လားရာတစ်ခုအတိုင်း ရွေ့လျားနေသလား (Trending) သို့မဟုတ် ဘောင်တစ်ခုအတွင်း ရွေ့လျားနေသလား (Ranging) ဆိုတာကို ခွဲခြားသိရှိတာက သင့်ရဲ့ Mean Reversion နည်းဗျူဟာကို လမ်းညွှန်ပေးနိုင်ပါတယ်။ လားရာတစ်ခုအတိုင်း ရွေ့လျားနေတဲ့ ဈေးကွက်တွေမှာ ပျမ်းမျှနှုန်းဆီ ပြန်လည်ဦးတည်ဖို့ ပိုခက်ခဲနိုင်ပေမဲ့ ဘောင်အတွင်း ရွေ့လျားနေတဲ့ ဈေးကွက်တွေမှာတော့ Mean Reversion နည်းဗျူဟာတွေက ပိုမိုကောင်းမွန်စွာ အလုပ်လုပ်လေ့ရှိပါတယ်။
    ‍

Mean Reversion အရောင်းအဝယ်မှာ ဆုံးရှုံးနိုင်ခြေ စီမံခန့်ခွဲခြင်း ဆုံးရှုံးနိုင်ခြေ စီမံခန့်ခွဲမှု နည်းဗျူဟာတွေ

အထူးသဖြင့် Forex ဈေးနှုန်းရွေ့လျားမှုတွေရဲ့ ကြိုတင်မှန်းဆရခက်တဲ့ သဘောသဘာဝကြောင့် Mean Reversion နည်းဗျူဟာတွေကို အကောင်အထည်ဖော်တဲ့အခါ စနစ်ကျတဲ့ ဆုံးရှုံးနိုင်ခြေ စီမံခန့်ခွဲမှုက အရေးအကြီးဆုံး ဖြစ်ပါတယ်။ လက်တွေ့အသုံးချနိုင်မဲ့ အဆင့်မြင့် ဆုံးရှုံးနိုင်ခြေ စီမံခန့်ခွဲမှု နည်းလမ်းတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ် :

  1. အရောင်းအဝယ်ပမာဏ သတ်မှတ်ခြင်း : သင့်ရဲ့ အကောင့်လက်ကျန်ငွေနဲ့ သတ်မှတ်ထားတဲ့ ဆုံးရှုံးနိုင်ခြေ စံနှုန်းတွေအပေါ် အခြေခံပြီး သင့်တော်တဲ့ အရောင်းအဝယ်ပမာဏ (Position Size) ကို တွက်ချက်ပါ။ ဘယ်အရောင်းအဝယ်တစ်ခုမှာမဆို သင့်အရင်းအနှီးရဲ့ 1-2% ထက် ပိုပြီး ဆုံးရှုံးနိုင်ခြေမယူဖို့ ရည်မှန်းထားပါ။ ဒီလိုစည်းကမ်းရှိတဲ့ ချဉ်းကပ်ပုံက သင့်အကောင့်ကို သိသာထင်ရှားတဲ့ ငွေလျော့ကျမှုတွေကနေ ကာကွယ်ပေးနိုင်ပါတယ်။
    ‍
  2. Stop Loss ကို ချိန်ညှိခြင်း : Mean Reversion နည်းဗျူဟာတွေမှာ Stop Loss အော်ဒါတွေကို ထိထိရောက်ရောက် အသုံးပြုဖို့က အလွန်အရေးကြီးပါတယ်။ အချိန်မတိုင်ခင် အစောတလျင် အရောင်းအဝယ်ပိတ်သွားတာမျိုး မဖြစ်စေဖို့ အရေးပါတဲ့ Support နဲ့ Resistance အဆင့်တွေရဲ့ အပြင်ဘက်နားလေးမှာ Stop Loss အဆင့်တွေကို သတ်မှတ်ထားပါ။
    ‍
  3. စဉ်ဆက်မပြတ် ဆန်းစစ်အကဲဖြတ်ခြင်းနဲ့ ချိန်ညှိပြင်ဆင်ခြင်း : သင့်ရဲ့ အရောင်းအဝယ်တွေနဲ့ Mean Reversion နည်းဗျူဟာရဲ့ ထိရောက်မှုကို ပုံမှန်ပြန်လည်သုံးသပ်ပါ။ ဈေးကွက်အခြေအနေတွေနဲ့ စွမ်းဆောင်ရည် ဆန်းစစ်ချက်တွေအပေါ် အခြေခံပြီး သင့်ရဲ့ချဉ်းကပ်ပုံကို ပြောင်းလဲချိန်ညှိဖို့ အမြဲလမ်းဖွင့်ထားပါ။
    ‍

နိဂုံးချုပ် : Mean Reversion နည်းဗျူဟာတွေကို ပိုမိုကောင်းမွန်အောင် မွမ်းမံခြင်း

Mean Reversion အရောင်းအဝယ် နည်းဗျူဟာတစ်ခုကို အောင်အောင်မြင်မြင် အကောင်အထည်ဖော်နိုင်ဖို့အတွက် ဈေးကွက်ရွေ့လျားပြောင်းလဲပုံတွေကို ဘက်စုံနားလည်သဘောပေါက်မှု၊ နည်းပညာပိုင်းဆိုင်ရာ ဆန်းစစ်ချက်ကိရိယာတွေကို ထိရောက်စွာ အသုံးချနိုင်မှုနဲ့ ခိုင်မာတဲ့ ဆုံးရှုံးနိုင်ခြေ စီမံခန့်ခွဲမှု မူဘောင်တစ်ခု လိုအပ်ပါတယ်။ သင့်ရဲ့ အရောင်းအဝယ်ခရီးလမ်းမှာ ရှေ့ဆက်တိုးတက်လာတာနဲ့အမျှ စဉ်ဆက်မပြတ် ဆန်းစစ်လေ့လာမှု၊ အမြဲမပြတ် သင်ယူမှုနဲ့ လက်တွေ့လေ့ကျင့်မှုတွေအပေါ် အခြေခံပြီး သင့်ရဲ့နည်းဗျူဟာတွေကို ပိုမိုကောင်းမွန်အောင် မွမ်းမံသွားပါ။ လာမဲ့ ဗီဒီယိုသင်ခန်းစာမှာတော့ ဈေးကွက်အချင်းချင်း အပြန်အလှန်သက်ရောက်ပုံတွေကို ပိုမိုနားလည်သဘောပေါက်စေမဲ့ ငွေကြေးဆက်စပ်မှု (Currency Correlation) အရောင်းအဝယ် နည်းဗျူဟာတွေကို ဆက်လက်လေ့လာသွားပါမယ်။

Quiz

အောင်မြင်တဲ့ mean reversion အရောင်းအဝယ်မှာ မရှိမဖြစ် အရေးပါတဲ့ အချက်က ဘာပါလဲ။

အရောင်းအဝယ်သမားတစ်ယောက်က အဝယ်လွန်နဲ့ အရောင်းလွန်အခြေအနေတွေကို ဘယ်လို ခွဲခြားသိရှိနိုင်ပါသလဲ။

Mean reversion အရောင်းအဝယ်မှာ အကြံပြုထားတဲ့ ဆုံးရှုံးနိုင်ခြေ စီမံခန့်ခွဲမှု အလေ့အကျင့်က ဘာပါလဲ။

Analyse markets with AI-powered insights

Explore TradersView
WhatsApp