Deriv MT5 နဲ့ အရောင်းအဝယ် စတင်ခြင်း : အရောင်းအဝယ်ပြုလုပ်ခြင်း
ကျွန်ုပ်တို့ရဲ့ Deriv MT5 သင်တန်းကနေ ပြန်လည်ကြိုဆိုပါတယ်။ ဒီသင်ခန်းစာမှာ ပလက်ဖောင်းပေါ်ကနေ အရောင်းအဝယ်ပြုလုပ်ပုံ အဆင့်ဆင့်ကို လမ်းညွှန်ပေးသွားပါမယ်။ အောင်မြင်တဲ့ အရောင်းအဝယ်ဖြစ်ဖို့အတွက် အရောင်းအဝယ် ဘယ်လိုလုပ်ဆောင်ရမလဲဆိုတာကို နားလည်ထားဖို့ အလွန်အရေးကြီးတာကြောင့် စတင်ဖို့ လိုအပ်တဲ့ အဆင့်တွေကို အသေးစိတ် ရှင်းပြပေးသွားပါမယ်။
အရောင်းအဝယ်ပြုလုပ်ဖို့ ပြင်ဆင်ခြင်း
Deriv MT5 Deriv MT5 အရောင်းအဝယ် ပလက်ဖောင်း မှာ အရောင်းအဝယ် စတင်ပြုလုပ်ဖို့ ပထမဆုံးအဆင့်က သင် ရောင်းဝယ်လိုတဲ့ Instrument ကို ရွေးချယ်ဖို့ ဖြစ်ပါတယ်။ ရရှိနိုင်တဲ့ Instrument အားလုံးရဲ့ စာရင်းကို ဖော်ပြပေးထားတဲ့ Market Watch ဝင်းဒိုးကနေ အလွယ်တကူ ရွေးချယ်နိုင်ပါတယ်။ Market Watch အသုံးပြုပုံကို ပြန်လည်လေ့လာချင်ရင် ကျွန်ုပ်တို့ရဲ့ အခြေခံသင်တန်းက သင်ခန်းစာ 3 ကျွန်ုပ်တို့ရဲ့ အခြေခံသင်တန်းက သင်ခန်းစာ 3 ကို သေချာဝင်ရောက်ကြည့်ရှုပါ။
သင့်အော်ဒါအမျိုးအစားကို ရွေးချယ်ခြင်း
နောက်တစ်ဆင့်အနေနဲ့ သင့်ရဲ့ အရောင်းအဝယ် မဟာဗျူဟာနဲ့ ကိုက်ညီတဲ့ အော်ဒါအမျိုးအစားကို ရွေးချယ်ဖို့ လိုအပ်ပါမယ် :
- Market Order : လက်ရှိဈေးကွက်ပေါက်ဈေးနဲ့ အမြန်ဆုံး အရောင်းအဝယ်ပြုလုပ်ချင်ရင် Market Order က အကောင်းဆုံး ရွေးချယ်မှုဖြစ်ပါတယ်။ ဒီအော်ဒါအမျိုးအစားက လုပ်ဆောင်မှု မြန်ဆန်ခြင်းကို ဦးစားပေးပါတယ်။
- Pending Order : သင့်မှာ သတ်မှတ်ထားတဲ့ ရည်မှန်းဈေးနှုန်းတစ်ခု ရှိထားရင် Pending Order တင်နိုင်ပါတယ်။ ဒီအမျိုးအစားက သင်ဝင်ရောက်ချင်တဲ့ ဈေးနှုန်းကို ကြိုတင်သတ်မှတ်ခွင့်ပြုပြီး အဲဒီဈေးနှုန်းကို ရောက်ရှိမှသာ အော်ဒါကို လုပ်ဆောင်ပေးပါမယ်။
အော်ဒါအမျိုးအစား အမျိုးမျိုးနဲ့ ပတ်သက်ပြီး အသေးစိတ် ထပ်မံသိရှိချင်ရင် ကျွန်ုပ်တို့ရဲ့ အခြေခံသင်တန်းက သင်ခန်းစာ 4 မှာ ပြန်လည်ကြည့်ရှုပါ။
သင့်အရောင်းအဝယ် သတ်မှတ်ချက်တွေကို ချိန်ညှိခြင်း
