အဓိကအကြောင်းအရာသို့ ကျော်သွားရန်
သင်ခန်းစာ
4
Forex | အဆင့်မြင့်

ဈေးကွက်အတက်အကျ ကြမ်းတမ်းသည့် ဖြစ်ရပ်များအတွင်း Breakout အရောင်းအဝယ်ပြုလုပ်ခြင်း

ကြာချိန်
3
မိနစ်

ဒီသင်ခန်းစာမှာတော့ သက်ဆိုင်ရာဗီဒီယိုထဲက သဘောတရားတွေကို ဖြည့်စွက်တဲ့အနေနဲ့ ဈေးကွက်အတက်အကျ ကြမ်းတမ်းတဲ့ စီးပွားရေးဖြစ်ရပ်တွေအတွက် အထူးရေးဆွဲထားတဲ့ Breakout အရောင်းအဝယ်ဗျူဟာတွေနဲ့ အတက်အကျများချိန် အရောင်းအဝယ်ပြုလုပ်ခြင်း အကြောင်း သင့်ရဲ့နားလည်မှုကို ပိုမိုကျယ်ပြန့်လာအောင် လေ့လာသွားပါမယ်။ ဗီဒီယိုထဲမှာ သတင်းထုတ်ပြန်ချက်တွေ ထွက်ပေါ်ချိန် Breakout အရောင်းအဝယ်ပြုလုပ်ခြင်းရဲ့ အခြေခံအချက်တွေကို မိတ်ဆက်ပေးထားပြီး ဒီမှာတော့ သင့်ရဲ့အရောင်းအဝယ်ရလဒ်တွေ အကောင်းဆုံးဖြစ်စေဖို့ အဆင့်မြင့်နည်းစနစ်တွေ၊ ဆန်းစစ်လေ့လာမှုနည်းလမ်းတွေနဲ့ ဆုံးရှုံးနိုင်ခြေ စီမံခန့်ခွဲမှု အလေ့အကျင့်တွေကို ပိုမိုနက်နက်နဲနဲ လေ့လာသွားမှာ ဖြစ်ပါတယ်။
‍

စီးပွားရေးဖြစ်ရပ်တွေအတွက် ကြိုတင်ပြင်ဆင်ခြင်း

စီးပွားရေးဖြစ်ရပ်တွေအတွင်း အောင်မြင်တဲ့ Breakout အရောင်းအဝယ်ဖြစ်ဖို့ဆိုရင် သေချာကျနတဲ့ ကြိုတင်ပြင်ဆင်မှုနဲ့ စတင်ရပါတယ်။ ထည့်သွင်းစဉ်းစားရမယ့် အရေးကြီးအဆင့်တွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ် :

