အဓိကအကြောင်းအရာသို့ ကျော်သွားရန်

စမတ်ကျကျ Position size ချိန်ညှိခြင်း : ယုံကြည်မှုရှိရှိ အရောင်းအဝယ်လုပ်ပါ၊ ဆုံးရှုံးနိုင်ခြေကို ဉာဏ်ရှိရှိ စီမံပါ

5
မိနစ် ဖတ်ရှုချိန်
အရောင်းအဝယ်လုပ်ရာမှာ စမတ်ကျတဲ့ Position size ချိန်ညှိခြင်းနဲ့ ဆုံးရှုံးနိုင်ခြေ စီမံခန့်ခွဲမှုတို့ကို ကိုယ်စားပြုထားတဲ့ တစ်ဖက်တစ်ချက်စီမှာ ဒင်္ဂါးပြားအထပ်လိုက်တင်ထားတဲ့ ဟန်ချက်ညီ ချိန်ခွင်ပုံ ဖြစ်ပါတယ်။

Position size ချိန်ညှိခြင်းဆိုတာ ကြက်ဥအားလုံးကို ခြင်းတောင်းတစ်ခုတည်းမှာ စုမထည့်မိအောင် ဒါမှမဟုတ် သင့်မှာရှိသမျှအားလုံးကို တစ်ကြိမ်တည်းမှာ ပုံမအောမိအောင် သေချာဂရုစိုက်တာမျိုးလို့ စဉ်းစားကြည့်ပါ။ ဒါဟာ အခွင့်အလမ်းနဲ့ ဆုံးရှုံးနိုင်ခြေ စီမံခန့်ခွဲမှု အကာအကွယ်တို့ကို ဟန်ချက်ညီစေပြီး သင့်အရောင်းအဝယ်တွေကို စမတ်ကျကာ ရေရှည်တည်တံ့စေတဲ့ အဓိကအခြေခံမူတစ်ခု ဖြစ်ပါတယ်။ မကောင်းတဲ့ အရောင်းအဝယ်တစ်ခုကြောင့် သင့်အကောင့်တစ်ခုလုံး ကုန်သွားလောက်အောင် ပမာဏအများကြီး မထည့်ချင်သလို၊ တကယ့်အခွင့်အလမ်းကောင်းတွေကို လက်လွတ်ဆုံးရှုံးသွားရလောက်အောင် အလွန်အကျွံ သတိထားလွန်းတာမျိုးလည်း မဖြစ်စေချင်မှာ သေချာပါတယ်။


Position size ချိန်ညှိခြင်းက ဘာကြောင့် အရေးကြီးတာလဲ

ဒါဟာ သင့်ရဲ့ အရောင်းအဝယ်အကောင့်အတွက် အချိုးအစား ထိန်းညှိပေးတာနဲ့ တူပါတယ်။ အရောင်းအဝယ်တစ်ခုစီတိုင်းမှာ မများလွန်း၊ မနည်းလွန်းဘဲ သင့်တော်မှန်ကန်တဲ့ ပမာဏကိုပဲ သင်ထားရှိချင်မှာပါ။ ဒါက ဘာကြောင့် အပြောင်းအလဲကြီးတစ်ခု ဖြစ်စေသလဲဆိုတာ အောက်မှာ ဖော်ပြထားပါတယ် :

