အဓိကအကြောင်းအရာသို့ ကျော်သွားရန်
သင်ခန်းစာ
2
Derivatives | အခြေခံအဆင့်

Derivatives အကြောင်း အကျဉ်းချုပ်

ကြာချိန်
3
မိနစ်


Derivatives ကို နားလည်သဘောပေါက်ခြင်း : အကျဉ်းချုပ်

ဘဏ္ဍာရေးနဲ့ အရောင်းအဝယ်ဆိုင်ရာ အခြေခံသင်ခန်းစာတွေရဲ့ နယ်ပယ်မှာ Derivatives က တန်ဖိုးရှိတဲ့ ဘဏ္ဍာရေးကိရိယာတွေနဲ့ အရောင်းအဝယ် မဟာဗျူဟာတွေအဖြစ် အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။ ဒီသင်ခန်းစာမှာ အရောင်းအဝယ်အမျိုးအစား တစ်ခုချင်းစီကို အသေးစိတ်မသွားဘဲ ဒီရှုပ်ထွေးတဲ့ စာချုပ်တွေကို သင် နားလည်သဘောပေါက်စေဖို့အတွက် Derivatives ရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်၊ အလုပ်လုပ်ပုံနဲ့ အားသာချက်တွေကို လေ့လာရှင်းပြပေးသွားပါမယ်။

Derivatives ဆိုတာ ဘာလဲ

Derivatives ဆိုတာ အခြေခံပိုင်ဆိုင်မှုတစ်ခု၊ ပိုင်ဆိုင်မှုအုပ်စုတစ်ခု ဒါမှမဟုတ် စံညွှန်းတစ်ခုရဲ့ စွမ်းဆောင်ရည်အပေါ် အခြေခံပြီး တန်ဖိုးသတ်မှတ်ထားတဲ့ Leverage ပါဝင်တဲ့ ဘဏ္ဍာရေးစာချုပ်အမျိုးအစား ဖြစ်ပါတယ်။ အဲဒီအခြေခံပိုင်ဆိုင်မှုထဲမှာ နိုင်ငံခြားငွေကြေးအတွဲများ၊ ရှယ်ယာများ၊ ငွေချေးစာချုပ်များ၊ ကုန်စည်များ၊ အတိုးနှုန်းများ၊ ဈေးကွက်ညွှန်းကိန်းများ ဒါမှမဟုတ် ခရစ်ပတိုငွေကြေးများ စသဖြင့် အမျိုးအစားစုံလင်စွာ ပါဝင်နိုင်ပါတယ်။ Derivative တစ်ခုရဲ့ တန်ဖိုးက အခြေခံပိုင်ဆိုင်မှုရဲ့ ဈေးနှုန်းအပြောင်းအလဲပေါ် မူတည်ပြီး အတက်အကျရှိတာကြောင့် အရောင်းအဝယ်ပြုလုပ်သူအနေနဲ့ ပိုင်ဆိုင်မှုကို တိုက်ရိုက်ပိုင်ဆိုင်စရာမလိုဘဲ ဈေးကွက်အရွေ့အပြောင်းပေါ်ကနေ အကျိုးအမြတ် ရယူနိုင်စေပါတယ်။

အဓိပ္ပာယ်ဖွင့်ဆိုချက်အရ Derivatives ကို သူတို့ရဲ့ အခြေခံပိုင်ဆိုင်မှုတွေနဲ့ ဆက်စပ်နေတဲ့ ပုံစံအလိုက် အမျိုးအစားခွဲခြားထားပါတယ်။ အဲဒီပိုင်ဆိုင်မှုတွေကနေ ဆင်းသက်လာတဲ့ တန်ဖိုးကြောင့် ဆုံးရှုံးနိုင်ခြေ စီမံခန့်ခွဲဖို့ ဒါမှမဟုတ် ဈေးကွက်ထဲမှာ ဈေးနှုန်းခန့်မှန်း အရောင်းအဝယ်ပြုလုပ်ဖို့ မဟာဗျူဟာအမျိုးမျိုး ရှာဖွေနေကြတဲ့ ထရိတ်ဒါတွေနဲ့ ရင်းနှီးမြှုပ်နှံသူတွေအတွက် Derivatives က ပြောင်းလွယ်ပြင်လွယ်ရှိတဲ့ ကိရိယာတစ်ခု ဖြစ်စေပါတယ်။