သင့်အော်ဒါအမျိုးအစားကို ရွေးချယ်ပြီးတဲ့နောက် နောက်တစ်ဆင့်ကတော့ သင် အရောင်းအဝယ်ပြုလုပ်ချင်တဲ့ ပမာဏ (Volume) ကို သတ်မှတ်ဖို့ ဖြစ်ပါတယ်။ ဒါက သင် ဝယ်ယူမယ့် ဒါမှမဟုတ် ရောင်းချမယ့် ပိုင်ဆိုင်မှုရဲ့ အရေအတွက်ကို ဆိုလိုပါတယ်။ ပမာဏကို သတ်မှတ်ပြီးတဲ့နောက် သင့်ရဲ့ Take Profit နဲ့ Stop Loss ပမာဏတွေကို သတ်မှတ်ထားဖို့ အထူးအကြံပြုလိုပါတယ်။
- Take Profit : ဒီအော်ဒါက ကြိုတင်သတ်မှတ်ထားတဲ့ အမြတ်ပမာဏကို ရောက်ရှိတဲ့အခါ သင့်ရဲ့ အရောင်းအဝယ်ကို အလိုအလျောက် ပိတ်သိမ်းပေးပြီး ရရှိတဲ့အမြတ်ကို သေချာစေပါတယ်။
- Stop Loss : ဒီအော်ဒါက သတ်မှတ်ထားတဲ့ အရှုံးပမာဏမှာ သင့်ရဲ့ အရောင်းအဝယ်ကို ပိတ်သိမ်းပေးတာကြောင့် အဆမတန် ဆုံးရှုံးမှုတွေကနေ သင့်အရင်းအနှီးကို ကာကွယ်ပေးနိုင်ပါတယ်။
ဒီဆုံးရှုံးနိုင်ခြေ စီမံခန့်ခွဲမှု ကိရိယာတွေကို အသုံးပြုမယ်ဆိုရင် သင့်ရဲ့ အရောင်းအဝယ် ရလဒ်တွေကို ပိုမိုထိရောက်စွာ ထိန်းချုပ်နိုင်ပါတယ်။
Deriv MT5 မှာ အရောင်းအဝယ်ပြုလုပ်နိုင်တဲ့ နည်းလမ်းတွေ
Deriv MT5 ပလက်ဖောင်းမှာ မတူညီတဲ့ အရောင်းအဝယ်ပုံစံတွေအတွက် ရည်ရွယ်ဖန်တီးထားတဲ့ အရောင်းအဝယ်ပြုလုပ်ပုံ နည်းလမ်းအမျိုးမျိုး ရှိပါတယ် :
- Market Watch :
- Market Watch ဝင်းဒိုးထဲက သင်ရောင်းဝယ်ချင်တဲ့ Instrument ပေါ်မှာ နှစ်ချက်နှိပ်ပါ။ အဲဒီလိုလုပ်ဆောင်လိုက်တဲ့အခါ “New Order” ဝင်းဒိုး ပွင့်လာမှာဖြစ်ပြီး အဲဒီမှာ သင့်ရဲ့ အော်ဒါအမျိုးအစား၊ ပမာဏ (Volume) နဲ့ အရောင်းအဝယ် ဦးတည်ချက်တို့အပြင် Stop Loss နဲ့ Take Profit ပမာဏတွေကိုပါ သတ်မှတ်နိုင်ပါတယ်။
- Trading Tab :
- ပိုမိုမြန်ဆန်စွာ အရောင်းအဝယ်ပြုလုပ်ဖို့အတွက် Market Watch ဝင်းဒိုးထဲက “Trading tab” ကို အသုံးပြုပါ။ ဒီလုပ်ဆောင်ချက်က ဘယ် Instrument ကိုမဆို တစ်ချက်နှိပ်ရုံနဲ့ အရောင်းအဝယ်ပြုလုပ်နိုင်စေပါတယ်။ ဒါနဲ့ပတ်သက်ပြီး အသေးစိတ် ထပ်မံသိရှိချင်ရင် ကျွန်ုပ်တို့ရဲ့ အခြေခံသင်တန်းက Market Watch အကြောင်း သင်ခန်းစာ 3 မှာ ကြည့်ရှုပါ။
- Toolbar :
- Deriv MT5 Toolbar မှာ အချိန်မရွေး အလွယ်တကူ သုံးနိုင်တဲ့ “New Order” ခလုတ်တစ်ခု ပါဝင်ပါတယ်။ ဒီခလုတ်ကို နှိပ်လိုက်ရင် အော်ဒါအမျိုးအစား အားလုံးကို တင်နိုင်မယ့် “New Order” ဝင်းဒိုး ပွင့်လာပါမယ်။
