အဓိကအကြောင်းအရာသို့ ကျော်သွားရန်
သင်ခန်းစာ
6
Forex | အလယ်အလတ်အဆင့်

ကုန်စည်များက Forex ဈေးကွက်ကို ဘယ်လိုလွှမ်းမိုးသလဲ

ကြာချိန်
3
မိနစ်

Forex နဲ့ ကုန်စည်ဈေးကွက် Forex ဈေးကွက် ကြားက ဆက်စပ်မှုကို နားလည်ထားခြင်းဟာ ဈေးကွက်လှုပ်ရှားမှုကို ထိုးထွင်းသိမြင်လိုပြီး မိမိတို့ရဲ့ အရောင်းအဝယ် မဟာဗျူဟာ အရောင်းအဝယ် မဟာဗျူဟာ ကို ပိုမိုကောင်းမွန်အောင် လုပ်ဆောင်လိုတဲ့ အရောင်းအဝယ်ပြုလုပ်သူတိုင်းအတွက် နောက်ထပ်အရေးကြီးတဲ့ အသိပညာတစ်ခု ဖြစ်ပါတယ်။ ဒီသင်ခန်းစာမှာတော့ ဒီဈေးကွက်နှစ်ခု အပြန်အလှန် အကျိုးသက်ရောက်ပုံ၊ သူတို့ရဲ့ ဆက်စပ်မှုအပေါ် လွှမ်းမိုးနေတဲ့ အချက်အလက်နဲ့ သင့်ရဲ့ အရောင်းအဝယ် ဆုံးဖြတ်ချက်ကို ပိုမိုကောင်းမွန်စေဖို့ ဒီအသိပညာကို အသုံးချနိုင်မယ့် လက်တွေ့ကျတဲ့ မဟာဗျူဟာတို့ကို လေ့လာရင်း ဗီဒီယိုထဲမှာ မိတ်ဆက်ခဲ့တဲ့ သဘောတရားကို အကျယ်တဝင့် ရှင်းပြပေးသွားမှာ ဖြစ်ပါတယ်။
‍

Forex နဲ့ ကုန်စည်များကြားက ဆက်စပ်မှုကို နားလည်ခြင်း

Forex နဲ့ ကုန်စည်ဈေးကွက်တို့ဟာ နည်းလမ်းအမျိုးမျိုးနဲ့ အပြန်အလှန် ချိတ်ဆက်နေပါတယ်။ ကုန်စည်ဈေးနှုန်း အတက်အကျဟာ အထူးသဖြင့် ကုန်စည်တင်ပို့မှုအပေါ် အဓိကမှီခိုနေရတဲ့ နိုင်ငံတွေရဲ့ ငွေကြေးတန်ဖိုးကို သိသာထင်ရှားစွာ ပြောင်းလဲလှုပ်ရှားစေနိုင်ပါတယ်။ ဥပမာအားဖြင့် ကနေဒါလို နိုင်ငံတွေဟာ အဓိက ရေနံတင်ပို့တဲ့ နိုင်ငံတွေ ဖြစ်တာကြောင့် ကနေဒါဒေါ်လာ (CAD) ရဲ့ တန်ဖိုးအပေါ် ရေနံစိမ်းဈေးနှုန်း လှုပ်ရှားမှုက လွှမ်းမိုးမှုရှိပါတယ်။ အလားတူပဲ ဩစတြေးလျနိုင်ငံရဲ့ စီးပွားရေးဟာလည်း ရွှေဈေးနှုန်းနဲ့ အနီးကပ် ဆက်စပ်နေပြီး ဩစတြေးလျဒေါ်လာ (AUD) အပေါ် သက်ရောက်မှုရှိပါတယ်။

နိုင်ငံအများအပြားရဲ့ ကုန်သွယ်ရေးလက်ကျန်ကို ဆုံးဖြတ်ရာမှာ ကုန်စည်များက အဓိကအခန်းကဏ္ဍကနေ ပါဝင်နေတာကြောင့် အရောင်းအဝယ်ပြုလုပ်သူတိုင်းအနေနဲ့ ကုန်စည်ဈေးနှုန်း အပြောင်းအလဲက ငွေကြေးတန်ဖိုးအပေါ် ဘယ်လိုသက်ရောက်မှုရှိသလဲဆိုတာကို သတိပြုဖို့ လိုအပ်ပါတယ်။ ဥပမာအားဖြင့် ရေနံဈေးနှုန်း မြင့်တက်လာခြင်းက CAD ကို ပိုမိုခိုင်မာလာစေနိုင်ပြီး ဈေးနှုန်းကျဆင်းခြင်းကတော့ တန်ဖိုးလျော့ကျစေနိုင်ပါတယ်။ ဒီလိုဆက်စပ်မှုကို နားလည်ထားခြင်းအားဖြင့် အရောင်းအဝယ်ပြုလုပ်သူအနေနဲ့ ကုန်စည်ဈေးနှုန်း လားရာအပေါ် အခြေခံပြီး ငွေကြေးလှုပ်ရှားမှုကို ကြိုတင်ခန့်မှန်းနိုင်မှာ ဖြစ်ပါတယ်။
‍