  1. စီးပွားရေးဖြစ်ရပ်တွေကို ဖော်ထုတ်သတ်မှတ်ပါ : အတိုးနှုန်းဆုံးဖြတ်ချက်တွေ၊ ငွေကြေးဖောင်းပွမှု အစီရင်ခံစာတွေနဲ့ အလုပ်အကိုင်အချက်အလက်တွေ အပါအဝင် အရေးကြီးတဲ့ ထုတ်ပြန်ကြေညာချက်တွေကို အချိန်နဲ့တစ်ပြေးညီ သိရှိနိုင်ဖို့ စီးပွားရေးပြက္ခဒိန်ကို အသုံးပြုပါ။ လာမယ့်ဖြစ်ရပ်တွေကို ကြိုတင်သိရှိထားခြင်းက သင့်ရဲ့အရောင်းအဝယ်တွေကို ထိထိရောက်ရောက် အချိန်ကိုက်လုပ်ဆောင်နိုင်ဖို့ အလွန်အရေးကြီးပါတယ်။
    ‍
  2. နည်းပညာပိုင်းဆိုင်ရာ ဆန်းစစ်လေ့လာမှု ပြုလုပ်ပါ : ဖြစ်ရပ်မတိုင်မီ သင်ရွေးချယ်ထားတဲ့ ငွေကြေးအတွဲတွေပေါ်မှာ ပြည့်စုံတဲ့ နည်းပညာပိုင်းဆိုင်ရာ ဆန်းစစ်လေ့လာမှု ပြုလုပ်ပါ။ သတင်းထုတ်ပြန်ချက်အတွင်း ဈေးနှုန်းရွေ့လျားမှုတွေအပေါ် သက်ရောက်မှုရှိနိုင်တဲ့ အဓိက Support နဲ့ Resistance အဆင့်တွေကို ရှာဖွေဖော်ထုတ်ဖို့ Fibonacci retracements ဒါမှမဟုတ် Moving averages လိုမျိုး နည်းလမ်းအမျိုးမျိုးကို အသုံးပြုပါ။
    ‍
  3. ဈေးကွက်သဘောထားအမြင်ကို နားလည်အောင်လုပ်ပါ : စီးပွားရေးဆိုင်ရာ ထုတ်ပြန်ကြေညာချက် မထွက်ပေါ်မီ ဈေးကွက်ရဲ့ သဘောထားအမြင်ကို ဆန်းစစ်လေ့လာပါ။ သတင်းဆောင်းပါးတွေ၊ ဈေးကွက်အစီရင်ခံစာတွေနဲ့ ထရိတ်ဒါတွေရဲ့ သဘောထားအမြင်တွေက အဲဒီဖြစ်ရပ်ရဲ့ သက်ရောက်မှုအပေါ် ဈေးကွက်က ဘယ်လိုမျှော်မှန်းထားသလဲဆိုတာကို သိမြင်စေနိုင်ပြီး သင့်အနေနဲ့ သင့်လျော်သလို နေရာယူပြင်ဆင်နိုင်အောင် ကူညီပေးပါတယ်။
    ‍

Breakout အရောင်းအဝယ်အတွက် အဆင့်မြင့် ဈေးကွက်အဝင် နည်းစနစ်တွေ

အဆင့်မြင့် ဈေးကွက်အဝင် နည်းစနစ်တွေကို အသုံးပြုခြင်းက စီးပွားရေးဖြစ်ရပ်တွေအတွင်း သင့်ရဲ့ Breakout အရောင်းအဝယ်ဗျူဟာကို သိသိသာသာ ပိုမိုကောင်းမွန်စေနိုင်ပါတယ် :

  1. အော်ဒါအမျိုးအစားတွေ : ပုံမှန် ဈေးကွက်အော်ဒါတွေအပြင် အောက်ပါတို့လိုမျိုး အဆင့်မြင့်အော်ဒါအမျိုးအစားတွေနဲ့ ရင်းနှီးကျွမ်းဝင်အောင် လေ့လာထားပါ :
    • Sell-Stop အော်ဒါတွေ : ဈေးနှုန်းက သတ်မှတ်ထားတဲ့အဆင့်တစ်ခုအောက် ကျဆင်းသွားပြီး ဈေးကျမယ့် Breakout အချက်ပြမှု ပေါ်ပေါက်လာရင် အရောင်းအဝယ်တစ်ခုကို စတင်ဖွင့်လှစ်ပေးပါတယ်။
      ‍
    • Buy-Stop အော်ဒါတွေ : ဈေးနှုန်းက သတ်မှတ်ထားတဲ့အမှတ်တစ်ခုအထက် မြင့်တက်သွားပြီး ဈေးတက်မယ့် Breakout အချက်ပြမှုကို ညွှန်ပြလာရင် အရောင်းအဝယ်တစ်ခုကို စတင်ဖွင့်လှစ်ပေးပါတယ်။
      ‍
  2. Volume နဲ့ Momentum အညွှန်းကိန်းတွေ : Breakout အချက်ပြမှုတွေကို အတည်ပြုနိုင်ဖို့ ဈေးနှုန်းအဆင့်တွေနဲ့အတူ Volume အညွှန်းကိန်းတွေ ဒါမှမဟုတ် Momentum oscillators (ဥပမာ - MACD ၊ RSI) တွေကို တွဲဖက်အသုံးပြုဖို့ စဉ်းစားပါ။ မြင့်မားတဲ့ အရောင်းအဝယ်ပမာဏ (Volume) နဲ့အတူ ဖြစ်ပေါ်လာတဲ့ Breakout က ဈေးနှုန်းရွေ့လျားမှုရဲ့ ခိုင်မာမှန်ကန်မှုကို ပိုမိုအားကောင်းစေပါတယ်။
    ‍
  3. အချိန်ကာလအပိုင်းအခြား အမျိုးမျိုးဖြင့် ဆန်းစစ်လေ့လာခြင်း : သင့်ရဲ့ Breakout ဗျူဟာကို အတည်ပြုနိုင်ဖို့ မတူညီတဲ့ အချိန်ကာလအပိုင်းအခြားတွေကို ဆန်းစစ်လေ့လာပါ။ ဥပမာအားဖြင့် 15 မိနစ် ဇယားမှာ Breakout တစ်ခု ဖြစ်ပေါ်လာရင် ပိုမိုကျယ်ပြန့်တဲ့ ဈေးကွက်လားရာကို အတည်ပြုနိုင်ဖို့ 1 နာရီဇယားနဲ့ နေ့စဉ်ဇယားတွေကို စစ်ဆေးပါ — ဒီလိုလုပ်ဆောင်ခြင်းက သင့်ရဲ့အရောင်းအဝယ်လားရာအပေါ် ယုံကြည်မှု ပိုမိုတိုးပွားစေနိုင်ပါတယ်။
    ‍

