Deriv MT5 နဲ့ စတင်အရောင်းအဝယ်လုပ်ကြမယ် : Tool Box အပိုင်း 2
Deriv MT5 သင်တန်းမှ ပြန်လည်ကြိုဆိုပါတယ်။ ဒီသင်ခန်းစာမှာတော့ သင့်ရဲ့ အရောင်းအဝယ်လုပ်ဆောင်ချက်တွေကို စီမံခန့်ခွဲဖို့၊ စောင့်ကြည့်ဖို့နဲ့ ပြန်လည်သုံးသပ်ဖို့အတွက် မရှိမဖြစ်အရေးပါတဲ့ နောက်ထပ် Tab တွေနဲ့ သူတို့ရဲ့ လုပ်ဆောင်ချက်တွေကို လေ့လာရင်း Toolbox အကြောင်းကို ဆက်လက်စူးစမ်းသွားပါမယ်။ ဒီလုပ်ဆောင်ချက်တွေကို နားလည်ထားခြင်းအားဖြင့် အချက်အလက်အခြေပြု အရောင်းအဝယ်ဆုံးဖြတ်ချက်တွေကို ချမှတ်နိုင်စေမှာ ဖြစ်ပါတယ်။
Exposure Tab
Exposure Tab က သင့်ရဲ့ အရောင်းအဝယ်ဗျူဟာတွေ အားလုံးထဲက ဖွင့်ထားတဲ့ Position တွေအတွက် ပိုင်ဆိုင်မှုအခြေအနေ အကျဉ်းချုပ်ကို ဖော်ပြပေးပါတယ်။ အဓိက အသေးစိတ်အချက်အလက်တွေကတော့ :
- Assets : ငွေကြေး ဒါမှမဟုတ် အရောင်းအဝယ်လုပ်နိုင်တဲ့ Instrument ရဲ့ အမည်ကို ဖော်ပြပေးပါတယ်။
- Volume : Leverage ရဲ့ သက်ရောက်မှုအပါအဝင် သင့် Position တွေရဲ့ စုစုပေါင်းပမာဏကို ယူနစ်နဲ့ ဖော်ပြပေးပါတယ်။
- Rate : အရောင်းအဝယ်လုပ်တဲ့ Instrument ရဲ့ ငွေလဲနှုန်းကို သင့်အကောင့်ရဲ့ ငွေသွင်းသုံးစွဲတဲ့ ငွေကြေးနဲ့ ဖော်ပြပေးပါတယ်။
- USD : Leverage မပါဝင်ဘဲ သင့်အကောင့်ရဲ့ ငွေသွင်းသုံးစွဲတဲ့ ငွေကြေးနဲ့ သုံးစွဲထားတဲ့ ပမာဏကို ပြသပေးပါတယ်။
- Graph : သင့် Position တွေကို ငွေသွင်းသုံးစွဲတဲ့ ငွေကြေးနဲ့ မြင်သာအောင် ပုံဖော်ပြသပေးပြီး အဝယ် (Long) Position တွေကို အပြာရောင်ဘားတန်းတွေနဲ့ ပြသကာ အရောင်း (Short) Position တွေကို အနီရောင်ဘားတန်းတွေနဲ့ ပြသပေးပါတယ်။
History Tab
နောက်တစ်ခုအနေနဲ့ သင့်ရဲ့ အရောင်းအဝယ်လုပ်ဆောင်ချက်တွေကို ခြေရာခံပေးတဲ့ History Tab ရှိပါတယ်။ ဒီ Tab မှာ ပိတ်လိုက်တဲ့ Position တွေအားလုံး၊ ပယ်ဖျက်လိုက်တဲ့ အော်ဒါတွေနဲ့ ငွေသွင်းမှု ဒါမှမဟုတ် ငွေထုတ်မှုတွေအားလုံးကို မှတ်တမ်းတင်ထားပါတယ်။ သင့်အရောင်းအဝယ်မှတ်တမ်းကို အသေးစိတ် ခြုံငုံကြည့်ရှုနိုင်ဖို့ သတ်မှတ်ထားတဲ့ အချိန်ကာလတွေကို ရွေးချယ်တာ ဒါမှမဟုတ် စစ်ထုတ်မှု (Filter) အမျိုးမျိုးကို အသုံးပြုပြီး မြင်ကွင်းကို စိတ်ကြိုက်ပြင်ဆင်နိုင်ပါတယ်။