Forex ဈေးကွက်ကို လွှမ်းမိုးနေတဲ့ အဓိက ကုန်စည်များ

အဓိက ကုန်စည်များထဲက အချို့နဲ့ Forex ငွေကြေးအပေါ် သူတို့ရဲ့ လွှမ်းမိုးမှုကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ် :

  • ရေနံ : အဓိက စွမ်းအင်အရင်းအမြစ်တစ်ခု ဖြစ်တဲ့အတွက် ရေနံဟာ ကမ္ဘာ့စီးပွားရေးအတွက် မရှိမဖြစ် အရေးပါပါတယ်။ ရေနံဈေးနှုန်း မြင့်တက်လာတဲ့အခါ သာမန်အားဖြင့် ရေနံတင်ပို့တဲ့ နိုင်ငံတွေရဲ့ ငွေကြေး (ဥပမာ CAD) ကို ပိုမိုခိုင်မာစေပြီး ရေနံတင်သွင်းတဲ့ နိုင်ငံတွေရဲ့ ငွေကြေးကိုတော့ အားပျော့စေပါတယ်။ အရောင်းအဝယ်ပြုလုပ်သူတွေအနေနဲ့ USD/CAD လိုမျိုး ဆက်စပ်နေတဲ့ ငွေကြေးအတွဲတွေရဲ့ လှုပ်ရှားမှုကို ခန့်မှန်းနိုင်ဖို့ ရေနံဈေးကွက် လားရာကို အနီးကပ် စောင့်ကြည့်သင့်ပါတယ်။
    ‍
  • ရွှေ : ဘေးကင်းလုံခြုံတဲ့ ပိုင်ဆိုင်မှုတစ်ခုအဖြစ် အများက ရှုမြင်ကြတဲ့ ရွှေဟာ Forex ဈေးကွက်အပေါ် သိသာထင်ရှားတဲ့ သက်ရောက်မှုရှိပါတယ်။ ဩစတြေးလျနိုင်ငံဟာ ထိပ်တန်း ရွှေတင်ပို့သူ ဖြစ်တာကြောင့် ရွှေဈေးနှုန်း မြင့်တက်တဲ့အခါ AUD က ပိုမိုခိုင်မာလာလေ့ရှိပါတယ်။ ဒါ့အပြင် ရွှေဟာ ငွေကြေးဖောင်းပွမှုနဲ့ ငွေကြေးတန်ဖိုး ကျဆင်းမှုဒဏ်ကို ကာကွယ်ပေးတဲ့ အရာတစ်ခုအဖြစ်လည်း ဆောင်ရွက်ပေးနိုင်ပါတယ်။
    ‍
  • စိုက်ပျိုးရေးထွက်ကုန် : ဂျုံ၊ ပြောင်းနဲ့ ပဲပိစပ်လိုမျိုး ကုန်စည်များကလည်း အထူးသဖြင့် ဒီကုန်ပစ္စည်းကို အဓိကတင်ပို့တဲ့ နိုင်ငံရဲ့ ငွေကြေးအပေါ် သက်ရောက်မှုရှိနိုင်ပါတယ်။ ဥပမာအားဖြင့် စိုက်ပျိုးရေးကုန်စည် ဈေးနှုန်း အတက်အကျဟာ စိုက်ပျိုးရေးထွက်ကုန် တင်ပို့မှုအပေါ် မှီခိုနေရတဲ့ ထွန်းသစ်စ ဈေးကွက်အတွင်းက ငွေကြေးအပေါ် လွှမ်းမိုးနိုင်ပါတယ်။
    ‍

Forex နဲ့ ကုန်စည်များ ဆက်စပ်မှုအပေါ် အခြေခံတဲ့ အရောင်းအဝယ် မဟာဗျူဟာ

အရောင်းအဝယ်ပြုလုပ်သူအနေနဲ့ မိမိတို့ရဲ့ အရောင်းအဝယ် မဟာဗျူဟာကို ပိုမိုကောင်းမွန်စေဖို့ Forex နဲ့ ကုန်စည်များကြားက ဆက်စပ်မှုကို အသုံးချနိုင်ပါတယ်။ ထည့်သွင်းစဉ်းစားသင့်တဲ့ နည်းစနစ်အချို့ကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ် :