ဈေးကွက်အတက်အကျ ကြမ်းတမ်းချိန်တွေမှာ ဆုံးရှုံးနိုင်ခြေ စီမံခန့်ခွဲခြင်း - ဆုံးရှုံးနိုင်ခြေ စီမံခန့်ခွဲမှု ဗျူဟာတွေ

အထူးသဖြင့် စီးပွားရေးဆိုင်ရာ ထုတ်ပြန်ကြေညာချက်တွေ ပါဝင်ပတ်သက်နေတဲ့ ဈေးကွက်အတက်အကျ ကြမ်းတမ်းချိန် အရောင်းအဝယ်တွေမှာ ဆုံးရှုံးနိုင်ခြေကို စီမံခန့်ခွဲဖို့က အလွန်အရေးကြီးပါတယ်။ အဓိကကျတဲ့ ဆုံးရှုံးနိုင်ခြေ စီမံခန့်ခွဲမှု ဗျူဟာတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ် :

  1. ပြောင်းလဲချိန်ညှိနိုင်တဲ့ Stop Loss သတ်မှတ်ထားရှိခြင်း : အရောင်းအဝယ်မပြုလုပ်မီ ဆန်းစစ်လေ့လာချိန်အတွင်း ဖော်ထုတ်ထားတဲ့ အဓိက Support နဲ့ Resistance အဆင့်တွေရဲ့ အပြင်ဘက်နားလေးမှာ Stop Loss အော်ဒါတွေကို သတ်မှတ်ထားရှိပါ။ ဒီလိုနေရာချထားခြင်းက အမြတ်ရနိုင်ခြေရှိတဲ့ ရွေ့လျားမှုတွေအတွက် အခွင့်အလမ်းပေးထားသလို မမျှော်လင့်ထားတဲ့ ဈေးနှုန်းအတက်အကျတွေရန်ကနေလည်း ကာကွယ်ပေးပါတယ်။
    ‍
  2. အရောင်းအဝယ်ပမာဏတွေကို ချိန်ညှိခြင်း : ဈေးကွက်အတက်အကျ အလွန်မြင့်မားနေတဲ့ ကာလတွေအတွင်း သင့်ရဲ့ အရောင်းအဝယ်ပမာဏ (Position size) ကို လျှော့ချဖို့ စဉ်းစားပါ။ ဒီလိုချိန်ညှိခြင်းက အလုံးစုံ ဆုံးရှုံးနိုင်ခြေကို လျော့နည်းစေပြီး ပိုမိုကြီးမားတဲ့ ဈေးနှုန်းအတက်အကျတွေကို ခံနိုင်ရည်ရှိစေပါတယ်။
    ‍
  3. Trailing Stops အသုံးပြုပါ : ဈေးကွက်က သင့်ဘက်ကို အသာစီးရပြီး ရွေ့လျားလာတဲ့အခါ အမြတ်တွေကို အသေအချာ ရယူထိန်းသိမ်းနိုင်ဖို့ Trailing Stops ကို အသုံးပြုပါ။ Trailing Stops က အလေးသာတဲ့ ဈေးနှုန်းရွေ့လျားမှုတွေနဲ့အတူ အလိုအလျောက် လိုက်လံချိန်ညှိပေးတာကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ အရှုံးတွေကို လျှော့ချပေးရင်း အမြတ်တွေကို ရယူနိုင်အောင် ကူညီပေးပါတယ်။
    ‍
  4. ပြောင်းလွယ်ပြင်လွယ်ရှိပါစေ : ဈေးကွက်အခြေအနေတွေပေါ် မူတည်ပြီး သင့်ရဲ့အရောင်းအဝယ်အစီအစဉ်ကို လိုက်လျောညီထွေ ပြောင်းလဲပါ။ သတင်းထုတ်ပြန်ချက်တစ်ခုက မျှော်မှန်းထားသလောက် ဈေးကွက်အတက်အကျ မဖြစ်ပေါ်လာရင် သင့်ရဲ့အရောင်းအဝယ်တွေကို ပြန်လည်သုံးသပ်ဖို့နဲ့ သင့်ဗျူဟာနဲ့ မကိုက်ညီတော့တဲ့ အရောင်းအဝယ်တွေကနေ ပြန်ထွက်ဖို့ အသင့်ပြင်ထားပါ။
    ‍

