
COVID-19 ကပ်ရောဂါကာလအတွင်းမှာ တစ်ဦးချင်း ရင်းနှီးမြှုပ်နှံသူအများစုဟာ ရှယ်ယာများ အရောင်းအဝယ်လုပ်ပုံကို ပြောင်းလဲခဲ့ကြပါတယ်။ ထရိတ်ဒါအများအပြားဟာ အုပ်စုလိုက် စိတ်နေသဘောထားလို့ လူသိများတဲ့ အပြုအမူတစ်ခုအဖြစ် တခြားသူတွေရဲ့ လှုပ်ရှားမှုတွေအတိုင်း စတင်တုပလာခဲ့ကြပါတယ်။ ဒီနေရာမှာ Copy Trading က အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်လာနိုင်ပါတယ်။
Copy Trading က ဘယ်လိုအလုပ်လုပ်သလဲ
Copy Trading က အခုမှစတင်သူတွေပဲဖြစ်ဖြစ်၊ အတွေ့အကြုံရှိသူတွေအတွက် အရောင်းအဝယ် လမ်းညွှန်အနေနဲ့ပဲဖြစ်ဖြစ် ထရိတ်ဒါတွေကို အောင်မြင်နေတဲ့ ထရိတ်ဒါတွေရဲ့ အရောင်းအဝယ်တွေအတိုင်း ထပ်တူလိုက်လုပ်နိုင်စေပါတယ်။ သဘောတရားကတော့ ရိုးရှင်းပါတယ် : သူတို့ အမြတ်ရတဲ့အခါ သင်လည်း အမြတ်ရနိုင်ပါတယ်။ ဒါပေမဲ့ တခြား အရောင်းအဝယ် မဟာဗျူဟာတွေ အားလုံးလိုပဲ Copy Trading မှာလည်း သူ့ရဲ့ ကိုယ်ပိုင် အားသာချက်တွေနဲ့ အားနည်းချက်တွေ ရှိပါတယ်။
Copy Trading ရဲ့ အားသာချက်နဲ့ အားနည်းချက်တွေ
ပိုမိုနားလည်လွယ်စေဖို့ အကျဉ်းချုပ် ခွဲခြမ်းစိတ်ဖြာချက်ကို ဒီမှာ ဖော်ပြထားပါတယ် :
| အားသာချက်တွေ | အားနည်းချက်တွေ |
|---|---|
| လေ့လာသင်ယူနိုင်မယ့် အခွင့်အလမ်း - အခုမှစတင်သူတွေအနေနဲ့ ဝါရင့်ထရိတ်ဒါတွေဆီကနေ စောင့်ကြည့်လေ့လာနိုင်ပါတယ်။ | ဆုံးရှုံးနိုင်ခြေ - သင် ကူးယူလိုက်လုပ်တဲ့ ထရိတ်ဒါက မှားယွင်းတဲ့ ဆုံးဖြတ်ချက်ချမိရင် သင် ငွေဆုံးရှုံးနိုင်ပါတယ်။ |
| ပိုင်ဆိုင်မှုအစုစု ဖြန့်ခွဲခြင်း - ထရိတ်ဒါအများအပြားကို ကူးယူလိုက်လုပ်တာက ပိုင်ဆိုင်မှုတွေနဲ့ မဟာဗျူဟာတွေအကြား ဆုံးရှုံးနိုင်ခြေကို ဖြန့်ခွဲပေးပါတယ်။ | ပြင်ပအပေါ် မှီခိုနေရခြင်း - တခြားသူတွေအပေါ် မှီခိုအားထားတာက သင့်ရဲ့ ကိုယ်ပိုင် အရောင်းအဝယ်စွမ်းရည် တိုးတက်မှုကို နှေးကွေးစေနိုင်ပါတယ်။ |
| အဆင်ပြေလွယ်ကူမှု - အရောင်းအဝယ်တွေကို အလိုအလျောက် လုပ်ဆောင်ပေးတာကြောင့် သင့်အတွက် အချိန်သက်သာစေပါတယ်။ | ပမာဏအလိုက် အခကြေးငွေတွေ - တချို့ မဟာဗျူဟာပံ့ပိုးသူတွေက စွမ်းဆောင်ရည်နဲ့ စီမံခန့်ခွဲမှု အခကြေးငွေတွေ ကောက်ခံတတ်တာကြောင့် သင့်ရဲ့ စုစုပေါင်း အကျိုးအမြတ်အပေါ် သက်ရောက်မှုရှိနိုင်ပါတယ်။ |