- Chart Trading :
- ဇယား (Chart) ကိုကြည့်ပြီး အရောင်းအဝယ်လုပ်ရတာကို ပိုနှစ်သက်ရင် Deriv MT5 မှာ ဇယားပေါ်ကနေ တိုက်ရိုက် တစ်ချက်နှိပ်ရုံနဲ့ အရောင်းအဝယ်ပြုလုပ်နိုင်ပါတယ်။ ဒီလုပ်ဆောင်ချက်ကို စတင်အသုံးပြုဖို့ သင်ရောင်းဝယ်ချင်တဲ့ Instrument ရဲ့ ဇယားပေါ်မှာ ညာဘက်ကလစ်နှိပ်ပြီး “One-Click Trading” ကို ရွေးချယ်ပါ၊ ဒါမှမဟုတ် ဇယားရဲ့ ဘယ်ဘက်အပေါ်ထောင့်မှာရှိတဲ့ ဒုတိယမြောက် အိုင်ကွန်ကို နှိပ်ပါ။ အဲဒီအခါ လက်ရှိ Bid နဲ့ Ask ဈေးနှုန်းတွေကို ဖော်ပြပေးထားတဲ့ အရောင်းအဝယ် ပန်နယ်လေးတစ်ခု ဇယားပေါ်မှာ ပေါ်လာမှာဖြစ်ပြီး Market Order ကို လျင်မြန်စွာ လုပ်ဆောင်နိုင်စေပါတယ်။ ဒီလုပ်ဆောင်ချက်ကို ပထမဆုံးအကြိမ် စတင်အသုံးပြုတဲ့အခါ သတ်မှတ်ထားတဲ့ စည်းကမ်းသတ်မှတ်ချက်တချို့ကို လက်ခံသဘောတူဖို့ လိုအပ်တယ်ဆိုတာကို သတိပြုပါ။
- Keyboard Shortcut :
- သင့်ကီးဘုတ်ပေါ်က F9 ကို နှိပ်ပြီးတော့လည်း အော်ဒါတစ်ခုကို အမြန်ဖွင့်နိုင်ပါတယ်။
- သင့်ကီးဘုတ်ပေါ်က F9 ကို နှိပ်ပြီးတော့လည်း အော်ဒါတစ်ခုကို အမြန်ဖွင့်နိုင်ပါတယ်။
နိဂုံးချုပ်
ဒီအဆင့်တွေအတိုင်း လိုက်နာလုပ်ဆောင်မယ်ဆိုရင် Deriv MT5 မှာ သင့်ရဲ့ ပထမဆုံး အရောင်းအဝယ်ကို အောင်မြင်စွာ စတင်နိုင်တော့မှာ ဖြစ်ပါတယ်။ အရောင်းအဝယ်ပြုလုပ်တဲ့ နည်းလမ်းတွေနဲ့ သတ်မှတ်ချက်တွေကို ရင်းနှီးကျွမ်းဝင်ထားခြင်းက သင့်ကို ယုံကြည်မှုရှိရှိ အရောင်းအဝယ်ပြုလုပ်နိုင်စေမှာ ဖြစ်ပါတယ်။ လာမယ့် သင်ခန်းစာမှာတော့ သင့်ရဲ့ အရောင်းအဝယ် လုပ်ဆောင်ချက်တွေနဲ့ စွမ်းဆောင်ရည်တွေကို စီမံခန့်ခွဲဖို့၊ စောင့်ကြည့်လေ့လာဖို့နဲ့ သုံးသပ်အကဲဖြတ်ဖို့ အထောက်အကူပြုတဲ့ လုပ်ဆောင်ချက်အမျိုးမျိုး ပါဝင်တဲ့ Deriv MT5 ထဲက Toolbox အကြောင်းကို လေ့လာသွားပါမယ်။ အဆင်ပြေချောမွေ့စွာ အရောင်းအဝယ်ပြုလုပ်နိုင်ပါစေ။
Quiz
Market Order ရဲ့ အဓိကရည်ရွယ်ချက်က ဘာလဲ။
Pending Order ကို ဘာအတွက် အသုံးပြုပါသလဲ။
Market Watch မှာရှိတဲ့ Trading Tab ကို အသုံးပြုပြီး အရောင်းအဝယ်တစ်ခုကို ဘယ်လို အလွယ်တကူ ပြုလုပ်နိုင်ပါသလဲ။