နိဂုံးချုပ် : Breakout အရောင်းအဝယ်ဗျူဟာတွေကို ကျွမ်းကျင်ပိုင်နိုင်ခြင်း

ဈေးကွက်အတက်အကျ ကြမ်းတမ်းတဲ့ ဖြစ်ရပ်တွေအတွင်း Breakout အရောင်းအဝယ်ဗျူဟာတွေကို ကျွမ်းကျင်ပိုင်နိုင်ခြင်းဟာ သင့်ရဲ့အရောင်းအဝယ်စွမ်းရည်ကို မြှင့်တင်ဖို့အတွက် မရှိမဖြစ် လိုအပ်ပါတယ်။ သေချာစွာ ကြိုတင်ပြင်ဆင်ခြင်း၊ အဆင့်မြင့် ဈေးကွက်အဝင် နည်းစနစ်တွေကို အသုံးပြုခြင်းနဲ့ ခိုင်မာတဲ့ ဆုံးရှုံးနိုင်ခြေ စီမံခန့်ခွဲမှု အလေ့အကျင့်တွေကို လိုက်နာကျင့်သုံးခြင်းအားဖြင့် အရေးပါတဲ့ စီးပွားရေးထုတ်ပြန်ကြေညာချက်တွေကြောင့် ဖြစ်ပေါ်လာတဲ့ ဈေးနှုန်းရွေ့လျားမှုတွေကနေ အကျိုးအမြတ်ရယူနိုင်စွမ်းကို ပိုမိုမြှင့်တင်နိုင်ပါတယ်။

Quiz

အရောင်းအဝယ်လုပ်တဲ့အခါ စီးပွားရေးဆိုင်ရာ ဖြစ်ရပ်တွေအတွက် ကြိုတင်ပြင်ဆင်ရတာရဲ့ အဓိကရည်ရွယ်ချက်က ဘာပါလဲ။

ဈေးနှုန်းက သတ်မှတ်ထားတဲ့ အဆင့်အောက် ကျဆင်းသွားရင် အရောင်းအဝယ်တစ်ခု စတင်စေဖို့ အရောင်းအဝယ်လုပ်သူတစ်ဦးအနေနဲ့ ဘယ်အော်ဒါအမျိုးအစားကို အသုံးပြုသင့်ပါသလဲ။

အတက်အကျများတဲ့ အရောင်းအဝယ်တွေ ပြုလုပ်ချိန်မှာ ပြောင်းလဲချိန်ညှိနိုင်တဲ့ Stop Loss သတ်မှတ်ထားဖို့ ဘာကြောင့် အရေးကြီးပါသလဲ။

Analyse markets with AI-powered insights

Explore TradersView
WhatsApp