  • ဘေးကင်းလုံခြုံမှုက ပထမပါ။ အရောင်းအဝယ်တစ်ခုတည်းမှာ ပမာဏအများကြီး ထည့်သွင်းမိနေပါသလား။ ဒါဟာ စိတ်ပျက်စရာကြုံတွေ့ရဖို့ အမြန်ဆုံးလမ်းကြောင်းပါပဲ။ Position size ချိန်ညှိခြင်းက သင့်ကို ဈေးကွက်ထဲမှာ ပိုပြီးကြာကြာ ရပ်တည်နိုင်အောင် ကူညီပေးပါတယ်။
    ‍
  • အမြတ်ရဖို့ အခွင့်အလမ်း ပိုများပါတယ်။ သင့်ရဲ့ ဆုံးရှုံးနိုင်ခြေကို အရောင်းအဝယ် တော်တော်များများမှာ ဖြန့်ခွဲထားပါ၊ ဒါမှ တချို့အရောင်းအဝယ်တွေက သင်မျှော်မှန်းထားသလို ဖြစ်မလာရင်တောင် တခြားအရောင်းအဝယ်တွေကနေ ပြန်ကာမိနိုင်ပါလိမ့်မယ်။

‍

ဈေးကွက်အပြောင်းအလဲအတွက် ဈေးကွက် အတက်အကျပြင်းထန်မှု အလိုက် ချိန်ညှိခြင်း

ဈေးကွက်တွေဟာ အချိန်တိုင်း ပုံစံတူ ရွေ့လျားနေတာ မဟုတ်ပါဘူး။ တချို့ဈေးကွက်တွေက တည်ငြိမ်ပြီး တချို့ကတော့ အတက်အကျ ကြမ်းတမ်းပါတယ်။ Volatility 10 ကို အရောင်းအဝယ်လုပ်နေတာလား။ ဈေးနှုန်းအရွေ့အပြောင်း နည်းတဲ့အတွက် ပိုကြီးတဲ့ Position တွေကို ယူနိုင်ပါတယ်။ Volatility 250 ကို အရောင်းအဝယ်လုပ်နေတာလား။ မြန်ဆန်တဲ့ ဈေးနှုန်းအတက်အကျတွေကို မျှော်လင့်ထားပြီး အဲဒီအပေါ်မူတည်ကာ သင့်တော်သလို ချိန်ညှိပါ။


မှန်ကန်တဲ့ Position size ကို ဘယ်လိုရွေးချယ်မလဲ

ပုံသေမှော်နည်းလမ်းရယ်လို့တော့ မရှိပေမဲ့ အရောင်းအဝယ်သမားတွေ အသုံးပြုလေ့ရှိတဲ့ ခိုင်မာတဲ့ မဟာဗျူဟာနှစ်ခုကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ် :

  • သတ်မှတ်ထားတဲ့ ဒေါ်လာပမာဏ : အရောင်းအဝယ်တစ်ခုစီတိုင်းမှာ သတ်မှတ်ထားတဲ့ ငွေပမာဏတစ်ခုကိုပဲ ဆုံးရှုံးနိုင်ခြေယူတာဖြစ်လို့ အခြေအနေတွေကို ကြိုတင်ခန့်မှန်းရ လွယ်ကူစေပါတယ်။ ဆိုကြပါစို့၊ သင်က အရောင်းအဝယ်တစ်ခုမှာ $50 ဆုံးရှုံးနိုင်ခြေယူဖို့ အဆင်ပြေတယ်ဆိုရင် Volatility 50 ကို $200 နဲ့ ဝယ်ယူပြီး $195 မှာ Stop Loss သတ်မှတ်လိုက်တဲ့အခါ စာချုပ်တစ်ခုစီအတွက် သင့်ရဲ့ ဆုံးရှုံးနိုင်ခြေက $5 ဖြစ်ပါတယ်။ ဒါကြောင့် သင်ဟာ စာချုပ် 10 ခု ($50 / စာချုပ်တစ်ခုချင်း ဆုံးရှုံးနိုင်ခြေ $5 = စာချုပ် 10 ခု) ဝယ်ယူနိုင်ပါတယ်။ ရိုးရှင်းပါတယ်။
    ‍
  • အကောင့်ရဲ့ ရာခိုင်နှုန်း : ဒီနည်းလမ်းကတော့ သင့်အကောင့်အရွယ်အစားအလိုက် လိုက်ပြီး အတိုး (သို့မဟုတ် အလျှော့) ရှိပါတယ်။ ဆိုကြပါစို့၊ $10,000 ရှိတဲ့ အကောင့်တစ်ခုရဲ့ 1% ကို ဆုံးရှုံးနိုင်ခြေယူမယ်ဆိုရင် အရောင်းအဝယ်တစ်ခုအတွက် $100 ဖြစ်ပါတယ်။ စာချုပ်တစ်ခုစီမှာ $5 ဆုံးရှုံးနိုင်ခြေရှိရင် စာချုပ် 20 ခု ($100 / $5 = 20) ဝယ်ယူနိုင်ပါတယ်။ ဒါက သင့်အကောင့် လက်ကျန်ငွေ ပြောင်းလဲသွားတာနဲ့အမျှ သင့်ရဲ့ ဆုံးရှုံးနိုင်ခြေကို ထိန်းချုပ်ထားပေးပါတယ်။