| အလိုအလျောက် ဝင်ငွေ ရရှိနိုင်မယ့် အလားအလာ - မဟာဗျူဟာပံ့ပိုးသူတွေဟာ သူတို့ကို တခြားသူတွေက ကူးယူလိုက်လုပ်တဲ့အခါ ကော်မရှင်ခ ရရှိကြပါတယ်။ | ဈေးကွက် အတက်အကျကြမ်းမှု - ကြိုတင်ခန့်မှန်းလို့မရတဲ့ ဈေးကွက်လှုပ်ရှားမှုတွေက အတော်ဆုံး ထရိတ်ဒါတွေအပေါ်မှာတောင် သက်ရောက်မှုရှိနိုင်ပါတယ်။ |
Copy Trading မစတင်ခင် ထည့်သွင်းစဉ်းစားသင့်တဲ့ အချက်တွေနဲ့ ဆုံးရှုံးနိုင်ခြေ စီမံခန့်ခွဲမှု မဟာဗျူဟာတွေ
အကယ်၍ သင်က Copy Trading လုပ်ဖို့ စဉ်းစားနေတယ်ဆိုရင် သင့်ရဲ့ ဆုံးရှုံးနိုင်ခြေ ခံနိုင်ရည်အား၊ ရင်းနှီးမြှုပ်နှံမှု ရည်မှန်းချက်တွေနဲ့ အရောင်းအဝယ်ဆိုင်ရာ ဗဟုသုတတွေကို ထည့်သွင်းစဉ်းစားဖို့ အရေးကြီးပါတယ်။ တာဝန်ယူမှုရှိရှိနဲ့ ဘယ်လိုစတင်နိုင်မလဲဆိုတာကို ဒီမှာ ဖော်ပြထားပါတယ် :
- ထရိတ်ဒါတွေကို ကူးယူလိုက်မလုပ်ခင် သူတို့အကြောင်း လေ့လာစုံစမ်းပါ။ သူတို့ရဲ့ အတိတ်က စွမ်းဆောင်ရည်၊ ဆုံးရှုံးနိုင်ခြေ စီမံခန့်ခွဲမှု ပုံစံနဲ့ အရောင်းအဝယ် မဟာဗျူဟာတွေကို ကြည့်ရှုလေ့လာပါ။
- ပမာဏအနည်းငယ်နဲ့ စတင်ပါ။ တစ်ပြိုင်နက်တည်း ငွေအားလုံး မထည့်ပါနဲ့။ အစစ်အမှန် အရောင်းအဝယ်မစတင်ခင် ယုံကြည်မှုတည်ဆောက်ဖို့ ဒီမိုအကောင့်မှာ လေ့ကျင့်ပါ။
- ဖြန့်ခွဲလုပ်ဆောင်ပါ။ ထရိတ်ဒါအများအပြားကို ကူးယူလိုက်လုပ်တာက ဆုံးရှုံးနိုင်ခြေတွေနဲ့ ရရှိနိုင်မယ့် အကျိုးအမြတ်တွေကို ဟန်ချက်ညီအောင် ကူညီပေးနိုင်ပါတယ်။
- ရေရှည်အတွက် ပိုကောင်းတဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်နိုင်ဖို့ ဈေးကွက်ရေစီးကြောင်းတွေအကြောင်း အမြဲမပြတ် လေ့လာသိရှိနေပါ။
Copy Trading ကို ဆုံးရှုံးနိုင်ခြေမရှိဘဲ စမ်းကြည့်ချင်ပါသလား။ Deriv Trader ဒီမိုအကောင့် တစ်ခုဖွင့်ပြီး အစမ်းသုံးငွေ $10,000 နဲ့ လေ့ကျင့်လိုက်ပါ။
Quiz
အောက်ပါအချက်တွေထဲက ဘယ်အချက်ဟာ Copy Trading ရဲ့ အကျိုးကျေးဇူး မဟုတ်ပါသလဲ။