ဒါ့အပြင် အော့ဖ်လိုင်းမှာ ဆန်းစစ်လေ့လာနိုင်ဖို့ သင့်အကောင့်ရဲ့ စာရင်းရှင်းတမ်းကို ဒေါင်းလုဒ်လုပ်ပြီး HTML ဒါမှမဟုတ် XML ဖိုင်အနေနဲ့ သိမ်းဆည်းထားနိုင်ပါတယ်။ ဒီလုပ်ဆောင်ချက်က သင့်ရဲ့ စွမ်းဆောင်ရည်ကို စောင့်ကြည့်ဖို့နဲ့ အချိန်နဲ့အမျှ သင့်အရောင်းအဝယ်ဗျူဟာတွေကို အကဲဖြတ်နိုင်ဖို့ ကူညီပေးပါတယ်။
News Tab
News Tab က ရင်းမြစ်အမျိုးမျိုးကနေ အရေးကြီးတဲ့ ဘဏ္ဍာရေးသတင်းတွေနဲ့ ဈေးကွက်နောက်ဆုံးရအချက်အလက်တွေကို ပံ့ပိုးပေးပါတယ်။ ဈေးကွက်ဖြစ်ရပ်တွေနဲ့ စီးပွားရေးတိုးတက်ပြောင်းလဲမှုတွေဟာ သင့်ရဲ့ အရောင်းအဝယ်ဗျူဟာတွေနဲ့ ဆုံးဖြတ်ချက်တွေအပေါ် သိသိသာသာ သက်ရောက်မှုရှိနိုင်တာကြောင့် ဒီအကြောင်းအရာတွေကို အမြဲသိရှိနေဖို့ အလွန်အရေးကြီးပါတယ်။
Mailbox Tab
Mailbox Tab မှာ သင့်အရောင်းအဝယ်အကောင့်နဲ့ သက်ဆိုင်တဲ့ ကြေညာချက်တွေနဲ့ နောက်ဆုံးရအချက်အလက်တွေအပါအဝင် Deriv အဖွဲ့ဆီက အရေးကြီးမက်ဆေ့ချ်တွေနဲ့ အသိပေးချက်တွေကို တွေ့ရှိရပါမယ်။ သင့် Mailbox ကို ပုံမှန်စစ်ဆေးပေးခြင်းအားဖြင့် သင့်ရဲ့ အရောင်းအဝယ်အတွေ့အကြုံအပေါ် သက်ရောက်မှုရှိနိုင်တဲ့ ပြောင်းလဲမှုမှန်သမျှကို သိရှိနေစေမှာ သေချာစေပါတယ်။
Calendar Tab
Calendar Tab မှာ လာမယ့်ဖြစ်ရပ်တွေနဲ့ အချက်အလက်ထုတ်ပြန်မှုတွေကို ပြသပေးတဲ့ ပြည့်စုံတဲ့ စီးပွားရေးပြက္ခဒိန်တစ်ခု ပါဝင်ပါတယ်။ ဖြစ်ရပ်တစ်ခုချင်းစီမှာ ရက်စွဲ၊ အချိန်၊ နိုင်ငံနဲ့ မျှော်မှန်းထားတဲ့ ဈေးကွက်သက်ရောက်မှု စတဲ့ အချက်အလက်တွေ ပါဝင်တာကြောင့် အခြေခံအချက်အလက် ဆန်းစစ်လေ့လာမှု (Fundamental analysis) ပြုလုပ်ဖို့နဲ့ ဈေးကွက်လှုပ်ရှားမှုတွေအတွက် ကြိုတင်ပြင်ဆင်ဖို့ တန်ဖိုးမဖြတ်နိုင်တဲ့ ကိရိယာတစ်ခု ဖြစ်စေပါတယ်။
Alerts Tab