Derivatives အရောင်းအဝယ်ပြုလုပ်ခြင်းရဲ့ အားသာချက်တွေ

ထရိတ်ဒါတွေဟာ အောက်ပါ စိတ်ဝင်စားစရာ အကြောင်းရင်းတွေကြောင့် Derivatives ကို ရွေးချယ်အသုံးပြုကြပါတယ် :

  • Leverage : Derivatives က ထရိတ်ဒါတွေကို အရင်းအနှီးပမာဏ အနည်းငယ်နဲ့ ပိုမိုကြီးမားတဲ့ အရောင်းအဝယ် ပမာဏတွေကို ထိန်းချုပ်ခွင့် ပေးလေ့ရှိပါတယ်။ ဒီ Leverage က ရရှိနိုင်မယ့် အမြတ်အစွန်းတွေကို ပိုမိုများပြားစေနိုင်တာကြောင့် ငွေကြေးအရ ဆွဲဆောင်မှုရှိပါတယ်။ CFDs အရောင်းအဝယ်ပြုလုပ်ရာမှာတော့ Leverage က ဖြစ်ပေါ်လာနိုင်တဲ့ အရှုံးတွေကိုပါ ပိုမိုများပြားစေနိုင်ပေမဲ့ Options အရောင်းအဝယ်ပြုလုပ်ရာမှာတော့ ဆုံးရှုံးမှုဟာ ကနဦး အရောင်းအဝယ်ငွေပမာဏအထိသာ တိတိကျကျ ကန့်သတ်ထားပါတယ်။
  • Hedging : ထရိတ်ဒါအများအပြားက တခြားရင်းနှီးမြှုပ်နှံမှုတွေမှာ ဖြစ်ပေါ်လာနိုင်တဲ့ အရှုံးတွေကို ကာမိစေဖို့ Derivatives ကို ဆုံးရှုံးနိုင်ခြေ စီမံခန့်ခွဲမှု မဟာဗျူဟာတစ်ခုအဖြစ် အသုံးပြုကြပါတယ်။ ဥပမာအားဖြင့် ထရိတ်ဒါတစ်ဦးဟာ မလိုလားအပ်တဲ့ ဈေးနှုန်းအပြောင်းအလဲတွေရဲ့ ဒဏ်ကနေ ငွေကြေးအရ အကာအကွယ်ရရှိစေဖို့ Derivative တစ်ခုကိုသုံးပြီး ဈေးနှုန်းကို ကြိုတင်သတ်မှတ်ထားနိုင်ပါတယ်။
  • အရင်းအနှီး လိုအပ်ချက် နည်းပါးခြင်း : Derivatives အရောင်းအဝယ်ပြုလုပ်တာဟာ အခြေခံပိုင်ဆိုင်မှုတွေကို တိုက်ရိုက်ဝယ်ယူတာထက် အရင်းအနှီး ပိုနည်းလေ့ရှိတာကြောင့် ထရိတ်ဒါတွေအနေနဲ့ သူတို့ရဲ့ အရောင်းအဝယ်အစုစုကို ပိုမိုလွယ်ကူစွာ ဖြန့်ခွဲထားရှိနိုင်ပါတယ်။
  • ဖြန့်ခွဲထားရှိနိုင်ခြင်း : Derivatives က ထရိတ်ဒါကို ကုန်စည်များ၊ စတော့ညွှန်းကိန်းများ ဒါမှမဟုတ် နိုင်ငံခြားငွေကြေးများ စတဲ့ အခြေခံပိုင်ဆိုင်မှု အမျိုးအစားစုံလင်စွာကို အရင်းအနှီး အမြောက်အမြား မလိုအပ်ဘဲ ထိတွေ့ရောင်းဝယ်ခွင့် ပေးပါတယ်။ ဒီလို ဖြန့်ခွဲထားရှိခြင်းက ဆုံးရှုံးနိုင်ခြေကို လျှော့ချပေးနိုင်ပါတယ်။
  • ကမ္ဘာ့ဈေးကွက်တွေကို လက်လှမ်းမီနိုင်ခြင်း : Derivatives က ထရိတ်ဒါတွေကို လက်တွေ့ပိုင်ဆိုင်မှုတွေ ပိုင်ဆိုင်ထားစရာမလိုဘဲ ကမ္ဘာတစ်ဝန်းက ဈေးကွက်အသီးသီးမှာ ပါဝင်ရောင်းဝယ်နိုင်စေပါတယ်။ ဒီလို လက်လှမ်းမီနိုင်မှုကြောင့် ပိုင်ဆိုင်မှုအမျိုးအစားပေါင်းစုံမှာ ပိုမိုကောင်းမွန်တဲ့ အရောင်းအဝယ် အခွင့်အလမ်းတွေ ရရှိစေပါတယ်။
  • ဈေးနှုန်းအတက်အကျ ခန့်မှန်းရောင်းဝယ်နိုင်တဲ့ အခွင့်အလမ်းတွေ : ထရိတ်ဒါတွေဟာ အခြေခံပိုင်ဆိုင်မှုတွေရဲ့ ဈေးနှုန်းအရွေ့အပြောင်းတွေအပေါ် ခန့်မှန်းရောင်းဝယ်ဖို့ Derivatives ကို အသုံးပြုနိုင်ပါတယ်။ ဒါဟာ ဈေးကွက်အရွေ့အပြောင်းတွေကို မှန်ကန်စွာ ခန့်မှန်းနိုင်တဲ့အခါ ကနဦး အရင်းအနှီး အနည်းငယ်နဲ့ပဲ သိသာထင်ရှားတဲ့ အကျိုးအမြတ်တွေ ရရှိနိုင်မယ့် အလားအလာကို ပေးစွမ်းပါတယ်။
  • ဈေးကွက် စွမ်းဆောင်ရည် ကောင်းမွန်မှု : Derivatives က ငွေဖြစ်လွယ်မှုနဲ့ မျှတတဲ့ ဈေးနှုန်းဖော်ထုတ်နိုင်မှုတို့ကို ပံ့ပိုးပေးခြင်းအားဖြင့် ဈေးကွက် စွမ်းဆောင်ရည် ကောင်းမွန်စေဖို့ အထောက်အကူပြုနိုင်ပါတယ်။ လက်ရှိသတင်းအချက်အလက်တွေအပေါ် အခြေခံပြီး အနာဂတ် ဈေးနှုန်းမျှော်မှန်းချက်တွေကို ထင်ဟပ်ပြသပေးနိုင်တာကြောင့် ထရိတ်ဒါတွေကို မှန်ကန်သင့်တော်တဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်နိုင်အောင် ကူညီပေးပါတယ်။