ATR အညွှန်းကိန်းကို အသုံးပြုခြင်း

ပျမ်းမျှ အတက်အကျအကွာအဝေး (ATR) အညွှန်းကိန်းဟာ ဈေးကွက်ရဲ့ အခြေအနေကို တိုင်းတာပေးတဲ့ ကိရိယာတစ်ခုလိုပါပဲ။ သတ်မှတ်ထားတဲ့ အချိန်အတွင်း ပိုင်ဆိုင်မှုတစ်ခုက ပုံမှန်အားဖြင့် ဘယ်လောက်အထိ ရွေ့လျားလေ့ရှိသလဲဆိုတာကို ပြောပြပေးတာကြောင့် သင့်ရဲ့ Position size ကို ချိန်ညှိရာမှာ အထောက်အကူပြုပါတယ်။ ATR ပမာဏ ကြီးနေသလား။ ဈေးနှုန်းအရွေ့အပြောင်း ပိုကြီးနိုင်တာကြောင့် ပမာဏကို လျှော့ချသင့်ပါတယ်။ ATR ပမာဏ နည်းနေသလား။ ဈေးကွက်က ပိုတည်ငြိမ်နေတဲ့အတွက် ပမာဏကို နည်းနည်းတိုးယူနိုင်ပါတယ်။

‍

အဓိက အနှစ်ချုပ်

Position size ချိန်ညှိခြင်းဟာ စိတ်ကူးကောင်းတစ်ခုသက်သက် မဟုတ်ပါဘူး။ မရှိမဖြစ် လိုအပ်တဲ့အရာ ဖြစ်ပါတယ်။ ဒါက သင့်ရဲ့ ဆုံးရှုံးနိုင်ခြေကို ထိန်းချုပ်ထားပေးပြီး ပိုပင်ပန်းစရာမလိုဘဲ ပိုပြီးစမတ်ကျကျ အရောင်းအဝယ်လုပ်နိုင်ဖို့ ခိုင်မာတဲ့ အခြေခံအုတ်မြစ်ကို ပေးစွမ်းပါတယ်။

ဒီမဟာဗျူဟာတွေကို လက်တွေ့အသုံးချဖို့ အဆင်သင့်ဖြစ်ပြီလား။ ဆုံးရှုံးနိုင်ခြေကင်းတဲ့ အစမ်းသုံးအကောင့်မှာ လေ့ကျင့်ပြီး ကျွန်ုပ်တို့ရဲ့ အခမဲ့ အရောင်းအဝယ်သင်တန်းနဲ့အတူ သင့်ရဲ့ ယုံကြည်မှုကို တည်ဆောက်လိုက်ပါ။

Quiz

ထရိတ်ဒါတွေ Position sizing ကို အသုံးပြုကြတဲ့ အဓိကအကြောင်းရင်းက ဘာပါလဲ။

အမေးများသော မေးခွန်းများ

Analyse markets with AI-powered insights

Explore TradersView
WhatsApp