  1. ကုန်စည် ဆက်စပ်မှု ဆန်းစစ်လေ့လာခြင်း : သီးခြား ကုန်စည်များနဲ့ သူတို့နဲ့ ဆက်စပ်နေတဲ့ ငွေကြေးတို့ရဲ့ စွမ်းဆောင်ရည်ကို စောင့်ကြည့်လေ့လာပါ။ ဥပမာအားဖြင့် ရေနံဈေးနှုန်း မြင့်တက်နေရင် CAD ပိုမိုခိုင်မာလာမယ်လို့ မျှော်မှန်းပြီး USD/CAD ကို အရောင်းဖွင့်ဖို့ စဉ်းစားပါ။
    ‍
  2. ကုန်စည်များနဲ့ ဆုံးရှုံးနိုင်ခြေ ကာကွယ်ခြင်း : သင့်ရဲ့ Forex အရောင်းအဝယ် အနေအထားအတွက် ဆုံးရှုံးနိုင်ခြေ ကာကွယ်တဲ့ ကိရိယာတစ်ခုအဖြစ် ကုန်စည်များကို အသုံးပြုပါ။ ဥပမာအားဖြင့် သင်က AUD/USD ကို အဝယ်ဖွင့်ထားရင် ရွှေမှာလည်း အရောင်းအဝယ် အနေအထားတစ်ခု ဖွင့်ထားဖို့ စဉ်းစားနိုင်ပါတယ်။ ရွှေဈေးနှုန်း ကျဆင်းသွားရင် AUD အားပျော့လာမယ့် လက္ခဏာ ဖြစ်နိုင်ပြီး ဒါက သင့်ရဲ့ Forex အရောင်းအဝယ် အနေအထားမှာ ဖြစ်ပေါ်လာနိုင်တဲ့ ဆုံးရှုံးမှုကို ထေမိစေနိုင်ပါတယ်။
    ‍
  3. ဈေးကွက်သဘောထားနဲ့ စီးပွားရေး အစီရင်ခံစာ : ကုန်စည်များနဲ့ ငွေကြေးနှစ်မျိုးလုံးအပေါ် သက်ရောက်မှုရှိတဲ့ စီးပွားရေး အချက်အလက် ထုတ်ပြန်ချက်ကို အမြဲမပြတ် စောင့်ကြည့်လေ့လာပါ။ ဥပမာအားဖြင့် ထွက်ပေါ်လာမယ့် ရေနံလက်ကျန်စာရင်း အစီရင်ခံစာဟာ ရေနံဈေးနှုန်းကို အတက်အကျ ကြမ်းစေနိုင်ပြီး နောက်ဆက်တွဲအနေနဲ့ CAD အပေါ် လွှမ်းမိုးနိုင်ပါတယ်။
    ‍

နိဂုံးချုပ် : Forex နဲ့ ကုန်စည်များ အခင်းအကျင်းကို လေ့လာကိုင်တွယ်ခြင်း

ထိရောက်တဲ့ Forex အရောင်းအဝယ် ပြုလုပ်နိုင်ဖို့အတွက် Forex နဲ့ ကုန်စည်များကြားက ဈေးကွက်အချင်းချင်း ဆက်စပ်မှုကို ပြည့်ပြည့်စုံစုံ နားလည်ထားဖို့ မရှိမဖြစ် လိုအပ်ပါတယ်။ ကုန်စည်ဈေးနှုန်း လှုပ်ရှားမှုနဲ့ ငွေကြေးတန်ဖိုးအပေါ် သူတို့ရဲ့ လွှမ်းမိုးမှုကို ဆန်းစစ်လေ့လာခြင်းအားဖြင့် အရောင်းအဝယ်ပြုလုပ်သူအနေနဲ့ ဆုံးဖြတ်ချက်ချမှတ်တဲ့ လုပ်ငန်းစဉ်ကို ပိုမိုကောင်းမွန်စေပြီး ဈေးကွက်ထဲမှာ အသာစီးရယူနိုင်မှာ ဖြစ်ပါတယ်။ သင့်ရဲ့ မဟာဗျူဟာကို ပိုမိုကောင်းမွန်အောင် မွမ်းမံရင်း အရောင်းအဝယ် အခွင့်အလမ်းကို ထိထိရောက်ရောက် အသုံးချနိုင်ဖို့ ဒီဆက်စပ်မှုကို ဆက်လက်လေ့လာစူးစမ်းပါ။

Quiz

ကုန်စည်ဈေးနှုန်းတွေက ငွေကြေးတန်ဖိုးတွေအပေါ် ဘယ်လိုလွှမ်းမိုးမှုရှိပါသလဲ။

ဘယ်ကုန်စည်က ကနေဒါဒေါ်လာ (CAD) ရဲ့ တန်ဖိုးနဲ့ အဓိက ဆက်စပ်နေပါသလဲ။

Forex နဲ့ ကုန်စည်များကြားက ဆက်နွှယ်မှုကို အသုံးချဖို့ အလားအလာရှိတဲ့ နည်းဗျူဟာတစ်ခုက ဘာပါလဲ။

Analyse markets with AI-powered insights

Explore TradersView
WhatsApp