နိဂုံးချုပ် : Derivatives ကို နားလည်သဘောပေါက်ခြင်းရဲ့ အရေးပါမှု

ဘဏ္ဍာရေးဈေးကွက်တွေထဲမှာ ထိရောက်စွာ အရောင်းအဝယ်ပြုလုပ်လိုတဲ့ ဘယ်ထရိတ်ဒါအတွက်မဆို Derivatives ကို နားလည်သဘောပေါက်ထားဖို့ မရှိမဖြစ် လိုအပ်ပါတယ်။ သူတို့ရဲ့ အခြေခံမူတွေ၊ အလုပ်လုပ်ပုံတွေနဲ့ အားသာချက်တွေကို သေချာသဘောပေါက်ထားခြင်းက သင့်ကို မှန်ကန်သင့်တော်တဲ့ အရောင်းအဝယ် ဆုံးဖြတ်ချက်တွေ ချမှတ်နိုင်စေပြီး သင့်ရဲ့ အရောင်းအဝယ် မဟာဗျူဟာ တစ်စိတ်တစ်ပိုင်းအဖြစ် အသုံးချနိုင်စေပါတယ်။ သင့်ရဲ့ ဘဏ္ဍာရေးဆိုင်ရာ လေ့လာသင်ယူမှုခရီး ဆက်လက်တိုးတက်လာတာနဲ့အမျှ Derivatives တွေ ဘယ်လိုအလုပ်လုပ်သလဲ ဆိုတာနဲ့ သင့်ရဲ့ အရောင်းအဝယ် ရည်မှန်းချက်တွေထဲ ဘယ်လိုပေါင်းစပ်အသုံးပြုနိုင်မလဲ ဆိုတာကို ဆက်လက်လေ့လာကြည့်ပါ။

Quiz

Derivative ဆိုတာ ဘာလဲ။

အောက်ပါအချက်တွေထဲက ဘယ်အချက်က Derivatives အရောင်းအဝယ်ပြုလုပ်တာကို ဆွဲဆောင်မှုရှိစေပါသလဲ။

ပိုင်ဆိုင်မှုပစ္စည်းတစ်ခုကို တိုက်ရိုက်ပိုင်ဆိုင်တာနဲ့ နှိုင်းယှဉ်ရင် options အရောင်းအဝယ်လုပ်တာရဲ့ အဓိကအားသာချက်တွေထဲက တစ်ခုက ဘာဖြစ်ပါသလဲ။

Analyse markets with AI-powered insights

Explore TradersView
WhatsApp