Alerts Tab က သတ်မှတ်ထားတဲ့ အရောင်းအဝယ်အခြေအနေတွေ ဒါမှမဟုတ် ဈေးကွက်ဖြစ်ရပ်တွေအတွက် အသိပေးချက်တွေ သတ်မှတ်ခွင့်ပြုပါတယ်။ Alerts tab ပေါ်မှာ Right-click နှိပ်ပြီး ‘Create’ ကို ရွေးချယ်ခြင်းအားဖြင့် အသိပေးချက်တွေကို ဖန်တီးနိုင်ပါတယ်။ ဒီလုပ်ဆောင်ချက်က ပလက်ဖောင်းကို အချိန်ပြည့် စောင့်ကြည့်နေစရာမလိုဘဲ အရေးကြီးတဲ့ ဈေးနှုန်းအဆင့်တွေ ဒါမှမဟုတ် ဈေးကွက်ပြောင်းလဲမှုတွေကို အချိန်နဲ့တစ်ပြေးညီ သိရှိနေအောင် ကူညီပေးပါတယ်။
အသိပေးချက်တစ်ခု ဖန်တီးတဲ့အခါ အဝယ်ဈေး (Bid) ဒါမှမဟုတ် အရောင်းဈေး (Ask) တွေ ဒါမှမဟုတ် အရောင်းအဝယ်ပမာဏ (Trading volume) လိုမျိုး အသိပေးချက် ထွက်ပေါ်လာမယ့် အခြေအနေတွေကို သင်သတ်မှတ်ပေးရပါမယ်။ ဒါ့အပြင် အသံမြည်တဲ့ အသိပေးချက်တွေ၊ အီးမေးလ်တွေ ဒါမှမဟုတ် မိုဘိုင်းအသိပေးချက်တွေကနေတစ်ဆင့် ဘယ်လိုပုံစံနဲ့ အသိပေးချက်တွေကို လက်ခံရယူလိုသလဲဆိုတာကိုလည်း ရွေးချယ်နိုင်ပါတယ်။
ဥပမာ : သင်က ငွေကြေးအတွဲတစ်ခုကို စောင့်ကြည့်နေပြီး ဈေးနှုန်းက သတ်မှတ်ထားတဲ့ အဆင့်တစ်ခုကို ရောက်တဲ့အခါ အသိပေးချက် ရယူလိုတယ်ဆိုရင် အရေးကြီးတဲ့ အရောင်းအဝယ်အခွင့်အရေးကို လက်လွတ်မခံရအောင် သေချာစေဖို့ အသိပေးချက်တစ်ခု သတ်မှတ်ထားနိုင်ပါတယ်။
နိဂုံးချုပ်
ဒီသင်ခန်းစာမှာတော့ Exposure ၊ History ၊ News ၊ Mailbox ၊ Calendar နဲ့ Alerts tab တွေအပါအဝင် Deriv MT5 toolbox အတွင်းက Tab အမျိုးမျိုးကို လေ့လာခဲ့ကြပါတယ်။ ဒီလုပ်ဆောင်ချက်တွေကို နားလည်ထားခြင်းဟာ သင့်ရဲ့ အရောင်းအဝယ်လုပ်ဆောင်ချက်တွေကို ထိရောက်စွာ စီမံခန့်ခွဲဖို့နဲ့ စောင့်ကြည့်ဖို့အတွက် မရှိမဖြစ်လိုအပ်ပါတယ်။
ဒီဗဟုသုတတွေနဲ့အတူ Deriv MT5 ပလက်ဖောင်းကို ယုံကြည်မှုရှိရှိ အသုံးပြုနိုင်ဖို့ သင့်အနေနဲ့ အသင့်ဖြစ်နေပါပြီ။ လာမယ့်သင်ခန်းစာမှာတော့ သင့်ဗျူဟာတွေကို လက်တွေ့အကောင်အထည်ဖော်ဖို့ အဆင်သင့်ဖြစ်နေစေရန် Deriv MT5 မှာ အရောင်းအဝယ်တစ်ခု ပြုလုပ်ဖို့အတွက် လက်တွေ့အဆင့်တွေကို လမ်းညွှန်ပေးသွားပါမယ်။ အရောင်းအဝယ်အဆင်ပြေပါစေ။
Quiz
Exposure Tab မှာ ဘယ်အချက်အလက်တွေကို အကျဉ်းချုပ် ဖော်ပြထားပါသလဲ။
Deriv MT5 ထဲက History Tab ရဲ့ ရည်ရွယ်ချက်က ဘာပါလဲ။
Deriv MT5 မှာ သတိပေးချက်တွေကို ဘယ်လို သတ်မှတ်နိုင်ပါသလဲ။


